ခြေဖ​နောင့်​ကွဲခြင်းမှ သက်​သာ​စေဖို့ရာ

ဒီ​ခေတ်​ကြီးမှာ ​နေ့ဓဒူဝ လှုပ်​ရှားသွား​နေကြရတဲ့ လူသား​တွေအဖို့… ကျန်းမာ​ရေးကို​သေချာ ဂရုစိုက်ဖို့ရာ လိုအပ်​ပါတယ်​.. ဒီလိုသွားလာ​နေရတဲ့ထဲမှ ခန္ဓာကိုယ်​တစ်​စိတ်​တစ်​ပိုင်း ထိခိုက်​ ဒဏ်​ရာရတဲ့အခါမှာ ​နှောင့်​​နှေးတာတို့၊ အလုပ်​မဖြစ်​လိုက်​တာတို့ ရှိတတ်​ပါတယ်​… accident ​ကြောင့်​ ဖြစ်​​စေ၊ ရာသီဥတု​ကြောင့်​ ဖြစ်​​စေ ဘယ်​သူမှ ​ရောဂါ ဒဏ်​ရာတစ်​ခုခု ရချင်​ကြမှာ မဟုတ်​ပါဘူး..

ဒီထဲကမှ ခု ​ဆောင်းရာသီတွင်းဆို​တော့ကာ.. ​အ​ရေပြား ​​ခြောက်​​သွေ့မှု ပိုများ​စေပြီး စိတ်​အ​နှောက်​အယှက်​ ဖြစ်​​စေတဲ့ “ဖ​နောင့်​ကွဲနာ cracked heel” အ​ကြောင်းကို ​ပြောချင်​ပါတယ်​…

ခြေဖ​နောင့်​ကွဲခြင်းဟာ ဒီလို ​ခြောက်​​သွေ့​ချမ်း​အေးတဲ့ ရာသီဥတုမျိုးမှာမှ မဟုတ်​ပဲ…

– တ​နေကုန်​ အကြာကြီးရပ်​ရတဲ့သူမျိုး​တွေ

– အဝလွန်​သူ​တွေ

– လမ်းကြမ်းခရီးကြမ်း လမ်း​လျှောက်​ရသူ​တွေ

– ဖိနပ်​ မ​တော်​ပဲ စီးမိသူ​တွေ၊ ဖိနပ်​​နောက်​အပွင့်​စီးသူ ​တွေမှာလည်း ကြုံ​တွေ့ရတတ်​ပါတယ်​…

ဒါ့ပြင်​ အ​ရေပြားနဲ့ ပတ်​သတ်​ပြီး ​ရောဂါပြသနာရှိသူ​တွေနဲ့.. ဆီးချို​ရောဂါ ရှိသူ​တွေမှာလည်း ပို​တွေ့ရနိုင်​ပါတယ်​…

ဒီ​တော့ကာ ဖ​နှောင့်​ကွဲခြင်း သက်​သာဖို့ ဘာ​တွေ လုပ်​ကြမလဲ ?

– ​ဆောင်းတွင်း​ ​အေးလို့ေ​ရ​နွေးနှင့်​ချိုးရာမှာ အရမ်းပူ​နွေးတဲ့ ​ရေမျိုးနဲ့ မချိုးပါနဲ့

-​ ​ရေချိုးချိန်​မကြာပါ​စေနဲ့

– ​သေချာ​ခြောက်​​သွေ့​အောင်​ သုတ်​ပါ

– ချိုးပြီးချင်း moisturizer(အလှဆီ) လိမ်း​ပေးပါ

– ​ခြေဖ​နောင့်​ကွဲဒဏ်​ရာ​တွေ သက်​သာ​စေတဲ့ လိမ်း​ဆေးအလှဆီ​တွေ အများကြီး ထွက်​​ပေါ်​နေပါပြီ.. ဒါ​ကြောင့်​ မိမိနဲ့ သင့်​​လျော်​မယ့်​ အရာကို ​ရွေးချယ်​လိမ်းလို့ရပါတယ်​..

– တချို့ဆပ်​ပြာထဲမှာပါတဲ့ alcohol၊ အ​မွှေးနံ့ နဲ့ တချို့ ပါဝင်​ပစ္စည်း​တွေဟာ အ​ရေပြားကို ပိုကြမ်းပြီး ဖ​နှောင့်​ကွဲခြင်းကို ပိုဆိုး​စေနိုင်​​တာမို့ အ​ရေပြားကို နူးညံ့​စေဖို့ ထုတ်​ထားတဲ့ ပစ္စည်း​တွေကို ​ရွေးချယ်​သုံးသင့်​ပါတယ်​..

– အ​နောက်​အပိတ်​ပါတဲ့ ဖိနပ်​​တွေကို ​ရွေးချယ်​စီးသင့်​ပါတယ်​.. cotton ​ခြေအိတ်​​လေး​တွေ ဝတ်​ပြီး စီးရင်​ ပိုသင့်​​တော်​ပါတယ်​.. ဒါပြင်​ မိမိမှာ ​ခြေဖ​နောင့်​ကွဲနာ ရှိခဲ့ပါက ဖုံ​တွေ ၊ ကြမ်းပြင်​​တွေမှ တဆင့်​ ​ရောဂါပိုးမဝင့်​​စေဖို့ရာ ကာကွယ်​ပြီးသားလဲ ဖြစ်​ပါတယ်​…

ဒါပြင်

– Dead skin ​ခေါ် အ​ရေပြားတဝိုက်​မှ မလိုအပ်​​သောအရာ​တွေ ဖယ်​ခြင်း

– ပိုမို ​ကောင်းမွန်​တဲ့ အသားအ​ရည်​ထိန်းသိမ်း ပစ္စည်း ၊ အလှဆီ သုံးခြင်း

– အနာကွဲ​ကြောင်းကို medical glue ဖြင့်​ ကပ်​ခြင်း

– အနာတဝိုက်​ ​ရောဂါပိုးဝင်​​နေပါက သင့်​​လျော်​​သော ပိုးသတ်​​ဆေး ​သောက်​ခြင်း

– bandage ၊ ပလာစတာ ဖြင့်​ အုပ်​ကာခြင်း

– heel pads or cup( ဖိနပ်​တွင်း ​ခြေဖ​နောင့်​နာ သက်​သာ​စေ​သော ပစ္စည်းများ )အသုံးပြုခြင်း တို့ ပြုလုပ်​နိုင်​ပါတယ်​…

ခြောက်​​သွေ့ချမ်း​အေးတဲ့ ​ဆောင်းရာသီမှာ ​နွေး​နွေး​ထွေး​ထွေး ​နေနိုင်​ကြပြီး ​ရောဂါ အနာတရ ​ကင်း​ဝေးကြပါ​စေလို့ ​တောင်းဆု ​မေတ္တာ ပြုလျက်​….

ပိုင်​နီ​မောင်