ရွေးချယ်သုံးပါ အလှပညာ

ကဲ ညီအစ်မတို့ရေ။ လူပုံစံ အမျိုးမျိုး ရှိပေမယ့် ပျိုမေတို့ အရေပြား အသားအရေမှာတော့ အဓိက ဒီ၅မျိုးပြဿနာ ကတော့ တူညီလေ့ရှိကြတယ်နော်။ ဒီလို ပြဿနာတွေ လျော့ကျအောင် ဘယ်လိုပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်သလဲ ဆိုတာသိထားဖို့ လိုတာပေါ့။ အဲတာမှ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်မယ် မဟုတ်ပါလား။

၁။ အရေးအကြောင်းတွေ
-Retinol ပါဝင်တဲ့ပစ္စည်းတွေက ဒီပြဿနာအတွက် အကောင်းဆုံးအဖြေပဲပေါ့။ သူတို့က အိုမင်းရင့်ရော်မှုကို လျော့ကျစေတယ်။ ပျက်စီးသွားတဲ့ ဆဲလ်တွေ နေရာကို အမြန်အစားထိုး ဆဲလ်အသစ်ဖြစ်စေခြင်းဖြင့် နုပျိုနေစေတယ်။
–သတိထားရမှာကတော့ ဒီဓာတ်ပါဝင်တဲ့ ပစ္စည်းကို သုံးထားတယ်ဆိုရင် နေရောင်ဒဏ်မခံနိုင်တဲ့အတွက် ခရမ်းလွန်ရောင်ခြည် ယူဗွီ နဲ့ တိုက်ရိုက်မထိတွေ့အောင် နေကာပစ္စည်းတွေ လိမ်းသင့် သုံးသင့်ပါတယ်။

၂။ ဝက်ခြံနှင့် အမဲစက်တွေ
-Salicylic acid ပါဝင်တဲ့ မျက်နှာသန့်ပစ္စည်းတွေက ဝက်ခြံသမားတွေအတွက် အကောင်းဆုံး မျက်နှာသစ်ဆေးတွေပါပဲ။ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေအတွင်း အဆီနှင့် အညစ်အကြေးတွေ ကွာကျထွက်သွားစေပါတယ်။
–သို့ပေမယ့် ဝက်ခြံထွက်တဲ့နေရာ၊ အမဲစက်တွေရှိနေတဲ့ အရေပြားတစ်ဝိုက်မှာပဲ သုံးသင့်ပါတယ်။ အသားခြောက်တတ်လို့ ရေဓာတ်ဖြည့်ဆည်းတဲ့ moisturizer တွေ သုံးနိုင်ပါတယ်။

၃။ အသားခြောက်ခြင်း
-အသားခြောက်တဲ့သူတွေ အတွက်တော့ အသက်ကယ်ဆေးက Hyaluronic acid ပါပဲ။ ရေမြှပ်ပုံစံနဲ့ ဒီပစ္စည်းတွေက ရေဓာတ်ကို အဆ ၁၀၀၀ လောက် ထိန်းထားနိုင်စွမ်း ရှိတာကိုး။
–ဒီပစ္စည်းသုံးမယ်ဆိုရင် မိမိကိုယ်ခန္ဓာမှာ ရေဓာတ်ပြည့်နေဖို့ လိုတဲ့အတွက် ရေများများ သောက်ရမယ်နော်။

၎။ ထိခိုက်လွယ်တဲ့ အသားအရေ
-အထိမခံ ကြွေပန်းကန်လေးတွေက oatmeal နဲ့လုပ်ထားတဲ့ ပစ္စည်းတွေသုံးတာ ပိုကောင်းပါတယ်။ ဓာတ်မတည့်မှုကို သက်သာစေပြီး ရေဓာတ်ဆုံးရူံးမှုနှင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်လေ။
–ရှောင်သင့်တာကတော့ အမွှေးနံ့ပါတဲ့ ပစ္စည်းတွေပေါ့။

၅။ အသားအရောင် ရင့်တာ
-အသက်အရွယ်နှင့် နေလောင်ခြင်းက အသားအရေ ရောင်ခြယ် မယ်လနင်ကို ပိုထွက်စေပြီး အသားအရောင် ပိုရင့်လာစေတယ်။ ဒါကို ကာကွယ်ဖို့ kojic acid ကို သုံးပါ။ မယ်လနင် ထွက်မှုကို လျော့စေပြီး အသားကို ဖြူဝင်းစေပါတယ်။
–ဆောင်ထားရမှာကတော့ SPF များများပါတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့အတွက် အသုံးပြုနေသင့်တယ်လို့ အကြံပေးပါရစေနော်။
ရီချို(ဆေး ၁)