မိုးမမိဖို့ ကောင်းတဲ့မိုးကာလိုတယ်

ဆရာ အခုတလော ပြောတာတွေက ပွဲနည်းနည်းကြမ်းသလားလို့

အေး၊ တချို့ ကဏ္ဍတွေက ကွက်ကွက်ကွင်းကွင်းပြောမှ နားလည်ကြမှာ။ ယဉ်ကျေးတဲ့ အသုံးတွေ ဆိုရင် ဘာပြောလို့ပြောမှန်း သိမှာမဟုတ်ဘူး။ ဒါကြောင့်၊ နောက်ပြီး ဒီအချက်တွေက အခုအချိန်၊ အခုခတ်မှာ သိပ်အရးကြီင်္းပြီလို့ ထင်တ/ယ်

ဟုတ်တော့လည်းဟုတ်တယ်။ ဆရာပြောတာ တချို့ကျွန်တော် မသိခဲ့ဘူး။ တချို့က ကြားဖူးရုံရှိတာ တကယ်ထဲထဲဝင်ဝင် မသိဘူး။

မင်းမပြောနဲ့၊ ၁၉၈၉ လောက်က အေအိုင်ဒီအက်စ် ရောဂါအတွက် ဆရာဝန်တွေကို စတင် အသိပေး တဲ့ ဟောပြောပွဲမှာ အထူးကုဆရာဝန်ကြီးက ကွန်ဒုံးအကြောင်းပြောပြီး ဘယ်လိုသုံးတယ်၊ နည်းမှန် ဘယ်လိုဆို တာကို ပြဖို့ ဆရာဝန်တွေလက်ထဲကို ဖြန့်ဝေပြတော့ အမျိုးသမီးဆရာဝန်တွေ မကြည့်ရဲကြဘူး။ အမျိုးသားဆ ရာဝန်တချို့ မမြင်ဖူးဘူးတဲ့။ ကဲ….ဟဲ ဟဲ၊ အဲဒီအထဲမှာ ကျွန်တော် လည်း ပါတယ်။ ဒီတော့ သာမန်အရပ်သား တွေ ပိုဆိုးတာပေါ့။ လမ်းဘေးမှာ ဗန်းနဲ့ ချရောင်းနေတာ ဘာလုပ်ရမှန်း မသိတဲ့ လူတွေ အများသား

ဟုတ်တယ် ဆရာ၊ ကွန်ဒုံးကိုစွပ်ရတယ်ဆိုတာ သိပေမယ့် ဘယ်လိုစွပ်မှ မှန်တယ်ဆိုတာ သိပ်မသိကြ ဘူး

ဟုတ်တယ်၊ အရင်က ကွန်ဒုံးကို ကာလသားရောဂါ ကာကွယ်ဖို့ဆိုပြီး စွပ်ခဲ့ကြတယ်ဆိုတာကို ငယ်ငယ် တုန်းကအနီး အနားက လူကြီးတွေ သုံးပြီးအမှိုက်ပုံးထဲ ပစ်ထားလို့ တွေ့ခဲ့မိတယ်။ ဒီလူကြီး တွေ ပူဖောင်းတွေ ပစ်ထားတယ်လို့တောင် စဉ်စားမိခဲ့တယ်။ ဦးလေးကပြောတော့မှ မကိုင်မိခဲ့ဘူးပေါ့။ ဦးလေးက အဲ့ဒီအချိန်က တ က္ကသိုလ်တက်နေတော့ သူလည်း သိမှာပေါ့။ ကျွန်တော်လည်း တောကျ တယ်ပြောပြော၊ ကျောင်းသားဘ၀ပြီးတဲ့ အထိကွန်ဒုံးကို ဘယ်လိုအသုံးချသလဲဆိုတာ မသိခဲ့ဘူး။ အေးဗျာ၊ သုံးတဲ့နည်းများ သိခဲ့ရင် ကျွန်တော်လည်း တော်တော်ကို သုံးခဲ့မိမလား မသိဘူးနော် ဟဲ ဟဲ

ဆရာလည်းအတွေ့အကြုံရတာပေါ့ ဟဲ ဟဲ

မတွေ့တာလည်းကောင်းပါတယ်ဗျာ၊ ကျွန်တော်က စမ်းမိရင် တစ်ဆုံး စမ်းရမှ ကျေနပ်တဲ့ သူဗျ။ ဆိုင် ကယ်စီးတဲ့ အချိန်တုန်းကဆို အင်ဂျင်ပါဝါနည်းတာကို ရွေးခဲ့ရတယ်။ ဒါတောင် လီဗာတစ် ဆုံးတင်လို့ မိုင်သုံး ဆယ်လောက် သွားခဲ့သေးတယ်။ အင်ဂျင်ပါဝါများတာသာရွေးခဲ့ရင် ဟိုတိုက်၊ ဒီတိုက်နဲ့ လောကမှာ ရှိချင်မှ ရှိ တော့မယ်။

ဆရာက အဲဒီလောက်တောင် ပြင်းချက်က ကမ်းကုန်တာပဲလား

လမ်းချော်တော့မယ်၊ ကွန်ဒုံးအကြောင်း ပြန်စမယ်။ အများကတော့ သန်မန်သိ သိကြမှာ။ တချို့လည်း ကျွန်တော့်ထက်တောင်သိကြမှာ။အဲ….သိတာလေးတွေစနစ်တကျဖြစ်ဖို့ပဲ လိုတယ်ဘာ တွေ သိဖို့လိုလဲဆရာ။ ၀ယ်၊ စွပ်၊ ပြီးရင်ပြန်ချွတ်၊ ဒါပဲမဟုတ်လား ဘယ်ဟုတ်မှာတုံး၊ ၀ယ်မယ်ဆို ကတည်းက အဲ့ဒီကွန်ဒုံးကိုဆိုင်မှာ ဘယ်လိုထားသလဲ ဆိုတာကအစကြည့်ဖို့လိုမယ်။ ကွန်ဒုံးက ရာဘာကိုအခြေခံထားလို့အပူဓာတ်ကိုကြောက် တယ်။ အပူနဲ့တွေ့ရင်အစေးပေါက်တယ်။ ဒီတော့ လမ်းဘေးမှာ ဗန်းနဲ့ထည့်ပြီး ရောင်းတဲ့ကွန်ဒုံးထက်စာရင် အရိပ်ထဲမှာ အပူနဲ့ဝေးတဲ့နေရာမှာ ထားတဲ့ ကွန်ဒုံးကပိုကောင်းတယ်ဆိုတာကိုသိတဲ့လူတစ်ဝက်လောက်ပဲရှိမှာ။ ကွန်ဒုံးဆိုပြီးရောဆိုပြီး ၀ယ်သုံးလို့ ကတော့ ဒေါနည်းနည်းပြင်းလာတာနဲ့ ပေါက်သွားဖို့များတယ်။ ဒါ ဆိုမဖြစ်စေချင်တာတွေ ဖြစ်လာ မှာပေါ့။

ဆရာပြောတာဆိုဆိုင်ကြီး၊ ကနားကြီးနဲ့ရောင်းမှ စိတ်ချရမှာလား

ပြောကတည်းကိုက အရိပ်မှာ အပူနဲ့ဝေးရာလို့ ဆိုတော့သာမန်အိမ်ဆိုင်၊ သစ်ပင်အောက်က ကွမ်းရာဆိုင် လောက်ဆိုရင်တောင် အဆင်ပြေပါတယ်။ဆိုင်ကြီးဖို့မလိုဘူး

နောက် ဘယ်အချက်ကိုကြည့်ဖို့လိုသေးလဲဟင်

နောက်တစ်ချက်ကရက်စွဲ။ ကွန်ဒုံးအများစုက ထုတ်တဲ့ရက်ကနေ ငါးနှစ်သက်တမ်းပေးတယ်။ တစ်ချို့ကကုန်ဆုံးမယ့်ရက်စွဲ ထည့်ရိုက်တယ်။တစ်ချို့ကထုတ်တဲ့ရက်စွဲပဲရိုက်တယ်။ ဒါဆိုရင် ငါး နှစ် ပေါင်းကြည့်ပေါ့။ သက်တမ်းမကုန်သေးရင်သုံးလို့ရတယ်။နောက်………

ဘာရှိသေးလို့လည်း။ အရိပ်ထဲမှာရိတဲ့သက်တမ်းမကုန်သေးတဲ့ ကွန်ဒုံးဆိုပြီးရောမဟုတ်လား

ဘယ်ပြီးဦးမှာလဲ။ နောက်ကြည့်ရဦးမှာက ကွန်ဒုံးလတ်ဆတ် သေးသလားဆိုတာပဲ         လက်၊ မလက် ပါးဟတ်ဖြဲကြည့်ရမှာလား။

မင်းကတော့ ပြောတော့မယ်။ ဖြဲစရာမလိုဘူး၊ပွတ်ကြည့်ရမှာ။ ကွန်ဒုံးအိတ်ကို လက်မနဲ့ လက်ညှိုးကြား မှာထားပြီး ပွတ်ကြည့်၊ အိတ်အသားနှစ်ခု မကပ်နေပဲ ပွတ်လို့ရရင် ကွန်ဒုံး ခြောက်မနေပဲဘဲ သုံးလို့ရသေးတယ်။ ပွတ်လို့မရဘဲ ကပ်နေရင် ကွန်ဒုံးခြောက်နေပြီ၊ သုံးမရတော့ဘူး

ဆရာကလည်း၊ ကွန်ဒုံးလေးသုံးမယ်လို့ကြံကာရှိသေး၊ အလုပ်တွေက ရှုပ်လိုက်တာ

ဟား ဟား၊ လောကကြီးမှာလွယ်လွယ်နဲ့ရတာ၊ သိပ်မရှိဘူး။ ခက်မှတန်ဖိုးရှိမှာ။ ဒါကြောင့် တချို့ဆိုရင် လွယ်လွယ်လေး လုပ်ပေးလို့ရတာကို ခက်အောင် လမ်းလွှဲပို့တတ်သေးတယ်

ဘာကိုပြောတာလဲဟင်

“မင်းတို့လိုပေါ့ကွာ၊ ကလေးလိုချင်သူတွေ မရရအောင် နုင်ငံခြားအထိသွားပြီး သိန်းရာနဲ့ချီအ ကုန်ခံပြီး ကြိုးစားနေရတာ။ မင်းတို့ကမရအောင် ခက်ခက်ခဲခဲ တားနေကြတာကိုး။ ဟား ဟား အလကားပြောတာပါကွာ။ မင်းတို့လည်း ဘယ်တားချင်ပါ့မလဲဆိုတာ ဆရာသိပါတယ်။ အဆင်ပြေက ဆုံးအချိန်ကိုစောင့်နေတယ်ဆိုတာလည်း ယုံပါတယ်။ ကဲ … စကားလမ်းလွဲသွားဦးမယ်။ အရိပ် အောက်ကအပူနဲ့ဝေးပြီး ဒိတ်ဝေးတဲ့မခြောက်သေးတဲ့ကွန်ဒုံးကို ရပါပြီတဲ့။ ကိုယ့်လက်ထဲရောက်မှ သုံးမရအောင်လည်း မလုပ်နဲ့ဦး”

“ကျွန်တော် ဒီလောက်မတုံးသေးဘူး။ ကွန်ဒုံးအိတ်ကို ဓား၊ ကတ်ကြေး၊ သွားနဲ့မဖြတ်ရဘူးလို့ ပြောမလို့ မဟုတ်လား။ သွေးသွားစိပ်လိုပါတဲ့ အထစ်ကိုအနားဘက်ကပ်ဖြဲရမယ်လို့ မှာမလို့မဟုတ် လား”

“မင်းမဆိုးဘူး။ ဆိုးတာက အစောပိုင်းက ပြောတာတွေ မသိတာပဲ။ ကျန်တာတွေတော့ မင်းလက်တွေ့စမ်းပြီးပြီနဲ့တူတယ်”

“ရှူး တိုးတိုး၊ တော်ကြာ ဘေးလူကြားသွားပြီး ကောင်မလေးကို ပြန်ပြောရင် ကျွန်တော်ရင်ကွဲ နေရဦးမယ်။ အတိတ်က ဇာတ်လမ်းတွေ မေ့လိုက်ပါပြီ”

“အေးပါ၊ ဆရာက ရောဂါစုံထောက်လုပ်တဲ့အလုပ်သမားဆိုတော့ ဒီလောက်တော့ ရပါတယ်။ အေး၊ အိတ်ကိုဖွင့်ပြီးရင်ဆက်လုပ်ရမှာ မင်းသိသလောက်ပြောပါဦး”

“ကွန်ဒုံးမှာ နို့သီးခေါင်းလိုရှည်ထွက်နေတဲ့ ထိပ်ပိုင်းလေးရှိတယ်။ အဲဒီထိပ်ပိုင်းကို လက်ညှိုးရယ်၊ လက်မရယ်၊ နှစ်ခုသုံးပြီး ညှစ်ကိုင်ရမယ်။ နောက်ပြီး အဆင်သင့်ဖြစ်နေတဲ့ လိင်တံပေါ် စွပ်ပြီး အရင်းထိအောင် ဖြေချလိုက်ရမယ်။ ဟုတ်တယ် မဟုတ်လား”

“အေး၊ ပြောတာတော့ ဟုတ်ပါပြီ။ ဘာကြောင့် ထိပ်ပိုင်း နို့သီးခေါင်းနေရာကို ညှစ်ကိုင်ရတာ လဲ”

“ဒါကတော့ဆရာရယ် သုက်ထွက်တဲ့အခါ သုက်ရည်ခိုအောင်းဖို့နေရာအတွက် လေထုတ်ပစ် တာပေါ့။ အဲဒီနေရာမှာ လေကျန်နေရင် တကယ်လှုပ်ရှားတဲ့အခါ လေကြောင့်အစွပ်ကျွတ်ထွက် တတ်သလို ကွဲလည်းကွဲနိုင်တယ်။ နောက်ဆုံးသုက်ထွက်တဲ့အခါ သုက်ရည်ခိုအောင်းဖို့နေရာမရှိတော့ လို့ သုက်ရည်တွေလျှံထွက်မှာ။ အဲဒါဆိုလိုချင်တဲ့အချက်တွေမဖြစ်လာတော့ဘူးပေါ့။ ကျွန်တော်ပြော တာ မဟုတ်ဘူးလား”

“မှန်ပါတယ်ဗျာ၊ မင်းတော်တော်လေ့လာထားသားပဲ”

“နောက်ပြီး အဆုံးအထိ ဆွဲမချရင် ဘာဖြစ်တတ်သေးလဲ သိသလား”

“အဆုံးအထိ မချထားရင် အရင်းပိုင်းမှာ ကာလသားရောဂါတွေ ကပ်ငြိနိုင်တာပေါ့ဆရာ။ လုံအောင်စွပ်ပါလို့ ပြောထားရက်နဲ့ မလုံ့တလုံစွပ်တော့ အာနိသင်အပြည့် ဘယ်ရမှာလဲနော်”

“အေး ချွတ်နည်းရော သိသလား”

“ချွတ်တာများ ဆရာရယ်၊ ဆွဲချွတ်လိုက်ရင် ကျွတ်တာပေါ့”

“မင်း ဒီနေရာမှာတော့ နည်းနည်းလိုသွားပြီ စွပ်တာ နည်းမှန်ရုံနဲ့ ရောဂါမကင်းသေးဘူး။ ချွတ် နည်းလည်း မှန်ဦးမှ။ ချွတ်ရင် ကွန်ဒုံးကို အကာအကွယ်မဲ့ လက်နဲ့မကိုင်ရဘူးဆိုတာ အဓိကမှတ်ထား။ ဒီတော့အကာအကွယ်ဆိုတာ လက်အိတ်လည်းဖြစ်နိုင်တယ်။ တစ်ရှူးစက္ကူလည်းဖြစ်နိုင်တယ် ခြောက် နေတဲ့ အ၀တ်ထူထူသန့်သန့်လည်း ဖြစ်နိုင်တယ်။ စိုနေတာနဲ့တော့မလုပ်နဲ့ပေါ့။ စိုနေရင် အဲဒီအစိုဓာတ် ကြောင့် ပြည်တွေ၊ မိန်းမကိုယ်အရည်တွေ၊ ရောဂါပိုးတွေ ဖြတ်သန်းတာ လွယ်ကူစေတယ်လေ။ ပြီးတော့ (အခုတော့ ဘာသုံးရမလဲ မသိဘူး။ အရင်တုန်းက) ကြွပ်ကြွပ်အိတ်ထဲထည့်၊ လုံခြုံအောင် ချည်ပြီးစွန့်ပစ်ပါလို့ဆိုတယ်။ ဒီအတိုင်း စွန့်ပစ်တဲ့အခါ ရောဂါပိုး ပါနိုင်တဲ့ပစ္စည်းကြောင့် ထိမိ၊ ကိုင်မိတဲ့ သူတွေမှာ ရောဂါ ကူးစက်နိုင်တယ်”

“ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုသုံးရမယ်၊ ဘယ်လိုစွန့်ရမယ်ဆိုတာ သိဖို့လိုတာ ကုန်ပြီလား ဆရာ။ ကျွန်တော်ပြေးဝယ်တော့မယ်။”

“ဟေ့ ဟေ့ ဒါက ကိုယ်ဝန်မလိုချင်တဲ့အခါ။ စိတ်ကိုအလိုလိုက်ချင်လို့ အဝေးကွင်းသွားတဲ့ အခါမှာ အိတ်ခ်ျအိုင်ဗီအပါအ၀င် အခြားကာလသားရောဂါတွေ မရစေဖို့အတွက် လိုမှသုံးဖို့၊ လိုလို့သုံးတဲ့အခါ စနစ်တကျသုံးဖို့ သင်ပေးတာ။ အရမ်းကာရော သုံးဖို့သင်ပေးတာမဟုတ်ဘူး။ မင်းတို့ နဲ့တော့ခက်ပါတယ်ကွယ်။ မျက်စိမှိတ်ပြီး လုပ်ချင်တာချည်းပဲ။ အဲဒါဆို အပေါက်အလမ်းတည့်မှာ မဟုတ်ဘူးနော်။

 

ခိုင်စိုးဝင်း(ထွေ-ကု)