အသက်ကြီးရင် ဖြစ်လာနိုင်တဲ့ မျက်စေ့ဆိုင်ရာပြသနာတွေ

အသက်ကြီးရင် ဖြစ်လာတတ်တဲ့…. မျက်စိ ပြသနာတချို့ဟာ… စောစောစီးစီး သိရှိပြီး ကုသမှူ မခံယူဘူးဆိုရင် အမြင်အာရုံကွယ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်….. လက်ရှိသုတေသနတွေအရ အမြင်အာရုံအားနည်းတဲ့သူတွေရဲ့ 65% နဲ့…. မျက်စိလုံးဝမမြင်တဲ့သူတွေရဲ့ 82% ဟာ…. အသက်ငါးဆယ်ကျော်တွေ ဖြစ်တယ်လို့ သိရပါတယ်…..

အောက်မှာ ဆက်လက်ဖော်ပြပေးမှာကတော့… အသက်အရွယ် ကြီးလာတဲ့အခါ ဖြစ်လာနိုင်တဲ့ မျက်လုံးပြသနာတွေပဲ ဖြစ်ပါတယ်….

(1) macula ကျုံ့ခြင်း

Macula ဆိုတာ မြင်လွှာရဲ့ အလယ်တည့်တည့် မှာ ရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်…. macula ကျုံ့လာပြီဆိုရင် မြင်ကွင်းအသေးစိတ်လုပ်ကိုင်ရတဲ့ အလုပ်တွေ ဖြစ်တဲ့ စာရေးတာ… စာဖတ်တာ…ကားမောင်းတာနဲ့ အရောင်ခွဲခြားတာတွေမှာ ပြသနာရှိလာပါတယ်…

Macula ကျုံ့ခြင်း အမျိုးအစားကွဲ နှစ်မျိုးရှိပြီး….ကုသပုံလဲ မတူတတ်ပါဘူး….

(2) အတွင်းတိမ်

ငယ်ရွယ်ကျန်းမာတဲ့ မျက်စိမှန်ဘီလူးဟာဆိုရင်… ကြည်လင်ပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်… အသက်ကြီးလာတဲ့အခါ ဒီလိုမဟုတ်တော့ဘဲ မျက်စိအတွင်းထဲက မှန်ဘီလူးမှာ ပရိုတင်း တွေ ပုံမှန်မဟုတ်ဘဲ… စုခဲသွားတတ်ပြီး ကြည့်လိုက်ရင် တိမ်လို ဖြူဖွေးဖွေး ဖြစ်နေတဲ့ အတွက် မျက်စိအတွင်းတိမ်စွဲတယ်လို့ ခေါ်ကြပါတယ်….

ရောဂါလက္ခဏာ တွေအနေနဲ့ မျက်လုံးဝါးတာ…ညဖက်မှာ မမြင်ရတာ….အရောငိတွေ ကြည်လင်ပြတ်သားမှူမရှိတာမျိုးဖြစ်နိုင်ပါတယ်…
ခွဲစိတ်မှူက တစ်ခုတည်းသော ကုသမှူ ဖြစ်ပါတယ်…

(3) ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်း

အသက်ကြီးပြီး ဆီးချိုကို မထိန်းနိုင်တဲ့ သူတွေမှာ… မျက်လုံးရဲ့ မြင်လွှာမှာရှိတဲ့ သွေးကြောလေးတွေ ထိခိုက်ပျက်စီး တတ်ပါတယ်…. မကုသဘူးဆိုရင် တသက်လုံး အမြင်အာရုံကွယ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်….

လက္ခဏာတွေအနေနဲ့ နှစ်ထပ်မြင်တာ…မျက်လုံးလှူပ်ရှားမှူကို မထိန်းနိုင်တော့တာတွေနဲ့ မျက်စိအာရုံကြောထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်…

(4) မျက်လုံးခြောက်ခြင်း

မျက်လုံးမျက်နှာပြင်မှာ စိုစွတ်မှူနည်းတာကြောင့် ဖြစ်ပြီး လက္ခဏာ တွေအနေနဲ့….. မျက်လုံးထဲမှာ ပူစပ်ပူလောင် ခံစားရတာ… နာတာ… သဲကပ်နေတယ်လို့ ခံစားရတာ… အမြင်အာရုံဝေဝါးတာတွေ ဖြစ်လာနိုင်ပါတယ်

ကုသမှူအနေနဲ့ မျက်ရည်တုသုံးပေးတာ… အရောင်ကျဖို့ မျက်စဉ်းဆေး တွေသုံးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်….

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်