အအေးမိဖျားနာတဲ့အခါ

ညနေလေးနာရီထိုးတော့မည်။ ခုတလော မိုးအကုန် ဆောင်းအကူးကာလမို့….မိုးက ရွာတစ်လှည့်မရွာတစ်လှည့်….ညနေဘက်တွေဆို ဆောင်းအအေးဓာတ်လေးက တငွေ့ငွေ့ရယ်……။

ယုယုတစ်ယောက် ကိုက်ခဲနေသည့်ကြားမှ လူးလဲထလိုက်သည်။ မနေ့က မိုးမိပြီးအပြန်မှာ ကားအားကွန်းဖွင့်ကာမောင်းခဲ့သောကြောင့် မိုးလင်းတော့ ယုယုကိုယ်တွေပူကာ နှာပိတ်ပြီးနေလို့မကောင်းချင်။ ဒါပေမယ့် ညနေ ခြောက်နာရီဆိုရင် Private schoolမှာ သားသားကို ကျောင်းသွားကြိုရမည့်တာဝန်က ယုယုပခုံးပေါ်မှတပါး အခြားသူဆီလွှဲလို့မရ။ သားတော်မောင် ကျောင်းအဆင်းမှာ ယုယုဆီပြေးလာတဲ့မြင်ကွင်းလေးကလည်း ယုယုရဲ့တစ်နေ့တာပျော်ရွှင်မှုတစ်ခုပါ။

အိပ်ယာမှထကာ မျက်နှာသစ်ပြီးသွားသော်လည်း ခေါင်းကအုံပြီးခဲနေဆဲ။ အပူမကျတဲ့ခန္ဓာကိုယ်နဲ့ သားသားကိုကျောင်းကြိုဖို့ ဘယ်လိုအင်အားမွေးရပါ့။ ယုယုရုတ်တရက်သတိရသွားသည်။ မနေ့ကလိုလိုမည်မည်ဆောင်ထားဖို့ဆိုပြီး ဒီကိုဂျင်တစ်ကဒ်ဝယ်ထားသေးသည်။ မနက်ကအိပ်ယာထဲကနေ ခေါင်းမထူချင်တာနဲ့မသောက်ဖြစ်ပေမယ့် အခုကျောင်းကြိုအမီသောက်မှရမည်ဟုတွေးရင်း အံဆွဲထဲမှဆေးကဒ်လေးကိုယူလိုက်သည်။ ယုယုဆေးသောက်လိုက်တော့ ညနေလေးနာရီတောင်ခွဲပါပကော။

ညနေငါးနာရီခွဲတော့ သားသားဆီသွားဖို့ ယုယုအဝတ်အစားလဲလိုက်သည်။ အခုတော့ အိပ်ယာထကာစနှင့်မတူ ခေါင်းကိုက်ခြင်းကင်းပြီး ချွေးလေးတစ်စိုစိုနှင့် ကိုယ်ပူလည်းကျနေပေပြီ။ လန်းလန်းဆန်းဆန်းနှင့်ပင် သားငယ်လေးရဲ့ကျောင်းရှေ့ကို ယုယုသွားနိုင်ပြီ။ ဒီနေ့တော့ ဒီကိုဂျင်ရဲ့ကျေးဇူးနဲ့ ဖျားနာခြင်းကင်းပြီး ကြည်လင်ပေါ့ပါးသွားရပြီပေါ့။ ညကျရင်တော့ မအိပ်ခင် ဒီကိုဂျင်တစ်လုံးသောက်ဦးမှဟုတွေးရင်းပြုံးကာ ကျောင်းဝင်းထဲမှအမေ့ဆီပြေးထွက်လာသောသားငယ်ကို ပွေ့ချီလိုက်ပါတော့သည်။

Dr.စိုင်းမြတ်သူ