H1 N1ကပေးသော ဝေဒနာများ

နှစ်စဉ် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ဒုက္ခပေးနေသော ရောဂါကပ်ဆိုးတစ်ခု ရှိပါတယ် ဒါကတော့ တုပ်ကွေး လို့ခေါ်တဲ့ ရောဂါပါ ပျံ့နှံကူးစက်နှုန်း ကြောက်စရာကောင်းလောက်အောင် မြင့်မြားပြီး သေဆုံးနှုန်းလည်း တစ်နှစ်ထက်တစ်နှစ်မြင့်မား လာနေပါတယ် လူပေါင်း ၈၀၀၀၀ နီးပါးသေဆုံးခဲ့တဲ့ ၂၀၁၈ဟာ ဆိုရင် လွန်ခဲ့သောနှစ်များနှင့် ယှဉ်ပါက ၃ဆ ခန့် လူသေနှုန်းတတ်လာကြတယ်လို့ အမေရိကန် CDCက ထုတ်ပြန်ထားပါတယ် တစ်နှစ်ထက် တစ်နှစ် တုပ်ကွေး ဗိုင်းရပ်ဟာ ပိုပြင်းထန်လာတဲ့ သဘောပါ ထိုသို့သော အကြောင်းများကြောင့် my doctor မှနေ၍ ယနေ့ လူအများ စိုးရိမ်နေကြသော H1N1ရောဂါလက္ခဏာများအကြောင်း ဖော်ပြပေးလိုက်ပါတယ်

H1N1 ရဲ့ ရာဇဝင်

၂၀၀၉က စပေါ်လာတဲ့ ရောဂါဗိုင်းရပ်စ်ပိုးပါ ချက်ခြင်းကို ကူးစက်ရောဂါအသွင် ပြန့်ပွားလာတာကြောင့် တုပ်ကွေးကာကွယ်ဆေးထဲ H1N1ကာကွယ်စေအောင် ထည့်သွင်းကာကွယ်ရတဲ့အထိဖြစ်လာပါတယိ နံမည် အပြည့်အစုံက H1N1pdm09ပါ သူဖြစ်ရင် တပတ်အတွင်းရောဂါပျောက်နိုင်ပမယ့် ရက်သတ္တပတ်များစွာအထိ နုံချိ ကျန်ခဲ့တတ်ပါတယ်

H1N1ရဲ့ ဝိသေသလက္ခဏာများ

အများအားဖြင့် တခြားတုပ်ကွေးတွေနှင့် ပုံစံတူပါတယ် ဒါတွေကတော့

ကိုယ်အပူချိန်မြင့်တတ်ခြင်း (သတိပြုဖွယ်က H1N1ဖြစ်တိုင်းမဖျားပါ)

နှာရည်ကျခြင်း နှာပိတ်ခြင်း

လည်ပင်းနာခြင်း

ချောင်းဆိုးခြင်း

ခေါင်းကိုက်ခြင်း

ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း

နုန်းချိအားအင်ကုန်ခမ်းခြင်း

မူးဝေ အော့အန်ခြင်း နှင့် ဝမ်းပျပ်ခြင်း စတဲ့ ပုံစံအမျိုးမျိုးနှင့်လာတတ်ကြပါတယ်

အရေးကြီးတာကတော့ ကလေးတွေ နှင့် မွေးကင်းစတွေမှာဖြစ်ရင် ပါ ကလေးမှာ ဖြစ်ဖို့များတာကြောင့် သင့်ကလေးဖျားပြီဆိုအောက်ပါလက္ခဏာတွေ သံသယဖြင့် စောင့်ကြည့်ပါ

(၁) အသက်ရှုရ ခက်ခဲခြင်း

(၂) ကလေး တအားမှိန်းခြင်း

(၃) အစာမစား ရေမသောက်ဖြစ်နေခြင်း

(၄) ဖျားပြီး အနီစက်များပေါ်လာခြင်း

ဘယ်အချိန်မှာ ဆေးခန်းပြရမလဲ

အကြမ်းအားဖြင့် စဖျားပြီဆိုကတည်းက ပြဖို့လိုသူတွေရှိပါတယ် ဒါတွေကတော့ အောက်မှာ ပြောထားတဲ့သူတွေဖြစ်ပါတယ်

(၁) ၅နှစ်အောက် ကလေးတွေ

(၂) ကိုယ်ဝန်ဆောင်တွေ

(၃) အသက် ၆၅အထက် အဘိုးအဘွားတွေ

(၄) ကိုယ်ခံအား စနစ် အားနည်းနေသူတွေ (HIV သမားတွေ သို့ Steroid သောက်နေသူတွေ)

(၅) နာတာရှည်ရောဂါသည် တွေ ( ရင်ကြပ် ဆီးချို နှလုံးရောဂါသည်များ)

သင် ဒါမှမဟုတ် သင်ချစ်တဲ့သူတွေဟာ အပေါ်က ၅ဖွဲ့ထဲပါနေရင် ဒါမှမဟုတ် တုတ်ကွေးဖျားပြီး သံသယ ဖြစ်ဖွယ်လက္ခဏာတွေ တွေ့ပါက ဆေးခန်းကို ချက်ခြင်း ပြသပါ

တုပ်ကွေးဖျားနေစဉ် ပြုမူနေထိုင်ခြင်း

တုပ်ကွေးစဖြစ်ပြီဆိုတာနှင့် အိမ်မှာပဲနေပါ အနည်းဆုံးတရက်နားဖို့ လိုပါတယ် ဒါမှတခြားသူတွေကို မကူးမှာပါ ပြီးတော့ ရေများများသောက်ပေးရပါမယ် အဖျော်ရည် အားလုံး သောက်လို့ရပါတယ် အဖျားသက်သာစေဖို့ ရေပတ်တိုက်ပေးတာ para သို့ ibuprofen သောက်ပေးလို့ရပါတယိ နွေးနွေးထွေးထွေးဝတ်စားဖို့လည်းလိုအပ်ပါတယ်။ နှာပိတ်နေပါက ဟင်းရည်စွပ်ပြုတ်နွေးနွေးလေးကို သောက်ပေးပါ လည်ပင်းနာနေပါက ဂျင်းပြုတ်ရည်ထဲ ဆားလေးနည်းနည်းထည့်ကာသောက်ပေးပါ ဖျားနေစဉ် အရက် ဆေးလိပ် လုံးဝ လုံးဝမသောက်ပါနှင့် ထမင်းပုံမှန်စားပါ ခံတွင်းပျက်နေပါလိမ့်မယ် သို့သော် စားမှ ရောဂါသက်သာမှာပါ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံပါ အထူးအားဖြင့် ကိုယ်ဝန်ဆောင်မှာ ထိုးခြင်းဟာ မိခင်ကော မွေးဖွားပြီး လအတော်ကြာအထိ ကလေးမှာပါ ကာကွယ်စေနိုင်ပါတယ်။

ဒါတွေက တော့ ခုဖြစ်ပွားနေသော H1N1တုပ်ကွေးအကြောင်း နှင့် ကာကွယ်ရင်ဆိုင်နည်း တွေပဲဖြစ်ပါတယ်

မေတ္တာဖြင့်
ဒေါက်တာ ဇေ (မိသားစုဆေးပညာ)