Collagen

အလှအပကို လေ့လာနေကြတဲ့ ပျိုမေတွေအကြားမှာ collagen ဆိုတဲ့ အသံက အစိမ်းသက်သက်တော့ မဟုတ်ပါပေ။ collagen သည် အလှအပ အတွက်သာ အကျိုးပြုသည်မဟုတ်ပါ။

  • အရေပြားနှင့် ဆံပင်ကို ကျန်းမာသန်စွမ်းစေသည်။
  • အဆစ်များ နာကျင်မှုနှင့် လျော့ယွင်းလာမှုကို လျော့ကျစေသည်။
  • အစာအိမ်နှင့် အူလမ်းကြောင်း စိမ့်ထွက်ခြင်းကို ကူညီပေးသည်။
  • ဇီဝကမ္မဖြစ်စဉ်များ၊ ကြွက်သားဖွဲ့စည်းမှုများ၊ အင်အားထုတ်သုံးရသော ဖြစ်စဉ်များကို အားပေးပါသည်။
  • လက်သည်းခြေသည်း၊ ဆံပင်နှင့် သွားတို့ကို သန်မာစေသည်။
  • အသည်းကျန်းမာရေးကို ကောင်းမွန်စေသည်။
  • နှလုံးနှင့် သွေးကြောစနစ်ကို ကာကွယ်ထိန်းသိမ်းပေးပါသည်။

သို့ဖြင့်လျှင် collagen ဆိုသည်မှာ ဘယ်လိုပစ္စည်းမျိုးလဲ။ ခန္ဓာကိုယ် ဘယ်အပိုင်းတွေမှာ တွေ့ရနိုင်သလဲ။

Collagen သည် ကိုယ်တွင် အများဆုံးရှိသော အသားဓာတ်တစ်မျိုးဖြစ်၏။ အရိုး၊ အရေပြား၊ ကြွက်သား၊ အရွတ်များ ဖွဲ့စည်းရာတွင် ပါဝင်သော အသားဓာတ်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ကိုယ်တွင်းရှိ ကော်တစ်မျိုးဟု ဆိုနိုင်ပါသည်။

အမျိုးအစား ၁၆မျိုးခန့် ရှိသော်လည်း အဓိက ၄ခုမှာ

  • အမျိုးအစား ၁-သန်မာထူထဲသော အသားဓာတ်ဖြစ်ပြီး အရေပြား၊ အရိုး၊ အရွတ်၊ အရိုးနု၊ သွားများတွင် တွေ့နိုင်ပါသည်။
  • အမျိုးအစား ၂- ခပ်ပွပွ အသားမျှင်များဖြစ်ပြီး ကျုံနိုင်ဆန့်နိုင်သော အရိုးနု၊ အဆစ်ခံများတွင် ပါဝင်ပါသည်။
  • အမျိုးအစား ၃-ကြွက်သား၊ ကိုယ်တွင်းအင်္ဂါ ကလီစာများနှင့် သွေးကြောများတွင် ပါဝင်သော အသားဓာတ်ဖြစ်ပါသည်။
  • အမျိုးအစား ၄- ဖောက်ထွင်းတည်ရှိသော အသားဓာတ်ဖြစ်ပြီး အရေပြားအလွှာများတွင် တွေ့နိုင်ပါသည်။

သို့ဆိုလျှင် ထို collagen များ ခန္ဓာကိုယ်တွင် များပြားလာအောင် မည်သည့် အာဟာရများကို မှီဝဲသင့်ပါသနည်း။

  • ဗီတာမင် စီပါသော အစားအစာများ ( ချဉ်သော အသီးများ၊ စတော်ဘယ်ရီသီး)
  • Proline ပါသောအစားအစာများ ( ဥအကာများ၊ နို့ထွက်ပစ္စည်းများ၊ ဂေါ်ဖီထုပ်၊ မှို၊ ကညွန့်)
  • Glycine ပါသောအစားအစာများ (ဝက်သား၊ ကြက်သား အရေခွံများ၊ နှင့် အသားဓာတ်ရသော အစာများ)
  • Copper ပါသောအစားအစာများ (ကလီစာ၊ နှမ်း၊ သီဟိုလ်စေ့ စသည်) တို့ကို စားသုံးပေးရပါမည်။

သို့သော် အောက်ပါအချက်များသည် collagen ကို ပျက်စီးစေသောကြောင့် ရှောင်ကြဉ်သင့်ပါသည်။

  • သကြားနှင့် ကစီဓာတ်များသော အစာများ စားသုံးခြင်း
  • နေရောင် အထိအတွေ့များခြင်း
  • ဆေးလိပ်သောက်ခြင်း

ယခုအခါ collagen ဖြည့်စွက်စာများလည်း ပေါ်လာပြီဖြစ်ပါသည်။ သို့သော် ဓာတ်မတည့်ခြင်းနှင့် များစွာစားသုံးပါက တန်ဆေးလွန်ဘေးဖြစ်တတ်သဖြင့် သေချာစွာလေ့လာပြီးမှ သုံးစွဲသင့်ပါသည်။

ရီချို(ဆေး ၁)