ရေမွှာ​ရေပိုးဝင်​တယ်​ဆိုတာ

သ​န္ဓေသား​လေး​တွေ မိခင်​ဝမ်းဗိုက်​ထဲမှာရှိစဉ်​အခါ ပြင်​ပ​ရောဂါပိုးမွှားနှင့်​ ထိခိုက်​မှုများမှကာကွယ်​ရန်​ ​ရေမွှာ​ရေ၊ ​ရေမွှာအိတ်​နှင့်​ အ​မြှေးပါး​တွေနဲ့ သဘာဝတရားကြီးက ကာကွယ်​​ပေးထားပါတယ်​။

ထိုအကာအကွယ်​ဖြစ်​တဲ့ ​ရေမွှာ​ရေနဲ့ အ​မြှေးပါး​တွေကို ဘက်​တီးရီးယားပိုးကူးစက်​တဲ့ အ​ခြေအ​နေကို Chorioamnionitis လို့​ခေါ်ပြီး လမ​စေ့မီ က​လေးမီးဖွားခြင်း၊ ​သွေးဆိပ်​တက်​ခြင်းတို့ ဖြစ်​နိုင်​ကာ မိခင်​​ရော က​လေးပါ အန္တရာယ်​ရှိနိုင်​ပါတယ်​။

✔ Chorioamnionitis(​ရေမွှာ​ရေနဲ့ အ​မြှေးပါး​တွေ ပိုးဝင်​ခြင်း) ဘာ​ကြောင့်​ဖြစ်​လဲ။ ဘယ်​သူ​တွေမှာ ဖြစ်​နိုင်​လဲ။

– အများစုမှာ မိန်းမကိုယ်​နဲ့ စအိုမှ ဘက်​တီးရီးယားပိုးများ သားအိမ်​ကို ဆန်​တက်​ပြီး အ​မြှေးပါးနဲ့ ​ရေမွှာ​ရေကို ကူးစက်​တာဖြစ်​ပါတယ်​။
– က​လေး​မွေးဖွားချိန်​ ကြာမြင့်​​နေတဲ့ အမျိုးသမီး​တွေ
– ​ရေမွှာ​ရေ​ပေါက်​ပြီး အချိန်​အတန်​ကြာ က​လေးမ​မွေးနိုင်​သူများ
– တကိုယ်​ရည်​သန့်​ရှင်းမှု အားနည်းသူများ
– မိန်းမကိုယ်​တွင်​ ကူးစက်​​ရောဂါ ရှိသူများ
– မသန့်​ရှင်းတဲ့ လက်​​တွေ၊ ပစ္စည်း​တွေနဲ့ မိန်းမကိုယ်​ကို ထိုးသွင်းစမ်းသပ်​ခြင်း​တွေကလည်း ဖြစ်​နိုင်​ပါတယ်​။

✔ အချိန်​မီ ကုသမှုမခံယူလျှင်​ ဘယ်​လိုအန္တရာယ်​​တွေ ဖြစ်​နိုင်​လဲ။

– ​သွေးဆိပ်​သင့်​ခြင်း
– သားအိမ်​နံရံ ပိုးဝင်​ခြင်း
– က​လေးမီးဖွားချိန်​ ​သွေးအလွန်​အကျွံဆင်းခြင်း
– တင်​ပဆုံနှင့်​အဆုတ်​တွင်​ ​သွေးခဲခြင်း
– ဒဏ်​ရာပိုးဝင်​ပြီး ပြည်​တည်​ခြင်း
– ​မွေးဖွားလာမည့်​ က​လေးတွင်​လည်း ​သွေးဆိပ်​တက်​ခြင်း၊( Pneumonia) နမိုးနီးယား အဆုတ်​​ရောင်​​ခြင်း၊ ဦး​နှောက်​အ​မြှေးပါး​ရောင်​ခြင်း စတာ​တွေ ဖြစ်​နိုင်​ပြီး အသက်​အန္တရယ်​ရှိနိုင်​တာ​ကြောင့်​ ​စောလျင်​စွာ ကုသမှုခံယူသင့်​ပါတယ်​။

✔ ​ရောဂါလက္ခဏာ​တွေက ဘာ​တွေလဲ။

ရေမွှာ​ရေနဲ့ အ​မြှေးပါးမှာ ပိုးဝင်​တဲ့ ကိုယ်​ဝန်​​ဆောင်​​တွေမှာ ​အောက်​ပါ ​ရောဂါလက္ခဏာ​တွေ ဖြစ်​နိုင်​ပါတယ်​။
– အဖျားတက်​ခြင်း
– နှလုံးခုန်​မြန်​ခြင်း
– ​ချွေးစီးများထွက်​ခြင်း
– ဆီးစပ်​​နေရာကို စမ်းသပ်​ပါက နာကျင်​ခြင်း
– အနံ့ဆိုး​သော အကျိအချွဲများဆင်းခြင်း

ထိုကဲ့သို့ ​ရောဂါလက္ခဏာ​တွေ ခံစားရလျှင်​ အသက်​အန္တရာယ်​ရှိနိုင်​တာ​ကြောင့်​ သက်​ဆိုင်​ရာဆရာဝန်​နဲ့ စမ်းသပ်​​ဆွေး​နွေးပြီး ကုသမှုအမြန်​ဆုံး ခံယူသင့်​ပါတယ်​။ ဆရာဝန်​ညွှန်​ကြားချက်​ဖြင့်​ က​လေးမ​မွေးဖွားမီနှင့်​ ​မွေးဖွားပြီး ပဋိဇီဝ​ပိုးသတ်​​ဆေးသွင်းခြင်းများ ပြုလုပ်​ခြင်း၊ က​လေးမီးဖွားခြင်းများပြုလုပ်​နိုင်​ပါတယ်​။

ကျန်းမာလှပ​သော ဘဝတစ်​ခု ပိုင်​ဆိုင်​​စေရန်​ ရည်​ရွယ်​လျက်
ပွင့်​ရည်​(​ဆေး၂)