“ဆရာ ကျွန်မ ဘာနည်းသုံးရင်ကောင်းမလဲ”

သားဆက်ခြားနည်းတွေအကြောင်း အရေးများ၊ အပြောများတဲ့အခါမှာ အမျိုးသမီးတွေက ကျွန်တော့်ကို လာလာမေးကြပါတယ်။ အဲဒီမေးခွန်းတွေထဲက အများဆုံးတစ်ခုက ဘာလဲဆိုတော့ ခု ဆောင်းပါးခေါင်းစဉ် ပေးထားသလိုပဲ၊ ကျွန်မ ဘာကိုယ်ဝန်တားနည်း သုံးရင်ကောင်းမလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
တကယ်တော့ ဘယ်နည်းက သင့်တော်တယ် ဆိုတာမျိုး အဲ့လိုလှေနံဓားထစ် ပြောလို့မရပါဘူး။ ကိုယ်ဝန်တားနည်းတွေအားလုံးမှာ သူ့ဟာနဲ့သူ အားနည်းချက်၊ အားသာချက်တွေ ရှိကြပါတယ်။ ဘယ်တစ်ခုကတော့ဖြင့် အကောင်းဆုံးဆိုတာမျိုး မရှိပါဘူး။ ကိုယ်နဲ့သင့်တော်တာ ကိုယ်ရွေးနိုင်ဖို့ပါပဲ။
နောက်ပြီး အမျိုးသမီးတချို့က ဘာလုပ်တတ်ကြသေးလဲဆိုရင် တခြားလူသုံးတာ လိုက်သုံးကြတာပဲ။ သူက သောက်ဆေးနဲ့ အဆင်ပြေတယ်ဆို ကိုယ်လည်း လိုက်သောက်တယ်။ သူက သားအိမ်ထဲထည့်တာ အဆင်မပြေဖြစ်သွားတယ်ဆို ကိုယ်လည်း ကြောက်ပြီး မထည့်တော့ဘူး။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ သူနဲ့အဆင်ပြေတဲ့နည်းက ကိုယ်နဲ့ပြေချင်မှပြေမယ်။ ဒီလိုပဲ သူနဲ့အဆင်မပြေတဲ့ နည်းတစ်ခုကလည်း ကိုယ်နဲ့ကျ ပြေချင်ပြေနေမှာပေါ့။ ဒါကြောင့် ကိုယ်သုံးမယ့်နည်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။
အဲဒီအတွက် ထည့်စဉ်းစားသင့်တဲ့ အချက်တချို့ကို အဆင့်လိုက် ရေးပေးသွားပါမယ်။
၁။ ဘယ်နှနှစ် ကိုယ်ဝန်တားထားချင်တာလဲ
သားဆက်ခြားနည်းတွေမှာ ကာလတိုနည်းနဲ့ ကာလရှည်နည်းရယ်လို့ ရှိတယ်။ လပိုင်းလောက်၊ နှစ်အနည်းငယ်လောက်ပဲ တားထားမယ်ဆို ကွန်ဒုံး၊ ဆေးကတ်နဲ့ ထိုးဆေးတွေ သုံးလို့ရတယ်။ နှစ်ရှည်တားထားချင်တာဆို သားအိမ်ထဲထည့်တာ၊ လက်မောင်းထဲထည့်တာတွေ လုပ်လို့ရတယ်။ စဉ်းစားကြည့်၊ ကိုယ်ဝန်ကို ၅ နှစ်လောက် တားထားချင်တဲ့သူဟာ ရက်ပေါင်း ၁၈၀၀ ကျော်လောက်ကို တစ်နေ့တစ်လုံး ဆေးသောက်ရမယ်ဆို လွယ်ပါ့မလား။ ၃ လကိုတစ်ခါနဲ့ အကြိမ် ၂၀ ဆေးထိုးရမယ်ဆို အဆင်ပြေပါ့မလား၊ မှန်မှန်လုပ်နိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။
၂။ ဟော်မုန်းပါတာလား မပါတာလား
ကာလတိုနည်းထဲမှာလည်း ဟော်မုန်းပါတာနဲ့ မပါတာရှိသလို၊ ကာလရှည်နည်းတွေထဲမှာလည်း ရှိပါတယ်။ ဘာကွာမလဲဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုကျိုးတွေကို ခံစားရတာမျိုး ရှိနိုင်တယ်။ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ အသားအရည်ပြောင်းသွားတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်တတ်တယ်။ ဒီနေရာမှာ တစ်ခု သိစေချင်တာက ဒါတွေဖြစ်ကိုဖြစ်မယ်လို့တော့ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး။ နောက်ပြီး ဝလာတာဆိုတာကလည်း ဒီနည်းတွေကြောင့် ဝတာက နည်းနည်းပဲ၊ အဓိကက အသက်အရွယ်နဲ့ နေထိုင်မှုပုံစံကြောင့်သာ ဝလာတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အစားရှောင်မယ်၊ လေ့ကျင့်ခန်းများများ လုပ်မယ်ဆိုရင် ဝမလာအောင် ထိန်းထားလို့ရမယ်။ ကာလတိုနည်းဖြစ်တဲ့ ကွန်ဒုံးနဲ့ ကာလရှည်နည်းထဲက တစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းတို့က ဟော်မုန်းမပါတာမို့ ဒီလိုဘေးထွက်ဆိုးကျိုးတွေ မခံစားချင်ဘူးဆိုရင် ရွေးချယ်လို့ရတယ်။
သားဆက်ခြားနည်းတစ်ခုကို ရွေးတော့မယ်ဆို အဓိက စဉ်းစားရမှာက ဒီနှစ်ခုပါပဲ။ ဘယ်နှနှစ်တားချင်တာလဲ၊ ဟော်မုန်းပါတာဆို အဆင်ပြေမလား။ ဒီလောက်ဆို တော်တော်လေးလည်း စဉ်းစားရလွယ်လာပြီ။ ပြီးတော့မှ အသေးစိတ် ထပ်စဉ်းစားရမှာတချို့ကို ဆက်ရေးပါမယ်။
၃။ ရာသီပုံမှန်ပေါ်မှ အဆင်ပြေတာလား
ကွန်ဒုံးနဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ ရာသီပုံမှန်ပေါ်တယ်။ နေ့စဉ်သောက်ဆေးကတ်ကလည်း နောက်ဆုံးတန်း အားဆေးလုံးတွေ သောက်နေပြီဆိုရင် သွေးဆင်းလာတတ်တယ်။ ၃လခံထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းကတော့ ရာသီမပေါ်တာများတယ်။ အဲ့လိုမပေါ်လို့လည်း ဘာရောဂါမှတော့ မဖြစ်ဘူး။ သူ့ရဲ့ အာနိသင်ကြောင့် ဖြစ်တာပဲ။ ဒီအခါ တချို့အမျိုးသမီးတွေက အလုပ်ရှုပ်တောင် သက်သာသေးတယ် ဆိုပြီး သဘောကျပေမယ့် တချို့အမျိုးသမီးတွေကတော့ ရာသီမပေါ်ရင် မနေတတ်ဘူး၊ မိန်းမ မဆန်သလို ခံစားရတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုဆိုရင်တော့ ရာသီမပေါ်တတ်တဲ့နည်းတွေကို အသုံးပြုဖို့ အဆင်ပြေနိုင် မပြေနိုင် သေချာစဉ်းစားသင့်တယ်။
၄။ ကလေး ချက်ချင်းပြန်ရမှ အဆင်ပြေတာလား
သားဆက်ခြားနည်းတွေ အားလုံးထဲမှာ ၃ လခံထိုးဆေးမှာပဲရှိတဲ့ ထူးခြားချက်တစ်ခုက အာနိသင်ကျန်တတ်တာပါပဲ။ ဆိုလိုတာက ဆေးထိုးရပ်လိုက်ပေမယ့် ကလေးချက်ချင်း ပြန်မရတတ်ဘူး။ လုံးမဝမရနိုင်တော့တာ မဟုတ်ပေမယ့် လအနည်းငယ်စောင့်ရတတ်တယ်။ ပြီးတဲ့အခါ ကိုယ်ဝန်ပြန်ရလာလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်လိုချင်ရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ စုံတွဲမျိုးတွေအတွက်တော့ ဒါကို သေချာစဉ်းစားရမယ်။ အထူးသဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ စုံတွဲတွေဆို ပိုလို့ သတိထားရပါလိမ့်မယ်။
၅။ တစ်နေ့တစ်လုံး သောက်ဖို့ အဆင်ပြေနိုင်လား
ဒါက နေ့စဉ်သောက်ဆေးကတ်ကို ရွေးတော့မယ်ဆို ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ မေးသင့်တဲ့မေးခွန်းပါ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ဆေးသောက်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဒီလိုသောက်နိုင်တဲ့ အခြေအနေရှိလား စဉ်းစားပါ။ နောက်ပြီး ဆေးသောက်ဖို့ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် လုပ်ထားစေချင်ပါတယ်။ ဒီဆေးကတ် သောက်နေတဲ့ အမျိုးသမီးအများစုဟာ သောက်သာသောက်နေကြတယ်၊ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန် သိမနေကြပါဘူး။
၆။ အမျိုးသားရဲ့ ဆန္ဒ
သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကွန်ဒုံးလို နည်းလမ်းမျိုးကျ အမျိုးသားရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သားအိမ်ထဲထည့်တာဆိုလည်း အမျိုးသားက သဘောမကျဘူး ဆိုတာတွေ ရှိတတ်တာမို့ သူနဲ့တိုင်ပင်ပြီးမှ ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။ ဆေးခန်းသွားတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတာမျိုး လုပ်နိုင်ပါတယ်။
၇။ သောက်နေတဲ့ဆေးနဲ့ ဖြစ်နေတဲ့ရောဂါတွေ
ဥပမာ တီဘီဆေးသောက်နေတဲ့အချိန်ဆို ဟော်မုန်းပါတဲ့နည်းတွေ သုံးလို့မရဘူး။ သုံးရင် အာနိသင်ကျတတ်လို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီး လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ သားအိမ်အနေအထား အဆင်မပြေတာတွေ ရှိနိုင်ရင်လည်း ဆရာဝန်နဲ့ စစ်ဆေးပြီး စိတ်ချရမှ သားအိမ်ထဲထည့်တာမျိုး လုပ်သင့်တယ်။ ဒီလိုမျိုး ဘယ်ဆေးက မတည့်ဘူး၊ ဘယ်ရောဂါနဲ့ဆို အဆင်မပြေဘူးဆိုတာတွေကတော့ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်တာမို့ ဆရာဝန်ကိုသာ သေချာပြောပြရမှာဖြစ်ပါတယ်။ ဒါမှ သူက အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်မှာပါ။
ခုပြောခဲ့တဲ့အချက်တွေကတော့ ကိုယ်ဝန်တားနည်းတစ်ခု သုံးတော့မယ်ဆိုရင် ကိုယ်နဲ့ဘယ်နည်းလမ်းနဲ့က သင့်တော်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် အဆင့်ဆင့်စဉ်းစားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒီအပေါ် အခြေခံ၊ ဆရာဝန်ဆရာမက ပြောပြတဲ့ အချက်တွေနဲ့ ပေါင်းစပ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းတစ်ခုကို ရွေးချယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

“ဆရာ ကၽြန္မ ဘာနည္းသံုးရင္ေကာင္းမလဲ”

သားဆက္ျခားနည္းေတြအေၾကာင္း အေရးမ်ား၊ အေျပာမ်ားတဲ့အခါမွာ အမ်ိဳးသမီးေတြက ကၽြန္ေတာ့္ကို လာလာေမးၾကပါတယ္။ အဲဒီေမးခြန္းေတြထဲက အမ်ားဆံုးတစ္ခုက ဘာလဲဆုိေတာ့ ခု ေဆာင္းပါးေခါင္းစဥ္ ေပးထားသလိုပဲ၊ ကၽြန္မ ဘာကိုယ္၀န္တားနည္း သံုးရင္ေကာင္းမလဲ ဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။
တကယ္ေတာ့ ဘယ္နည္းက သင့္ေတာ္တယ္ ဆုိတာမ်ိဳး အဲ့လိုေလွနံဓားထစ္ ေျပာလို႕မရပါဘူး။ ကုိယ္၀န္တားနည္းေတြအားလံုးမွာ သူ႕ဟာနဲ႕သူ အားနည္းခ်က္၊ အားသာခ်က္ေတြ ရွိၾကပါတယ္။ ဘယ္တစ္ခုကေတာ့ျဖင့္ အေကာင္းဆံုးဆုိတာမ်ိဳး မရွိပါဘူး။ ကုိယ္နဲ႕သင့္ေတာ္တာ ကုိယ္ေရြးႏုိင္ဖုိ႕ပါပဲ။
ေနာက္ျပီး အမ်ိဳးသမီးတခ်ိဳ႕က ဘာလုပ္တတ္ၾကေသးလဲဆုိရင္ တျခားလူသံုးတာ လုိက္သံုးၾကတာပဲ။ သူက ေသာက္ေဆးနဲ႕ အဆင္ေျပတယ္ဆုိ ကုိယ္လည္း လိုက္ေသာက္တယ္။ သူက သားအိမ္ထဲထည္႕တာ အဆင္မေျပျဖစ္သြားတယ္ဆုိ ကုိယ္လည္း ေၾကာက္ျပီး မထည္႕ေတာ့ဘူး။ တကယ္ေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ မတူပါဘူး။ သူနဲ႕အဆင္ေျပတဲ့နည္းက ကုိယ္နဲ႕ေျပခ်င္မွေျပမယ္။ ဒီလိုပဲ သူနဲ႕အဆင္မေျပတဲ့ နည္းတစ္ခုကလည္း ကုိယ္နဲ႕က် ေျပခ်င္ေျပေနမွာေပါ့။ ဒါေၾကာင့္ ကုိယ္သံုးမယ့္နည္းကို ကုိယ္တုိင္ေရြးခ်ယ္ဆံုးျဖတ္တာ အေကာင္းဆံုးပါပဲ။
အဲဒီအတြက္ ထည္႕စဥ္းစားသင့္တဲ့ အခ်က္တခ်ို႕ကို အဆင့္လိုက္ ေရးေပးသြားပါမယ္။
၁။ ဘယ္ႏွႏွစ္ ကုိယ္၀န္တားထားခ်င္တာလဲ
သားဆက္ျခားနည္းေတြမွာ ကာလတုိနည္းနဲ႕ ကာလရွည္နည္းရယ္လို႕ ရွိတယ္။ လပို္င္းေလာက္၊ ႏွစ္အနည္းငယ္ေလာက္ပဲ တားထားမယ္ဆုိ ကြန္ဒံုး၊ ေဆးကတ္နဲ႕ ထုိးေဆးေတြ သံုးလို႕ရတယ္။ ႏွစ္ရွည္တားထားခ်င္တာဆုိ သားအိမ္ထဲထည္႕တာ၊ လက္ေမာင္းထဲထည္႕တာေတြ လုပ္လုိ႔ရတယ္။ စဥ္းစားၾကည္႕၊ ကုိယ္၀န္ကုိ ၅ ႏွစ္ေလာက္ တားထားခ်င္တဲ့သူဟာ ရက္ေပါင္း ၁၈၀၀ ေက်ာ္ေလာက္ကုိ တစ္ေန႕တစ္လံုး ေဆးေသာက္ရမယ္ဆုိ လြယ္ပါ့မလား။ ၃ လကိုတစ္ခါနဲ႕ အၾကိမ္ ၂၀ ေဆးထိုးရမယ္ဆို အဆင္ေျပပါ့မလား၊ မွန္မွန္လုပ္ႏုိင္ပါ့မလား ကိုယ့္ကုိယ္ကုိယ္ေမးၾကည္႕ပါ။
၂။ ေဟာ္မုန္းပါတာလား မပါတာလား
ကာလတုိနည္းထဲမွာလည္း ေဟာ္မုန္းပါတာနဲ႕ မပါတာရွိသလို၊ ကာလရွည္နည္းေတြထဲမွာလည္း ရွိပါတယ္။ ဘာကြာမလဲဆုိေတာ့ ေဟာ္မုန္းပါတဲ့နည္းေတြသံုးရင္ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိုက်ိဳးေတြကုိ ခံစားရတာမ်ိဳး ရွိႏုိင္တယ္။ ကိုယ္အေလးခ်ိန္ အေျပာင္းအလဲျဖစ္တာ၊ အသားအရည္ေျပာင္းသြားတာ၊ ေခါင္းမူးတာ၊ ပ်ိဳ႕အန္တာေတြ ျဖစ္တတ္တယ္။ ဒီေနရာမွာ တစ္ခု သိေစခ်င္တာက ဒါေတြျဖစ္ကုိျဖစ္မယ္လုိ႕ေတာ့ မဟုတ္ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ မတူၾကဘူး၊ တခ်ိဳ႕ျဖစ္တယ္၊ တခ်ိဳ႕မျဖစ္ဘူး။ ေနာက္ျပီး ၀လာတာဆုိတာကလည္း ဒီနည္းေတြေၾကာင့္ ၀တာက နည္းနည္းပဲ၊ အဓိကက အသက္အရြယ္နဲ႕ ေနထုိင္မႈပံုစံေၾကာင့္သာ ၀လာတာျဖစ္တယ္။ ဒါေၾကာင့္ ကုိယ့္အေနနဲ႕ အစားေရွာင္မယ္၊ ေလ့က်င့္ခန္းမ်ားမ်ား လုပ္မယ္ဆုိရင္ ၀မလာေအာင္ ထိန္းထားလို႕ရမယ္။ ကာလတုိနည္းျဖစ္တဲ့ ကြန္ဒံုးနဲ႕ ကာလရွည္နည္းထဲက တစ္ခုျဖစ္တဲ့ သားအိမ္တြင္းထည္႕ပစၥည္းတုိ႕က ေဟာ္မုန္းမပါတာမို႕ ဒီလိုေဘးထြက္ဆုိးက်ိဳးေတြ မခံစားခ်င္ဘူးဆုိရင္ ေရြးခ်ယ္လို႕ရတယ္။
သားဆက္ျခားနည္းတစ္ခုကုိ ေရြးေတာ့မယ္ဆုိ အဓိက စဥ္းစားရမွာက ဒီႏွစ္ခုပါပဲ။ ဘယ္ႏွႏွစ္တားခ်င္တာလဲ၊ ေဟာ္မုန္းပါတာဆုိ အဆင္ေျပမလား။ ဒီေလာက္ဆုိ ေတာ္ေတာ္ေလးလည္း စဥ္းစားရလြယ္လာျပီ။ ျပီးေတာ့မွ အေသးစိတ္ ထပ္စဥ္းစားရမွာတခ်ိဳ႕ကို ဆက္ေရးပါမယ္။
၃။ ရာသီပံုမွန္ေပၚမွ အဆင္ေျပတာလား
ကြန္ဒံုးနဲ႕ သားအိမ္တြင္းထည္႕ပစၥည္းကေတာ့ ရာသီပံုမွန္ေပၚတယ္။ ေန႕စဥ္ေသာက္ေဆးကတ္ကလည္း ေနာက္ဆံုးတန္း အားေဆးလံုးေတြ ေသာက္ေနျပီဆုိရင္ ေသြးဆင္းလာတတ္တယ္။ ၃လခံထုိးေဆးနဲ႕ လက္ေမာင္းတြင္းထည္႔ပစၥည္းကေတာ့ ရာသီမေပၚတာမ်ားတယ္။ အဲ့လိုမေပၚလို႕လည္း ဘာေရာဂါမွေတာ့ မျဖစ္ဘူး။ သူ႕ရဲ႕ အာနိသင္ေၾကာင့္ ျဖစ္တာပဲ။ ဒီအခါ တခ်ိဳ႕အမ်ိဳးသမီးေတြက အလုပ္ရႈပ္ေတာင္ သက္သာေသးတယ္ ဆုိျပီး သေဘာက်ေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ ရာသီမေပၚရင္ မေနတတ္ဘူး၊ မိန္းမ မဆန္သလို ခံစားရတယ္လို႕ ထင္တတ္ၾကတယ္။ ဒီလိုဆိုရင္ေတာ့ ရာသီမေပၚတတ္တဲ့နည္းေတြကို အသံုးျပဳဖို႕ အဆင္ေျပႏုိင္ မေျပႏုိင္ ေသခ်ာစဥ္းစားသင့္တယ္။
၄။ ကေလး ခ်က္ခ်င္းျပန္ရမွ အဆင္ေျပတာလား
သားဆက္ျခားနည္းေတြ အားလံုးထဲမွာ ၃ လခံထုိးေဆးမွာပဲရွိတဲ့ ထူးျခားခ်က္တစ္ခုက အာနိသင္က်န္တတ္တာပါပဲ။ ဆုိလိုတာက ေဆးထုိးရပ္လုိက္ေပမယ့္ ကေလးခ်က္ခ်င္း ျပန္မရတတ္ဘူး။ လံုးမ၀မရႏုိင္ေတာ့တာ မဟုတ္ေပမယ့္ လအနည္းငယ္ေစာင့္ရတတ္တယ္။ ျပီးတဲ့အခါ ကုိယ္၀န္ျပန္ရလာလိမ့္မယ္။ ဒါေပမယ့္လည္း ကိုယ္၀န္လိုခ်င္ရင္ ခ်က္ခ်င္းရမွျဖစ္မယ္ ဆုိတဲ့ စံုတြဲမ်ိဳးေတြအတြက္ေတာ့ ဒါကုိ ေသခ်ာစဥ္းစားရမယ္။ အထူးသျဖင့္ ကေလးတစ္ခါမွ မေမြးဖူးေသးတဲ့ စံုတြဲေတြဆုိ ပုိလို႕ သတိထားရပါလိမ့္မယ္။
၅။ တစ္ေန႕တစ္လံုး ေသာက္ဖုိ႕ အဆင္ေျပႏုိင္လား
ဒါက ေန႕စဥ္ေသာက္ေဆးကတ္ကုိ ေရြးေတာ့မယ္ဆုိ ကုိယ့္ကုိယ္ကုိယ္ မျဖစ္မေန ေမးသင့္တဲ့ေမးခြန္းပါ။ ေန႕စဥ္ေန႕တုိင္း အခိ်န္မွန္ေဆးေသာက္ဖုိ႕ဆုိတာ ထင္သေလာက္ မလြယ္ပါဘူး။ ဒါေၾကာင့္မုိ႕ ကုိယ္ဟာ ဒီလုိေသာက္ႏုိ္င္တဲ့ အေျခအေနရွိလား စဥ္းစားပါ။ ေနာက္ျပီး ေဆးေသာက္ဖုိ႕ ေမ့ခဲ့ရင္ ဘယ္လိုလုပ္ရမယ္ဆုိတာကုိလည္း သိေအာင္ လုုပ္ထားေစခ်င္ပါတယ္။ ဒီေဆးကတ္ ေသာက္ေနတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ေသာက္သာေသာက္ေနၾကတယ္၊ ေမ့ခဲ့ရင္ ဘယ္လိုလုပ္ရမလဲဆုိတာကို မွန္မွန္ကန္ကန္ သိမေနၾကပါဘူး။
၆။ အမ်ိဳးသားရဲ႕ ဆႏၵ
သားဆက္ျခားတဲ့ကိစၥဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကိုယ္ပုိင္ဆံုးျဖတ္ခြင့္ ဆုိေပမယ့္ ကြန္ဒံုးလို နည္းလမ္းမ်ိဳးက် အမ်ိဳးသားရဲ႕ပူးေပါင္းပါ၀င္မႈ လိုအပ္ပါတယ္။ သားအိမ္ထဲထည္႕တာဆုိလည္း အမ်ိဳးသားက သေဘာမက်ဘူး ဆိုတာေတြ ရွိတတ္တာမို႕ သူနဲ႕တုိင္ပင္ျပီးမွ ေရြးခ်ယ္တာ ပိုအဆင္ေျပပါတယ္။ ေဆးခန္းသြားတဲ့အခါ ဆရာ၀န္နဲ႕ ေဆြးေႏြးရင္ သူ႕ကုိပါ တစ္ပါတည္း ေခၚသြားတာမ်ိဳး လုပ္ႏုိင္ပါတယ္။
၇။ ေသာက္ေနတ့ဲေဆးနဲ႕ ျဖစ္ေနတဲ့ေရာဂါေတြ
ဥပမာ တီဘီေဆးေသာက္ေနတဲ့အခ်ိန္ဆုိ ေဟာ္မုန္းပါတဲ့နည္းေတြ သံုးလို႕မရဘူး။ သံုးရင္ အာနိသင္က်တတ္လို႕ ကုိယ္၀န္ရသြားတာမ်ိဳး ျဖစ္တတ္တယ္။ ေနာက္ျပီး လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ၊ သားအိမ္အေနအထား အဆင္မေျပတာေတြ ရွိႏုိင္ရင္လည္း ဆရာ၀န္နဲ႕ စစ္ေဆးျပီး စိတ္ခ်ရမွ သားအိမ္ထဲထည္႕တာမ်ိဳး လုပ္သင့္တယ္။ ဒီလိုမ်ိဳး ဘယ္ေဆးက မတည္႕ဘူး၊ ဘယ္ေရာဂါနဲ႕ဆုိ အဆင္မေျပဘူးဆုိတာေတြကေတာ့ သာမန္လူတစ္ေယာက္အေနနဲ႕ မသိႏုိင္တာမို႕ ဆရာ၀န္ကုိသာ ေသခ်ာေျပာျပရမွာျဖစ္ပါတယ္။ ဒါမွ သူက အေကာင္းဆံုးအၾကံဉာဏ္ေတြ ေပးႏုိ္င္မွာပါ။
ခုေျပာခဲ့တဲ့အခ်က္ေတြကေတာ့ ကုိယ္၀န္တားနည္းတစ္ခု သံုးေတာ့မယ္ဆုိရင္ ကုိယ္နဲ႕ဘယ္နည္းလမ္းနဲ႕က သင့္ေတာ္သလဲဆုိတာကို ေရြးခ်ယ္ႏုိင္ဖို႕အတြက္ အဆင့္ဆင့္စဥ္းစားသင့္တာေလးေတြ ျဖစ္ပါတယ္။ ဒီအေပၚ အေျခခံ၊ ဆရာ၀န္ဆရာမက ေျပာျပတဲ့ အခ်က္ေတြနဲ႕ ေပါင္းစပ္ျပီး ကုိယ္နဲ႕အသင့္ေတာ္ဆံုးျဖစ္မယ့္ နည္းတစ္ခုကို ေရြးခ်ယ္ႏုိင္ၾကေစဖုိ႕ ရည္ရြယ္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ