နမိုးနီးယား ဖြစ်​​နေပြီလား။ စိုးရိမ်​ရသလား?

မိဘများတွင်​ မိမိက​လေး အဖျားကြီး၊ ​ချောင်းဆိုးပါက ဤသို့စိတ်​ပူရမြဲ ဖြစ်​သည်

သို့ဖြစ်​​သော​ကြောင့်​ သင့်​က​လေး အဖျားကြိးကာ ​ချောင်းဆိုး​နေပါသလား

အောက်​ပါ အချက်​များနှင့်​ တိုက်​ဆိုင်​စစ်​​ဆေးကြည့်​ပါ

၁။ ​အောက်​ပါ အချက်​များသာရှိပါက နမိုးနီးနား မဟုတ်​ပါ

-​သာမန်​​ချောင်းဆိုးခြင်း

-နှာရည်​ယိုခြင်း

-ပါးစပ်​ဟ အသက်​ရှုခြင်း

-အဖျားရှိခြင်း

အထက်​ပါမျှ​လောက်​သာ လက္ခဏာပြပါက သာမန်​ အ​အေးမိ နှာ​စေး​ချောင်းဆိုးခြင်း ဖြစ်​ပါသည်

၂။အထက်​ပါအချက်​များ အပြင်

-အသက်​ရှုမြန်​ခြင်း

ရှိပါက နမိုးနီးယား ပထမအဆင့်​ ဖြစ်​နိုင်​ပါသည်

အသက်​အန္တရာယ်​ မရှိ​စေကာမူ မ​ပေါ့ဆသင့်​ပါ

၃။ ၁ နှင့်​ ၂ ပါ အချက်​များ အပြင်

-နံကြားချိုင့်​သည်​ထိ အသက်​ရှုပြင်းခြင်း

-က​လေးအိပ်​စဉ်​ ​ဟောက်​သံ၊ ရွှီရွှီမြည်​ခြင်း

-ညည်းခြင်း

အထက်​ပါလက္ခဏာများထဲမှ တစ်​ချက်​ရှိလျှင်​ပင်​ ပြင်းထန်​ နမိုးနီးယား ဖြစ်​ပါသည်​။

နီးစပ်​ရာ​ဆေးရုံသို့ အလျင်​အမြန်​ ပြသပါ

၎။ အထက်​ပါ အချက်​များအပြင်

 

၁။က​လေး ပြာလာခြင်း

၂။ နို့မစို့နိုင်​ခြင်း

၃။ စားသမျှ ပြန်​အန်​​နေခြင်း

၎။ တက်​ခြင်း

၅။ နုံး​ခွေ​နေခြင်း

၆။ သတိလစ်​ခြင်း

၇။ အသက်​ကို ပင်​ပန်းကြိးစွာ ရှု​နေရခြင်း

၈။ တအားမှိန်းခြင်း

၉။ အာဟာရ အလွန်​ချို့တဲ့ ပိန်​လှီ​နေ​သော က​လေးဖြစ်​ခြင်း

အထက်​ပါ အချက်​များ ရှိပါက အလွန်​ပြင်းထန်​​သော နမိုးနီးယား အဆင့်​ဖြစ်​ပါသည်​။

အသက်​အန္တရယ်​ စိုးရိမ်​ရပါသဖြင့်​ နိးစပ်​ရာ​ဆေးရုံသို့ ချက်​ချင်း သွား​ရောက်​ပြသပါ။

နမိုးနီးယား ​ရောဂါသည်​ အဆင့်​​ပေါ် မူတည်​၍

၁။ သာမန်​ အ​အေးမိတုပ်​​ကွေးအဆင့်​အတွက်

-​ဆေးရုံတင်​ရန်​ မလိုပါ

-​ရေပတ်​တိုက်​ပါ

– အရည်​များများ တိုက်​ပါ

– နှာ​ခေါင်းပိတ်​​နေပါက ညင်​သာစွာ သန့်​ရှင်း​ရေးလုပ်​​ပေးပါ

– ဆရာဝန်​ ညွှန်​ကြား​သော အဖျားကျ​ဆေး၊ ​ချောင်းဆိုး​ပျောက်​​ဆေးများကို ​ဆေးညွှန်းအတိုင်း အပိုအလိုမရှိ တိုက်​ပါ

-က​လေးကို ​နွေး​​ထွေးစွာထားပါ။ သို့​သော်​ ထုပ်​မထားရပါ

၂။ နမိုးနီးယား သာမန်​အဆင့်​ ဖြစ်​ပါက

-​ဆေးရုံတင်​ရန်​ မလိုပါ

-အထက်​ပါ အတိုင်း ​ဆောင်​ရွက်​ပါ

-ပဋိဇီဝ​ဆေးကို ဆေးညွှန်းအတိုင်း အပိုအလိုမရှိ တိုက်​ပါ

-အန္တရာယ်​ရှိ​သော လက္ခဏာများ ​ပေါ်​ပေါက်​ပါက ​ဆေးရုံသို့ ပြန်​လာပါ

၃။ ပြင်းထန်​အဆင့်​ နမိုးနီးယား ဖြစ်​ပါက

-​ဆေးရုံတင်​ရပါမည်

-​အောက်​ဆီဂျင်​ လိုအပ်​ပါမည်

-ဆေးကို ​ဆေးရုံမှ ဆေးညွှန်းအတိုင်း အပိုအလိုမရှိ တိုက်​ပါ