ကလေးငယ်အား လိင်အလွဲသုံးစားမှူနှင့် သွေးသားရင်း လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ခံရခြင်း

ကလေးငယ်တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရခြင်းဆိုတာ…. ကလေးငယ်ကို သူ့ထက်ကြီးတဲ့ လူကြီး ဒါမှမဟုတ် ကလေးအပေါ် တနည်းနည်းနဲ့ လွှမ်းမိုးနိုင်တဲ့ ကလေးအချင်းချင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာကို ဆိုလိုပါတယ်….

အလွဲသုံးစားလုပ်ခံရခြင်းတွေထဲမှာ… ကလေးငယ်ကို မကောင်းတဲ့ ဇာတ်ကား ရုပ်ပုံတွေပြတာ… ဇာတ်လမ်းတွေပြောပြတာ… ကလေးရဲ့လက်နဲ့ သူ့ရဲ့ လိင်အဂ်ါတွေကို ထိခိုင်းတာ… ကလေးရဲ့ လိင်အဂ်ါတွေကို ထိတွေ့ကိုင်တွယ်တာ… ကလေးရဲ့ လိင်အဂ်ါထဲကို လက် ဒါမှမဟုတ် လိင်အဂ်ါထိုးသွင်းတာ စသဖြင့် အစုံပါနိုင်ပါတယ်…..

ဘယ်သူတွေက ကလေးငယ် လိင်အလွဲသုံးစားမှူကို ကျူးလွန်တတ်ကြသလဲ
ကျူးလွန်သူတွေဟာ များသောအားဖြင့် ကလေးနဲ့ ရင်းနှီးသိကျွမ်းပြီး ကလေးက ယုံကြည်တဲ့သူမျိုးတွေ ဖြစ်လေ့ရှိပါတယ်… ဆွေမျိုးသားခြင်း ထဲက ဖြစ်နိုင်သလို အကို အဖေ အဖိုးအဖွား မောင်နှမဝမ်းကွဲ အိမ်နားနားချင်း နောက်ပြီး မိသားစုဝင်တွေရဲ့ မိတ်ဆွေတွေ… တခါတရံ လည်း အမ အဒေါ် ကလေးထိန်း စသူတွေလဲ ဖြစ်နိုင်ပါသေးတယ်…

လိင်အလွဲသုံးစားလုပ်ခံရခြင်းတွေထဲက တစ်ခုကတော့…. သွေးသားရင်း လိင်ဆက်ဆံခံရခြင်း ပါပဲ….

မိသားစုဝင် ဆွေမျိုးတော်စပ်မှူ ပုံစံမျိုးစုံက ကျူးလွန်နိုင်ပါတယ်… အဖြစ်များ လေ့ရှိတာကတော့….. အသက်အရွယ် ပိုကြီးတဲ့ အမျိုးသားကနေ victim မိန်း ကလေးငယ်ကို ကျူးလွန်ကြတာ များပါတယ်…

ကလေးငယ်ဆိုတာ အသိတရားနဲ့ ကောင်းခြင်းဆိုးခြင်းကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အသိဥာဏ်မရှိနိုင်ကြသေးပါဘူး… အဲလိုအချိန်မှာ ကလေးငယ်ရဲ့ ချစ်ခင်မှူနဲ့ သူတို့ အပေါ် မှီခိုနေရမှူ… ယုံကြည်မှု တွေကို အခွင့်ကောင်း ယူပြီး မိသားစုဝင် က ကျူးလွန်ပါတယ်…. အဲဒီနောက် ဒီကိစ္စကို သူတို့ကြား လျို့ဝှက်ချက်အနေနဲ့ထားဖို့ ကလေးငယ်ကို စည်းရုံးလေ့ရှိကြပါတယ်…

ကလေးငယ်တွေ ဘယ်လောက်များများ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရသလဲဆိုတာ… လက်တွေ့မှာ တိတိကျကျ တိုင်းတာနိုင်ဖို့ သိပ်ခက်ပါတယ်…. တော်တော်များများက ပြန်မပြောကြလို့ရယ်… မမှတ်မိနိုင်တော့တဲ့ အရွယ်မှာ ဖြစ်နိုင်တာရောကြောင့်ပါ….

ကျူးလွန်ခံရသူ ကလေးငယ်အများစုမှာ ခန္ဓာကိုယ်အားဖြင့် ထိခိုက်ဒဏ်ရာ ရှိချင်မှလဲရှိပါလိမ့်မယ်…. ဒါပေမယ့် ကလေးငယ်တွေ သူတို့ကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်ကိုပါ တသက်တာ ထိခိုက်မှု တွေ ရှိလာနိုင်ပါတယ်…..

စိတ်ရှူပ်ထွေးတာ.. ခွန်အားနည်းနေတယ်လို့ ခံစားရတာ…. စိတ်ဓာတ်ကျတာ… ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာ…. တပါးသူကိုလဲ မယုံကြည်နို်တော့တာ….ဒေါသထွက်လွယ်တာ… ကူကယ်ရာမဲ့တယ်လို့ ခံစားရတာ…. နာကျင်တာ…ရှက်တာ… သိမ်ငယ်တာ…ကြောက်တာ…. လုံခြုံမှူမရှိဘူးလို့ခံစားရတာ… ထုံထိုင်းပြီး ဘာကိုမှ ခံစားချက်မရှိသလိုဖြစ်တာ… ကိုယ့်ကိုယ်ကို မသန့်ရှင်းဘူးလို့ ခံစားရတာ…. ဒါတွေမဖြစ်ခဲ့ပါဘူးလို့ ကိုယ့်ကိုယ်ကို အပါအဝင် ပတ်ဝန်းကျင် ကို ငြင်းဆိုတာ… ဒါဟာ ဘာမှ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးလို့ ယုံကြည်ပစ်လိုက်တာ… နောင်တချိန် ချစ်သူရည်းစား relationship မှာ အဆင်မပြေတာ…. sex ကို သာယာမှူနည်းတာ ဒါမှမဟုတ် သာယာမှူကို မခံစားနိုင်တာ… ကိုယ့်ခန္ဓာကိုယ်ကို ရွံမုန်းစရာလို့မြင်တာ…. အရက် ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးစွဲတာ…. ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာမျိုး အထိ ပါဝင်နိုင်ပါတယ်….

ဘယ်လိုဖေးမနိုင်မလဲ
(1) သင့်ကလေးငယ် နဲ့ ရင်းနှီး ခိုင်မာတဲ့ relationship ကို တည်ဆောက်ထားပါ၊ ကလေးငယ်က သင့်အပေါ် ဘာမဆို ဖွင့်ပြောနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါစေ

(2) ကလေးငယ်ရဲ့ ခန္ဓာကိုယ်က တချို့သော အစိတ်အပိုင်းတွေဟာ private parts တွေ ဖြစ်ကြောင်း…. ဘယ်သူကမှ ကြာရှည်ထိကိုင်တာ… အလွဲသုံးစား လုပ်ခွင့်မရှိကြောင်း… အဲလိုအလုပ်ခံရတာနဲ့ အကူအညီတောင်းတတ်ဖို့ အဲဒီအခြေအနေကနေ လွတ်မြောက်အောင်ကြိုးပမ်းဖို့ အပါအဝင် လိင်ပညာပေးကို ကလေး သိတတ်စအရွယ်ကတည်းက လုပ်ထားပေးပါ…

(3) တခုခုဖြစ်ခဲ့ရင် ကလေးကို အပြစ်မတင်ပါနဲ့… ကျူးလွန်တာ သေချာသူနဲ့ ကလေးကို နီးစပ်ခွင့် တတ်နိုင်သရွေ့ လျှော့ချပါ

(4) ကလေးကို ဖြစ်သမျှ ဖွင့်ပြောခိုင်းပါ… အားပေးနှစ်သိမ့်ပါ

မှန်ကန်တဲ့ ပြုစုပျိုးထောင်မှူအောက်ရောက်ခဲ့ရင်တော့ ကျူးလွန်ခံရသူကလေးငယ်တွေဟာ…. လောကကြီးက လိုအပ်ရတဲ့… အဖိုးတန်တဲ့ လူသားတွေ ဖြစ်လာကြပါတယ်..

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်