ထိခိုက်​မိတိုင်း ကြွက်​သားနာတတ်​​သော်​လည်း ကြွက်​သားနာတိုင်း ထိခိုက်​ခြင်းမဟုတ်​ပါ

လေ့ကျင့်​ခန်း အပြင်းအထန်​ ပြုလုပ်​ခြင်း၊ အ​လေးအပင်​ မခြင်း၊ ထိခိုက်​မိခြင်း၊ ​ချော်​လဲခြင်း စ​သော အ​ကြောင်းများ​ကြောင့်​ ကြွက်​သားနာကျင်​မှု ဖြစ်​တတ်​သည်​မှာ ​ယေဘူယျအားဖြင့်​ မှန်​ကန်​ပါသည်​။ သို့​သော်​ ထိုသို့ကြွက်​သားကို ဒဏ်​ဖြစ်​​စေမည့်​အ​ကြောင်း မဟုတ်​​သော်​လည်း ​အောက်​ပါ ​ရောဂါများသည်​ ကြွက်​သားနာကျင်​ခြင်း ဖြစ်​​စေနိုင်​ပါသည်​။

၁။ ဗိုင်းရပ်​စ်​ဆိုင်​ရာ ​ရောဂါများ

တုပ်​​ကွေး၊ ပိုလီယို၊ ​သွေးလွန်​တုပ်​​ကွေး အပါအဝင်​ များစွာ​သော ဗိုင်းရပ်​စ်​ ကူးစက်​မှုများသည်​ ကြွက်​သားနာခြင်းကို ဖြစ်​​စေတတ်​ပါသည်​။ အလွန်​ဆိုးရွား​သော ဖြစ်​ရပ်​များတွင် ​ကြွက်​သားဆဲလ်​များ ပျက်​စီးကာ ​ထိုပျက်​စီး​သော ဓာတ်​များ ​ကျောက်​ကပ်​၌ သွား​ရောက်​စု​ဝေးကာ ​ကျောက်​ကပ်​ပျက်​စီးသည်​အထိ ဖြစ်​တတ်​ပါသည်​။

၂။ ​ဆေးဝါးများ

မိမိ​​ရေရှည်​သောက်​သုံး​နေ​သော ​ဆေးဝါးများတွင်

-​ ​သွေးအဆီကျ​ဆေး Fibrate နှင့်​ Statins အုပ်​စုများ

– ​သွေးတိုးကျ​ဆေးထဲမှ အချို့ACEI အုပ်​စုဝင်​ဆေး​များ

– ကိုကိန်း

– ခုခံအားကျဆင်းမှု​ရောဂါ ပဋိဇီဝ​ဆေးများသည်​ ကြွက်​သာများ နာကျင်​​စေနိုင်​သည်​။

၃။ ​သွေးတွင်း ပိုတက်​ဆီယမ်​ဓာတ်​ အလွန်​အမင်းကျဆင်းပါကလည်း ကြွက်​သားများ နာကျင်​တတ်​ပါသည်​။

၎။ ခုခံအားစနစ်​ ချို့ယွင်းမှု ​ရောဂါ Autoimmune disorders

အ​ရေပြား​လေးဘက်​နာ SLEအစရှိ​သော Autoimmune ​ရောဂါအုပ်​စုများသည်​လည်း ကြွက်​သားနာကျင်​မှုကို ဖြစ်​​စေတတ်​ပါသည်​။

၅။ လည်​ပင်းကြီး ပြဿနာများသည်​လည်း ကြွက်​သားနာကျင်​တတ်​ပါသည်​။