” အနာကျက်နှေးစေသော အကြောင်းရင်းများ “
၁။အသက်
အသက်ကြီးသူများသည် အသက်ငယ်သူများထက် အနာကျက်နှေးပါတယ်။အကြောင်းရင်းကတော့ အသက်ကြီးလာတဲ့အခါ အရေပြားပိုပါးလာပြီး အနာကျက်စေတဲ့စနစ်ရဲ့ လုပ်ဆောင်မှုတွေလည်း နှေးလာတာကြောက့်ဖြစ်ပါတယ်။
၂။အာဟာရ
အာဟာရမပြည့်ဝသူများသည် အနာကျက်စေရန်လုံလောက်သောအာဟာရဓာတ်များမရရှိသဖြင့် အနာကျက်နှေးတတ်ပါသည်။
၃။ကိုယ်အလေးချိန်
ကိုယ်အလေးချိန်နည်းလွန်းသူ၊များလွန်းသူများသည် ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက် အနာကျက်နှေးနိုင်ပါသည်။
၎။ဒဏ်ရာအရေအတွက်
ဒဏ်ရာများတဲ့အခါ ကိုယ်ခန္ဓာရဲ့ အနာကျက်စေတဲ့စနစ်ဟာ အလုပ်ပိုလုပ်ရတာကြောင့် ဒဏ်ရာများလေ ဝန်ပိုပိလေဖြစ်ပြီး အနာကျက်ဖို့ အချိန်ကြာနိုင်ပါတယ်။
၅။အရေပြားအစိုဓာတ်
အရေပြားရဲ့သဘာဝအရ လုံလောက်တဲ့အစိုဓာတ်ရှိမှာသာ အနာအကျက်မြန်မှာပါ။ဒါကြောင့် အသားခြောက်လွန်းသူများနှင့် အဆီပြန်လွန်းသူတွေမှာ အနာကျက်နှေးသည့်အပြင် အရေပြားပိုးဝင်ခြင်းလည်း ဖြစ်လွယ်ပါတယ်။
၆။အခြားဆက်စပ်ရောဂါများ
နှလုံးရောဂါအခံရှိသူများ၊ဆီးချိုဝေဒနာရှင်များနှင့် ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများတွင် အနာကျက်နှေးနိုင်ပါတယ်။
၇။သောက်သုံးနေသောဆေးဝါးများ
အကိုက်အခဲပျောက်ဆေး၊သွေးကျဲဆေး၊ကိုယ်ခံအားကိုဖိနှိပ်ထားတဲ့ဆေး…စတဲ့ဆေးအချို့ကြောင့်လည်း အနာကျက်နှေးစေနိုင်ပါတယ်။
မေ (ဆေး ၂)
Leave A Comment