How to care your baby skin

March 26th, 2019|Categories: Uncategorized|

📌ကလေးအရေပြားပေါ်က ပြဿနာများ📌 ကလေးလေးတွေက နူးညံ့လှပတဲ့ ပန်းပွင့်လေးတွေဆိုရင် ဒီပန်းပွင့်လေးတွေ အမြဲလန်းဆန်းလှပနေဖို့ အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် စောင့်ရှောက်ပေးရမှာက ကျွန်တော်တို့တွေရဲ့ တာဝန်ပဲ မဟုတ်လား။ နုနယ်တဲ့ အသက်ဓာတ်၊ နုနယ်တဲ့ ကိုယ်ခံအား နဲ့ နုနယ်လှတဲ့ ခန္ဓာကိုယ်ပိစိလေးတွေက ဘုရားသခင်ပို့ပေးတဲ့ လက်ဆောင်ဆိုရင်တော့ အဲ့ဒီ့လက်ဆောင်လေးကို ထုပ်သိမ်းထားတဲ့ packing paper လှလှလေးက ကလေးလေးရဲ့ နူးညံ့တဲ့ အရေပြားလေးပဲပေါ့။ 👶 ကလေးအသားအရေ ထိခိုက်စေနိုင်တဲ့ အရာတွေက ဘာတွေလဲ? အများကြီးပေါ့။ အချိန်တစ်ခုရောက်ရင် အလိုလို ပျောက်သွားနိုင်တဲ့ အန္တရာယ်မရှိတာတွေ ဖြစ်နိုင်သလို ဆေးကုသမှုခံယူဖို့လိုတဲ့အရာတွေလည်း ဖြစ်နိုင်တာမို့ အမြဲသတိထား ဂရုစိုက်နေရပါမယ်။ 🔺 Diaper rash (သေးခံလောင်ခြင်း) မွေးကင်းစကစလို့ သေးခံဒိုင်ပါ

Butt acne

March 26th, 2019|Categories: Uncategorized|

Butt acne ဆိုတာ ဘာလဲ... Butt acne ဆိုတာ လူတို့ရဲ့တင်ပါးမှာ ပေါက်တဲ့ဝက်ခြံနဲ့ဆင်တူသော အဖုအပိန့်၊အနာလေးတွေဖြစ်ပါတယ်။Acneလို့သုံးနှုန်းထားပေမယ့် ဝက်ခြံစစ်စစ်တော့မဟုတ်ပါဘူး။ ဘယ်အရာတွေက Butt acne ကိုဖြစ်စေသလဲ... ၁။အဖြစ်အများဆုံးကတော့ မွေးညင်းပေါက်ကလေးများရောင်ယမ်းခြင်း(Folliculitis)ကြောင့် ဖြစ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို အမွေးအမျှင်တွေနဲ့ဖုံးအုပ်ထားတာဖြစ်ပါတယ်။ဒီအမွေးအမျှင်တစ်ခုချင်းစီဟာ မွေးညင်းပေါက်လေးတွေထဲကထွက်လာတာဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ယမ်းနီရဲလာတဲ့အခါ ဝက်ခြံလိုမျိုးအဖု၊အနာလေးတွေဖြစ်ပေါ်လာပါတယ်။၎င်းတို့ဟာ တစ်ခါတစ်ရံမှာယားတာ၊နာတာတွေဖြစ်တတ်ပါတယ်။မွေးညှင်းပေါက်လေးတွေဟာ တစ်ကိုယ်လုံးမှာရှိတဲ့အတွက်ရောင်ယမ်းခြင်းဟာလဲ ခန္ဓာကိုယ်အနှံ့ဖြစ်နိုင်ပါတယ်။ တင်ပါးမှာဖြစ်ရတဲ့အကြောင်းရင်းကတော့ အဝတ်အစားနဲ့ပွတ်တိုက်မိခြင်းကြောင့် မွေးညင်းပေါက်လေးတွေရောင်ယမ်းတာဖြစ်ဖို့များတယ်လို့ဆိုပါတယ်။ဒါကြောင့် ကျပ်လွန်းတဲ့ အတွင်းခံ၊ဘောင်းဘီ၊စကပ်နဲ့ ပုဆိုး၊ထမီတို့ကို ဝတ်ဆင်ခြင်းဟာ Butt acne တွေဖြစ်ဖို့အလားအလာပိုများပါသတဲ့။ နောက်တစ်ချက်ကတော့ ချွေးကြောင့်ဖြစ်ပါတယ်။သင်ဟာ ချွေးထွက်များတဲ့လူမဟုတ်ရင်တောင် သင့်အဝတ်အစားတွေထဲမှာ Nylonတို့၊Polyesterတို့ပါတဲ့ အထည်တွေပါနေရင် ၎င်းတို့ဟာလေဝင်လေထွက်မကောင်းတာကြောင့် ချွေးအောင်းစိုစွတ်ပြီး Butt acne ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးမွှားများဟာလဲ မွေးညင်းပေါက်ကလေးတွေကို ရောင်ယမ်းစေပြီး Butt

အားဆေးတွေအကြောင်း သင်ဘယ်လောက်သိလဲ

March 19th, 2019|Categories: Uncategorized|

သင် အသဲရောဂါများအကြောင်း ဘယ်လောက်သိလဲ

March 18th, 2019|Categories: quiz, Uncategorized|

Dark Cycle Eyes

March 4th, 2019|Categories: All Articles, Uncategorized, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ညအိပ်ရေးပျက်ခြင်းနှင့် မျက်ကွင်းညိုတာဆက်စပ်နေပါသလား? ''အိပ်ရေးမပျက်စေနဲ့ မင်းရဲ့ မျက်ကွင်းလေးတွေ ညိုပြီးမဲမယ်'' FM ကပျံ့လွင့်လာတဲ့ Xboxရဲ့သီချင်း ဟုတ်ပြီ။ဒီတော့ ကျွန်တော်တို့တွေ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်းလေးတွေ တကယ်ကိုပဲညိုမဲတတ်ကြပါသလား? အဖြေကတော့ ဟုတ်ပါတယ်။ ညိုတတ်ပါတယ်။ မဲတတ်ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ရသလဲ? မျက်ကွင်းညိုခြင်းကို လူတိုင်းတစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြမှာပါ။မိန်းကလေးတွေဆို ပိုသိကြမှာပေါ့။သူတို့က အမြဲကိုယ့်မျက်နှာလေးကို ဂရုတစိုက်လေးနေကြတာကိုး။ အိပ်ရေးပျက်ခြင်းဟာ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ ပါးလွှာတဲ့အရေပြားအောက်ခြေက သွေးကြောလေးတွေကိုကျယ်စေလို့ သွေးစီးဆင်းမှုများပြီး မျက်လုံးတစ်ဝိုက်အသားရောင်ရင့်လာတာကြောင့် မျက်ကွင်းညိုခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပင်ပန်းနွမ်းနယ်ခြင်းဟာ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားနဲ့တစ်သျှူးလေးတွေကို လျော့ရဲစေပြီး အရည်တွေစုလာစေတာကြောင့် ရောင်ရမ်းခြင်းကိုဖြစ်စေပြီး မျက်ကွင်းညိုခြင်းကိုပိုဆိုးစေပါတယ်။ အခြားဘယ်အခြေအနေတွေကရော မျက်ကွင်းညိုခြင်းကိုဖြစ်စေနိုင်သလဲ? အိပ်ရေးပျက်ခြင်းအပြင် မျိုးရိုးလိုက်ခြင်း၊နေလောင်ခြင်း၊မျက်လုံးတစ်ဝိုက်ရှိသဘာဝအတိုင်းထွက်သော အရောင်ခြယ်(Pigment)များခြင်း၊ဓါတ်မတည့်ခြင်း၊အသက်အရွယ်ကြီးရင့်ခြင်း၊နာတာရှည်ရောဂါတစ်မျိုးမျိုးခံစားနေရခြင်း(ဥပမာ နာတာရှည်ကျောက်ကပ်ရောဂါ) စသည်တို့တွင်လည်း မျက်ကွင်းညိုခြင်းကိုတွေ့နိုင်ပါတယ်။ ဘယ်လိုကုသမလဲ? အိပ်ရေးပျက်လို့ဖြစ်ရတာမို့

“Steps Of Recovery After LSCS”

February 13th, 2019|Categories: Uncategorized|

ဗိုက်ခွဲမွေးပြီးနောက် ဘယ်အချိန်မှာ ပုံမှန်ပြန်ဖြစ်မလဲ ဒီနေ့ပြောမယ့်အကြောင်းလေးကတော့ မိခင်တယောက်ရဲ့ဗိုက်ခွဲမွေးခြင်းနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေသို့ရောက်အောင်လုပ်ဆောင်ရမည့်အချက်များကိုဆရာအနေနဲ့Stepတစ်ခုခြင်းစီ သိရှိနားလည်သွားအောင်ရှင်းပြပေးမှာဖြစ်ပါတယ်။ ခလေးမွေးဖွားခြင်းမှာ အင်မတန်မှအံသြဖွယ်ကောင်းလောက်ပြီး ကိုးလလွယ်ဆယ်လဖွားဆိုသလို မိခင်ရဲ့ဗိုက်ထဲကနောက်ဆုံးအပြင်လောကကို ထွက်လာရတော့တဲ့ ကြည်နူးဖွယ်ရာလေးပါပဲ။ အပြင်လောကသို့ရောက်ဖို့အတွက်အရပ်သုံးစကားနဲ့ပြောရရင် ရိုးရိုးမွေးခြင်းနဲ့ဗိုက်ခွဲမွေးခြင်းပါပဲ ဆရာတို့ဆေးပညာအရဆိုရင်တော့(Routine Vaginal Delivery) ပုံမှန်မွေးလမ်းကြောင်းမှ မွေးဖွားခြင်းနှင့်(Lower Segment Caesarean Section)ဗိုက်ခွဲမွေးခြင်းဖြစ်ပါတယ်။ဗိုက်ခွဲမွေးခြင်းဟာပုံမှန်မွေးလမ်းကြောင်းမွေးခြင်းထပ်မူလအနေအထားရောက်အောင်အချိန်ပိုကြာနိုင်ပါတယ်။ဗိုက်ခွဲမွေးခြင်းဖြင့်ပုံမှန်ပကတိအနေအထားပြန်ရောက်ဖို့ဆရာပြောတဲ့အဆင့်(၄)ဆင့်ကိုလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ပကတိအခြေအနေကို လွယ်ကူစွာရောက်ရှိသွားနိုင်ပါတယ်။ ၁.အပြည့်အဝအနားယူရန် (Caesarean Section)ဗိုက်ခွဲမွေးဖွားခြင်းကအခြားခွဲစိတ်ထားသောနည်းတူခွဲကြောင်းအနာကျက်ဖို့အချိန်ယူပါမည်။ခွဲစိတ်ထားသောလူနာမှာပုံမှန်အားဖြင့်၃ရက် ၄ရက်ဆေးရုံမှာနေဖို့လိုအပ်ပါတယ်။အနားကျက်ဖို့ကတော့အနည်းဆုံးရက်သတ္တပတ်၆ပတ်အချိန်ယူရပါမယ်။အပြည့်အဝအနားယူရမဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ မိမိ၏ဆွေမျိုးသားခြင်းတွေ၏အကူအညီကိုလက်ခံရမည့်အချိန်လဲဖြစ်သလိုကောင်းမွန်စွာအနားယူလိုက်ပါ။ ၂/ ခလေးထက်ပို၍လေးသောအရာများကိုသယ်ခြင်း၊မခြင်းကိုရှောင်ကြဉ်ရန် ခုန်ပျံကျော်လွှားခြင်း၊လှေကားအတက်အဆင်းခဏခဏလုပ်ခြင်း၊လေးလံသောအရာများကိုမခြင်း၊သယ်ခြင်းမပြုလုပ်သင့်ပါ။နှာစေး၊ချောင်းဆိုးခြင်းဖြစ်တော့မည်ဆိုရင်ခွဲစိတ်ထားသောနေရာကိုကိုင်ပြီးဆိုးသင့်ပါသည်။ခွဲပီး၈ပတ်ကြာမှသာ လေ့ကျင့်ခန်းလုပ်ခြင်း ကားမောင်း၍အလုပ်တက်ခြင်းစသည်တို့ကိုပြုလုပ်နိုင်ပါတယ် အပြင်းအထန်လုပ်ဆောင်ခြင်းများကိုတော့မပြုလုပ်သင့်သေးပါ။လမ်းဖြည်းဖြည်းလျောက်ပေးခြင်းဖြစ်လဲဝမ်းချုပ်ခြင်းနှင့်သွေးခဲဖြစ်ခြင်းကိုကာကွယ်နိုင်ပါတယ်။ ၃/ အနာသက်သာအောင်ပြုလုပ်ခြင်း ခွဲစိတ်ထားသောအနာမှာနာကျင်ကိုက်ခဲခြင်းခံစားခဲ့လျင်နီးစပ်ရာဆေးခန်းသို့သွားရောက်ကာဆရာဝန်ညွှန်ကြားသောအကိုက်အခဲပျောက်ဆေးကိုသုံးစွဲနိုင်သလို ကြက်ထုပ်ထိုးခြင်းကိုလဲပြုလုပ်ပေးနိုင်ပါတယ်။ ၄/ သင့်တင့်မျှတ၍အာဟာရရှိသောအစားအစာများကိုစားသုံးခြင်း အာဟာရရှိသောအစားအစာကို စားသုံးခြင်းဖြင့်လည်းကောင်းကိုယ်ဝန်ဆောင်အချိန်ကော မီးဖွားချိန်ကောမိခင်နှင့်ခလေးကိုပါကျန်းမာကောင်းမွန်စေပါတယ်။အသီးအရွက်များကိုစားသုံးခြင်းဖြင့် မိမိ၏ရင်သွေးကို ရောဂါဘယကင်းဝေးပြီးကျန်းမာလာနို်င်စေသည့်အပြင်ရေများများသောက်ပေးခြင်းဖြင့်လဲ မိခင်နို့ရည်အတွက်အထောက်အကူဖြစ်စေရုံသာမက ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ ကျန်းမာပျော်ရွှင်သောမိသားစုဘဝကိုတည်ဆောက်နိုင်ပါစေ။ Dr