Dermoid Cyst

November 9th, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

ပ​ယောဂ ပြုစားတာတဲ့!! အမျိုးသမီး​လေးတစ်​​ယောက်​ရဲ့ ဇာတ်​လမ်းပါ။ အပျိုအရွယ်​​လေး၊ ဗိုက်​ကြီး ပူပူလာတယ်​၊ အရပ်​က ကဲ့ရဲ့ကြတယ်​။ ​နောက်​​တော့ ​ဆေးရုံ​ရောက်​တယ်​။ ခွဲစိတ်​လိုက်​တဲ့ အလုံးက ဆံပင်​​တွေ​ရော၊ သွား​တွေ​ရော၊ အဆီဖု​တွေ​ရော ပါ​နေတယ်​။ ​ပြုစားခံရတယ်​၊ ဘယ်​ကလာတယ်​၊ ညာကလာတယ်​ စသည်​ဖြင့်​​ပေါ့​လေ။ ပ​ယောဂ ဟုတ်​မဟုတ်​ မ​ဖြေရှင်းလို​ပေမယ့်​ ​ဆေး​ပညာအရ ဒီလို အလုံးအကျိတ်​ကို ဘယ်​လို​ခေါ်တယ်​၊ ဘာ​ကြောင့်​ဖြစ်​တယ်​ဆိုတာ​လေး​တော့ သိထားသင့်​ပါတယ်​။ ဒီလို အလုံးအကျိတ်​​တွေဟာ သားဥအိမ်​အတွင်းက ဆဲလ်​​တွေ ​ဖောက်​ပြန်​​ပြောင်းလဲလို့ ဖြစ်​လာရတဲ့ အလုံး​တွေ ဖြစ်​ပါတယ်​ သားဥအိမ်​ဆို​တော့ သ​န္ဓေသား ဖြစ်​​စေနိုင်​တဲ့ ဆဲလ်​​တွေ ပါတဲ့အတွက်​ သူတို့ ​ဖောက်​ပြန်​ပျက်​စီးတဲ့အခါ အလုံးအကျိတ်​ထဲမှာ ဆံပင်​​တွေ​ရော၊ လက်​သည်း​ခြေသည်း​တွေ​ရော၊ သွား​တွေ​ရော၊ အဆီဥ​တွေ​ရော မျိုးစုံ

Morning Sickness

November 9th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

မီးမီးလေးမို့ မေမေပျို့အန်နေတာလား? ဟုတ်ပါတယ်။ များစွာသောလေ့လာတွေ့ရှိချက်များအရ သမီးမိန်းကလေးကိုယ်ဝန်ဆောင်ထားရသူ မေမေတို့ရဲ့ ရာခိုင်နှုန်း၅၅% ကျော်ဟာ သားယောကျာ်းလေး ကိုယ်ဝန်ဆောင်သူများထက် ပို၍ ပျို့အန်ခြင်း၊ ဗိုက်ကြီးနာစွဲခြင်းကို ပိုခံစားရတတ်ပါသည် ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းဖြစ်ရသော အကြောင်းရင်းများစွာရှိပါသည် (၁) HCG (သို့) အချင်းမှထွက်သော ဟော်မုန်း ကြောင့်အန်ခြင်း ကလေးစတင်ဖြစ်ပေါ်လာသည်နှင့် ထိုဟော်မုန်းမြင့်တက် လာတတ်ပါသည် ကိုယ်ဝန်ပထမ ၃လ တွင် ပို၍ အန်တတ်ပြီး ၁၂ပတ်တွင်သက်သာသွားတတ်ပါသည် (၂) အမျိုးသမီး ဟော်မုန်း အီစတိုဂျင်ကြောင့်အန်ခြင်း (၃)အချို့ပြင်းထန်သော အနံ့အသက်၊အစားအသောက်များကြောင့် အန်ခြင်း (၄) အစာအိမ်တုံ့ပြန်မှုလွန်ကဲသောကြောင့်အန်ခြင်း တို့ဖြစ်ပါသည် ပုံမှန်ထက် ပိုမိုလွန်ကဲစွာ ပျို့အန်တတ်သူများမှာ (၁) အမွှာကိုယ်ဝန်ရှိသူများ (၂) ယခင် ကိုယ်ဝန်ဆောင်စဉ်တွင် ပျို့၊အန်ခြင်းဖြစ်တတ်သူများ (၃)

How To Prepare For Pregnancy

November 9th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

ကလေးမယူခင် ပြင်ဆင်ကြစို့လား? အိမ်ထောင်ရှင်တိုင်းအတွက် ဘဝ ရည်မှန်းချက်၏ ပျော်ရွင်သော အစိတ်အပိုင်းမှာ မိမိကလေးကို ကျွေးမွေးစောင့်ရှောက်ခြင်းဖြစ်ပါသည်။ ဒါကြောင့် ကလေးမယူခင် ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားမှ မိခင်ရော ကလေးပါ ကျန်းမာမည်ဖြစ်သည်။ _ ကိုယ်ဝန်ယူရန် ဆရာဝန်နှင့်ဆွေးနွေးပါ ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေးစစ်ဆေးချက်များကြိုတင်လုပ်ဆောင် သင့်ပါသည်။ တစ်နှစ်ခန့်ကြိုတင် စစ် ဆေးနိုင်ပါသည်။ ကျန်းမာရေးအနေအထား၊ ရှောင်သင့်သော အလေ့အထတို့က ကိုယ်ဝန်ရရှိခြင်းကို ဟန့်တားစေပါသည်။ ဒါကြောင့် ဆရာဝန် ညွန်ကြားသည့်အတိုင်းလိုက်နာ ရန်လိုအပ်ပါသည်။ _ လတ်ဆက်သော အစားအစာများရွေူချယ်စားပါ။ ကျန်းမာသော အစားအစာကို အာဟာရပြည့်ဝအောင် စားသုံးသင့်ပါသည်။ အသီးအနှံများကို ပိုမိုစားသင့်ပါသည်။ ကယ်လ်ဆီယမ်ကြွယ်ဝသော နွားနို့၊ကြက်ဥ၊ ချိစ် ဒိန်ချဉ်၊ အသားဓာတ်များသော ပဲ၊ အသား၊

Tips To Care For Private Part

November 1st, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

အမျိုးသမီးများရဲ့ ''ရှက်ရှက်'' ကျန်းမာရေးစစ်ဆေးပေးသင့်သည့်များ အမျိုးသမီးတွေမှာ အပျိုဖော်ဝင်စကတည်းက၊လစဉ်ဓမ္မတာသွေးဆင်းရတဲ့၊ ဒုက္ခနဲ့၊ ကလေး မွေးဖွားရတဲ့ ကာယိကဒုက္ခတွေကို၊ '' ရှက်ရှက်''ဆိုတဲ့၊ မ ပျိုပွားအင်္ဂါ (Vagian) ကနေတဆင့်၊ ခံစားကြရတယ်။ ရှက်ရှက်ရဲ့ရဲ့ ပြင်ပပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင်၊ ဂရုစိုက် ထားရှိဘို့လည်း၊ အရေးကြီးတယ်။ အမျိုးသမီးတိုင်းအတွက်၊ 'ရှက်ရှက်''အတွင်းမှာ၊ အကျိုးပြု ဘက်တီးရီးယားအရေအတွက် လုံလောက်အောင် ရှိနေပါမှ၊ မိန်းမကိုယ်အတွင်း၊ အက်စစ် PH မျှခြေကို ထိန်းထားနိုင်ပြီး၊ ပြင်ပရောဂါပိုးတွေ မ၀င်နိုင်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။ ကျန်းမာတဲ့ မိန်းမကိုယ် ''ရှက်ရှက်''က၊ ထွက်တဲ့ အရည်ကြည်တွေက၊ အဲဒီအတွင်းဖက် သန့်ရှင်းနေအောင်၊ ခြောက်သွေ့မနေအောင်၊ သဘာဝတိုင်းပြုလုပ်ပေးပါတယ်၊ အဲဒီအရည် (Secretion)တွေက၊ ဘာနဲ့သဏ္ဍာန်တူလဲဆိုတော့၊ ပါးစပ်ထဲထွက်တဲ့၊ တံတွေးတွေနဲ့ အလား

Prevention Is Better Than Cure

November 1st, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

ရောဂါကာကွယ်ရေးအတွက် အရေးပါသော ကုသခြင်း၏အခန်းဏ္ဍ ဆေးပညာနှင့်ကျန်းမာရေးနယ်ပယ်တွင် ''Prevention is better then Cure '' '' ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်'' ဟူငေသာ စကားရပ်က လူတိုင်း ကျွမ်းဝင်ကြားဖူးနေသော စကားလုံးပင် ဖြစ်သည်။ ရောဂါမဖြစ်မီ ကြိုတင်ကာ ကွယ်ခြင်းသည် ဖြစ်ပြီးမှ ကုသခြင်းထက် အဘက်ဘက်မှ ပိုမိုထိရောက်မှုရှိကြောင်း ထင်ဟပ်ပြခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် ပြည်သူ့ကျန်ားရေး ကဏ္ဍအတွက် ထပ်မံ၍ တွင်ကျယ်လာနေသော အသုံး အနှုန်းက ကုသခြင်းသည်လည်း ကာကွယ်ခြင်းတစ်မျိုး ပင် ဖြစ်သည်။ ''Treatment as preventions'' ဟူသော စကားရပ်ပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကုသခြင်းသည်လည်း ကာကွယ်ခြင်းအတွက် အရေးပါလှ ကြောင်း

Secret Of Healthy Living

November 1st, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

နယ်မှာနေသူများ အသက်ပိုရှည်ကျန်းမာသတဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ သစ်တောတွေ တောင်တန်းတွေလို ဧရိယာများနဲ့ သဘာဝ ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်ကြသူဟာ မြို့ကြီးပြကြီးများမှာ နေထိုင်ကြသူအတွက် စိတ်ကျန်းမာရေး၊ ကိုယ်ကာယကျန်းမာရေးအပြင် အိမ်နီးနားခြင်းတွေ ဆွေမျိုးနီးစပ်တွေနဲ့ စုပေါင်းပျော်ရွှင်စွာနေထိုင်ကြရတာမို့ ပိုလို့တောင် အသက်ရှည်ကျန်းမာလာတယ်ဆိုတာ လေ့လာချက်တွေ သုတေသနပြုချက်တွေနဲ့ စစ်တမ်းပေါင်းများစွာအရ ဖော်ထုတ်တွေ့ရှိလာ ပြီး ဖြစ်ပါတယ်။ ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီးတွေမှာ နေထိုင်ကြရသူတွေနဲ့ ကိုယ့်မြို့ကိုယ် ရွာလေးတွေမှာ အေးအေးချမ်းချမ်း နေထိုင်ကြရတဲ့လူတွေတောင် စိတ်ဖိစီးမှုတွေ အတော်ကွာ ခြားလာပါပြီ။ မြို့ကြီးမှာတောင် ရန်ကုန်လိုနေရာမျိုးမှာ တစ်နေရာနှင့် တစ်နေရာသွားချင်ရင် ဘတ်စ်ကား(သို့) တက္ကစီ(သို့) မြို့ပတ်ရထားစီးပြီးသွားလေ့ရှိတာမို့ လမ်းအလျှောက် နည်း သွားကြပါတယ်။ ဆိုင်ကယ်တွေပေါလာတော့လည်း စက်ဘီးနင်းခြင်းလို့၊ အားစိုက်မနင်းရ တော့လည်း လှုပ်ရှားဆိုတာ မရှိသလောက်နည်းပါးလာပြန်ပါတယ်။