Hypertension
အသံတိတ် လူသတ်ရောဂါကို ထောက်လှမ်းခြင်း နောက်ပိုင်း ဆရာတို့ဆေးခန်းတွေမှာ သွေးတိုးမျိုးရိုးရှိသူတွေ အဝလွန်သူတွေ အနေနှင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပေါင်ချိန်တွေ ချိန်ကြည့်လိုက်တိုင်း တအားတတ်လာတာကို တွေ့နေကြပါတယ် သွေးတိုးရှိမှန်းမသိ သူတွေ သွေးတိုးကို သေချာ မကုသသူတွေ လည်း ဒု နဲ့ ဒေး ပါ အဲလိုတွေကြောင့် ဒီစာလေးရေးဖြစ်ပါတယ် သွေးပေါင်ချိန်ဆိုတာဘာလဲ သွေးကြောတွေထဲ လည်ပတ်နေတဲ့ သွေးဖိအားကို ခေါ်ဆိုတာပါ ဘယ်အရွယ်တွေမှာသွေးတိုးတတ်လဲ အများအားဖြင့် ၄၀ကျော်ရင်တိုးတာများပေမယ့် ခုနောက်ပိုင်း ငယ်ငယ်ရွယ်ရွယ် လူလတ်ပိုင်းတွေ သွေးတိုးရောဂါ ဖြစ်လာတာကိုတွေ့နေရပါတယ် အဓိက တစ်နေကုန်လှုပ်ရှားမှုမရှိ ညနေဖက် အရက်ဘီယာ စတာတွေပုံမှန် မှီဝဲနေတဲ့သူတွေ အဝလွန်လာသူတွေ သွေးပေါင်ချိန်တိုင်း တတ်နေတာကို စိတ်မကောင်းဖွယ် တွေ့နေရပါတယ် ကိုယ်ဝန်ဆောင်တွေ တားဆေးသုံးစွဲနေတဲ့