Patients who have diabetes should get tooth extraction or not

August 11th, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

ဆီးချိုသွေးချိုရောဂါရှိသူများ သွားနှုတ်သင့် မနှုတ်သင့် ဒီနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါဟာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်သလို ဆီးချိုသွေးချိုရောဂါရှင်အများစုကြောက်တတ်တာဟာလည်း သွားနှုတ်ရမှာကိုပါပဲ။ အကြောင်းက ဆီးချိုသွေးချိုရောဂါရှိနေရင် အနာမကျက်တတ်ဘူး သိထားကြတာ တစ်ကြောင်း၊ အရပ်ထဲမှာ ဆီးချိုသွေးချိုရောဂါရှိရင် သွားမနှုတ်ရဘူး အချင်းချင်းပြောဆို သတင်းပေးနေကြတာတစ်ကြောင်း အကြောင်းကြောင်းကြောင့် သွားနှုတ်ရမှာ ကြောက်တတ်ကြပါတယ်။ ဆီးချိုသွေးချိုရောဂါရှင်တွေဟာ တကယ်ပဲ သွားနှုတ်လို့မရဘူးလား…? လို့မေးရင် သွားနှုတ်လို့ရပါတယ်။ ဆီးချိုသွေးချိုရောဂါကို ထိန်းထားနိုင်တဲ့ လူတစ်ယောက်ဟာ ဘာမှစိုးရိမ်စရာ မရှိဘဲ ပျော်ပျော်ကြီးကို သွားနှုတ်လို့ရပါတယ်။ နှုတ်သင့်တယ်ဆိုရင်ပေါ့။ ဒီနိုင်ငံမှာ အများစုက ဆီးချိုသွေးချိုရောဂါကိုယ့်ကိုယ်ကိုရှိမှန်းမသိဘဲ ပုံမှန်မစစ်ဆေးကြည့်ဘဲ သွားဆရာဝန်ကို ဆီးချိုသွေးချိုရောဂါမရှိပါဘူး ပြောပြီးသွားနှုတ်ခံတဲ့သူတွေလည်း ထုနဲ့ဒေးပါပဲ။ ဆီးချိုသွေးချိုကြောင့် သွားနှုတ်ထားတဲ့နေရာဟာ အနာမကျက်ဘူးဆိုတာ မရှိပါဘူး။ တစ်ချို့က သွားအခြေအနေအရမ်းဆိုးလို့ နှုတ်ပစ်ရမယ်မှန်းသိပြီး ဆီးချိုသွေးချိုရောဂါရှိတဲ့အတွက် သွားဆေးခန်းမလာရဲဘဲ

Are you at risk of Diabetes Mellitus?

July 20th, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

သင်ဟာဆီးချို ရောဂါဖြစ်နိုင်ခြေမြင့်မားသူလား? ဆီးချိုရောဂါဆိုတာ မကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး နာတာရှည်ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ယနေ့ကမ္ဘာမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာအလွန်တရာမြင့်မားလျက်ရှိပြီး ဆီးချို ရဲ့နောက်ဆက်တွဲကြောက်စရာရောဂါများကိုခံစားနေရသူများလည်းအများအပြားရှိပါတယ်။ ဆီးချိုရောဂါကို အကြမ်းအားဖြင့် အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးခွဲခြားနိုင်ပါတယ်။အမျိုးအစား ၁ ကတော့ ငယ်ရွယ်တဲ့လူတွေမှာအဖြစ်များပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တုံ့ပြန်မှုမှားယွင်းတာကြောင့်ဖြစ်ရတာဖြစ်တဲ့အတွက် ကာကွယ်ဖို့ခက်ခဲပါတယ်။အမျိုးအစား ၂ ကတော့ ရောဂါဖြစ်ဖို့အစပျိုးချိန်ကြာမြင့်တတ်ပြီး တဖြည်းဖြည်းနဲ့ရောဂါပီပြင်လာတာမျိုးဖြစ်ပါတယ်။အမျိုးအစား ၂ ကို ဘယ်လိုစားသောက်နေထိုင်မှုတွေကဖြစ်စေသလဲ ဘယ်လိုလူတွေပိုဖြစ်တတ်သလဲဆိုတာ အဓိကအားဖြင့်ပြောပြလိုပါတယ်။ (၁)အသက်အရွယ် အများအားဖြင့်ဆီးချိုဟာအသက် ၄၀ ကျော်လာရင် သတိပြုရတော့မယ့် ရောဂါဖြစ်ပါတယ်။ဒါပေမယ့် အာဖရိကန်-ကာရေဘီယန် လူမျိုးတွေ နဲ့ အရှေ့တောင်အာရှလူမျိုးတွေမှာတော့ အသက် ၂၅ နှစ်ကျော်တာနဲ့ ဆီးချိုရှိနေလားဆိုတာကို သတိထားသင့်နေပြီလို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ဆီးချို ရောဂါခံစားနေရသူအများအပြားရှိနေတာကို ကြည့်ခြင်းဖြင့် ဒါကိုသိနိုင်ပါတယ်။ (၂)မျိုးရိုး အကယ်၍

Diabetic Foot

June 27th, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

ဆီးချိုဆိုတာ ဒါမျိုးလား? ယနေ့ စနေနေ့မို့ ဆေးခန်းကို စောစောလာသော ဒေါက်တာစု တစ်ယောက် ဝင်လာသည်နှင့် မျက်မှန်းတန်းမိသော ပြနေကြလူနာတစ်ယောက်နှင့် ဘေးမှာခြေထောက်ပတ်တီးနှင့်လူနာတစ်ယောက်တွေ့လိုက်ရသည် "အမ လာလာဝင်ခဲ့" "ဆရာမရေ ကျွန်မအမလေ တောကလာတာ ခုဆီးချိုတွေတက်နေလို့"...... လူနာကုတင်ပေါ်ရောက်၍ ဆီးချိုဖောက်ကြည့်လိုက်တော့ ၄၀၀ကျော်!လူနာ မပြောပေမဲ့ ဆရာဝန် ဗီဇမို့ မနေနိုင်မေးလိုက်မိသည်..... "အမ ခြေထောက်က ဘာဖြစ်တာလဲ?" "အရေကြည်ဖုလေး ပေါက်ထွက်ပြီး အနာဖြစ်တာ ဆရာမ ၁ လလောက်ရှိပီ" "ဟယ် တစ်လတောင်ရှိပီလား? ပြပါဦးကြည့်ရအောင်?"" ပတ်တီးဖြေကြည့်ပီး တွေ့လိုက်ရသည်မှာ နီရဲယောင်ကိုင်းနေသော ခြေဖမိုး၊ ခြေဖဝါးကိုလှန်ကြည့်လိုက်တော့ လက်တစ်ဆစ်ခန့် အနာဝတွင် ဂွမ်း၊အမဲရောင် အမှုန့်သိပ်ထားသည်။ "အမရေ အနာက ပိုးဝင်နေတယ် ကြီးလဲကြီးတယ်" "ဆရာမရေ

Sight Threatening Diabetes

June 27th, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

အမြင်အာရုံကို ခြိမ်းခြောက်နေသော ဆီးချို ဆီးချို ဝေဒနာရှင်များ သတိမမူမိသော ဆီးချို၏ နောက်ဆက်တွဲ မှာ မျက်စိမှုန်ခြင်း၊ရေတိမ်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ဆီးချိုရောဂါသည် မျက်စိအတွင်းရှိ သွေးကြောများကို ယောင်ယမ်းစေ၍ မျက်လုံးအိမ်အတွင်း မကောင်းသော အရည်များစု၍ အမြင်အာရုံထိခိုက်စေသည်။ အများစုမှာရောဂါအစတွင်ထူးခြားလက္ခဏာမပြပါ ၊ လက္ခဏာပြသော အချိန်တွင်မူ အမြင်အာရုံထိခိုက်ပြီး ဖြစ်နေတတ်ပါသည်။ သတိထားသင့်သောလက္ခဏာမျးမှာ (၁) မိမိ အမြင်အာရုံ မြင်ကွင်းအတွင်းတွင် အဖတ်များ လွှင့်မျောလာသည်ဟုခံစားရခြင်း (၂) အမြင်အာရုံဝါးလာခြင်း (၃) အမြင်အာရုံ မြင်ကွင်း တစ်နေရာတွင် အမဲရောင် အကွက် မြင်နေရခြင်း (၄) အရောင်များမသဲကွဲခြင်း စမ်းသပ်စစ်ဆေးခြင်း ဆီးချို ဝေဒနာရှင်များသည် အမြင်အာရုံ မထိခိုက်ခင် ကြိုတင်၍ မျက်စိဆရာဝန်နှင့်

Diabetic Foot

June 25th, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

ဆီးချိုနှီးနွယ်ခြေထောက်ရောဂါ ဆီးချိုရောဂါလို့ဆိုလိုက်တာနဲ့ insulin ထိုးရတာ၊ အမြင်မှုန်ဝါးလာတာ၊ သွေးတိုး၊ လေဖြတ် နှလုံးသွေးကြောကျဉ်းတာ၊ ခြေထောက်မှာအနာဖြစ်တာ စသည်ဖြင့် နောက်ဆက်တွဲရောဂါတွေကို တသီတတန်းကြီး ပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်ဆက်တွဲ ရောဂါတွေထဲကမှ အများစုက ခြေထောက်ဖြတ်ရမှာကို ပိုပြီးစိုးရိမ်ကြပါတယ်။ ဆီးချိုရောဂါဆိုတာ အခြေခံအားဖြင့်သွေးထဲမှာ အချိုဓာတ်အရမ်းများတာလို့ သိထားကြပေမယ့် တခြားလက္ခဏာတွေလည်းရှိတတ်ပါတယ်။ အကျဉ်းချုပ်ပြောရရင် သွေးထဲမှာအချိုဓာတ်များလာရင် သွေးကြောမျှင်လေးတွေမှာ အနာတရဖြစ်တတ်ပါတယ်။ အဲဒီသွေးကြောလေးတွေ ယောင်ရမ်းရာက သူတို့တာဝန်ယူပြီး ထောက်ပံ့ပေးနေတဲ့ အာရုံကြောမျှင်လေးတွေပါ အားနည်းတတ်ပါတယ်။ အဲဒီလိုအာရုံကြောတွေထိခိုက်လာပြီးဆိုရင်တော့ ဆီးချိုရောဂါရဲ့ ကျိန်စာဆိုးလို့တင်စားရမယ့် ခြေထောက်ရောဂါ စပါတော့တယ်။ အရင်ဆုံး အာရုံကြောတွေထိခိုက်လာလို့ ပူတာ၊ အေးတာ၊ နာတာ၊ ထုံတာတွေ၊ အာရုံခံစားမှုတွေ လျော့နည်းလာပါတယ်။ ခလုတ်တိုက်တာ၊ ဓားရှတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို မသိနိုင်တော့တဲ့အတွက် ခြေထောက်၊

Diabetes and Renal Problem

June 21st, 2018|Categories: All Articles, ဆီးချိရောဂါ, အထွေထွေရောဂါများ|

ဆီးချိုရောဂါနှင့်ကျောက်ကပ်အန္တရာယ် ဆီးချိုဝေဒနာရှင်တိုင်း ကြောက်ကြသော ဆီးချို၏ နောက်ဆက်တွဲမှာ ဆီးချိုကြောင့် ကျေက်ကပ် ပျက်စီးခြင်းဖြစ်ပါသည်။ ဆီးချို၏ သွေးကြောပျက်စီးစေသော အကျိုးဆက်က ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါသည်။ ဆီးချိုနှင့် သွေးတိုး၊ သွေးတွင်းအဆီများခြင်းရောဂါများ ပူးတွဲဖြစ်လျှငိ ကျောက်ကပ်ပျက်စီးမှု ပိုမိုဖြစ်မိုဖြစ်နိုင်ပါသည်။ ဖော်ပြပါလက္ခဏာများမှာ ကျောက်ကပ်ပျက်စီးခြင်းကို ညွှန်းပြပါသည်။ (၁) မျက်လုံးဝန်းကျင်နှင့်ခြေထောက်များ ဖောယောင်လာခြင်း (အထူးသဖြင့် နံနက်ပိုင်း) (၂)ပါးစပ်ပျက်ခြင်း၊ပျို့အန်ခြင်း၊ကျို့ထိုးခြင်း (၃)ကျောက်ကပ်ပျက်စီးမှု အစပိုင်းတွင် ဆီးသွားများခြင်း၊ ညဘက်ဆီးသွားခြင်း နောက်ပိုင်းတွင် ဆီးနည်းခြင်း (၄) ဖြူဖျော့၍ သွေးအားနည်းခြင်း (၅)မောခြင်း၊အဆုတ်တွင်းရေဝင်ခြင်း (၆) အသားရောင် ညိုညစ်လာခြင်း တို့ဖြစ်ပါသည် ကျောက်ကပ်ပျက်စီးခြင်းရှိမရှိ စစ်ဆေးနိုင်သည်များမှာ 📣ဆီးစစ်ခြင်း ဆီးထဲတွင် အသားဓာတ်( Albumin)ကို တိုင်းတာ၍အသားဓာတ်ပါလျှင် ဆရာဝန်နှင့်တိုင်ပင်သင့်သည်၊ကျောက်ကပ်ပျက်စီးမှုကို စောစီးစွာသိနိုင်သည်ထို့ကြောင့်