Common conditions when women feel depressed

August 24th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

အမျိုးသမီးအများစု စိတ်ဓာတ်ကျလေ့ရှိတဲ့ အခြေအနေအကြောင်းတရားများ အရွယ်ရောက်ပြီးအမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျဆင်းတဲ့ဝေဒနာကို နှစ်ဆပိုမိုခံစားရလေ့ရှိပါတယ်။စိတ်ကျအမျိုးသမီးတွေဟာ သတ်သေဖို့မအောင်မြင်သည့်တိုင် အကြိမ်ကြိမ်ကြိုးစားလေ့ရှိကြပါတယ်။ ဘယ်လိုအမျိုးသမီးတွေမှာစိတ်ကျဝေဒနာပိုဖြစ်တတ်သလဲ? -မိသားစုထဲမှာ စိတ်ရောဂါရှိသူရှိတာ -အသက် ၁၀ နှစ်မတိုင်ခင် မိဘတွေကိုဆုံးရှုံးလိုက်ရတာ -ရောဂါကြောင့်ဟော်မုန်းဆေးဝါးတွေ သောက်သုံးနေရတာ -ကလေးဘဝက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရတာ စသဖြင့်ပါ။ ဒါတွေဘာကြောင့်ဖြစ်ရသလဲ။ (၁)Biological cause(ဇီဝဗေဒဆိုင်ရာ အကြောင်းတရား) အမျိုးသမီးတွေဟာ ဘဝတစ်လျှောက်လုံး ဟော်မုန်းအပြောင်းအလဲကို ခါးစည်းခံရပါတယ်။အပျိုဖော်ဝင်ချိန်မှစ ရာသီလာချိန် ကလေးမွေးချိန် သွေးဆုံးချိန် စသဖြင့် ဟော်မုန်းအတက်အကျတွေများတာဟာ စိတ်အပြောင်းအလဲတွေဖြစ်ဖို့တွန်းအားပေးပြီး စိတ်ကျဝေဒနာကို ဖြစ်စေပါတယ်။ တစ်ချို့သော မျိုးရိုးဗီဇတွေဟာလည်း စိတ်ကျဝေဒနာကိုဖြစ်စေတဲ့ gene တွေပါဝင်တယ်လို့ဆိုပါတယ်။ နာတာရှည်ရောဂါ မသန်စွမ်း တစ်ခုခုခံစားရတဲ့ အမျိုးသမီးတွေဟာလည်း စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။ (၂)Psychological cause(စိတ်ပိုင်းဆိုင်ရာအကြောင်းတရားများ)

Mind Defense

March 26th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

စိတ်ပိုင်းဆိုင်ရာ ခုခံမှုများ လူတွေမှာ စိတ်ဝေဒနာ အနည်းနဲ့ အများတော့ ရှိကြပါတယ် အဲဒီလိုပြောရင် လူတိုင်း ရူးနေတာလို့ ပြောတာလား မြတ်စွာဘုရားတောင် ဟောထားတာပါပဲ ပုထုဇ္ဇနော ဥမ္မတ္တကော တဲ့လေ အောက်ပါ အချက်ကလေးများကို လုပ်နေတာကိုက ကျွန်ုပ်တို့ စိတ်ဝေဒနာ ကနေ စိတ်ရောဂါ မခံစားရအောင် လုပ်ပေးနေတာပါပဲ ဒါကို စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေလို့ ဆေးပညာအရ ခေါ်ပါတယ် ကိုယ် ဘယ်နှစ်ခု လုပ်ဖြစ်နေသလဲ? တိုက်ကြည့်ရအောင်လား ၁။ ဒုက္ခတွေ အရမ်း တွေ့ကြုံရလို့ မိမိ စိတ်နေစိတ်ထား ပြောင်းလဲသွားတာဟာလည်း စိတ်ထိခိုက်မှုကို ပြသပါတယ်။ ဥပမာ- မိမိ မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားလို့ စိတ်ထိခိုက်ပြီး နေထိုင်မှု ပြောင်းသွားတာမျိုးပါ။ ဒါဟာ

Anxiety Or Depression?

January 13th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

ကြေကွဲတာလား၊ စိတ်ဓာတ်ကျတာလား မရှိစကား မကြားရလိုသောဆုနှင့် ပြည့်စုံသူရှားပါးသော လူ့လောကကြီးတွင် လူတိုင်းကိုယ်စီ ဆုံးရူံးမှုမျိုးစုံ ရှိနေနိုင်ပါသည်။ မိမိတန်ဖိုးထားသောပမာဏနှင့်အညီ ဆုံးရူံးသွားသောအခါ ပူပန်ဝမ်းနည်းကြရသည်။ သေသောသူ ကြာလျှင်မေ့။ ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသော်လည်း ပျောက်ဆုံးနေသော တစ်ခဏ ပူဆွေးမည်သာ ဖြစ်ပါသည်။ ထိုသူများအတွက် အချိန်သည် အကောင်းဆုံးဆေးပင် ဖြစ်သည်။ သို့သော် စိတ်ဓာတ်ကျနေသူဖြစ်ပါက အမြန်ဆုံးကုစားပေးရန် လိုအပ်ပေသည်။ မကုစားပါက မိမိကိုယ်ကို သတ်သေသည်အထိ ပြင်းထန်တတ်ပေသည်။ ထို့ကြောင့် ဝမ်းနည်းပူဆွေးနေသူလား၊ စိတ်ဓာတ်ကျနေသူလား သိနားလည်ခွဲခြားနိုင်ပါမှ သူတစ်ဦး၏ အသက်ကို ကယ်နိုင်ပေလိမ့်မည်။ ထိုနှစ်မျိုး၏ ကွာခြားချက်များကို အကြမ်းဖျင်းသိထားရန် လိုအပ်ပါသည်။ • ပူဆွေးသူမှာ တစ်စုံတစ်ဦးကို ဆုံးရူံးထားသောအခြေအနေဖြစ်ပြီး စိတ်ဓာတ်ကျနေသူမှာမူ မိမိဘဝကို ဆုံးရူံးနေသူတစ်ဦးဖြစ်တတ်ပါသည်။

Are You Feeling Depression

October 18th, 2017|Categories: ကျန်းမာရေး( က-အ ), ကျန်းမာရေး( စ ), စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

စိတ်ကျရောဂါခံစားနေရသလား? စိတ်ကျရောဂါဆိုသည်မှာ လူသိများလှသော ရောဂါမဟုတ်ပါ။ ခံစားနေရသောလူအများစုသည် မိမိခံစားနေရမှန်းပင် မသိဘဲရှိနေတတ်ကြပါသည်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရသူများပြတတ်သောလက္ခဏာများက်ုဖော်ပြလိုက်ပါတယ်။ ဒီဖော်ပြပါလက္ခဏာများအနက် ၅ ခုခန့် ၂ပတ်အတွင်းခံစားနေရပါက စိတ်ကျရောဂါခံစားနေသူ ဟု သတ်မှတ်နိုင်ပါသည်။ ၁) မိမိ တစ်နေ့တာတွင် စိတ်ပျော်ရွင်ခြင်းမရှိဟု ခံစားရခြင်း၊ ဝမ်းနည်းလွယ်ခြင်း။ ၂) ကိစ္စတော်တော်များများကို စိတ်ဝင်စားမှုနည်းပါးလာခြင်း ၃) စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းခြင်း၊ လုပ်ခြင်ကိုင်ခြင်စိတ်မရှိခြင်း၊ အကြောင်းမရှိဘဲ အစားအသောက်ပျက်နေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း ( အချို့တွင်မူ အစားအလွန်အမင်းစားခြင်းမျိုးလည်း တွေ့ရတတ်ပါသည်) ၄)ညစဉ်ရက်စက် အိပ်မပျော်ခြင်း၊ သန်းခေါင်ကျော်နိုးပြီး ပြန်အိပ်မရခြင်း။ (အချို့တွင် တနေကုန်အိပ်နေတတ်ကြသည်) ၅) ဂဏာမငြိမ်ဖြစ်ခြင်း၊ သို့ အလွန်တိတ်ဆိတ်ငြိမ်သက်နေခြင်း ၆) မောပန်းလွယ်ခြင်း၊ ဝမ်းသာစရာကိစ္စရှိသော်လည်း မပျော်နိုင်ခြင်း ၇)

Mental Problems

October 12th, 2017|Categories: ကျန်းမာရေး( က-အ ), ကျန်းမာရေး( စ ), ကျန်းမာရေး( ထ ), စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

Illusion ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အာရုံမှားခြင်း အာရုံငါးပါးတွင် တွေ့ထိသမျှကို မှားယွင်းနားလည် သိရှိခြင်းကို ဆိုလိုပါသည်။ ဥပမာ။  ။ ညအခါ သစ်ပင်ပေါ်မှ ကြိုးတစ်ချောင်းတွဲလောင်းကျနေသည်ကိုမြွေဟုထင်မြင်ခြင်းဖြစ်ပါသည်။ သာမာန်လူတစ်ယောက်သည် မီးထိုးကြည့်၍ဖြစ်စေ ၊ အနီးကပ်လေ့လာ၍ဖြစ်စေ အမှန်ကို သိနိုင်ပါသည်။ သို့သော် စိတ်စေဒနာ ခံစားရသူသည် အမှန်ကို သိနားလည်နိုင်စွမ်း မရှိပါ။ Hallucination ( အာရုံခြောက်ခြားခြင်း) ပြင်ပမှ လုံ့ဆော်မှု၊ အာရုံများမရှိဘဲ အာရုံထင်လာခြင်းကို အာရုံခြောက်ခြားခြင်းဟု ခေါ်ပါသည်။ အာရုံအားလုံး(အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အတွေ့အထိ၊) တွင် ဖြစ်တတ်ပါသည်။ သို့သော် အကြားအာရုံနှင့် အမြင်အာရုံတွင် ပို၍ ဖြစ်တတ်ပါသည်။ အမြင်အာရုံ ခြောက်ခြားခြင်း အကြားအာရုံ ခြောက်ခြားခြင်း လူ

Can Stress Affect Health

August 10th, 2017|Categories: ကျန်းမာရေး( က-အ ), ကျန်းမာရေး( စ ), စိတ်ကျန်းမာရေး, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေရောဂါများ, နေထိုင်မှုပုံစံ|

စိတ်ဖိစီးခြင်းက ကျန်းမာရေးထိခိုက်စေပါသလား? ခဏတာစိတ်ဖိစီးမှုကို ကောင်းမွန်စွာ ကျော်လွားနိုင် ခြင်းမရှိဘဲရေရှည်စိတ်ဖိစီးမှူဖြစ်ပေါ်နေခြင်းက သင့်အား အောက်ပါကျန်းမာရေး ပြသနာများစွာကို ဖြစ်ပေါ်စေပါသည် (၁)ခေါင်းကိုက်ခြင်း (၂)ဆံပင်ကျွတ်ခြင်း (၃)အိပ်မပျော်ခြင်း (၄)ဝက်ခြံပေါက်ခြင်း (၅)မှတ်ဥာဏ်အားနည်းလာခြင်း (၆)နှလုံးသွေးကြောကျဉ်းခြင်း (၇)သွေးတိုးခြင် (၈)ဆီးချိုတက်ခြင်း (၉)အစာမကြေဖြစ်ခြင်း (၁၀)အိုမင်းရင့်ရော်မြန်ခြင်း (၁၁)ကိုယ်ခံအားနဲခြင်း (၁၂)ဗိုက်ပူလာတတ်ခြင်း (၁၃)ခါးအောက်ပိုင်းနာတတ်ခြင်း