You are here:---ကူးစက်တတ်သောရောဂါများ

Common Cold Vs Flu

By |2019-06-20T22:33:23+00:00June 20th, 2019|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေ, အထွေထွေရောဂါများ|

H1 N1ကပေးသော ဝေဒနာများ နှစ်စဉ် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ဒုက္ခပေးနေသော ရောဂါကပ်ဆိုးတစ်ခု ရှိပါတယ် ဒါကတော့ တုပ်ကွေး လို့ခေါ်တဲ့ ရောဂါပါ ပျံ့နှံကူးစက်နှုန်း ကြောက်စရာကောင်းလောက်အောင် မြင့်မြားပြီး သေဆုံးနှုန်းလည်း တစ်နှစ်ထက်တစ်နှစ်မြင့်မား လာနေပါတယ် လူပေါင်း ၈၀၀၀၀ နီးပါးသေဆုံးခဲ့တဲ့ ၂၀၁၈ဟာ ဆိုရင် လွန်ခဲ့သောနှစ်များနှင့် ယှဉ်ပါက ၃ဆ ခန့် လူသေနှုန်းတတ်လာကြတယ်လို့ အမေရိကန် CDCက ထုတ်ပြန်ထားပါတယ် တစ်နှစ်ထက် တစ်နှစ် တုပ်ကွေး ဗိုင်းရပ်ဟာ ပိုပြင်းထန်လာတဲ့ သဘောပါ ထိုသို့သော အကြောင်းများကြောင့် my doctor မှနေ၍ ယနေ့ လူအများ စိုးရိမ်နေကြသော H1N1ရောဂါလက္ခဏာများအကြောင်း ဖော်ပြပေးလိုက်ပါတယ်

Why should you cover up when you cough and how?

By |2018-06-28T09:26:03+00:00June 28th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေ, အထွေထွေရောဂါများ|

ပိုးမွှာများ လွယ်​ကူစွာ မပျံ့နှံ့ဖို့ ​ချောင်းကို စနစ်​တကျ အုပ်​ဆိုးစို့.. ဒီလိုမိုးရွာသီချိန်​မျိုးမှာ .. ရုတ်​တရက်​မိုးရွာတာ​မျိုး​ကြောင့်​ မိုးမိခြင်း၊ သာမန်​လျှံကာ မိုးဖွဲဖွဲထဲ သွားမိပြီး ​နောက်​​နေ့​တွေမှာ... အ​အေးမိ၊ တုတ်​​ကွေး၊ နှာ​စေး​ချောင်​ဆိုး စသည်​ဖြင့်​ ဖြစ်​တတ်​ကြပါတယ်​... ဒီလို ဖျားနာပြီး​နောက်​ပိုင်း ခန္ဓာကိုယ်​​တွင်းက ပိုးမွှား​တွေကို နှာ​ချေခြင်း၊​ချောင်း​ဆိုးခြင်းဖြင့်​ ထုတ်​လွှတ်​တတ်​ပါတယ်​...ဒါ​ကြောင့်​ မိမိဆီက တဆင့်​ တခြားသူများကို မကူးစက်​ဖို့်အတွက်​ နှာ​ချေ​၊​ချောင်းဆိုခြင်းပြုရာမှာ လက်​ကိုင်​ပုဝါ၊တစ်​သျူး အစရှိသည်​တို့ဖြင့်​ အုပ်​ပြီး ဆိုးသင့်​ပါတယ်​... လက်​ကိုင်​ပုဝါ တစ်သျူးတို့ကို အသုံးမပြုပဲ ​ချောင်းဆိုးနှာ​ချေတဲ့အခါ မိမိလက်​ဖြင့်​သာ အုပ်​ပြီး ဆိုးတဲ့အခါမျိုးမှာ မိမိလက်​မှာ မသန့့်​စင်​​နေခြင်း (သို့) ​ ချောင်းအုပ်​ဆိုးထား​သော လက်​ဖြင့်

Common Cold Vs Flu

By |2018-06-19T14:05:56+00:00June 19th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေ, အထွေထွေရောဂါများ|

အအေးမိရုံလား တုပ်ကွေးဖြစ်တာလား ? မိုးမိတဲ့ နောက်တစ်နေ့မှာ နှာစေးချောင်းဆိုးပြီး ကိုက်ခဲ ပြီး ထလာမယ်ဆိုရင် အအေးမိပြီပေါ့။ရိုးရိုးအအေးမိတာလား တုပ်ကွေးလား ဆိုတာ ဘယ်လို ခွဲခြားရပါ့မလဲ။တကယ်တော့ အအေးမိတဲ့ရောဂါလက္ခဏာတွေက တုပ်ကွေးလောက် မပြင်းထန်ပါဘူး။ အအေးမိတာက တုပ်ကွေးထက် ရက်တိုပါတယ်။တုပ်ကွေးကတော့ နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပြီး အဆုတ်ရောင်တာတွေအထိ ခံစားရနိုင်ပါတယ်။ အအေးမိတဲ့အခါ နှာစေးချောင်းဆိုးမယ်။ကလေးတွေမှာဆို အဖျား အနည်းငယ်ရှိနိုင်ပါတယ်။ Flu လို့ခေါ်တဲ့ တုပ်ကွေးကတော့ အအေးမိတာထက် ရောဂါ လက္ခဏာ ပိုပြီးပြင်းထန်ပါတယ်။လည်ချောင်းနာတယ်။ ဖျားတယ်။ ကြွက်သားတွေကိုက်ခဲမယ်ပေါ့။နှာရည်ယိုမယ်။ swine flu လို့ ခေါ်တဲ့ ဝက်တုပ်ကွေးမှာတော့ ဝမ်းလျှောခြင်း အော့အန်ခြင်းတွေဖြစ်နိုင်ပါတယ်။ တုပ်ကွေးကလည်း တစ်ပတ်လောက်ထိ ရောဂါ ဝေဒနာ ပြင်းထန်နိုင်သလို

Hepatitis B Vaccination

By |2018-06-15T14:37:25+00:00June 15th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

” B ပိုးကာကွယ်ဆေးထိုးပြီးတာနဲ့ လုံလောက်ပါရဲ့လား “ အသည်းရောင်အသားဝါဘီပိုးရောဂါ (Hepatitis B ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသည်းရောင် Bပိုးကာကွယ်ဆေးကိုထိုးနှံလာကြပါတယ်။ ဒါပေမယ့် စနစ်တကျထိုးဖို့နဲ့ ကာကွယ်ဆေးက မိမိကို ကာကွယ်မှု အပြည့်အဝ ပေးနိုင်ဖို့ သတိပြုရမယ့် ထပ်မံလုပ်ဆောင်ရမယ့်အချက်တွေ ရှိပါသေးတယ်။ >>>အသည်းရောင် Bပိုးက ဘာလဲ ? Hepatitis B လို ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး ဟာ အသည်းရောင်ဗိုင်းရပ်စ်ပိုး ၅မျိုးထဲကတစ်ခု ဖြစ်ပြီး ဘီပိုးနဲ့ စီပိုးဟာ နာတာရှည်ရောဂါတွေ ခံစားရနိုင်ပါတယ်။ ရက်ခဏတာ ဖြစ်တဲ့ အသည်းရောင်ခြင်း ( acute hepatitis) ကတော့

Rabies and Common Questions

By |2018-05-16T15:02:47+00:00May 16th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

“ ခွေးရူးရောဂါနှင့်အမေးများသောမေးခွန်းများ “ ခွေးရူးနှင့် ခွေးကောင်း မည်သို့ ခွဲခြားနိုင်သနည်း? ခွေးရူး ၂မျိုး ရှိပါသည်။ ၁။ ကြမ်းတမ်းသော ခွေးရူး၏ လက္ခဏာများမှာ ခွေး၏ အနေအထိုင် ပြောင်းလာခြင်း အကြောင်းမဲ့  ပြေးလွှားနေခြင်း တစ်နေကုန် ဟောင်နေတတ်ခြင်း တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း အစာသိပ်မစားတော့ခြင်း ရန်လိုနေခြင်း ပြောစကား နားမထောင်ခြင်း ခွေးကောင်းများက ခွေးရူးနောက်မှ လိုက်ဟောင်တတ်ခြင်း ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည် တမြားမြား ဖြစ်နေတတ်ခြင်း ၂။ လေဖြတ် / အကြောခွေးရူး လက္ခဏာများမှာ ကြွက်သားများ လေဖြတ်ခြင်းကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း အောက်မေးရိုး ပိတ်မရပဲ

Hepatitis B Vaccination

By |2018-04-30T11:34:04+00:00April 30th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

ဘီစာမေးပွဲ အောင်လား “ဘီပိုးကာကွယ်ဆေးထိုးတာ ၃ကြိမ်ပြည့်သွားပြီ။ ဆေးအောင် မအောင် ဘယ်လိုသိမလဲ။” “ဆေးအောင် မအောင် ဘယ်အချိန်မှာ ပြန်စစ်ရမှာလဲ။ “ “၃ကြိမ် ထိုးရင် လုံလောက်လား။” “ဆေးမအောင်ဘူး။ ဘာလုပ်ရမလဲ။” “ဆေး ၂ ကြိမ်ထိုးပြီးပေမယ့် ၃ ကြိမ်မြောက်ချိန်းထားတဲ့ရက် ကျော်သွားလို့ ထိုးလို့ရသေးလား။ “ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးများသည် နာတာရှည် အသည်းရောဂါဖြစ်ကြောင်း၊ ကူးစက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အသည်းကင်ဆာဖြစ်စေတတ်သော အကြောင်းများကြောင့် ကာကွယ်ရန် နည်းအမျိုးမျိုးကို ရှာဖွေလေ့လာ လာကြသည်။ ထိုအခါ အသည်းရောင်အသားဝါ ဘီ ကို ကာကွယ်ဆေးထိုးခြင်းဖြင့် အထိရောက်ဆုံးကာကွယ်နိုင်ကြောင်း သိလာကြသည့် အတွက် ကာကွယ်ဆေးထိုးသူများပြားလာကြသည်။ ထို့ပြင် နိုင်ငံတော်မှလည်း

Malaria

By |2018-04-25T09:00:55+00:00April 25th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

ချမ်းတုန် ချမ်းတုန် ချမ်း အသုပ်ဆိုင်ဝယ် ဆရာဝန်ပေါက်စ မိချိုတစ်ယောက် နံနက်စာ စားနေစဉ် “ဆရာမလေးမလား” ဆိုတဲ့အသံကြောင့် မော့ကြည့်မိရာ နေ့လည်စာဝယ်စားနေကြ ထမင်းဆိုင်မှ အန်တီကြီး ဖြစ်နေသည်။ ဆရာမ--“သြော် အန်တီ အသုပ်လာစားတာလား။ အန်တီ့ထမင်းဆိုင်တောင် မတွေ့တာကြာပြီ။ မဖွင့်တော့ဘူးလား။” အန်တီ--“မဟုတ်ပါဘူး ဆရာမရယ်။ အိမ်ကလူကြီး နေမကောင်းလို့ မဖွင်ြ့ဖစ်တာ။” မ--“ဘာဖြစ်တာလဲ အန်တီရဲ့။” တီ--“ငှက်ဖျားပြန်ထတာလားမသိပါဘူး။ ချမ်းတုန်ပြီး ဖျားတာပဲ။ “ မ--“အရင်က ငှက်ဖျားဖြစ်ဖူးလို့လား။ဖြစ်တာကြာပြီလား။ ဖြစ်တုန်းက ရောဂါပျောက်အောင် မကုခဲ့ဘူးလား။” တီ--“ကုတော့ကုတာပါပဲ ဆရာမရယ်။ ငှက်ဖျားရောဂါဆိုတာ အမြစ်ပြတ်တယ်လို့ ရှိတာမှမဟုတ်တာ။ ပြန်ပြန်ဖြစ်တာပါပဲ။” မ--“မဟုတ်သေးဘူး အန်တီရဲ့။ ငှက်ဖျားရောဂါ ဆိုတာ အနောဖလိ

Hepatitis B Vaccination

By |2018-04-24T10:07:58+00:00April 24th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

" B ပိုးကာကွယ်ဆေးထိုးပြီးတာနဲ့ လုံလောက်ပါရဲ့လား " အသည်းရောင်အသားဝါဘီပိုးရောဂါ (Hepatitis B ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသည်းရောင် Bပိုးကာကွယ်ဆေးကို ထိုးနှံလာကြပါတယ်။ ဒါပေမယ့် စနစ်တကျထိုးဖို့နဲ့ ကာကွယ်ဆေးက မိမိကို ကာကွယ်မှု အပြည့်အဝ ပေးနိုင်ဖို့ သတိပြုရမယ့် ထပ်မံလုပ်ဆောင်ရမယ့်အချက်တွေ ရှိပါသေးတယ်။ >>>အသည်းရောင် Bပိုးက ဘာလဲ ? Hepatitis B လို ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး ဟာ အသည်းရောင်ဗိုင်းရပ်စ်ပိုး ၅မျိုးထဲကတစ်ခု ဖြစ်ပြီး ဘီပိုးနဲ့ စီပိုးဟာ နာတာရှည်ရောဂါတွေ ခံစားရနိုင်ပါတယ်။ ရက်ခဏတာ ဖြစ်တဲ့ အသည်းရောင်ခြင်း ( acute hepatitis)

Coughing Up Blood and Tuberculosis

By |2018-03-24T11:10:25+00:00March 24th, 2018|Categories: All Articles, ကူးစက်တတ်သောရောဂါများ, အထွေထွေရောဂါများ|

ချောင်းဆိုးသွေးပါ အသက် 20 ဝန်းကျင်၊ ခပ်ပိန်ပိန်အမျိုးသမီးငယ်တစ်ဦး ဆေးခန်းထဲဝင်လာသည်။ ယူနီဖောင်းလေးက ခပ်နွမ်းနွမ်းပေမယ့် အသားလေးဖြူနေတော့ ကြည့်လို့်တော့အဆင်ပြေသည်။ ကိုယ်တိုင်ကအလှကြိုက်သူမို့ ဒီကလေးမ ဒီထက်နည်းနည်းလေး ပိုပြည့်လာလျှင် ပိုကြည့်ကောင်းမှာပဲဟု ကောက်ချက်ချမိသည်။ " ဆရာမ....သမီး ချောင်းဆိုးတာ သွေးတွေပါလို့.." ဒီအသက်အရွယ် ..ဒီခန္ဓာကိုယ်နဲ့...ချောင်းဆိုးသွေးပါတယ် ဆိုတော့.....အင်း...ဖြစ်နိုင်ချေကိုတော့ ခန့်မှန်းလိုက်မိပြီ... သေချာအောင် မေးခွန်းအနည်းငယ်ထပ်မေးလိုက်တော့... ချောင်းဆိုးနေတာတစ်လကျော်လောက်ရှိနေပြီဖြစ်ကြောင်း အစက သလိပ်မထွက် ၊ချောင်းခြောက်ပဲဆိုးကြောင်း စပ်ဆေးတွေဝယ်သောက်လိုက်၊ချောင်းဆိုးသက်သာရင် ရပ်ထားလိုက်၊ ပြန်ဆိုးရင် စပ်ဆေးထပ်ဂယ်သောက်လိုက်လုပ်နေရင်းက မနေ့ညကမှ ချောင်းဆိုးရင်း သွေးပါလာလို့ ကြောက်လန့်ပြီး ဆေးန်းလာပြခြင်းဖြစ်ကြောင်းပြောလေသည်။ ဒါနဲ့ အခြားရောဂါလက္ခဏာတွေ ဆက်မေးတော့ .... ချောင်းစဆိုးကတည်းကပင် အဖျားမကြီးသော်ငြားလည်း လူက နေလို့မကောင်း တရှောင်ရှောင်ဖြစ်နေကြောင်း