Benefits of lip Balm

February 21st, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

lip balm ရဲ့ ကောင်းကျိုးများ ​ဆောင်းရာသီ​ရောက်​လာတဲ့ အတွက်​ ရာသီဥတုဒဏ်​​ကြောင့်​ အသား​အ​ရေ ​ပြောင်းလဲလာမှုကို လူတိုင်းနီးပါး ခံစားရတတ်​ပါတယ်​ ခန္ဓာကိုယ်​ရဲ့ နူးညံ့တဲ့ အစိတ်​အပိုင်း ​တွေထဲကတစ်​ခုဖြစ်​တဲ့ နှုတ်​ခမ်းလဲ ​ဆောင်းရာသီမှာ ​ခြောက်​​သွေ့မှု​တွေနဲ့ ရင်​ဆိုင်​လာရမှာမလွဲပါဘူး နူးညံ့တဲ့ နှုတ်​ခမ်း​လေးက ရာသီဥတု​အေးတာ​တွေ, ​ရေ​သောက်​နည်းတာ​တွေ, ​ခြောက်​​သွေ့ပူ​လောင်​တဲ့ရာသီ​တွေ, ​နေ​ရောင်​ခြည်​ပြင်းပြင်းနဲ့ ထိ​တွေ့မိတဲ့ အချိန်​​တွေမှာ နှုတ်​ခမ်း​ခြောက်ခြင်း, နှုတ်​ခမ်းကြွဲခင်း , ​သွေးထွက်​ခြင်း, နာကျင်​ခြင်းများ ခံစားရတတ်​ပါတယ်​ နှုတ်​ခမ်း ကျန်းမာ​အောင်​ ထိန်းသိမ်းဖို့ အလွယ်​ကူဆုံးနည်း​လေးက​တော့ lip balm ​လေး​တွေ မကြာခဏ ဆိုး​ပေးချင်းပါပဲ များ​သောအားဖြင့်​ lip balm ​တွေကို vitamin E, shea butter, rose

Are you in need for glasses

February 20th, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

မျက်မှန်တပ်ဖို့လိုကြောင်းပြနေတဲ့ လက္ခဏာများ မျက်မှန်တပ်ဖို့လိုအပ်နေတယ်ဆိုတာကတော့ မိမိရဲ့မျက်လုံးဟာ။ လက်ရှိအခြေအနေနဲ့မလုံလောက်တော့လို့၊အားနည်းလာလို့၊ လိုတာထပ်ပိုပြီးအားစိုက်နေရလို့၊ မျက်စိမှာရောဂါရှိနေလို့။ စသဖြင့်အကြောင်းမျိုးစုံရှိနိုင်ပါတယ်။ ဘာအကြောင်းကြောင်ြ့ဖစ်ဖြစ် မျက်မှန်တပ်ဖို့လိုနေပြီဆိုရင်တော့ ခန္ဓာကိုယ်က သတိပေးတတ်ပါတယ်။ အဆိုပါသတိပေးချက်တွေကို သတိမမူပဲထားလိုက်ရင်တော့ အချိန်လွန်သွားပြီး အမြင်အာရုံကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ အဆိုပါသတိပေးချက်တွေပေါ်လာတိုင်းမျက်မှန်တပ်စရာမလိုသေးပဲ မျက်စိက်ုအနားပေးတာ၊ အာရုံကြောအားဆေးတွေသောက်တာတွေနဲ့ကုလို့ရနိုင်ပါတယ်။ မျက်စိညောင်းတာဟာ အဆိုပါသတိပေးချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ မျက်စိအများအပြားမသုံးရပဲ သာမန်စာဖတ်တာ၊ TVကြည့်တာလောက်နဲ့တောင် မျက်စိညောင်းတာ၊ အောင့်တာ၊ နာကျင်တာ၊ နေမထိထိုင်မသာဖြစ်တာတွေရှိနေရင်တော့ မျက်မှန်လိုပြီလားလို့စဉ်းစားရပါမယ်။ တစ်ရက်ဖြစ်တာနဲ့မတပ်ရသေးပဲ နေ့စဉ်ရက်ဆက်သိသိသာသာနှောင့်ယှက်လာပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ခဏခဏခေါင်းကိုက်တယ်ဆိုရင်လည်း မျက်မှန်လိုကောင်းလိုနေနိုင်ပါတယ်။ အနီးကအရာဖြစ်ဖြစ်အဝေးကအရာဖြစ်ဖြစ် မျက်လုံးကကောင်းကောင်းမမြင်ရရင် မှန်ဘီလူးတွေ၊ အာရုံကြောတွေက ပိုမိုပြီးအလုပ်လုပ်ရပါတယ်။ ထိုအခါမျက်လုံးကအလုပ်တွေပိုလုပ်ရပြီး အပိုဝန်တွေပိကာခေါင်းကိုက်တတ်ပါတယ်။ အမြင်မှုန်ဝါးတာကလည်း မျက်မှန်တပ်ဖို့အတွက်အချက်ပေးခြင်းဖြစ်ပါတယ်။ အနီးမှုန်တာဖြစ်ဖြစ်၊ အဝေးမှုန်တာဖြစ်ဖြစ် မှန်ဘီလူးရဲ့အကွာအဝေးကို ချိန်ဆပေးဖို့လိုနေပြီဆိုတဲ့သဘောသက်ရောက်တာကြောင့် မျက်မှန်တပ်ဖို့စစ်ဆေးသင့်ပါတယ်။ မြင်ကွင်းမှာအစက်အပြောက်တွေမြင်တာ၊ လက်ခနဲလက်ခနဲဖြစ်တာ၊ အဝိုင်းတွေအစက်တွေမြင်နေရတာကလည်း။

When and how frequently should you check for Diabetes Mellitus

February 19th, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

ဆီးချိုသမားတွေ တစ်နေ့ဘယ်နှစ်ခါလောက်ဆီးချိုစစ်ရမလဲ? ဆီးချိုသမားတွေရဲ့ဘဝမှာ ဂရုစိုက်စရာတွေများပြားပါတယ်။ အချိုတွေရှောင်ရတာ၊ ဆီးချိုအရမ်းမတက်သွားအောင်၊ ဆီးချိုအရမ်းကျမသွားအောင်ဂရုစိုက်ရတာ၊ ဆေးမှန်မှန်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ရတာ၊ နောက်ဆက်တွဲဆိုးကျိုးတွေမဝင်အောင်ဂရုစိုက်ရတာတွေလည်း ပါဝင်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဆီးချိုဓာတ်ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးရတာဖြစ်ပါတယ်။ အသုံးများတဲ့ဆီးချိုစစ်နည်းကတော့ HbA1Cလို့ခေါ်တဲ့ သွေးပြန်ကြောကနေ သွေးယူပြီးစစ်တဲ့နည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့3လအတွင်းဆီးချိုထိန်းသိမ်းတာအခြေအနေဘယ်လိုရှိလဲဆိုတာသိအောင်စစ်တာဖြစ်ပါတယ်။ အဆိုပါအဖြေပေါ်မူတည်ပြီးဆေးအတိုးအလျှော့လုပ်ကြပါတယ်။ နောက်ထပ်နည်းတစ်ခုကတော့ အများသိကြတဲ့ လက်ရဲ့ထိပ်ကနေသွေးဖောက်ပြီးဆီးချိုစစ်တာဖြစ်ပါတယ်။ လက်ကနေသွေးဖောက်ပြီးဆီးချိုစစ်တဲ့အခါမှာလည်း တစ်နေ့ကိုဘယ်လောက်စစ်ရမလဲဆိုတာရှိလာပါတယ်။ ဆီးချိုရောဂါအမျိုးအစား 2မျိုးရှိတဲ့အနက် type 1ဆိုရင်တော့ တစ်နေ့တည်းတင်7ခါလောက်စစ်ရနိုင်ခြေရှိပြီး type 2ဆိုရင်တော့ အနည်းအများကွာခြားနိုင်ပါတယ်။ သွေးစစ်ရင်လည်း မနက်စာမစားရသေးခင်စစ်တာ၊ အစားစားပြီး2နာရီစစ်တာ၊ အစားမစားခင်စစ်တာ၊ အိပ်ခါနီးစစ်တာ စသဖြင့်လည်း အချိန်တွေကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါရှိမှန်းသိသိချင်းဆိုရင်တော့ ဆေးညှိနိုင်ဖို့တစ်နေ့ကို4ကြိမ်လောက်စစ်ဆေးရနိုင်ပါတယ်။ ဆေးပမာဏသိပြီး ဆီးချိုကလည်းစိတ်ချရတဲ့အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ပြီဆိုရင်တော့ တသ်နေ့တစ်ကြိမ်သာစစ်ရနိုင်သလို မိမိရဲံဆရာဝန်သဘောအတိုင်း2ရက်တစ်ခါ၊ 3ရက်တစ်ခါစသဖြင့်စစ်ရနိုင်ပါတယ်။ ဆီးချိုစစ်တာကို အကြိမ်များလွန်းတယ်ထင်ပြီးမိမိသဘောနဲ့ မစစ်တော့တာ၊

Causes and Treatment of dryness of feet

February 18th, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

ခြေဆီမထွက်တဲ့အခါ ဆောင်းတွင်းရောက်လာပြီဆိုရင် အချို့သူတွေမှာ ခြေဆီမထွက်တဲ့အတွက် ခြေထောက်တွေခြောက်ကာ အက်ကွဲလာပြီး စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ အချို့ဆိုရင် အကွဲလွန်ပြီး နာလာကာလမ်းမလျှောက်နိုင်တာတွေ၊ သွေးထွက်လာတဲ့အတွက်စပ်ပြီးပိုးဝင်တာတွေရှိလာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာလေးတွေကိုတင်ပြလိုက်ပါတယ်။ ဆောင်းတွင်းအေးလာတဲ့အခါ သွေးလည်ပတ်မှုလည်းနှေးကွေးသွားတတ်ပါတယ်။ ဒီအခါမှာ ခြေထောက် အထူးသဖြင့် ခြေဖနောင့်နဲ့ခြေဖဝါးမှာ သွေးစီးဆင်းမှုနှေးကွေးနည်းပါးသွားပြီး ခြောက်ကပ်လာပါတယ်။အထူးသဖြင့် သံမံတလင်း၊ ကြွေပြားအစရှိတဲ့ အေးစက်စက်အရာဝတ္ထုတွေပေါ်မှာ ဖိနပ်မပါဘဲ အချိန်ကြာကြာအလုပ်လုပ်ရသူတွေမှာလည်းအဖြစ်များပါတယ်။ နာတာရှည်ရောဂါသည်များနဲ့ ဆီးချိုသည်များမှာတော့ ခြေဆီမထွက်လို့ခြေထောက်အက်ကွဲတအြခါ အထူးပိုမိုဂရုစိုက်ရပါတယ်။ သူတို့မှာခြေထောက်ခြောက်သွေ့အက်ကွဲရင် အခြားသူတွေထက်ပျောက်ဖို့ပိုကြာတတ်သလို ပိုးဝင်ခြင်းအစရှိသော နောက်ဆက်တွဲအကျိုးဆိုးများလည်းဖြစ်လာနိုင်ပါတယ်။ ခြေဆီမထွက်လို့ခြေထောက်ကွဲအက်ခြင်းကိုသက်သာစေဖို့ကတော့ အေးသောနေရာများကိုသွားလာမယ်ဆိုပါက ခြေအိတ်ဝတ်ပါ သို့မဟုတ် ဖိနပ်လုံလုံစီးပါ။ ခြောက်သွေ့ကွဲအက်သောခြေဖဝါးနဲ့ ခြေဖနောင့်ကို အလှဆီ(glycerin)လိမ်းပါ၊ သဘာဝနည်းတစ်ခုဖြစ်တဲ့ ငှက်ပျောသီးမှည့်အခွံကိုအုပ်ပေးခြင်းလည်းပြူလုပ်နိုင်ပါတယ်။ အစားအသောက်အနေနဲ့ကတော့ သွပ်ဓာတ်(Zinc)၊ ဗီတာမင်အီး(Vitamin E)၊ Omega 3အဆီဓာတ်ပါသောအစားအစာများကို

Color of Urine and Health

February 18th, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

ဆီးအရောင်ကပြောတဲ့ သင့်ကျန်းမာရေးအကြောင်း လူတစ်ယောက်ရဲ့နေ့စဉ်ရှင်သန်မှုမှာ ခန္ဓာကိုယ်တွင်းမှာမလိုအပ်တဲ့အရာများကို စွန့်ထုတ်ပစ်ဖို့ဟာလဲ အရေးကြီးတဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်မှန်ခြင်း၊ အရောင်ပြောင်းခြင်းဟာလည်ူ သိသင့်သိထားထိုက်တဲ့ ကျန်းမာရေးဗဟုသုတတစ်ခုဖြစ်တဲ့အတွက် ဆီးအရောင်မှပြောသော ကျန်းမာရေးအကြောင်း တစ်စေ့တစ်စောင်းတင်ပြလိုက်ပါတယ်။ ပုံမှန်ဆီးရဲ့အရောင်ဟာဆိုရင် အဝါဖျော့ဖျော့မှ ဝါကျင်ကျင်အရောင်အတွင်းရှိနေတတ်ပါတယ်။ ရေသောက်များသွားတဲ့အခါ ဖြူလျေယ့လျေယ့ဘက်ပိုသန်းပြီး ရေသောက်နည်းမယ်၊ နေပူထဲသွားမယ်ဆိုရင်တော့ ဝါကျင်ကျင်ဖြစ်လာမှာပါပဲ။ ဒီအဝါရောင်ကိုတော့ Urochromeလို့လဲခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ဆီးအရောင်တွေ ပန်းရောင် သို့မဟုတ် အနီရောင် ဆီးအရောင်နီလာပြီဆိုရင် လူတွေစိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါပေမယ့်ဆီးနီတိုင်းလည်း ရောဂါကြီးမဟုတ်သလို ပေါ့ပေါ့ဆဆလည်း သဘောမထားသင့်ပါဘူး။ ဘလက်ဘယ်ရီ၊ မုန်လာဥနီ၊ စသည်တို့အစားများသွားရင်ဆီးနီတတ်ပါတယ်။ ဒါပေမယ့် ဒါတွေကြောင့်သာဆိုရင်တစ်ခနတာသာ ဖြစ်ရပါမယ်။ ဒါ့အပြင် တီဘီရောဂါကုသတဲ့ဆေးတစ်မျိုးဖြစ်တဲ့ Rifampicin သောက်ထားတဲ့အခါမှာလည်း ဆီးနီတတ်ပါတယ်။ ဒါတွေကတော့ရောဂါမဟုတ်တဲ့ဆီးနီခြင်းတွေပါ။ ဒီလိုမှမဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးနီဥတွေပေါက်ကွဲသောရောဂါနှင့်အခြေအနေများ၊ ဆီးပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း အထူးသဖြင့်ဆီးကျောက်ကြောင့်

Stroke vaccine

February 18th, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

လေဖြတ်ကာကွယ်ဆေးရှာပုံတော် အခုနောက်ပိုင်းမှာ ရပ်ကွက်ထဲမှာလေမဖြတ်အောင် လေဖြတ်ကာကွယ်ဆေးထိုးကြမယ်ဆိုပြီး ပြောနေကြထိုးနေကြတာတွေတွေ့နေရပါတယ်။ လေဖြတ်တဲ့အခါမှာ ပြန်မကောင်းကြတဲ့သူတွေလည်းအများအပြားရှိသလို ပြန်ကောင်းဖို့ကိုလည်းအချိန်အကြာကြီးယူရသူတွေရှိတဲ့အတွက် လူတွေကလေဖြတ်မှာအလွန်ကြောက်ကြပါတယ်။ ဒီတော့ လေဖြတ်ကာကွယ်နည်းတွေကိုလေ့လာပြီး တစ်ခုမဟုတ်တစ်ခုစမ်းသပ်ကြပါတယ်။ ဒီအထဲမှာမှ လေဖြတ်ကာကွယ်ဆေးထိုးဖို့ရွေးချယ်ကြသူတွေရှိတဲ့အတွက် ဒီဆောင်းပါးကိုတင်ပြလိုက်ပါတယ်။ တစ်ကယ်တော့ လေဖြတ်ကာကွယ်ဆေးဆိုတာကမ္ဘာပေါ်မှာခုထိ လုံးဝမပေါ်သေးပါဘူး။ တစ်နည်းအားဖြင့် ရှိကိုမရှိသေးတာပါ။ ဒါဆိုရင် အခုလူတွေထိုးနေကြတာဘာတွေလဲလို့မေးစရာရှိလာပါတယ်။ အခုလူတွေကို ရမ်းကုများနဲ့ဆေးဆရာယောင်များက လေဖြတ်ကာကွယ်ဆေးဆိုပြီးထိုးပေးနေကြတာက Piracetam လို့ခေါ်တဲ့ဆေး ဒါမှမဟုတ်ရင် Cerebrolysin လို့ခေါ်တဲ့ဆေးတွေပါ။ ဒီဆေးတွေဟာတကယ်တော့ လေဖြတ်တာကိုကာကွယ်တဲ့ဆေးတွေမဟုတ်ဘဲ လေဖြတ်ပြီးတဲ့သူတွေကို နောက်ဆက်တွဲအနေနဲ့ ရေရှည်ပေးတဲ့ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေဟာ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်လို့ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမထားပါဘူး။ ဒါ့အပြင် Piracetamရဲ့အစွမ်းသတ္တိကိုလည်း ပညာရှင်များကအငြင်းပွားနေကြဆဲဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ကြောက်ကြတဲ့လေဖြတ်ခြင်းကို ကာကွယ်ဖို့ရာ မဖြစ်နိုင်တော့ဘူးလား လက်လျှော့ရတော့မှာလား လို့မေးရင် ကာကွယ်နိုင်မယ့်အဖြေရှိပါတယ်။ အဲဒါကတော့ ကိုယ်လက်လှုပ်ရှားခြင်းနဲ့အစားအသောက်ကိုဆင်ခြင်ပြီးစားသုံုးခင်းပါပဲ။ တစ်နေ့ကို