ပွေးပေါက်လေ့ရှိသောနေရာများ

By |2019-08-18T19:49:59+00:00August 18th, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ပွေးပေါက်လေ့ရှိသောနေရာများ ပွေးဆိုတာကတော့လူတိုင်းသိပြီးသားဖြစ်တဲ့ အရေပြားယားနာရောဂါပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ကူးစက်တတ်တဲ့မှိုယားနာရောဂါတစ်မျိုးပဲဖြစ်တယ်။ ဒီလိုအဖြစ်များတဲ့ ပွေးရောဂါဟာ လူ့ခန္ဓာကိုယ်ရဲ့မည်သည့်နေရာတွေမှာပေါက်လေ့ပေါက်ထရှိလဲဆိုတာကို ပြောပြပေးသွားပါ့မယ်။ ဘယ်နေရာတွေမှာပွေးပေါက်လေ့ရှိသလဲ??? ၁။ခြေထောက်တွေဖြစ်ပါတယ်။ ခြေချောင်းလေးတွေကြားနဲ့ခြေထောက်မှာ အရေပြားအနာလေးတွေ၊အရေခွံကွာတာလေးတွေနဲ့ အရည်ကြည်ဖုလေးတွေဖြစ်တတ်ပြီး အတော်ယားယံပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီ၊ခြေထောက်များမကြာခဏစွတ်စိုခြင်းနဲ့ ခြေအိတ်ကြပ်ကြပ်ဝတ်တဲ့လူတွေမှာ အဖြစ်များပါတယ်။ ၂။ပေါင်ခြံကြားတွေဖြစ်ပါတယ်။အနီရောင်ယားနာအကွက်ကလေးတွေဖြစ်ပြီး အမျိုးသားတွေမှာအဖြစ်များပါတယ်။ လိင်အဂါင်္မှာပါဖြစ်နိုင်ပြီး ကပ်ပယ်အိတ်မှာတော့သိပ်ဖြစ်လေ့မရှိပါဘူး။ ၃။ဦးရေပြားမှာလဲအဖြစ်များပါတယ်။ ကလေးအသက် ၂နှစ်မှ ၁၀နှစ်အတွင်းမှာအဖြစ်များပြီး ကူးစက်လွယ်ပါတယ်။ လူကြီးတွေမှာတော့အဖြစ်နည်းပြီး အနီရောင်ယားနာကွက်၊အရေပြားကွာတာလေးတွေရယ် ဆံပင်ကျွတ်တာတွေရယ်ဖြစ်တတ်ပါတယ်။ အရမ်းလဲယားပါတယ်။ ၄။လက်သည်းခြေသည်းတွေမှာလဲတွေ့ရပါတယ်။ လက်သည်းခြေသည်းလေးတွေဝါလာတတ်၊ထူလာတတ်ပြီး ပုံစံပျက်ယွင်းတတ်ပါတယ်။ ခြေသည်းမှာပိုအဖြစ်များပြီး အရွယ်ရောက်ပြီးသားလူတွေမှာပိုဖြစ်လေ့ရှိပါတယ်။ ကလေးတွေမှာတော့ ဖြစ်ပွားမှုနှူန်းနည်းပါတယ်။ ၅။မျက်နှာနဲ့ခန္ဓာကိုယ်။ ရာသီဥတုပူနွေးစွတ်စိုတဲ့အခါအဖြစ်များပြီး အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အနီရောင်အဝိုင်းလေးတွေဖြစ်ကြီး အနားသတ်တွေဟာထူပြီးမြင့်တက်နေပါတယ်။ ခန္ဓာကိုယ်နေရာအနှံ့ဖြစ်လေ့ရှိပြီး ဖြစ်တဲ့နေရာအလွန်ယားယံပါတယ်။ ဒီလောက်ဆို ပွေးပေါက်လေ့ရှိတဲ့နေရာတွေကိုတီးခေါက်မိပြီ ထင်ပါတယ်။

why do you need iron supplement

By |2020-01-20T05:32:43+00:00June 26th, 2019|Categories: All Articles, စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

သင် ဘာကြောင့်သံဓါတ်လိုအပ်သလဲ ? သံဓာတ်အားဆေးကို ပုံမှန်သော်လည်းကောင်း ရံဖန်ရံခါသော်လည်းကောင်း သောက်နေကြသူတွေအများအပြားရှိပါလိမ့်မယ်။ တစ်ချို့ကလည်း တီဗီမှာကြေငြာတာတွေ့လို့ အားဆေးဆိုတာနဲ့ဝယ်သောက်လိုက်တယ်…တစ်ချို့ကျအသိမိတ်ဆွေကညွှန်းလို့သောက်တယ်….တစ်ချို့က ဆရာဝန်က သောက်ခိုင်းတယ်လို့သောက်တယ်။သောက်မယ့်သာသောက်နေတာ….ဒီသံဓာတ်အားဆေးဆိုတာ ဘာအတွက်ကောင်းလဲ …ဘယ်သူတွေသောက်သင့်တယ်…ဘာကြောင့်သောက်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး သေသေချာချာသိသူတော့ ရှားပါတယ်။ဒါကြောင့် သံဓာတ်အကြောင်းလေး အနည်းငယ်ရှင်းပြပေးလိုပါတယ်။ သံဓာတ်ဆိုတာ ယောကျ်ား မိန်းမ မရွေး…လူတိုင်းရဲ့ ကိုယ်ခန္ဓာအတွက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ဆက်ရှင်းပါမယ်….လူတိုင်းအသက်ရှူနေပါတယ်….သို့သော် အသက်ရှူနေတိုင်း… ခန္ဓာကိုယ်က အောက်စီဂျင်မရပါဘူး။ရှူသွင်းလိုက်တဲ့ လေထဲက အောက်စီဂျင်ဓာတ်ကို လိုအပ်နေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးဖို့ သွေးနီဥနဲ့ သွေးနီဥထဲမှာပါဝင်တဲ့ ဟေမိုဂလိုဘင် လိုအပ်ပါတယ်။အဆိုပါ သွေးနီဥနဲ့ ဟေမိုဂလိုဘင်တို့ကောင်းစွာဖြစ်ပေါ်နိုင်ဖို့ သံဓာတ်က မပါမဖြစ်ပါ။သံဓာတ်ချို့တဲ့သူတွေမှာ အဆိုပါသွေးနီဥတွေ ကောင်းစွာမဖြစ်ပေါ်နိုင်၊အလုပ်ကောင်းစွာမလုပ်နိုင်တဲ့အတွက် အောက်စီဂျင်လုံလောက်စွာမရ၊အကျိုးဆက်အနေနဲ့ မောပန်းလွယ်လာပါလိမ့်မယ်။ သံဓာတ်ရဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ခန္ဓာကိုယ်ဆဲလ်များရဲ့

How can Vitamin c benefits teenager

By |2020-03-05T04:20:16+00:00June 25th, 2019|Categories: All Articles, စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

လူငယ်တို့ အတွက် ဗီတာမင်စီ ငယ်ရွယ်သူတိုင်းဟာ ဖွံ့ဖြိုးမှုအတွက် ကျန်းမာဖို့အတွက် ကိုယ်ခံအား မြင့်မားဖို့ အတွက် နေ့စဉ် ဗီတာမင်နှင့် သတ္ထုဓါတ်များစွာလိုအပ်ပါတယ် အဲလို အရေးကြီးသော ဗီတာမင်တွေကို နေ့စဉ် အစားအစာများမှရသော်လည်း အခြေအနေ တချို့မှာ ဗီတာမင်အားဆေး တွေ ဖြည့်တင်းပေးဖို့ က လည်း လိုအပ်နေလျက်ရှိပါတယ် အဲလို ဗီတာမင်တွေထဲက ဒီလိုတုပ်ကွေးရာသီမှာ အရေးကြီးသော ဗီတာမင်စီရဲ့ လူငယ်လူရွယ်များအပေါ်အရေးပါပုံကို ဖော်ပြလိုက်ပါတယ်။ (၁)သင့် ကိုယ်ထဲ က အမာခံ စစ်တပ် ခုနောက်ပိုင်း ကင်ဆာတွေဟာ ငယ်ငဟ်ရွယ်ရွယ်နဲ့လည်း ဖြစ်လာတာတွေ့နေရပါတယ် အဓိကက free radical ဆိုတဲ့ မော်လိကျူးတွေကြောင့် ဖြစ်နေတာပါ အဲကောင်ကြောင့်

Way to improve scar

By |2020-03-20T03:45:10+00:00June 20th, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

အလှမပျက်ဖို့ အမာရွတ် တွေ ရုပ်မဆိုးအောင် ဘာတွေ လုပ်ကြမလဲ အမာရွတ် ဘယ်လိုဖြစ်လာတာလဲ အရွတ်ဆိုတာ အရေပြားရဲ့ dermis အလွှာကို ထိခိုက်မိလို့ collagen fibres တွေကတဆင့်ဖြစ်လာတာပါ ဘယ်လို ပင်ဖြစ်ပါစေ အမာရွတ်ဆိုတာဖြစ်ရင်ကို အသက်အရွယ်မရွေး အလှပျက်စေမှာ ဧကန်ပင် မဟုတ်ပါလော။ ပုံမှန် နဲ့ ပုံမမှန်အမာရွတ် အမာရွတ်နေရာကို လက်နဲ့ စမ်းကြည့်ပါ အမာရွတ်က ဖုဖောင်းနေတယ်ဆိုပါက ပုံမမှန်အမာရွတ်ပါ ပုံမမှန်အမာရွတ်တွေကို သေချာ ကုသဖို့လိုပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမာရွတ်ဖြစ်လာပြီဆို ပထမ အလှပျက်လာပါမယ် အမာရွတ်ကြီးရင်ကြီးသလို ရုပ်ဆိုးလာပါတယ် ရုပ်ဆိုးလာပါက လူကြားထဲ မသွားရဲတာ လုပ်ငန်းခွင်မှာ အပြောအဆို ခံရတာ ကနေ

ways to get glow skin

By |2020-03-20T03:46:04+00:00June 20th, 2019|Categories: All Articles, စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

အသားကြည်လင်ဖို့ ဘယ်လိုလုပ်ကြမလဲ လှပျိုဖြူတို့အတွက် မိန်းမမြတ်အင်္ဂ ါရပ်ထဲ တပါးပါဝင်သော အသားအရည်၏ကောင်းခြင်း ပြီးပြည့်စုံစေဖို့ အချက် လေးများကို ဖော်ပြပေးလိုက်ပါတယ် (၁) သဘာဝ အုန်းဆီစစ် စစ် အုန်း ဆီ မှာ antioxidant တွေ အရောင်သက်သာစေသော ဓါတ်တွေ ပါတာမို့ အသားအရည်အတွက်အလွန်းအမင်းသင့်တော်လှပါတယ် အုန်းဆီ နဲ့ ဓါတ်မတည့်သူ မှအပ ကျန်သူ အကုန်လိမ်းလို့ရပါတယ် သူက မိတ်ကပ်ဖျက်တာမှာသုံးလို့ရသလို မိတ်ကပ်မဖျက်မှီ အသားထဲစိမ့်နေအောင်လိမ်းထားလို့လည်းရပါတယ် သဘာဝ အသားအရည်စိုပြေဆေးပါ (၂) ရှားစောင်းလတ်ပတ်ကိုသုံးစွဲခြင်း ဆဲလ်အသစ်ဖြစ်စေသော သတ္တိရှိတဲ့ ရှားစောင်းလတ်ပတ်ဟာ အသားအရည်အတွက် နတ်ဆေးတပါးပါပဲ မျက်နှာသစ်ပြီးတိုင်း ရှာစောင်းလတ်ပတ်လေးကို ကပ်ထါးပေးမယ်ဆိုပါက အသားအရည် ဝင်းလက်ကြည်လင်စေမှာပါနော်

ways to improve your immune system

By |2020-03-05T04:21:44+00:00June 20th, 2019|Categories: All Articles, စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ကိုယ်ခံအားမြှင့်တင်ပေးနိုင်သော နည်းလမ်းများ ဒီနှစ်တုပ်ကွေးဟာ အတော်ခံစားရပါတယ် အဖျားလည်းတအားကြီးသလို ဖျားပြီး ရက်ရှည်ချောင်းဆိုးတာ နှာစေးတာကျန်ခဲ့ပါတယ် အထူးသဖြင့် ကိုယ်ခံအားကျချိန်မှာ အဖျားကူး ဖျားလို့ ခံတွင်းပျက် ဘာမှ မစား ခြင် ဘာမှ မစားတော့ ကိုယ်ခံအားထပ်ကျ မပြီးဆုံးသောသံသရာဖြစ်နေသူတွေကိုတွေ့မြင်နေရပါတယ် အဲလိုပါပဲ မနက်မိုးလင်းတိုင်း နှပ်လေးတရှုံရှုံ့ နဲ့ နိုးလာကြသော ထိပ်ကပ်နာသမားတွေ ခဏခဏဖျားနေကြသူတွေ အတွက် ကိုယ်ခံအားမြှင့်တင်ပေးနိုင်သောအစားအစာတွေ နှင့် နည်းလမ်းတွေကိုဝေမျှပေးလိုက်ပါတယ်။ (၁) ချဉ်သော အသီးများ သံပရာသီး လိမ္မော်သီး ဂရိတ်ဖရုသီး စသော အသီးများဟာ ဗီတာမင်စီ ကြွယ်ဝစွာပါတာမို့ ကိုယ်ခံအားကိုမြှင့်တင်ကာ အဖျားကို တိုက်ဖျက်နိုင်ပါတယ် (၂) broccoli ပန်းပွင့်စိမ်း ကမ္ဘာ

Yoga

By |2020-03-20T03:46:45+00:00June 2nd, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ယောဂကျင့်ထုံး (Yoga)ရဲ့ ကောင်းကျိုးအသွယ်သွယ် ယခုခေတ်မှာ ကျန်းမာရေးကို လူကြီးလူငယ်မရွေးလိုက်စားလာကြပြီဖြစ်တဲ့အတွက် အားကစားခန်းမ(Fitness Gymnasium)များ နေရာအတော်များများမှာပေါ်လာပြီဖြစ်ပါတယ်။ ထို့အတူပဲ ကျန်းမာရေးဆိုင်ရာ ကုထုံးတစ်ခုဖြစ်တဲ့ ယောဂကျင့်စဉ် (Yoga)လေ့ကျင့်ရေးခန်းမများလည်းရှိလာပါပြီ။ ဒါ့ကြောင့် ယောဂကျင့်ခြင်းရဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. ခန္ဓာကိုယ်ကြွက်သားနှင့်အကြောများ ပျော့ပြောင်းလာခြင်း ယောဂကျင့်ခြင်းအားဖြင့် တစ်နေကုန်အညောင်းမိပြီးတောင့်တင်းနေတဲ့ သင့်ရဲ့ ကြွက်သားတွေပျော့ပြောင်းလာကာ ပင်ပန်းမှုကိုပြေလျော့စေမှာပဲဖြစ်ပါတယ်။ ၂. ကိုယ်နေဟန်ကျင့်စဉ် ယောဂကျင့်စဉ်တွေဟာ ကိုယ်နေဟန်အနေအထားတစ်ခုမှာ ခန္ဓာကိုယ်ကို ကြံ့ကြံ့ခံရပ်တည်နိုင်အောင်လဲအထောက်အကူပြုတဲ့အတွက် ခန္ဓာသန်စွမ်းကြံ့ခိုင်မှုအားကို တက်စေပါတယ်။ ၃. ခန္ဓာကိုယ်အချိုးအစားကျနမှု မိနစ်သုံးဆယ်ခန့်ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ၁၂၀ကယ်လိုရီမှ ကယ်လိုရီ၂၀၀ အထိကျဆင်းစေနိုင်တာကြောင့် အဆီပိုတွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်အချိုးအစားကျနမှုကို ထိန်းညှိပေးပါတယ်။ ၄. စိတ်ဖိစီးမှုကင်းဝေးစေခြင်း ယောဂကျင့်သူတွေဟာ အာရုံကိုစူးစိုက်ထားပြီး လေ့ကျင့်ရတဲ့အတွက်

Pimple Popping

By |2020-03-20T03:47:32+00:00June 2nd, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ဝက်ခြံညှစ်ခြင်း၏ ဆိုးကျိုးများ ဝက်ခြံထွက်တိုင်း မှန်ကြည့်လိုက်ရင် မျက်နှာပေါ်က ဝက်ခြံဖုရဲရဲလေးက ဖောက်ပစ်၊ ညှစ်ပစ်ချင် စရာပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ပညာရှင်မဟုတ်ဘဲ မိမိဘာသာ ဝက်ခြံဖောက်ခြင်းဟာ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံပိုဆိုးလာခြင်း။ ဝက်ခြံဖု ပိုကြီးလာခြင်း။ ဝက်ခြံညှစ်ပြီးနေရာများတွင် အမာရွတ်၊ ချိုင့်ခွက်များကျန်ခဲ့ခြင်း။ ဝက်ခြံဖုမှ ပိုမိုနာကျင်လာခြင်း။ ဝက်ခြံတွင်း ပိုးဝင်ကာ ယောင်ယမ်းလာခြင်း။ မသန့်ရှင်းတဲ့ လက်တွေ၊ ဝက်ခြံညှစ်တံတွေနဲ့ ထိုးစွပြီး ဝက်ခြံညှစ်ကြတာကြောင့်လည်း ဘက်တီးရီးယားပိုးများ ပေါက်ဖွားလာနိုင်တာကြောင့် မိမိကိုယ်တိုင် ဝက်ခြံဖောက်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက် ပွင့်ရည်(ဆေး၂)

Face Masks

By |2020-03-20T03:48:24+00:00April 4th, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ဘယ်လိုလေးလှချင်တာလဲ? သင့်မျက်နှာပေါင်းမတင်မီ ပထမဆုံးစဉ်းစားသင့်တာကတော့ ” သင်ဘယ်လိုမျိုးလှချင်တာလဲ ” ဆိုတဲ့အချက်ပါ။ မျက်နှာဖြူဝင်းချင်တာလား? အရေးအကြောင်းတွေလျော့ပါးပြီးအသားအရည်တင်းရင်းချင်တာလား? အစက်အပြောက်တွေကင်းရှင်းချင်တာလား?….စသဖြင့်….ကိုယ်လိုချင်တဲ့ အာနိသင်ပေါ်မူတည်ပြီး ဘယ်လိုအသီးအနှံသုံးရမလဲဆိုတာ ကွဲပြားတာမို့ တစ်ခုချင်းစီ သေချာပြောပြပေးမယ်….အဆုံးထိဖတ်ပေးနော်…. ဘယ်လိုအသားအရည်မျိုးပဲဖြစ်ဖြစ် ပေါင်းတင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက မိတ်ကပ်ဖျက်ပါ မိမိနှစ်သက်ရာ မျက်နှာသစ်ဆေးတစ်မျိုးမျိုးနဲ့ ရေခပ်နွေးနွေးကို အသုံးပြုပြီး မျက်နှာကိုစင်ကြယ်စွာဆေးကြောပါ။ (1)သင်ကအဆီပြန်တဲ့အသားအရည်မို့ အဆီပြန်တာကိုထိန်းသိမ်းချင်တာလား? -> ဒါဆိုရင်တော့ လွယ်ပါတယ်။ ခရမ်းချဉ်သီးအမှည့်တစ်လုံးကို အရည်ညှစ်ပြီး မျက်နှာပေါ်သုတ်လိမ်းထားလိုက်ရုံပါပဲ။ ခရမ်းချဉ်သီးအစေ့ကိုလည်း တကူးတကဖယ်စရာမလိုပါဘူး။ ထို့နောက် ၁၅မိနစ် -မိနစ် ၂၀ အကြာမှာ မျက်နှာကို ရိုးရိုးရေနဲ့ပြန်သစ်လိုက်ရုံပါပဲ။ ခရမ်းချဉ်သီးအစေ့လေးတွေက မျက်နှာပြန်သစ်တဲ့အခါမှာ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို scrub လုပ်သလို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

Is it better to sleep with underwears on or not?

By |2020-03-06T04:31:36+00:00March 28th, 2019|Categories: All Articles, နေထိုင်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ညအခါ မိမိအတွင်းခံကို ချွတ်အိပ်သင့် မအိပ်သင့် ခုလို ပူပူလောင်လောင် နွေရာသီမျိုးမှာ ပေါ့ပါးလွတ်လပ်တဲ့ ဘယ်လိုအဝတ်အစားမျိုးတွေကို ရွေးချယ် ဝတ်ဆင်တတ်ကြဖို့ ယခင်က ရေးခဲ့ပြိးပြီမို့.. ခုတစ်ခါ ပူပြင်းတဲ့ နွေရာသီညတွေမှာ အိပ်စက်ချိန်တွင် မိမိအတွင်းခံဝတ်လျက် အိပ်သင့်မအိပ်သင့် ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်... ညအိပ်ရာဝင်ချိန်မှာ တချို့က. Pajama ၊ တီရှပ် ၊ ပုဆိုး စသဖြင့် ဝတ်ဆင်ပြီး အိပ်တတ်ကြပါတယ်.. သို့သော် မိမိအတွင်းခံကို ဝတ်လျက်သားအိပ်ကြသလို ချွတ်ပြီး အိပ်ကြတာလဲ ရှိပါတယ်.. ဒီတော့ကာ ဝတ်အိပ်ခြင်း မအိပ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုးက ဘာတွေလဲ... အမျိုးသမီးတွေအနေနဲ့ တနေကုန်သွားလာလှုပ်ရှာနေရတဲ့အတွက် ချွေးတွေ အညစ်အကြေးတွေ ရှိနေနိုင်ပါတယ်...အိပ်ရာဝင်တဲ့ အချိန်မှာလဲ

Load More Posts