ခေါင်းခဏခဏလျှော်ရင် ဆံသားပျက်စီးတတ်လား
🔖ခေါင်းခဏခဏလျှော်ရင် ဆံသားပျက်စီးတတ်လား🔖 ဆံပင်ဆိုတာ မျက်နှာအလှအပကို ပံ့ပိုးပေးတဲ့ အရာတစ်ခုဖြစ်သလို ဖုန်တွေ အမှုန်အမွှားတွေ လာကပ်ဖို့ လေထဲမှာတလွင့်လွင့်နဲ့ အဆင်သင့်စောင့်ဆိုင်းနေတဲ့ သက်ရှိဖုန်စုပ်စက်လေးလို့ ဆိုရင်လည်းမမှားပါဘူး။ တချို့မိန်းကလေးတွေကတော့ တစ်ပါတ်မှာ ဘယ်နှကြိမ် ဘယ်နေ့ဆိုရင်တော့ ခေါင်းလျှော်မယ်ဆိုတာမျိုး အမြဲ အစီအစဉ်နဲ့ လုပ်လေ့ရှိပေမဲ့ တချို့ကျ လျှော်ချင်စိတ်ပေါ်မှ အနံ့အသက်မကောင်းတော့မှ လျှော်တတ်ပါတယ်။ တချို့ကတော့ နေ့တိုင်းနီးပါးကို ရေချိုးတိုင်း ခေါင်းလျှော်တဲ့အကျင့်ရှိတတ်ကြပါတယ်။ အထူးသဖြင့်ယောကျ်ားလေးတွေနဲ့ ဆံပင်သိပ်မရှည်သူတွေပေါ့။ ဆံပင်သန့်ရှင်းရေးကို ဂရုစိုက်နေရင်း တပြိုင်တည်းမှာ မမေ့သင့်တဲ့ အချက်ကတော့ ဒီဆံသားတွေဟာ သံမဏိနန်းကြိုးမျှင်တွေမဟုတ်ဘူးဆိုတာနဲ့ လျှော်လွန်းရင်လည်း ပျက်စီးတတ်တယ်ဆိုတာပါပဲ။ 🔼ဘာကြောင့် ခေါင်းမကြာခဏလျှော်ရင် ဆံသားပျက်စီးတာလဲ ?? ခေါင်းလျှော်ရည်တွေရဲ့ အဓိက အလုပ်ကတော့ ချွေး၊