Fish oil

December 15th, 2018|Categories: All Articles, စားသောက်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေရောဂါများ|

ငါးကြီးဆီ Fish oil ကတော့ လူတော်တော်များများ ကြားဖူးသိဖူးကြမှာပါ .. တကယ်တော့ မြန်မာလူမျိုးတွေက ဟိုးအရင်ခေတ်တွေထဲက ကျန်းမာရေးကောင်းအောင်လို့စားခဲ့ကြတာပါ ... ရှေးမြန်မာကြီးတွေလက်ထက်ကတည်းက စားသုံးခဲ့ကြတဲ့ ငါးကြီးဆီပါပဲ ... အဲ့ဒီခေတ်တွေတုံးကတော့ နည်းပညာမတိုးတက်သေးတော့ အနံ့နံပါတယ် ... ခေတ်တွေတိုးတက်တာနဲ့အမျှ စားသုံးရလွယ်ကူအောင်ထုတ်လာကြတာပေါ့နော် :-D ဒီဆောင်းပါးမှာတော့ ငါးကြီးဆီမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးအရှိဆုံးဖြစ်တဲ့ omega 3 fatty acids အကြောင်းကိုပြောပြသွားမှာပါ ;-) Omega 3 fatty acids မှာ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acids) တို့ပါဝင်ပါတယ် omega 3 ကြွယ်ဝစွာပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ငါးသလောက်,

Acne scars

December 1st, 2018|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ဝက်​ခြံနဲ့ ဝက်​ခြံ​ကြောင့်​ကျန်​ခဲ့တဲ့ အမာရွတ်​​တွေဟာ ဝက်​ခြံနဲ့ ဝက်​ခြံ​ကြောင့်​ကျန်​ခဲ့တဲ့ အမာရွတ်​​တွေဟာ အလှအပကြိုက်​နှစ်​သက်​​သူ​​တွေ အတွက်​​တော့ အိမ်​မက်​ဆိုးတစ်​ခုပါ။ ဝက်​ခြံက အသားအ​ရေအလှကို ညှိုးနွမ်း​စေသလို နီမြန်းခြင်း​တွေ၊ အမာရွတ်​ကျန်​ခြင်း​တွေကိုလည်း ဖြစ်​​စေနိုင်​ပါတယ်​။ ဝက်​ခြံဆိုးဆိုးရွားရွား ထွက်​ခဲ့တဲ့သူ​တွေ၊ ဝက်​ခြံဖုကို မသန့်​ရှင်းတဲ့ လက်​​တွေ၊ ဝက်​ခြံညှစ်​တံ​တွေနဲ့. ထိုးဆွတဲ့သူ​တွေမှာ အမာရွတ်​​တွေကျန်​ခဲ့နိုင်​ပါတယ်​။ ဝက်​ခြံ​ကြောင့်​ဖြစ်​တဲ့အမာရွတ်​ အမျိုးအစား အဓိက ၃မျိုးရှိပါတယ်​။ ✏ Boxcar scar - ချိုင့်​ခွက်​ နဲ့တူပြီးထင်​ရှားတဲ့ အနား​စောင်းရှိတဲ့ အမာရွတ်​ပုံစံ ✏ Ice-pick scar - ကျဉ်း​မြောင်းပြီး အတွင်းကိုနက်​တဲ့ အမာရွတ်​ပုံစံ ✏ Rolling scar - အနား​စောင်း​ပြေပြစ်​တဲ့ ချိုင့်​ကဲ့သို့ အမာရွတ်​ပုံစံ ဒီလို အကျည်းတန်​တဲ့

Effect of Honey and Lime juice on your belly

November 28th, 2018|Categories: All Articles, စားသောက်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ|

ပျားရည်သံပုရာက တကယ်ပဲ ဗိုက်ချပ်စေသလား? ပျားရည်သံပုရာနဲ့ ဗိုက်ချပ်အောင်လုပ်တဲ့နည်း ၀ိတ်ချတဲ့နည်း ကတော့ မိန်းကလေးတွေကြားမှာ တော်တော် ရေပန်းစားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိန်းကလေး သဘာဝ အတိုင်း အသက်လေး နည်းနည်းကြီးလားလို့ ဖြစ်ဖြစ်၊ အစားလေး နည်းနည်းများများ စားမိရင် ဖြစ်ဖြစ်၊ ရုံးမှာ အထိုင်များတာဖြစ်ဖြစ် ဗိုက်ခေါက်လေးထွက်လာတတ်ပါတယ်။ လူပိန်ရင်တောင် ဗိုက်လေးထွက်နေတတ်ကြပါတယ်။ မြန်မာမိန်းကလေးတွေ ရဲ့  သဘော အရ လုံချည်ဝတတ်တဲ့ အခါ ခါးလေး သိမ်ပြီး ဗိုက်လေးချပ်နေမှ မိမိကိုယ်ကို ယုံကြည်မှု ရှိတာ ဖြစ်တဲ့ အတွက် လူ မပိန်ရင်တောင် ဗိုက်ကလေး ချပ်နေချင်တတ်ကြပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ ကလည်း အချိန်မပေးနိုင်တာတွေ၊ ပျင်းတာတွေကြောင့်

” Protection of Dry Skin in Winter “

November 26th, 2018|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ|

"​ဆောင်းရာသီတွင်း အသားမပတ်​​အောင်​ ဘယ်​လို ကာကွယ်​ရမလဲ" "အလွန်​​အေးတဲ့ ရာသီ... အလွန်​ချမ်းတဲ့ရာသီ" ​ဆောင်းတွင်းဝင်​လာ​တော့.. အချမ်းပိုပြီး.. အအိပ်​ပိုမယ်​.. ​အိပ်​ရာထဲ​ကွေး​ကောင်းတာနဲ့အတူ..အားကစားလိုက်​စားသူ​တွေအဖို့ကျပြန်​​တော့ မနက်​ခင်း အ​အေး​လေးပို​​နေချိန်​ ပိုအားစိုက်​လို့ရပြန်​သလို.. မဖြစ်​မ​နေ အလုပ်​ရှိလို့ မနက်​ထရသူ​တွေ.. အပြင်​သွားရသူ​တွေအဖို့... ဂရုစိုက်​ရမယ့်​အရာက​တော့.. အသားအ​ရေပါပဲ... အ​​ရေပြားဟာ ခန္ဓာကိုယ်​တစ်​ခုလုံးမှာ အပါးဆုံး ဖြစ်​သလို သူ့ကို မ​ခြောက်​​သွေ့​အောင်​ ကာကွယ်​ဖို့ကလဲ ခက်​ခဲပြန်​ပါတယ်​.. သို့​သော်​ ဒီလိုအချက်​​လေး​တွေ လိုက်​နာခြင်း အားဖြင့်​​တော့ အ​တော်​တန်​ သက်​သာ ကွယ်​နိုင်​ပါတယ်​.. - အသားအရည်​နဲ့ ပတ်​သတ်​တဲ့ အထူးကုဆရာဝန်​​တွေဆီက ကိုယ်​နဲ့ သင့်​​လျော်​တဲ့ ​ဆေးများ၊ လိမ်း​ဆေးများ ​အကြံဥာဏ်​​တောင်းယူလို့ရပါတယ်​..ခု​​ခေတ်​ ​ဈေးကြီးစရာမလိုပဲ.. သင့်​တင့်​တဲ့​​ဈေးနှုန်းနဲ့ ​ဆေးများလဲ ရနိုင်​ပါပြီ... - ​ဒါ့ပြင်​ အသားအရည်​ကို

How to Protect Cracked Heel

November 26th, 2018|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေရောဂါများ|

ခြေဖ​နောင့်​ကွဲခြင်းမှ သက်​သာ​စေဖို့ရာ ဒီ​ခေတ်​ကြီးမှာ ​နေ့ဓဒူဝ လှုပ်​ရှားသွား​နေကြရတဲ့ လူသား​တွေအဖို့... ကျန်းမာ​ရေးကို​သေချာ ဂရုစိုက်ဖို့ရာ လိုအပ်​ပါတယ်​.. ဒီလိုသွားလာ​နေရတဲ့ထဲမှ ခန္ဓာကိုယ်​တစ်​စိတ်​တစ်​ပိုင်း ထိခိုက်​ ဒဏ်​ရာရတဲ့အခါမှာ ​နှောင့်​​နှေးတာတို့၊ အလုပ်​မဖြစ်​လိုက်​တာတို့ ရှိတတ်​ပါတယ်​... accident ​ကြောင့်​ ဖြစ်​​စေ၊ ရာသီဥတု​ကြောင့်​ ဖြစ်​​စေ ဘယ်​သူမှ ​ရောဂါ ဒဏ်​ရာတစ်​ခုခု ရချင်​ကြမှာ မဟုတ်​ပါဘူး.. ဒီထဲကမှ ခု ​ဆောင်းရာသီတွင်းဆို​တော့ကာ.. ​အ​ရေပြား ​​ခြောက်​​သွေ့မှု ပိုများ​စေပြီး စိတ်​အ​နှောက်​အယှက်​ ဖြစ်​​စေတဲ့ "ဖ​နောင့်​ကွဲနာ cracked heel" အ​ကြောင်းကို ​ပြောချင်​ပါတယ်​... ​ခြေဖ​နောင့်​ကွဲခြင်းဟာ ဒီလို ​ခြောက်​​သွေ့​ချမ်း​အေးတဲ့ ရာသီဥတုမျိုးမှာမှ မဟုတ်​ပဲ... - တ​နေကုန်​ အကြာကြီးရပ်​ရတဲ့သူမျိုး​တွေ - အဝလွန်​သူ​တွေ - လမ်းကြမ်းခရီးကြမ်း

How to prevent chapped lips in winter

November 23rd, 2018|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေ, အထွေထွေရောဂါများ|

ဆောင်းရာသီမှာ နှုတ်ခမ်းကွဲခြင်း ကာကွယ်ဖို့ (1)ရေများများသောက်ပေးပါ။ (2)နှုတ်ခမ်းအစို ဓာတ်ဖြည့်ပေးသော နှုတ်ခမ်းအဆီ(lip balm)ကို နေရောင်ကာပစ္စည်းပါသည်ကို ရွှေးချယ်သုံးသင့်ပါသည်။ (3)ငါးများများစားပေးပါ။ (4)အိမ်သုံးသကြားကို အသုံးပြု၍ နှုတ်ခမ်းရှိဆဲလ်အသေများ ဖယ်ရှားပေးသင့်ပါသည်။ (5)မအိပ်ခင် နှုတ်ခမ်းအဆီ(lip balm) ဆိုးပြီးမှ အိပ်သင့်ပါသည်။ (6) နှုတ်ခမ်းကို လျှာနှင့်မကြာခဏ သပ်ခြင်းမပြုလုပ်သင့်ပါ။ ( နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့စေပါသည်။) (7)တာရှည်ခံသော နှုတ်ခမ်းနီ မသုံးသင့်ပါ။ (8)ကွာနေသော နှုတ်ခမ်းသားကိုမခွာသင့်ပါ။ ပိုးဝင်တတ်ပါသည်။ (7)ရက်လွန်နေသော နှုတ်ခမ်းနီများ မသုံးသင့်ပါ။ မယ်တင်(ဆေး ၁)