You are here:--မျိုးဆက်ပွါးကျန်းမာရေး

How to do exercise for your Health

By |2019-04-29T12:14:28+00:00April 29th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

⛳ လေ့ကျင့်ခန်းဘယ်လိုလုပ်ကြမလဲ ⛳ တစ်ခုခုလိုချင်ရင် တစ်ခုခုပြန်ပေးရတဲ့ ဒီကမ္ဘာကြီးမှာ ကျန်းမာအသက်ရှည်ဖို့အတွက် ဘာတွေပြန်လုပ်ပေးဖို့လိုမလဲ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရမယ်။ ကျန်းမာရေးထိခိုက်စေမဲ့အရာတွေ ရှောင်ရမယ်။ နောက်ထပ်ရော? မျှတသင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလည်း လုပ်ပေးရဦးမှာပေါ့။ လူတော်တော်များများဟာ ကိုယ့်ရဲ့ ကျန်းမာရေးဖြစ်ဖြစ်..ခန္ဓာကိုယ်အချိုးအစားဖြစ်ဖြစ် ယိုယွင်းပျက်စီးစပြုလာမှ ဒါမှမဟုတ် တော်တော်လေးပျက်စီးသွားမှ လေ့ကျင့်ခန်းလုပ်ဖို့ သတိရကြပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်လို့တော့မရှိပါဘူး။ ခုပဲ စလိုက်ပါ။ ? လေ့ကျင့်ခန်းလုပ်ဖို့ ဘာတွေ လိုအပ်လဲ ?? ? နံပါတ် တစ် အရေးအကြီးဆုံးက 'စိတ်ဓာတ်'ပါပဲ။ လုပ်ချင်စိတ်မရှိရင် လေ့ကျင့်ခန်းမှ

Obesity and Health

By |2019-04-25T11:39:12+00:00April 25th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

? ဝလာလေလေ စွမ်းဆောင်မှုကျလေလေ ? ကိုဖက်တီး ဆေးခန်းထဲဝင်လာတယ်။ 'မသွားမီက ရောက်နှင့်သည်'ဆိုတဲ့ သူ့ဗိုက်ပူလေးကို ကော့ကော့ ကော့ကော့နဲ့ ရှေ့ပစ်ပြီးတော့ပေါ့။ ဝဝတုတ်တုတ် ဖတ်တီးပုတ်မို့ အားလုံးက 'ဖက်တီး'လို့ ခေါ်ရင်းခေါ်ရင်း သူ့နာမည်ရင်း သူတောင် သိပ်မမှတ်မိတော့ရှာတဲ့ 'ကိုဖက်တီး'။ ဖက်တီးတို့ရဲ့ ရိုးရာလို့ပဲ ဆိုရမလား.. 'ကိုဖက်တီး' က ရောဂါတော့စုံတယ်။ ဒီဆေးခန်းရဲ့ ဖောက်သည်ခေါ်ရမလား..အမာခံပရိသတ်ခေါ်ရမလား။ "ဟာ..ဆရာ..လူရှင်းနေတာနဲ့ အတော်ပဲ" "ပြော..ကိုဖက်တီး ဘာဖြစ်လို့လဲ" ရန်သူ့နယ်မြေထဲ တိတ်တဆိတ်ရောက်နေတဲ့ စစ်သားလို သူ့အသံ သူပြန်ကြားမှာတောင် ကြောက်တဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောတယ်။ "ဆရာ..ကျွန်တော့် ညီလေး ခေါင်းမထောင်နိုင် ဖြစ်ဖြစ်နေလို့" "ဟာ..ဆေးခန်းခေါ်လာခဲ့လေဗျာ" "ပါလာတယ်ဆရာ" "ဟာ..

Benefits of Living Together

By |2019-04-23T16:38:23+00:00April 23rd, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

? အတူနေခြင်း၏ ကျန်းမာရေးအာနိသင်များ ? ဟိုးကမ္ဘာဦးလူသား အာဒံ နဲ့ ဧဝဆီက ရခဲ့တဲ့ ချစ်ခြင်းမေတ္တာအမွေက ခုထိ လူသားတွေအတွက် လတ်ဆတ်ချိုမြ ပျော်စရာကောင်းနေဆဲ။ အဆုံးမဲ့ ချစ်ခြင်းရဲ့သင်္ကေတ တစ်ခုဖြစ်သလို လူသားမျိုးနွယ်တည်တံ့ဖို့ မရှိမဖြစ် လိုအင်တစ်ခုလည်းဖြစ်တဲ့ နှစ်ဦးသား အတူနေခြင်းမှာ အိပ်ရာပေါ်က ပျော်စရာ ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားချက်တွေအပြင် လူတွေ သိပ်မသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ? ကိုယ်ခံအားစနစ်ကို ပိုကောင်းစေတယ် တစ်ပါတ်မှာ နှစ်ကြိမ်လောက် အတူနေဖြစ်တဲ့ စုံတွဲတွေမှာ ရောဂါပိုးမွှားတွေကနေ ကာကွယ်ပေးတဲ့ Immunoglobulin A(IgA) ပိုများတာတွေ့ရပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အကြိမ်ရေ သိပ်များသွားရင်တော့ stress ကြောင့်

Sexually Transmitted Diseases(STIs)that you shouldn’t miss

By |2019-04-12T20:23:44+00:00April 12th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

မပေါ့ဆသင့်တဲ့ ပြသနာတစ်ခု - ဒေါက်တာ ဖြိုးသီဟ တကယ်တော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ပါဝင်နေတဲ့ကိစ္စပါ။ ဒါနဲ့ပတ်သက်တဲ့ တန်ဖိုးထားမှုတွေကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာဆိုရင် လက်မထပ်ခင် အတူနေတာကို မကောင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် အများက ရှုမြင်ကြပါတယ်။ လက်ထပ်ပြီးမှပဲ အတူနေသင့်တယ်၊ စည်းစောင့်သင့်တယ်။ ဒါကို ယောကျာ်းကောင်း၊ မိန်းမကောင်းလက္ခဏာအဖြစ် ပုံဖော်တတ်ကြတယ်။ နောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေတွေအရ လူငယ်တွေကြားထဲမှာ တန်ဖိုးထားမှုတွေ ပြောင်းလဲလာတယ်။ ဒါကို ယောကျာ်းကောင်း၊ မိန်းမကောင်းဖြစ်ခြင်းနဲ့ ချိတ်ဆက်မတိုင်းတာကြတော့ဘူး။ Relationship တစ်ခုရဲ့ သာမန်ကိစ္စလိုပဲ သဘောထားလာကြတယ်။ ဒါကို

How should men keep genital organs clean

By |2019-03-30T15:15:00+00:00March 30th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

ကျားအင်္ဂါကို မလုပ်သင့်သည့်အရာများ အသက်ရှင်သန်ဖို့လုပ်ငန်းကြီးဖြစ်တဲ့ဆီးစွန့်ဖို့အတွက်သာမက လူသားမျိုးဆက်တွေပွားများဖို့အတွက်ပါ အရေးပါသော၊ယောကျာ်းသားတို့ရဲ့အလွန်အင်မတန်မှနူးညံ့လှပါသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မလုပ်သင့်၊မလုပ်အပ်တဲ့အရာတွေအကြောင်း(ရှောင်ရန်)ကို တိုးတိုးတိတ်တိတ်လေးပြောပြပေးသွားပါ့မယ်။ (မှတ်ချက်-မိန်းကလေးများ မဖတ်ရပါ။ ဖတ်ချင်လဲဖတ်ပါ၊ပြီးမှ မရှက်ပါနှင့်) ၁။လက်ဖြင့်ပုတ်ခြင်း၊ရိုက်ခြင်းမပြုရပါ။လေထိုး၍ရသောလက်ဝှေ့အိတ်မဟုတ်ပါ၊ကျီစယ်၍သော်လည်းကောင်း၊ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ရိုက်ပုတ်ခြင်းမပြုရပါ။ ၂။ဖိခြင်း၊ညှစ်ခြင်းများလဲမလုပ်သင့်ပါ။၎င်းသည် အလွန်နူးညံ့သောကြောင့် pressure ဒဏ်ကို မခံနိုင်ပါ။ ၃။ဆီးလမ်းကြောင်းအတွင်းသို့ မည်သည့်အရာမှ မထည့်ရပါ။အပေါ်ဖုံးလေးဖွင့်ပြီး တစ်ခုခုထည့်ရသော ပုလင်းမဟုတ်ပါ၊ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း၊ပိုးဝင်ခြင်း၊အလွန်နာကျင်ခြင်းများဖြစ်တတ်ပါတယ်။ ၄။သားရေကွင်းမဟုတ်ပါ။အလွန်အမင်း ဆွဲဆန့်ခြင်း လုံးဝမပြုလုပ်ရပါ။ ၅။ဝှေးစေ့များအား ရေနွေးပူဖြင့် ဆေးကြောသန့်စင်ခြင်းမလုပ်ရပါ။ ကြက်ဥမဟုတ်သောကြောင့် ရေနွေးဖြင့်စိမ်ပြုတ်ရန်မလိုအပ်ပါ။ ၆။မီးဖိုချောင်အိမ်သုံး သန့်စင်ဆေးရည်များဖြင့် ဆေးကြောစရာမလိုပါ။၎င်းတို့သည် အန္တရာယ်ဖြစ်စေတတ်ပါသည်။ဘယ်လောက်ပဲညစ်ပတ်ပေရေနေပါစေ ဆပ်ပြာနှင့်ရေဖြင့်သာ လုံလောက်ပါသည်။ ၇။အလွန်အမင်းပွတ်တိုက်ခြင်းမပြုရပါ။ အလွန်အမင်းပွတ်တိုက်ခြင်းသည် ပူစပ်နာကျင်ခြင်းကိုခံစားစေရရုံမက အရေပြားပွန်းပဲ့၍အနာပါ ဖြစ်နိုင်ပါတယ်။ ၈။စိတ်ပါနေချိန် မချိုးရပါ။လက်ဖြင့်ကွေးညွတ်ရသော စပရိန်အလေးချောင်းမဟုတ်ပါ၊မာကြောနေချိန် ၃၀ဒီဂရီထက် ပိုမချိုးသင့်ပါ(မချိုးလျှင်

Cervicitis

By |2019-02-25T10:29:38+00:00February 25th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

သားအိမ်ဝ ယောင်ခြင်း သားအိမ်ဝယောင်ခြင်း ဆိုသည်မှာ သားအိမ်၏အောက်ပိုင်းနားအဝ ယောင်ယမ်းခြင်းကိုဆိုလိုပါတယ် ။ ဒီလို သားအိမ်ဝယောင်တဲ့ အခါ အမျိုးသမီးတွေမှာ ရာသီတစ်ခုနဲ့ တစ်ခုအကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ ၊ လိင်ဆက်ဆံချိန် နာကျင်တာ ၊ မိန်းမကိုယ်ကို စမ်းသပ်တဲ့အခါ နာတာ ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုးတွေ အစရှိသည့် လက္ခဏာတွေကို ခံစားရပါတယ် ။ တခါတလေမှာလဲ ဒီလိုရောဂါလက္ခဏာတွေမပြဘဲ သားအိမ်ဝယောင်နေနိုင်ပါတယ် ။ တစ်ခါတစ်ရံမှာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဖြစ်ပွားရာက ယောင်ယမ်းနိုင်သလို ဓာတ်မတည့်မှုများကြောင့်လဲ ယောင်နိုင်ပါတယ် ။ ရောဂါလက္ခဏာများ ဒီသားအိမ်ဝ ယောင်တဲ့ရောဂါဟာ အမျိုးသမီးတွေ တစ်သက်မှာလတစ်ခါခန့်အနည်းဆုံးဖြသ်လေ့ရှိကြပေမယ့် တချို့သူတွေမှာ ရောဂါလက္ခဏာ မပြဘဲ မသိလိုက်သည်တို့ရှိပါတယ်

Why you shouldn’t use emergency pill whenever you make love

By |2019-02-21T09:38:49+00:00February 21st, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

ချစ်တင်းနှောပြီးတိုင်း အရေးပေါ်သန္ဓေတားဆေး မသုံးစွဲသင့်သည့် အကြောင်းများ ယနေ့ခေတ်တွင် လူငယ်များအတွက် လိင်မှုရေးရာ ကိစ္စများသည် မှန်ကန်သော လိင်ပညာပေးများမရှိခြင်းနှင့်အတူ တနေ့တခြားများပြားလာလျက်ရှိသည် ။ ထို့အတွက် မှန်ကန်သော သန္ဓေတားနည်းများ ကွန်ဒုံကဲ့သို့ အကာအကွယ်များကို နည်းလမ်းမှန်ကန်စွာမသုံးဘဲ လွယ်လင့်တကူ အရေးပေါ် သန္ဓေ တားဆေးများကို ဝယ်ယူအသုံးပြုနေကြသည့် ပမာဏမှာ မနည်းမနောပင် ။ အရေးပေါ်သန္ဓေတားဆေးဆိုသည်မှာ နာမည်နှင့်လိုက်အောင်ပင် အရေးပေါ်အခြေအနေများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည် ။ ကိုယ်ဝန်တားဆေး သုံးလခံထိုးပြီး တစ်ပတ်ကာလအတွင်း လိင်ဆက်ဆံမိ၍ ဖြစ်စေ ၊ မမျှော်လင့်ဘဲ အတူနေမိသွားသော အချိန်များတွင် ဖြစ်စေ ၊ အလိုမတူဘဲ မုဒိန်းကျင့်ခံရသော ကိစ္စများတွင်ဖြစ်စေ ကိုယ်ဝန်မရစေရန် အဓိက

Things to do for women immediately after sex

By |2019-02-20T11:18:12+00:00February 20th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

အမျိုးသမီးတွေအတူနေပြီးပြီးချင်း ဘာတွေလုပ်ကြမလဲ အတူနေတယ်ဆိုတာ လူနေမှုဘဝမှုကြုံနေကြအရာတစ်ခုဖြစ်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီးအတူနေပြီးရင်တော့ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေကို သတိမူမိဖို့လိုပါတယ်။ အတူနေတာကစိုးရိမ်စရာမလိုပေမယ့် အတူနေပြီးရင် စစ်ဆေးသင့်တာတွေ၊ လုပ်သင့်တဲ့အချက်လေးတွေ၊ အလေ့အကျင့်လေးတွေကို သတိလွတ်သွားရင် မထင်မှတ်ထားတဲ့ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေကပိုမိုဂရုစိုက်ရပါတယ်။ အတူနေပြီးတာနဲ့အနည်းဆုံးတစ်ခေါက်တော့ မိမိရဲ့အင်္ဂါကိုရေဆေးသင့်ပါတယ်။ မိမိရဲ့အဖော်ရဲ့အင်္ဂါမှာလည်း ရောဂါပိုးတွေရှိနေနိုင်ပြီးအဆိုပါရောဂါပိုးတွေက အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ ရေဆေးလိုက်ခြင်းအားဖြင့် အဆိုပါရောဂါပိုးအများစုကိုသန့်စင်သလိုဖြစ်သွားတာကြောင့် အတူနေပြီးချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလျော့ကျစေနိုင်ပါတယ်။ ရေဆေးခြင်းနဲ့တွဲပြီးသန့်ရှင်းရေးပါတစ်ခါတည်းလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်ရာမှာလည်း သန့်ရှင်းရေးအရည်အပြင်းစားတွေ၊ ဆပ်ပြာအပြင်းစားတွေမသုံးပဲ ရေနွေးနဲ့ဖြည်းဖြည်းချင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အပြင်းစားသန့်ရှင်းရေးအရည်တွေသုံးရင် အင်္ဂါတစ်လျှောက်မှာ ပွန်းပဲ့တာ၊ အနာတရရနေတာတွေကို ပိုဆိုးစေနိုင်သလို မရှိသေးရင်လည်းရှိလာအောင်ဆွပေးသလိုဖြစ်သွားပါတယ်။ အဲဒီအခါမှာ ပိုးဝင်တာ၊ အနာဖြစ်တာတွေကြုံတွေ့ရနိုင်ပါတယ်။ ဆေးကြောသန့်စင်ရင်းနဲ့ သွေးထွက်နေတာတွေ၊ ပေါက်ပြဲနေတဲ့ဒဏ်ရာဒဏ်ချက်တွေရှိနေလားလို့ပါ တစ်ခါတည်းစစ်ဆေးသင့်ပါတယ်။ ရှိနေရင်သေချာစွာသန့်စင်ပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ သန့်ရှင်းအောင်ထားသင့်ပါတယ်။ အဆိုပါဒဏ်ရာတွေမပျောက်မချင်း

Vaginal repair surgery

By |2019-02-20T10:41:54+00:00February 20th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

မိန်းမကိုယ် ပြုပ်ြငပြောင်းလဲခြင်း Vaginal repair surgeryဆိုတာ နားလည်လွယ်အောင်ပြောရရင် မိန်းမကိုယ်နားတစ်ဝိုက်က အင်္ဂါတွေ မိန်းမကိုယ်ထဲရောက်မလာအောင် ပြုပြင်ပေးတဲ့၊ ကာကွယ်ပေးတဲ့ခွဲစိတ်နည်းတွေဖြစ်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်က ရှိရမယ့်နေရာမှာမရှိပဲ ကျလာတာ၊ နေရာရွေ့လာတာတွေရှိနေရာ ရင်လည်း ရှိရမယ့်နေရာမှာပြန်ရောက်အောင်ထားပြီး ပြန်မကျလာအောင်ပြုလုပ်တဲ့ ခွဲစိတ်မှုလည်းပါဝင်ပါတယ်။ Vaginal repair surgery မှာ မိန်းမကိုယ်အရှေ့ပိုင်းနံရံက ကြွက်သားတွေကိုအားကောင်းအောင်ပြုပြင်ပေးတဲ့ anterior vaginal repair နဲ့ မိန်းမကိုယ်အနောက်က နံရံတွေကိုပြုပြင်ပေးတဲ့posterior vaginal repair ဆိုပြီးရှိပါတယ်။ anterior wall repair ပ ကတော့ မိန်းမကိုယ်နဲ့ဆီးအိမ်ကြားကအလွှာတွေကို ပြုပြင်ပြီး posterior wall repair ကတော့ မိန်းမကိုယ်နဲ့ အူမကြီးအောက်ပိုင်းကြားမှရှိတဲ့အလွှာတွေကို

Love bites

By |2019-02-18T10:18:12+00:00February 18th, 2019|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

အချစ်ရဲ့သက်သေခံအမှတ်အသားလေးတွေ မောင်နှံနှစ်ဦးအကြားမှာ အချစ်ရမ္မက်ရဲ့နောက်ကိုလိုက်ရင်းနဲ့ စိတ်မထိန်းနိုင်ဘဲ အနမ်းကြမ်းကြမ်းခြွေမိတဲ့အခါ အရာလေးတွေကျန်ခဲ့တတ်ပါတယ်။ ဒါကို Love bites သို့မဟုတ် Hickeys လို့ခေါ်ကြပါတယ်။ ဒီလိုမျိုးနမ်းရှုံ့မှုဟာ ကောင်းကျိုးအနေနဲ့ တစ်ဦးနဲ့တစ်ဦး စိတ်ကျေနပ်မှုရှိစွာချစ်ကြခြင်း၊ ပျော်ရွှင်ရခြင်းကို ဖြစ်စေနိုင်သလိုပါပဲ အခန့်မသင့်တဲ့အခါမှာ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းစပ်၊ နားရွက်အောက်နား၊ လက်မောင်းစတဲ့နေရာတွေမှာ အမှတ်တမဲ့ အနမ်းခြွေမိရင်တော့ အပြင်သွား၊အလုပ်သွားတဲ့အခါ အခက်အခဲဖြစ်ပြီး စိတ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အချစ်မာကင်လေးတွေ အမြန်ပျောက်စေမယ့်နည်းလမ်းလေးတွေကိုတင်ပြလိုက်ပါတယ်။ ဒီအမှတ်လေးတွေဟာ အရေပြားကိုနှုတ်ခမ်း၊သွားတို့နဲ့ဖိကပ် စုပ်ပြီးကိုက်လိုက်တဲ့အတွက် အရေပြားပေါ်ရှိသွေးကြောမျှင်လေးတွေပေါက်သွားတဲ့အတွက်ဒဏ်ရာဖြစ်ကျန်ခဲ့တာပဲဖြစ်ပါတယ်။ hickeysလေးတွေကမြန်မြန်ပျောက်ချင်ရင်တော့ ၁။ ဖုံးကွယ်နိုင်သောနေရာများကို ဖုံးကာဝတ်ဆင်ဖို့မမေ့ပါနဲ့။ လက်မောင်း လည်ပင်းအောက်နားနဲ့ ရင်ညွန့်က အမှတ်အသားလေးတွေကို လက်ရှည်အကျီ၊ လည်စေ့အကျီတို့ဝတ်ကာဖုံးပါ။ ၂။ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့မိတ်ကပ်လိမ်းပြီး အရောင်မှိန်အောင်လုပ်ပါ။

Load More Posts