How to care ur newborn baby warm & how important it is?

November 19th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးငယ်များတွင် ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးဖို့ ဘယ်လိုအရေးကြီးလဲ မွေးပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးငယ်များတွင် ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုစနစ်သည်ကောင်းစွာအလုပ်မလုပ်သေးပေ။ ထို့ပြင်အပူချိန်ဆုံးရှုံးမှုကိုကာကွယ်ပေးသော အဆီပမာဏလည်းနည်းသောကြောင့် ကိုယ်ခန္ဓာအပူချိန်လျော့ကျခြင်း လျင်မြန်စွာဖြစ်ပေါ်နိုင်သည်။ အပူချိန်အလွန်အမင်းလျော့ကျခြင်းက သေဆုံးသည်အထိဖြစ်နိုင်သောကြောင့် အထူးသတိပြုရမည်။(အထူးသဖြင့် ပေါင်ချိန်မပြည့်ပဲမွေးသောကလေးငယ်များနဲ့ လမစေ့ပဲမွေးသောကလေးများတွင်ပို၍အန္တရာယ်ရှိသည်။) ကလေးငယ်များ၏ ပုံမှန်အပူချိန်မှာ 96.8-98.6 ဖာရင်ဟိုက်အတွင်းရှိသည်။ ကိုယ်ပူချိန်တိုင်းရာတွင် ပြဒါးဆိပ်သင့်ခြင်းမဖြစ်စေရန် ဒစ်ဂျစ်တယ်စက်ဖြင့်တိုင်းလျှင်ပိုကောင်းသည်။ မွေးကင်းစကလေးငယ်များ၏ ခြေဖျား၊လက်ဖျားလေးများအေးနေလျှင် ပို၍နွေးနွေးထွေးထွေးဝတ်ဆင်ပေးသင့်သည်။ ကောင်းကောင်းအိပ်၊ကောင်းကောင်းစား၍ ဂျီမကျလျှင်လည်း ကလေးကိုယ်အပူချိန်မျှတနေကြောင်းသိရှိနိုင်သည်။ ကလေးအားရေချိုးပေးလျှင် အကာအကွယ်မရှိသောနေရာမျိုး၊ ပြတင်းပေါက်ရှိသောနေရာမျိုးတွင် မပြုလုပ်သင့်ပေ။ ထိုအရွယ်ကလေးများတွင် အပူဓာတ်ဆုံးရှုံးမှုအများစုသည် ဦးခေါင်းမှဖြစ်သည်။ ထို့ကြောင့်ရေချိုးချိန်မှလွဲလျှင် အမြဲဝတ်ဆင်ပေးသင့်သည်။ ချိုးပြီးလျှင်လည်း ခြောက်သွေ့အောင်ရေအမြန်သုတ်၍ ဦးထုပ်၊အဝတ်အစားဆင်ပေးရမည်။ အဝတ်အစားလဲပေးရန်ကလေးတင်သောနေရာကိုလည်း စောင်(သို့) အနှီးဖြင့်နွေးထွေးစေရန်ခင်းထားရမည်။ ပုံမှန်အားဖြင့် ကလေးငယ်နဲ့ မိမိတစ်ခန်းတည်းတွင်အတူရှိနေလျှင် မိမိဝတ်ထားသောအဝတ်အစားထက် တစ်လွှာပို၍ကလေးကိုဝတ်ဆင်ပေးရန်လိုအပ်ပါသည်။ မေတ္တာမွန်ဖြင့် နွေ

What to do if your baby get fever after immunization?

November 15th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

သင့်ကလေး ကာကွယ်ဆေးထိုးပြီး အဖျားတက်ရင် ဘာတွေလုပ်မလဲ သားသမီးတစ်ယောက် နေထိုင်မကောင်းဖြစ်သည်နှင့် စိုးရိမ်ပူပန်တတ်သည်မှာ မိဘတိုင်း၏ မေတ္တာပင်ဖြစ်သည် ။ မိမိသားသမီးခံစားနေရသည့် ဝေဒနာသက်သာစေရန် ဘာလုပ်ရလုပ်ရဆိုသည်မှာ မိဘတိုင်းပင်ဖြစ်သည် ။ ကာကွယ်ဆေးဆိုသည်မှာ ကလေးငယ်တိုင်းအတွက် ထိုးကိုထိုးရ သောက်ရမည့် ဆေးပင်ဖြစ်သည် ။ သို့မှသာ ရောဂါဆိုးများ အသက်အန္တရာယ်ပေးနိုင်သည့်ရောဂါများမှ ရှောင်ရှားနိုင်မည်ဖြစ်သည် ။ သို့သော် ကလေးတချို့တွင် ကာကွယ်ဆေးထိုးနှံပြီးနောက် အဖျားအနည်းငယ်တက်လေ့ရှိသည်ကို တွေ့ရတတ်ပါသည် ။ ဒါဟာ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ဖြစ်ပါတယ် ။ အဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ပြုစုနည်းတွေ ရှိလဲ ကြည့်လိုက်ကြရအောင် ကာကွယ်ဆေးထိုးပြီး အဖျားတက်တာ စိုးရိမ်ရလား ? ကာကွယ်ဆေးထိုးပြီး အဖျားအနည်းငယ်တက်တယ်ဆိုတာ တချို့ကလေးတွေမယ် တွေ့ရလေ့ရှိပါတယ် ။

Role of milk, water and dehydration in infants under 6 months

November 1st, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

အသက်ခြောက်လအောက်ကလေး ရေတိုက်ဖို့လိုမလိုနှင့် ရေဓာတ်ပြည့်မပြည့် များသောအားဖြင့် မိခင်တွေဟာ မိမိတို့ကလေးကို နို့တိုက်ပြီးချိန်မှာဖြစ်ဖြစ် ရေနည်းနည်းလောက်တော့ တိုက်လိုကြပါတယ်..။ ဒါဟာ တကယ်တော့မမှန်ပါဘူး..။ သုတေသနတွေအရ အသက်ခြောက်လအောက်ကလေးတွေမှာ ရေတိုက်ခြင်းကို အားမပေးပါဘူး..။ အသက်ခြောက်လအောက်ကလေးတွေမှာ အဓိကလိုအပ်တာက မိခင်နို့ကိုပြည့်ပြည့်၀၀ မကြာခဏတိုက်ဖို့ပါပဲ..။ သဘာဝအလျောက် မိခင်နို့ထဲမှာ ကလေးငယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပေါင်းစုံနဲ့ ရေဓာတ်ပါလုံလုံလောက်လောက်ပါဝင်ပြီးဖြစ်တာကြောင့် ထပ်ပြီးရေတိုက်စရာမလိုအပ်ပါဘူး..။ ရေကိုအပြင်ကနေ ထပ်တိုက်တဲ့အခါ မသန့်ရှင်းတဲ့ရေဖြစ်ခဲ့ရင်… မမြင်နိုင်တဲ့ ပိုးမွှားတွေပါသွားခဲ့ရင် ကလေးမှာ ၀မ်းပျက်ဝမ်းလျှောအပြင် တိုက်ဖွိုက်လို ကူးစက်ရောဂါတွေရနိုင်တဲ့အတွက် မတိုက်သင့်ပါဘူး…။ တကယ်လို့ မိခင်နို့မတိုက်ဘဲ နို့မှုန့်တိုက်တဲ့ကလေးတွေမှာဆိုရင်တော့ နို့မှူန့်နဲ့ရေနဲ့ကို အချိုးအစားကျကျနနဖျော်စပ်ဖို့လိုပါလိမ့်မယ်..။ ယျေဘူယျအားဖြင့် နို့မှူန့်တစ်ဇွန်း(နို့မှူန့်ဘူးထဲက ပါလာတဲ့ဇွန်း) ကို ရေနှစ်အောင်စနဲ့ဖျော်ရမှာပါ..။ ကလေးငယ်အသက်ကြီးထွားလာတာနဲ့အမျှ…အရပ်ရှည်လာတာနဲ့အမျှ နို့ပိုစို့သောက်ဖို့လိုလာမှာပါ..။ မွေးကင်းစကနေ အသက်တစ်လမှာ တစ်နေ့ကို

Acute post streptococcal glomerulonephiritis

October 30th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးတွေမျာဖြစ်တတ်တဲ့ ရောဂါပိုးကြောင့် ကျောက်ကပ်ရောင်ခြင်း Streptococcus ရောဂါပိုးကြောင့်ကျောက်ကပ်ရောင်တယ်ဆိုတာ ကလေးတစ်ယောက်မှာ… အရေပြားမှာအနာဖြစ်ပြီး ဒါမှမဟုတ် အာသီးယောင်ပြီး ဆယ်ရက်ကနေ နှစ်ပတ်အကြာမှာ ဖြစ်တတ်တဲ့ ကျောက်ကပ်ရောင်တဲ့ ရောဂါဖြစ်ပါတယ်..။ အဓိကလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ သွေးပါပြီး ခြေထောက်တွေ ဒါမှမဟုတ်မျက်လုံးတစ်ဝိုက်မှာ ဖောတာရှိတတ်ပါတယ်..။ ဘာကြောင့်ဖြစ်ရတာလဲ Streptococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် တိုက်ရိုက်ဖြစ်တာထက်စာရင် ပိုးကိုတိုက်ထုတ်တဲ့ ခုခံအားကြောင့်ဖြစ်ရတာပါ..။ ကလေးရဲ့ခန္ဒာကိုယ်ထဲကို ရောဂါပိုးဝင်လာတဲ့အခါ ခန္ဒာကိုယ်က ပဋိပစ္စည်းတွေထုတ်ပေးပါတယ်..။ ပုံမှန်အားဖြင့်ဆိုရင် ပဋိပစ္စည်းနဲ့ ဘက်တီးရီးယားအသေတွေဟာ ခန္ဒာကိုယ်ထဲကနေ ဘာမှပြသနာမရှိဘဲ ရှင်းလင်းသွားလေ့ရှိပါတယ်..။ တချို့တွေမှာတော့ ဒီပဋိပစ္စည်းတွေက ကျောက်ကပ်မှာ သွားပြီးစုပုံပါတယ်..။ အဲဒီအခါ ဆီးကိုကောင်းကောင်းမစွန့်ထုတ်နိုင်ဘဲ ကျောက်ကပ်ရောင်ပါတော့တယ်..။ ရောဂါလက္ခဏာတွေ ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပေမယ့် ယျေဘူယျအားဖြင့် ဆီးသွားတဲ့အခါ သွေးပါခြင်း မျက်စိ သို့မဟုတ်

non mom lactation

October 29th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးကိုအခြားသူနို့စို့ခိုင်းခြင်း ကလေးကိုအခြားသူနို့စို့ခိုင်းခြင်းဟာ အရင်ခေတ်မှာ မကြာခဏကြားရတဲ့ကိစ္စတစ်ခုပါ။ ကလေးကိုနို့တိုက်ပေးမယ့်အမျိုးသမီးဟာ သာမန်အားဖြင့် ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် ပေးပြီးနို့တိုက်ခိုင်းကြပါတယ်။ ဒါပေမယ့် ခေတ်ကာလတွေပြောင်းလဲလာပြီး အသိပညာတိုးတက်လာတဲ့အချိန်မှာ နို့တိုက်ပေးတဲ့အမျိုးသမီးရဲ့သွေးထဲမှာ HIVပိုးရှိမရှိတွေ၊ ကလေးမှာလည်း ပိုးရှိမရှိတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ကလေးကိုအခြားသူနို့စို့ခိုင်းလိုက်တာဟာ ရောဂါပိုးတစ်ခုခုကူးစက်ဖို့ အခွင့်အရေးတိုးပေးလိုက်တာနဲ့တူတူပါပဲ။ အဲဒီလိုစို့ခိုင်းမယ့်အစား မိမိရဲ့နို့ ( သို့မဟုတ်) Formula Milk ကို နို့ဘူးထဲထည့်ပြီး ကလေးကိုတိုက်ခိုင်းတာက ပိုကောင်းပါတယ်။ လက်ရှိခေတ်မှာ ကလေးကိုအခြားသူနို့စို့ခိုင်းတာဟာ ရှေးတုန်းကလုပ်ကြတဲ့ နည်းလမ်းဟောင်းကြီးဆိုပြီး သဘောမကျသူတွေရှိလာကြပါတယ်။ ခုခေတ်မှာ ကူးစက်ရောဂါအတော်များများရှိကြောင်းသိလာကြလို့လည်းဖြစ်ပါတယ်။ HIV ပိုးဟာ မိခင်နို့ကနေတစ်ဆင့်ကူးစက်နိုင်ချေဟာ အင်မတန်မှနည်းပါးပေမယ့် ကူးစက်နိုင်ချေရှိတော့ရှိပါတယ်။ အဲဒီလိုပဲ အသည်းရောင်ရောဂါပိုးဟာလည်း နို့တိုက်တဲ့သူမှာ နို့သီးခေါင်းကွဲတဲ့အနာရှိမယ်ဆိုရင် ကူးစက်နိုင်ချေနည်းပါးပေမယ့် ရှိတော့ရှိပါတယ်။ နို့နဲ့ အခြားထိတွေ့မှုတွေကနေ ရေယုန်လို၊ မှိုကြောင့်ကူးစက်တဲ့ရောဂါတွေလို

Steps of Fetal Growth

October 29th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

မေမေတို့ဗိုက်ထဲကရင်သွေးလေးတွေ ဘယ်လိုကြီးထွားကြသလဲ ဒီတစ်ခါဆောင်းပါးမှာတော့ မေမေတို့ ဖေဖေတို့သိချင်ကြမယ့် ရင်သွေးလေးတွေဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းရေးသားထားပါတယ်။ ကိုယ်ဝန်ပထမဆုံးလမှာ သန္ဓေအောင်ပြီးတဲ့သားဥဘေးမှာ ရေအိတ်လေးပေါ်လာပါတယ်။ အဲဒီအိတ်လေးကိုရေမြွာအိတ်လို့ခေါ်ပြီး အထဲမှာသန္ဓေသားကို ကူရှင်လို အထောက်အပံ့အကာအကွယ်ပေးတဲ့ ရေမြွာရေတွေရှိပါတယ်။ မိခင်ဆီက အစာအာဟာရတွေကိုသန္ဓေသားဆီကို ပို့ဆောင်ပေးတဲ့ အချင်းလည်းစတင်ဖြစ်ပေါ်လာပါတယ်။ မျက်လုံး၊ ပါးစပ်၊ အောက်မေး၊ လည်ပင်း စသည်တို့လည်း ဖြစ်ပေါ်လာပါတယ်။ သွေးလည်ပတ်မှုစတင်ပြီး နှလုံးလို့ပြောရမယ့် အရာသေးသေးလေးဟာ တစ်မိနစ်ကို ခြောက်ဆယ့်ငါးခါနှုန်းနဲ့စခုန်ပါတယ်။။ ကိုယ်ဝန်တစ်လမှာ ရင်သွေးလေးဟာ ဆန်စေ့အရွယ်လေးပဲရှိပါသေးတယ်။ ကိုယ်ဝန်နှစ်လမှာ သန္ဓေသားရဲ့ မျက်နှာအစိတ်အပိုင်းတွေပိုဖွံ့ဖြိုးလာပါတယ်။လက်၊ခြေထောက်အပြင် ဦးနှောက်အာရုံကြောအဖွဲ့အစည်း၊အစာခြေစနစ်၊ အာရုံခံစနစ်တွေလည်းဖွံ့ဖြိုးလာပါတယ်။ အရွယ်အစားကတော့ တစ်လက်မလောက်ရှိလာပြီး တစ်အောင်စရဲ့ သုံးဆယ်ပုံတစ်ပုံလောက် အလေးချိန်ရှိပါတယ်။ ကိုယ်ဝန်သုံးလမှာ မေမေတို့ရဲ့ ရင်သွေးလေးဟာ အတော်ရုပ်လုံးပေါ်လာပါတယ်။ကိုယ်ဝန်လေးလမှာတော့ မျိုးပွားအင်္ဂါအဖွဲ့အစည်းဟာ ပြည့်စုံစွာ ဖွံ့ဖြိုးပါတယ်။ဒါကြောင့် Ultrasound ကနေ