Steps to use Pregnancy test strip/UCG strip

February 19th, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံကိုဘယ်လိုသုံးမလဲ ? ကိုယ်ဝန်ရှိမရှိစစ်တဲ့ နည်းလမ်းတွေထဲမှာ ဆီးစစ်တဲ့အတံကတော့ အရမ်းအသုံးဝင်ပြီး လူကြိုက်များတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သုံးရတာလွယ်ကူတာ၊ အကုန်အကျနည်းတာ၊ မြန်ဆန်တာ၊ တိကျတာ၊ ကိုယ့်ဟာကိုလုပ်နိုင်တာတွေကြောင့်လူသုံးများကြပါတယ်။ သို့သော် ဘယ်လောက်လွယ်ကူတဲ့နည်းဖြစ်ပေမယ့် သေချာမသုံးရင်တော့ မှားယွင်းတဲ့အဖြေတွေထွက်လာနိုတဲ့အတွက် သေချာစွာသုံးစွဲဖို့လိုပါတယ်။ ဆီးစစ်တဲ့အခါမှာ ဘယ်အချိန်မှာရတဲ့ဆီးနဲ့စစ်စစ်အဆင်ပြေပါတယ်။ သို့သော်ပိုမိုကောင်းမွန်တာကတော့ မနက်စောစော ပထမဦးဆုံးရတဲ့ဆီးကို ပိုပြီးသုံးသင့်ပါတယ်။ သုံးတော့မယ်ဆိုရင် ရက်လွန်နေလား၊ ပေါက်ပြဲနေလား၊ နေရောင်ထဲမှာအကြာကြီးထားမိသလား စတာတွေကို အရင်ဆုံးစစ်ဆေးရပါမယ်။ ထုတ်ကုန်မကောင်းရင် အဖြေကလည်းမှားယွင်းနိုင်ပါတယ်။ စိတ်ချရပြီဆိုရင်တော့ စစ်ဆေးရတော့မှာဖြစ်ပါတယ်။ အရင်ဆုံးသန့်ရှင်းတဲ့ခွက်တစ်ခုထဲကို ဆီးပေါက်ထည့်ရပါမယ်။ ဆီးသွားပြီးရင် ဆီးစစ်တံကိုဖောက်ပြီးစစ်ဆေးနိုင်ပါတယ်။ ဆီးစစ်တံကို ကိုင်ရာမှာတော့ အရောင်ခြယ်ထားတဲ့နေရာကနေကိုင်ရပါမယ်။ ဒေါင်လိုက်ကိုင်ရမှာဖြစ်ပြီး ဆီးထဲကိုတည့်မတ်စွာနှစ်ချရပါမယ်။ နှစ်ချရင်လည်း lineကိုမကျော်အောင်သတိထားပြီးနှစ်ချရပါမယ်။ lineကျော်သွားရင်တော့ အဖြေမှားနိုင်ပါတယ်။ နှစ်ချပြီးရင် 5secondခန့်နှစ်ထားရပါမယ်။ အချိန်စေ့ပြီဆိုရင်တော့ သန့်ရှင်းတဲ့နေရာတစ်ခုမှာ

Role of placenta for foetus

February 19th, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

အချင်းဆိုတာဘယ်လိုမျိုးလဲ အချင်းဆိုတဲ့အင်္ဂါဟာ ကိုယ်ဝန်ဆောင်မိခင်အတွက်ကော ကလေးငယ်အတွက်ပါ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အချင်းမရှိရင် ကလေးငယ်က အသက်ရှင်ဖို့မဖြစ်နိုင်တဲ့အတွက် ကလေးရဲ့အသက်လို့ပြောရင်လည်းရပါတယ်။ ကလေးနဲ့မိခင်နဲ့ဆက်စပ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အချင်းရဲ့လုပ်ငန်းတွေကလည်းများပြားပြီး အရေးပါပါတယ်။ အချင်းကမိခင်ရဲ့သားအိမ်နဲ့ ကလေးရဲ့ချက်နဲ့ဆက်သွယ်ပေးထားပါတယ်။ မိခင်ဖက်မှာ အချင်းမျက်နှာပြင်တစ်ခုရှိပြီး ကလေးဖက်မှာလည်း မျက်နှာပြင်တစ်ခုရှိပါတယ် 9လက်မခန့်အကျယ်ရှိပြီး 1လက်မခန့်ထူထဲပြီး အလေးချိန်က 1ပေါင်ခန့်ရှိပါတယ်။ အချင်းရဲ့အလယ်ကနေ ကလေးရဲ့ချက်ကိုချက်ကြိုးနဲ့ဆက်သွယ်ထားပြီး ချက်ကြိုးမှာတော့ သွေးလွှတ်ကြော2ချောင်း၊ သွေးပြန်ကြော1ချောင်းပါဝင်ပါတယ်။အချင်းဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာပဲရှိရတဲ့အစိတ်အပိုင်းဖြစ်ပြီး ကလေးမွေးပြီးတာနဲ့ကွာကျသွားရမှာဖြစ်ပါတယ်။ အချင်းရဲ့လုပ်ငန်းတွေကတော့ များပြားပါတယ်။ အချင်းက ကလေးအတွက်oxygenကိုပို့ဆောင်ပေးပြီး carbon dioxideကိုဖယ်ထုတ်ပေးပါတယ်။ ကလေးရဲ့သွေးထဲမှာပါတဲ့ oxygen တွေကို ကလေးရဲ့အဆုတ်ကသုံးပြီးတဲ့နောက် carbon dioxideကို သွေးထဲထည့်ပေးလိုက်ပါတယ်။ အဆိုပါcarbon dioxideကိုကလေးရဲ့သွေးတွေကတစ်ဆင့်သယ်ဆောင်ပြီး အချင်းကနေတစ်ဆင့်မိခင်ရဲ့သွေး၊ နောက်ပိုင်းမှာမိခင်ရဲ့အဆုတ်ကနေတစ်ဆင့် oxygenကိုပြန်သယ်ဆောင်လာပြီး အချင်းကနေပဲ ကလေးရဲ့အဆုတ်ဆီကို

Why you should pee before USG in pregnant moms

February 18th, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

အာထရာဆောင်းမရိုက်ခင် ဘာကြောင့်ဆီးအိမ်တင်းနေသင့်သလဲ အမျိုးသမီးကျန်းမာရေးမှာ အရေးအကြီးဆုံးကဏ္ဌအဖြစ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ မီးယပ်ဆိုင်ရာကျန်းမာရေးဟာ ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ ဒီလိုကိစ္စရပ်တွေမှာ မဖြစ်မနေပါဝင်ရတတ်တဲ့ စမ်းသပ်စစ်ဆေးမှုတစ်မျိုးကတော့ အာထရာဆောင်းပဲဖြစ်ပါတယ်။ အမျိုးသမီးများ သားဖွားနှင့်မီးယပ်ဆိုင်ရာ အာထရာဆောင်းရိုက်ရတယ်ဆိုတာဟာ သားအိမ်နဲ့ အမျိုးသမီးအင်္ဂါလမ်းတစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေများကိုသိချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များဟာဆိုရင် သားအိမ်ထဲမှာ သန္ဓေတွယ်နေတဲ့ သားသားမီးမီးအလောင်းလျာလေးတွေရဲ့ဖွံ့ဖြိုးမှုကိုသိရှိဖို့အတွက် အာထရာဆောင်းရိုက်ရပါတယ်။ အာထရာဆောင်းရိုက်တော့မယ်ဆိုရင် မရိုက်ခင်မှာ တစ်နာရီခန့်ကြိုတင်ပြီး ရေသောက်ထားရပါတယ်။ ရေသောက်တဲ့အခါမှာလည်း ရေကိုအနည်းဆုံး ဖန်ခွက်နှစ်ခွက်မှ တစ်လီတာတစ်ဘူး ကုန်တဲ့အထိ ကြိုသောက်ရပါတယ်။ ပြီးမှသာ အာထရာဆောင်းရိုက်မယ့်အခန်းကိုဝင်၊ သားအိမ်ရှိမယ့်အပေါ်ဘက်ဝမ်းဗိုက်ကို ဂျယ်လီတစ်မျိုးသုတ်လိမ်းပြီး စမ်းသပ်ကာ စစ်ဆေးရပါတယ်။ အာထရာဆောင်းရိုက်တဲ့အခါ ရေကိုတစ်ဝကြီးအရင်သောက်ခိုင်းရတဲ့အကြောင်းအရင်းရှိပါတယ်။ ပုံမှန်အနေအထားမှာဆိုရင် ဝမ်းဗိုက်ထဲက အူတွေဟာ ဗိုက်တစ်ခုလုံးနေရာယူကာ ဆီးခုံအောက်မှာရှိတဲ့ ဆီးအိမ်၊ သားအိမ်နဲ့သားဥပြွန်များကို ရံကာရှိနေတတ်ပါတယ်။ ဒီအခြေအနေမှာအာထရာဆောင်းရိုက်မယ်ဆိုရင် အူတွေဖုံးနေတဲ့အတွက်

Pregnancy and haemorrhoids

February 18th, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကိုယ်ဝန်ဆောင်ခြင်းနှင့်လိပ်ခေါင်း ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြောင်းအလဲတွေများစွာဖြစ်ပေါ်ပါတယ်။ သွေးပေါင်၊ သွေးခုန်နှုန်းကအစ ခုခံအားအထိ တစ်ကိုယ်လုံးကစနစ်တွေက အမေကောအဆင်ပြေအောင် အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ လိုလားအပ်တာတွေကောမလိုလားအပ်တာတွေပါကြုံတွေ့လာရပါတယ်။ နဂိုကသွေးတိုးမရှိသူတွေက သွေးတိုးရောဂါရှိလာတာ၊ ဆီးချိုမရှိရာကနေ ဆီးချိုဖြစ်လာတာ၊ ရှိပြီးသားဆီချိုက ထိန်းရတာပိုခက်လာတာ စတာတွေကြုံတွေ့လာနိုင်ပါတယ်။ အဆိုပါအခြေအနေတွေမှာ လိပ်ခေါင်းလည်းပါဝင်ပါတယ်။ လိပ်ခေါင်းဖြစ်တယ်ဆိုတာ စအိုနားတစ်ဝိုက်က သွေးပြန်ကြောတွေကျယ်လာပြီး ရောင်ရမ်းပြီး သွေးတွေအိုင်လာတဲ့အခြေအနေကိုခေါ်ပါတယ်။ ကိုယ်ဝနိရှိလာတဲ့အခါ စအိုနားကသွေးပြန်ကြောတွေအနေနဲ့ သားအိမ်ရဲ့အလေးချိန်၊ ကလေးရဲ့အလေးချိန်တွေကို ထမ်းထားရသလိုဖြစ်ပြီး ဖိအားတွေများလာပါတယ်။ သွေးတွေကအပေါ်ကို ပြန်မတက်နိုင်တော့ပဲ စအိုနားမှာသွေးတွေပုံလာပါတယ်။ အဲဒီသွေးတွေက စအိုနားမှာပုံလာတဲ့အခါ လိပ်ခေါင်းဖြစ်လာပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ progesteroneဆိုတဲ့ဟော်မုန်းက ခန္ဓာကိုယ်မှာများပြားလာပါတယ်။ အဆိုပါဟော်မုန်းတွေကလည်း သွေးကြောတွေကိုပျော့ပြောင်းစေပြီး သွေးအိုင်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာအဆိုပါဟော်မုန်းတွေက များနေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းပိုဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ လိပ်ခေါင်းရဲ့လက္ခဏာတွေကတော့ စအိုနားတစ်ဝိုက်မှာနာကျင်ခြင်း၊

Stages of LSCS

January 31st, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ဗိုက်ခွဲမွေးခြင်း အဆင့်ဆင့် ဗိုက်ခွဲမွေးဖွားဖို့ ဆုံးဖြတ်ရမယ့်အခြေအနေတွေဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရှိလာနိုင်ပြီး ဒီလိုမျိုး ကြိုတင်ပြီး ခွဲမွေးဖို့ပြင်ဆင်တာကို ( planned LSCS ) လို့ခေါ်ပါတယ် ။ အဓိက ခွဲမွေးကို မွေးရမယ့်အကြောင်းရင်းတွေထဲ တင်ပဆုံဖြင့် ကလေးအနေအထားဖြစ်နေခြင်း ၊ အရင် ဗိုက်ခွဲ မွေးဖူးခြင်း ၊ အချင်း အောက်ရောက်နေခြင်း အစရှိသည်တို့ပါဝင်သလို နာကျင်မှာ ကြောက်ခြင်း ၊ နေ့ကောင်းရက်သာ ရွေးပြီးမွေးဖွားလိုခြင်း အစရှိသည့် အကြောင်းများကြောင့်လဲ ခွဲမွေးဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ် ။ ဒီအတွက် ဗိုက်ခွဲမွေးရာမှ ဖြတ်သန်းရမယ့် အဆင့်တွေကို ဖော်ပြလိုက်ပါတယ် (၁) စတင်ခွဲခြင်း အရင်ဆုံးသင့်ဗိုက်နဲ့ ခွဲစိတ်ရမယ့် နေရာကို သန့်ရှင်းရေးလုပ်ပါမယ် ။ ပြီးတာနဲ့ ခါးထုံဆေးကဲ့သို့

IVF, ICSI,IUI

January 30th, 2019|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးရဖို့ အဆင့်မြင့်နည်းလမ်းသစ်များ တစ်ခါတစ်ခါ ကလေးဆိုသည်မယ် မလိုချင်သူများတွင် ဟောတစ်ယောက်.... ဟာတစ်ယောက် ရတတ်သော်လည်း၊ တကယ်လိုချင်သူများထံတွင် မျှော်သာမျှော် ပေါ်မလာဖြစ်တတ်၏။ သားသမီးမရသေးသူများအဖို့ ကံကောင်းသည့် တစ်ချက်ကတော့ ယခုလိုခေတ်မှီတိုးတက်နေသော ခေတ်တွင် လူဖြစ်လာရခြင်းဟုပင် ဆိုရပေမည်။ အရင့်အရင်ခေတ်များမှာ ကလေးမရလျှင် ထိုင်စောင့်ရုံ လည်ပင်းရှည်အောင်မျှော်ရုံမှတစ်ပါး အခြားမတတ်နိုင်။ ယခုခေတ်မယ်တော့ ကလေးရလိုသူများအနေဖြင့် အောက်ဖော်ပြပါကဲ့သို့ အဆင်မြင့်နည်းလမ်းများ အသုံးပြု၍ ကလေးရဖို့ ကြိုးစားနိုင်နေပြီဖြစ်သည် : (၁) ဖန်ပြွန်သန္ဓေနည်းလမ်း (IVF) (In-Vitro Fertilization) လုပ်ဆောင်ပုံ - ဆေးဝါးများ အသုံးပြု၍ အမျိုးသမီးဖြစ်သူ၏သားဥအိမ်မှ အရည်အသွေးပြည့်မှီသော မမျိုးဥများ ထုတ်နိုင်ရန် အသာအယာလှုံ့ဆော်ပေးသည်။အမျိုးသမီးဖြစ်သူရဲ့ မမျိုးဥကိုထုတ်ယူ၊အမျိုးသားဖြစ်သူရဲ့ သုတ်ပိုးကိုထုတ်ယူ.....ထို့နောက် ထို မမျိုးဥနဲ့သုတ်ပိုးကို ဖန်ပြွန်သန္ဓေနည်းဖြင့် ဓာတ်ခွဲခန်းထဲမှာ