You are here:---ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ

Herpes Around Mouth

By |2020-02-28T05:29:22+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

နှုတ်ခမ်းထက်မှာမကြာခဏပြန်ဖြစ်တတ်တဲ့ရေယုံ သန္တာရောင်နှုတ်ခမ်းပိုင်ရှင်လေးများရေယုံကြောင့်အလှပျက်ပြီးစိတ်ညစ်ကာမကြာခဏဆိုသလိုလာရောက်ပြသတိုင်ပင်တတ်ကြပါတယ်။ပထမဆုံးအကြိမ်နှုတ်ခမ်းရေယုံပေါက်သူတွေမှာစိုးရိမ်မှုသိပ်မတွေ့ရပေမဲ့၊မကြာခဏဆိုသလိုဖြစ်လိုက်ပျောက်လိုက်ခံစားနေရသူတွေမှာတော့စိုးရိမ်မှုအရိပ်အရောင်တွေကိုတွေ့ကြရပါတယ်။အလှပျက်လို့စိတ်ညစ်ရသလို၊မကြာခဏထွက်ထွက်လာလေတော့ပိုပြီးသောကပွေရပါတော့တယ်။ဒီလိုပဲအမြဲထွက်လိုက်ပျောက်လိုက်ဖြစ်နေတော့မှာလားဆိုတဲ့အတွေးနဲ့စိတ်မောကြပြန်ပါတယ်။နှုတ်ခမ်းအလှကိုဖျက်သလို၊လူတွေအမြင်မှာလည်းမတင့်တယ်တာကြောင့်နှုတ်ခမ်းမှာရေယုံပေါက်ချင်ကြပါဘူး။မကြာခဏထွက်ထွက်လာပြန်တော့လည်းစိတ်အနှောင့်အယှက်ဖြစ်ပြီးဘာကြောင့်များဒီလိုမကြာခဏရေယုံပေါက်နေရတာလဲဆိုတဲ့အတွေးလေးတွေလဲဝင်ရောက်လာတတ်ကြပါတယ်။ဒီတော့နှုတ်ခမ်းမှာပေါက်တတ်တဲ့၊မကြခဏဆိုသလိုပြန်ပြန်ပြီးထွက်လာတတ်တဲ့ရေယုံရဲ့အကြောင်းကိုအခုလိုမကြာခဏလာပြကြနေကြတော့ တစ်ခြားခံစားနေရသူများ အ တွက်ပါသိစေချင်တာကြောင့် စေတနာရှေ့ထားပြီးရေးသားလိုက်ရပါတယ်။ ရေယုံဘာကြောင့်ဖြစ် နှုတ်ခမ်းမှာရေယုံဘာကြောင့်ပေါက်ရတာလဲလို့မကြာခဏဆိုသလိုမေးမြန်းကြပါတယ်။ရေယုံဟာရေယုံဗိုင်းရပ်(စ်)ပိုးကြောင့်ပေါက်တာပါလို့ပြောရင်နောက်ပြောင်နေတယ်လို့များထင်ကြမလား။ ရေယုံဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ကို ရေယုံဗိုင်းရပ်(စ်)လို့ မြန်မာလိုအမည်ပေးထားလေတော့ဒီလိုပဲဖြေရတော့မှာပါ။ အင်္ဂလိပ်လို ဆိုရင်တော့ ဆေးပညာဝေါဟာရနာမည်ရှိပါတယ်။ Herpes Simplex Virus (HSV) ဗိုင်းရပ်(စ်)ပိုးလို့ခေါ်ပါ တယ်။ သူ့ကြောင့် ဖြစ်ရတာပါ။ အဲဒီ နှုတ်ခမ်းရေယုံဗိုင်းရပ်(စ်)(HSV) ဟာနှစ်မျိုးရှိပါတယ်။ HSV 1 နဲ့ 2 တို့ဖြစ် ပါတယ်။နှုတ်ခမ်းမှာ ပေါက်တဲ့ ရေယုံ အများစုဟာHSV 1 ကြေင့်ဖြစ်ရတာဖြစ်ပြီး HSV 2 ကြောင့်ဖြစ်ရတာ နည်းပါတယ်။HSV 2 ဗိုင်းရပ်(စ်)ပိုးကတော့ နှုတ်ခမ်းမှာသိပ်မဖြစ်တတ်ပဲလိင်အင်္ဂါတွေမှာပဲအဓိကဝင်ရောက်ပြီး ရေယုံကိုဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ပိုးပါ။ လူဘယ်လောက်များများမှာနှုတ်ခမ်းရေယုံပေါက်ကြတတ်သလဲ။ ကိုယ့်နှုတ်ခမ်းမှာရေယုံပေါက်ပြီးစိတ်ညစ်တဲ့အခါမျိုးတွေမှာသူများတွေရောပေါက်ကြပါသလား၊လူဦးရေဘယ်လောက်များများမှာပေါက်လို့လဲ

Health Problems In Men

By |2020-02-28T05:30:04+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

အမျိုးသားများ ဂရုစိုက်ရမယ့် ကျန်းမာရေးပြဿာနာများ လူတွေဟာ ကျား၊မ လိင်ကွာခြားအလျောက် ကျန်းမာရေးပြဿနာကြုံတွေ့ရတဲ့ အဖြစ်မှာလည်းကွာခြားပါတယ်။ အမျိုးသားတွေကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာ များအနက်က အန္တရာယ်အပေးနိုင်ဆုံး ထိပ်ဆုံးက (၁၀)ခုကို ဖော်ပြလိုပါတယ် ။ ဒီလိုသိ ထားခြင်းအားဖြင့် ကြိုတင်ကာကွယ်မှုလည်း ပြုလုပ်နိုင်ပါတယ်။ (၁) နှလုံးတိုက်ခိုက်ခံရခြင်းနှင့် ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း ဒီပြဿနာကြောင့် အမျိုးသားတွေ အများစု အသက်သေဆုံးကြရတာ သင်ကြား ဖူးမှာပါ။ နှလုံးတိုက်ခိုက်ခံရခြင်း(Heart Attack)နဲ့ နှလုံးခုန်ရုတ်တရက်ရပ်သွားခြင်း(Cardiac Arrest)တို့ ဘာကွာခြားသလဲဆိုတာရော သိပါရဲ့လား။ အကြမ်းအားဖျင်းအားဖြင့် ပြောရရင် နှလုံးသွေးလွှတ်ကြောအတွင်း ကျဉ်းမြောင်းနေတဲ့ ပြဿနာလည်း ရှိနေမယ်။ ပြီးတော့ အဲဒီ ကျဉ်းမြောင်းနေတဲ့ ပြဿနာလည်း ရှိနေမယ်။

Fruits For Skin

By |2020-02-28T05:31:19+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

'နေ့စဉ်သစ်သီးစားပြီးမှ အလှသရဖူဆောင်းမယ်' '' အမျိုးသား၊ အမျိုးသမီးထုကြီးရဲ့ အိတ်ထဲက ငွေတွေကို နှမြောတွန့်တိုခြင်း မရှိပဲသုံး လိုက်ပေမဲ့ ကျေနပ်နေစေတဲ့ အရာကတော့ ကော့စ်မက်တစ်လို့ လူသိများသလို အကြိုက် ဝယ်သုံးလေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေပါပဲ။ ဒါတွေသုံးရုံဖြင့်တကယ်ပဲ အသားအရေ တင်းရင်း စိုပြေလှပတောက်ပြောင်ဝင်းပလာတယ်လို့ သင်ယူဆနေရင်တော့ ကျန်းမာရေးစရိတ်တွေ အမှန်တက်လာတော့မှာပဲ ဖြစ်ပါတယ်။ ခေတ်ပေါ်အရေပြားထိန်းသိမ်းရမဲ့ကုန်ပစ္စည်း အမျိုးမျိုး ဆိုတာကလည်း နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တန်နဲ့ချီပြီး လှိမ့်ဝင်နေကြတာမဟုတ်လား။ တုန်နာ၊ မွိုက်ချာရိုက်ဇာ၊ အစိုဓာတ်ထိန်းခရမ်တွေ၊ ခရပ်ခေါ် ကိုယ်ပေါ်က ဂျီးတွေ တိုက်ချွတ်ပေးတဲ့ ဆေးရည်စသည်တို့စုံလင်နေတာပါ။ အသက် ၄၀ ကျော်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်နုပျိုတယ် အထင်ခံရအောင် ရှေ့မှာပြောခဲ့တဲ့ အလှကုန်အမျိုးမျိုးကို အဆုံးမဲ့ရွေးချယ်ဝယ်ယူအားပေးကြ

Food Coloring

By |2020-03-03T02:04:02+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

အစားအသောက်နှင့် ဆိုးဆေးအန္တရာယ် ကျွန်တော်တို့သည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အစားအသောက်များကိုနေ့စဉ် စားသုံးနေရပါသည်။ စားသုံးသူများအနေဖြင့် အစားအသောက်များ၏ အရောင်လှပမှုုကို သဘောကျနှစ်သက်ခြင်း နှင့် အရောင်တောက်ပမှသာ ပစ္စည်းကောင်းသည်ဟု ယူဆခြင်း ရှိနေကြပါသည်။ အစားအသောက် ရောင်းချသူများမှလည်း အရောင်မျိုးစုံခြယ်ပြီး၊ အစား အသောက်များ ပြုပြင်ရောင်းချကြပါသည်။ စားသုံးသူများကို ဆွဲဆောင်ကြပါသည်။ ဤသို့ဖြင့် အစားအသောက်များကို အရောင်ဆိုးကြပါသည်။ အရောင်ဆိုးထားသော အစားအသောက် များကို စားသုံးမိ၍ ရောဂါအန္တရာယ်များဖြစ်ပွားလျက် ရှိကြပါသည်။ (၁) ဆိုးဆေးအသုံးပြုခြင်း အစားအသောက်ပြုပြင်၊ ထုတ်လုပ်ရောင်းချသူများသည် စားသုံးသူများ ပိုမိုနှစ်သက်စေရန် အရောင်ဆိုးကြပါသည်။ သို့ရာတွင် အစားအသောက်များတွင် အသုံးပြုသော အစားအစာ အရောင် (FOOD COLOUR) များသည် ဈေးကြီးသောကြောင့်

Antihistamines

By |2020-01-16T05:56:15+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

“ Antihistamine များအကြောင်းသိကောင်းစရာ” Histamine ဟစ်စ်တာမင်းက ခန္ဓာကိုယ်ရဲ့ အခြေခံထဲမှာပါဝင်တဲ့ amine ဓာတ်တစ်မျိုး ဖြစ်ပါသည် (basic amine )အတိအကျအားဖြင့် ဟစ်စ်တာမင်းသိုလှောင်ထားတဲ့ နေရာများက tissue များတွင်mast cell ဖြစ်ပြီးသွေးထဲမှာတော့ basophil cell များဖြစ်ကြပါသည်။ အရေ ပြား ကလပ်စည်း epidermis, အစာအိမ်အတွင်းရှိ gastric mucosa cell များ, CNS ရှိ neurons များ နှင့် လျှင်မြန်စွာ ကလပ်စည်းဖြစ်ထွန်းနိုင်တဲ့ vegenesating cell များတွင်လည်း ရှိပါသည်။ ဟစ်စ်တာမင်းကို ဆန့်ကျင်သော antihistamine များသည် ကုထုံးများတွင် အသုံး

Alcohol And Cancer

By |2020-03-03T02:05:43+00:00October 30th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

အရက်နဲ့ကင်ဆာ ဆရာရှင့်။ ကျွန်မဟာ အသက်(၆၀) ကျော်အရွယ် မိခင်တစ်ဦးပါ။ သည်ဘက်ခေတ်မှာ ဆေးလိပ်နဲ့ ပတ်သက်လာရင် ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ဆေးလိပ်ဖြတ်ဖို့ လို့ကြောင်း၊ ဆေးလိပ်ကြောင့် ကင်ဆာအများအကြီးဖြစ်စေနိုင်ကြောင်း ရေးသားနေကြတာ တွေ့နေရပေမယ့် အရက်နဲ့ပတ်သက်လာရင်တော့ သိပ်ရေးကြတာ မတွေ့ရပါဘူးဆရာ။ အရက်ကို နည်းနည်းသောက်ရင်ကောင်းတယ်လို့တောင် ဆရာတို့ရေးရေးနေတဲ့စာတွေမှာ တွေ့နေရပါတယ်။ အရက်ဟာ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်လားဆရာ။ နည်းနည်းသောက် ရင်ကောင်းတယ်ဆိုပေမယ့် အဲသည်နည်းနည်းနဲ့သောက်နေလိုက်ကြတာဟာဖြင့် တစ်နိုင်ငံ လုံး အရက်၊ ဘီယာဆိုင်တွေရှောင်မရဖြစ်နေတာမို့ တခြားရောဂါတွေအသာထား။ ကင်ဆာနဲ့ ပတ်သက်တာလေးတွေကိုပဲ လူငယ်၊ လူကြီးတွေ ချင့်ချိန်နိုင်ကြဖို့ ဖော်ပြပေးစေချင်ပါတယ် ရှင့်။ ဖြေ။ အမှန်တော့ အရက်ဟာ ကင်ဆာဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်စေတယ်လို့ အပြည်

Female Cancer

By |2020-03-03T02:06:34+00:00October 18th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

မင်္ဂလာပါ အမျိုးသမီးကင်ဆာရောဂါများ စင်ကာပူအထွေထွေဆေးရုံကြီး (SGH) ထဲမှ ကင်ဆာအတွင်းလူနာများထားရှိသည့် လူနာဆောင် ၄၈ ထဲမှာ ကျွန်တော်ကျင်လည်နေခဲ့သည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီ။ စင်ကာပူအမျိုးသားကင်ဆာဌာနမှာ ကင်ဆာလူနာများကို ပြင်ပလူနာအဖြစ် လက်ခံကြည့်ရှုလေ့ရှိပြီး ဆေးရုံတက်ဖို့လိုအပ်သည့်လူနာများကို လူနာဆောင် ၄၈ တွင်တင်ထားလေ့ရှိသည်။ တစ်ခါတလေ တော့လည်း လူနာတွေက လျှံပြီး တခြားလူနာဆောင်များသို့ ရောက်သွားတတ်သည်။ လူနာဆောင် ၄၈ ထဲမှာ ကျွန်တော်ရှိနေစဉ် လင်ဖိုးမား အကျိတ်ကင်ဆာအထူးကုအဖွဲ့မှာ ငါးလ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာအဖွဲ့မှာ သုံးလ၊ အဆုတ်၊ ဦးခေါင်းနှင့် လည်ပင်းကင်ဆာရော ဂါများ အထူးကုအဖွဲ့မှာ သုံးလနေခဲ့ပြီးပြီ။ ပြန်ခါနီးနောက်ဆုံးတစ်လမှာ အမျိုးသမီးကင်ဆာများ အထူးကုသည့် အဖွဲ့သို့ရောက်သည်။ လင်ဖိုးများအဖွဲ့မှာ အကြာဆုံးနေရသည့်အတွက် ပိုပြီးအတွေ့အကြုံရချင်လိုဖြစ်သည်။

Life Style Advice For Carcinoma Breast Patient

By |2020-03-26T03:49:05+00:00October 18th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

ရင်သားကင်ဆာကုသခံထားရသူများအတွက် ဘဝနေနည်းလမ်းညွှန် ဆရာရှင့် ။ ကျွန်မဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ဘာဘက်ရင်သားတွေမှာ ကင်ဆာဖြစ်လို့ ခွဲထုတ်ခဲ့ရပါတယ်။ ညာဘက်ဂျိုင်းမှာလည်း အကျိတ်တွေရှိနေလို့ ထုတ်ပစ်ခဲ့ရပါတယ်။ အဲသည့်နောက် ကင်ဆာဆေးခြောက်ကြိမ်သွင်းပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ပါ ကုသပြီးစီးခဲ့ပါပြီ။ အခုတော့ Tamoxifen သွင်းပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသပြီးစီးထားတဲ့ လူနာတွေအနေနဲပ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့အချက်တွေကိုပါဆရာ။ ဆရာဝန်နဲ့ဘယ်လောက်တစ်ခါပြန်ပြရမယ်။ ဘယ်လိုအရာတွေကို သတိထားရမယ်။ ဘယ်လိုဆေးစစ်မှုတွေကို ဘယ်အချိန်ထိလုပ်ရမယ်ဆိုတာကို ပြောပြပေးစေလိုပါတယ်ရှင့်။ ဖြေ ။ အခုလိုကင်ဆာကုသမှုကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့လို့ ဝမ်းသာစကားကို အရင်ဆုံးဆိုပါရစေ။ ကုသခဲ့တဲ့ ကင်ဆာကုထုံးများကိုလေ့လာကြည့်ခြင်းအားဖြင့် အနည်းဆုံး ရင်သားကင်ဆာအဆင့်(၂)ရှိမယ်လို့ခန့်မှန်းရပါတယ်။ နောက်ER/PR ခေါ်တဲ့ မဟော်မုန်းတွေလည်း Positive ဖြစ်နေလို့ Tamoxifen ဆေးကို ၅ နှစ်သောက်နေရရတယ်လို့လည်း

Mumps In Child

By |2020-03-03T02:11:16+00:00October 16th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

ဒေါက်တာစုနှင့် တီတီတာတာလေးများ ဒေါက်တာစု ဆေးခန်းတွင် ယခုတလော ရာသီအကူးအပြောင်းလေးနှင့်အတူ ကိုယ်ပူဖျားနာသော ကလေးများ အများဆုံးဖြစ်နေသည် နွေဦးလည်း မရောက်တရောက်မို့ ဖုန်ကထူ ပိုးမွားများလည်း ဖုန်နှင့်အတူ လေရူးသုန်သုန်ထဲပါလာပြီး စာမေးပွဲပြီးလို့ အတိုးချဆော့ကစားနေသော ကလေးတွေ ဖျားကြလေတော့သည် ကလေးဖျားပြီဆို မိဘများကလည်း စိုးရိမ်မှုများစွာနှင့် "ဆရာမ သားသားကလေ အဖျားကြီးတာ ၂ရက်ရှိပီ" အစချီကာ မေးကြေလေတော့သည် ဒေါက်တာစုတစ်ယောက် ကလေးနှင့်ပတ်သက်ပြီး "သားသား ပါးစပ်ဟလို့ရဘူး" သားထွေး တစ်ယောက် သူ့ထုံးစံ အတိုင်း စကားတတ်သမျှ ပြောပြနေသည်၊ အခြားကလေးများနှင့်မတူ သားထွေးတစ်ယောက် ဆေးခန်းလာပြီဆို သူမနက်က ဘာစားပြီး၊ ဘာဆော့တယ်က အစ ညနေ မေမေက ဘယ်လို

Diaper For Baby

By |2020-03-03T02:19:30+00:00October 12th, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

ကလေးနှင့် အနှီး၊ အနှီးနှင့် ကလေး မိခင်ဖခင်ကောင်းတစ်ယောက်ဖြစ်လာဖို့ မလွန်ကူတာကို လူတိုင်းသိနားလည်လက်ခံကြပေသည်။ သားသားလေးတွေ မီးမီးလေးတွေ မွေးလာပြီဆိုတာနဲ့ တာဝန်ဝတ္တရားတွေ ပိုလာမယ်ဆိုတာ ငြင်းစရာလိုမည် မထင်ပါ။ ဒီလိုများပြားလှတဲ့တာဝန်ထဲမှာမှ ကလေး ချီးသေးတာဝန်သည်လည်း သေးလှသည်မဟုတ်ပေ။ ဆီးဝမ်းမထိန်းနိုင်သော အရွယ်လေးတွေ ဘယ်အချိန်ဆီးဝမ်းသွားမည်မသိ၊ ဘယ်နေရာမှာမှန်းမသိ၊ တစ်ခါတစ်ရံ အပြင်ထွက်ချိန်မှာ ပေါက်ချ ယိုချလိုက်လျှင် အင်မတန် စိတ်ရှုပ်ရတတ်ပါတယ်။ အဝတ်စအနှီးသုံးသော ကလေးအမေများဖြစ်လျှင် လျှော်ရမည့်တာဝန်၊ လှမ်းရမည့်တာဝန်၊ သိမ်းဆည်းရမည့်တာဝန်များ ပိုလာပေဦးမည်။ သို့သော် ယနေ့ဖွံ့ဖြိုးလားသောခေတ်နှင့် လိုအပ်ချက်များအရ မိခင်တွေအတွက် ထိုအနှီးများအစားသုံးသော ပစ္စည်းများ ထွက်ပေါ်လာပေပြီ။ အခါခါလျှော်သုံးနိုင်သော အနှီးများအစား လဲရလည်းလွယ်ကူသော၊ စွန့်ပစ်ရန်လည်းလွယ်ကူသော ကလေးသေးခံခေါ် Diaper များ

Load More Posts