Implant

January 3rd, 2018|Categories: All Articles, လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

ကိုယ်ဝန် ဘယ်လိုတားကြမလဲ (၃) ကျွန်တော်။ ။ ကဲ ဒါဆို တားဆေးကဒ်နဲ့ သုံးလခံထိုးဆေး အကြောင်းတော့သိသင့်သလောက်သိပြီထင်တယ်။ သူတို့ကတော့ကာလတိုတားနည်းပေါ့။ အခု ကာလရှည်တားနည်းဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း အကြောင်းပြောပြမယ်။ အမျိုးသမီး။ ။ ဟုတ်ကဲ့ ဆရာ ကြားတော့ကြားဖူးတယ် ဒါပေမယ့် လက်မောင်းခွဲထည့်ရမှာကြောက်လို့ဆရာ။ ကျွန်တော်။ ။ ဟုတ်ပါပြီ ကျွန်တော်အကြောင်းစုံ ပြည့်ပြည့်စုံစုံ ပြောပြပါ့မယ်။ သူ့မှာက ၅ နှစ်ခံ (Jadelle)၊ ၄ နှစ်ခံ (Sino-implant)၊ နဲ့ ၃ နှစ်ခံ (Implanon) ဆိုပြီးအမျိုးမျိုးရှိတယ်ဗျ။ အဲ့ဒီတော့ ကလေးလုံးဝ မလိုချင်တော့ဘူး ဒါမှမဟုတ် အနည်းဆုံး သုံးနှစ်လောက် တားချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ အမျိုးသမီး။ ။ အဲ့လိုမျိုးထည့်ရမှာကြောက်လို့

Depo Injection

January 3rd, 2018|Categories: All Articles, လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

ကိုယ်ဝန် ဘယ်လိုတားကြမလဲ (၂) ကျွန်တော်။ ။ ကဲ အခုဆိုရင် တားဆေးကဒ်အကြောင်း သိသင့်သလောင်သိပြီထင်တယ်။ ဒါနဲ့ ကျွန်တော်သတိရတုန်းလေး ပြောလိုက်ဦးမယ် တစ်လမှတစ်လုံးဘဲ သောက်ရတယ်ဆိုတဲ့ဆေး သူများလာညွန်းရင်မသောက်နဲ့ဗျ။ လုံးဝစိတ်မချရဘူး ကိုယ်ဝန်ရသွားလိမ့်မယ်။ သုံးလခံထိုးဆေး အကြောင်းဆက်ဆွေးနွေးကြတာပေါ့။ အမျိုးသမီး။ ။ ဟုတ်ကဲ့ဆရာ တားတဲ့နည်းလမ်း ကောင်းကျိုးဆိုးကျိုးအကုန်သိတော့ ကိုယ်နဲ့အဆင်ပြေမယ့် နည်းကိုရွေးလို့ရတာပေါ့ဆရာ။ ကျွန်တော်။ ။ သုံးလခံထိုးဆေးကပရိုဂျက်စတင်(progestin) လို့ခေါ်တဲ့ဟော်မုန်းဆေးတစ်မျိုးတည်းဘဲပါတယ်။ အဲ့တော့ နို့တိုက်မိခင်တွေမှာလည်း ထိုးလို့ရတယ်။ပြီးတော့ တားဆေးကဒ်လို မူးတာပျို့တာရင်တုန်တာ သိပ်မရှိဘူး။ ဒါပေမယ့် သူကနည်းနည်း ဝလာတတ်တယ်။ အမျိုးသမီး။ ။ ဟုတ်လားဆရာ တော်တော်များဝလာတတ်လို့လား။ ကျွန်တော်။ ။ ဆေးကြောင့်ဆိုတာထက် ဝိတ်တက်လွယ်တဲ့ ချိုလွန်းတဲ့အစားအသောက်တွေ အဆီအစိမ့်တွေကြိုက်တတ်တာ၊ ကိုယ်လက်လှုပ်ရှားမှု့ နည်းတာ

Oral Contraceptive Pills

January 2nd, 2018|Categories: All Articles, လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

ကိုယ်ဝန်ဘယ်လိုတားကြမလဲ (၁) Oral Contraceptive Pills မနက်ပိုင်းဆေးခန်းဖွင့်ချိန် ငယ်ငယ်ရွယ်ရွယ် စုံတွဲတစ်တွဲ ဆေးခန်းတွင်းသို့ဝင်လာသည်။ ကျွန်တော် ။ ။ ဟုတ်ကဲ့ လာပါ။ ဘာကူညီပေးရမလဲဗျ။ အမျိုးသမီး ။ ။ ဆရာ ကျွန်မတို့ကအိမ်ထောင်ကျတာ ၅ ရက်လောက်ဘဲရှိသေးတယ်။ အဲ့ဒါ တားဆေးဘာသုံးရင်ကောင်းမလဲလို့ ဆရာနဲ့တိုင်ပင်ချင်လို့ပါ။ ကျွန်တော် ။ ။ အော် ဟုတ်ပြီ။ ဘာတားဆေးသုံးရမလဲဆိုတာ မဆွေးနွေးခင် ဘယ်လိုနည်းလမ်းတွေနဲ့တားလို့ရလဲ။ ကောင်းကျိုး ဆိုးကျိုးတွေဘာတွေရှိလဲ အရင်ဆွေးနွေးကြတာပေါ့။ ညီမ သိသလောက် တားတဲ့နည်းလမ်းလေးတွေပြောကြည့်ပါလား။ အမျိုးသမီး ။ ။ လက်ညှိုး ဆေးကဒ်၊ ဒက်ပိုထိုးဆေး...... အင်း..... ဒီလောက်ဘဲသိတယ်ဆရာ။ ကျွန်တော် ။ ။ ဟုတ်ပြီဗျ။

The Young And HIV

November 23rd, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

“လူငယ်များနဲ့ HIV အန္တရာယ်” နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ဆိုရင် ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ကျင်းပလေ့ ရှိကြပါတယ်။ လူထုကြားထဲမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး အသိပညာ ကြွယ်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြတာပါ။ ဒီနှစ်မှာလည်း My Health, My Right ဆိုပြီး လူတစ်ယောက်အတွက် ကျန်းမာရေးဟာ အခြေခံအကျဆုံး လူအခွင့်အရေးတစ်ရပ် ဖြစ်တယ် ဆိုတဲ့အသိကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်လို့ ဆောင်ပုဒ်သတ်မှတ်ထားပါတယ်။ HIV ပိုးဟာ အရင်နှစ်တွေကဆို တော်တော်လေး လူပြောသူပြောများတယ်။ စိုးရိမ်တကြီး ရှိကြတယ်။ ခုချိန်မှာတော့ ဒီရောဂါကို လူတိုင်းလည်း သိနေပြီ။ ကြားဖူးနေကြပြီ။ ဆိုတော့

Danger Signs Of Carcinoma cervix

November 23rd, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

မိန်းမသားများ သတိထားစရာ ဆေးခန်းထိုင်ရသည်ဆိုသောအလုပ်က တစ်ခါတစ်ခါမှာ ရင်ကိုလွန်စွာပင်ပန်းနွမ်းလျစေသည်။ ဆရာဝန်ဆိုသည့်ဘ၀မှာလူနာတို့၏သေချင်းတရားကို ထိုင်ဝမ်းနည်းနေ၍လည်းမဖြစ်နိုင်။ ကိုယ့်ရှေ့ မျက်မှောက်မှာပင် သိသင့်တာတွေမသိ၍ အဖြစ်သင့်တာတွေဖြစ်တာ မကြာခဏတွေ့လာရသည့်အခါ တွေများလာတော့ နှလုံးသားက ထုံကျဉ်အေးစက်တတ်နေပေပြီ။ သို့တိုင်ခံစားတတ်သော စိတ်နှလုံး ကိုအလျဉ်ရိုက်ခတ်လာသော အဖြစ်တို့က ရင်ကိုလူးလွန့်ခံစားစေပြန်သည်။ အထူးသဖြင့် အခုတလော တွေ့နေရာသော အမေကြီးဒေါ်အေးမြလိုအဖြစ်မျိုး။ ညနေတစ်ညနေ၏ ပဲ့တင်သံက စိတ်မကောင်းခြင်း များ၏ ရောင်ပြန်ဟပ်နေပါလိမ့်မည်။ အမေကြီးကို စတင်ခေါ်လာသူများက အမေ့သမီးများ။ မိန်းမတစ်သိုက် ပျာပျာသလဲ တွဲခေါ်လာခြင်းခံရသည့် အမေကြီးမှာ သိပ်တော့ ရုပ်မပျက်လှ။ ခပ်ပိန်ပိန်ပေမယ့် အသားနုနု၊ ဖြူဖြူချောချော။ ကိုယ်နေဟန်ကလည်း ခပ်ထည်ထည်ပင်။ မျက်နှာက လည်း သိပ်မပျက်လှ။ ဗိုက်နာလို့ဟု ခုတင်ပေါ်လှဲလိုက်တော့လည်း ပုံမှန်။ နာသည်ဆိုသည့်နေရာကို အသာဖိဖိလေးစမ်းလိုက်မှ

Condom For Sexual Protection

November 23rd, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

မိုးမမိဖို့ ကောင်းတဲ့မိုးကာလိုတယ် ဆရာ အခုတလော ပြောတာတွေက ပွဲနည်းနည်းကြမ်းသလားလို့ အေး၊ တချို့ ကဏ္ဍတွေက ကွက်ကွက်ကွင်းကွင်းပြောမှ နားလည်ကြမှာ။ ယဉ်ကျေးတဲ့ အသုံးတွေ ဆိုရင် ဘာပြောလို့ပြောမှန်း သိမှာမဟုတ်ဘူး။ ဒါကြောင့်၊ နောက်ပြီး ဒီအချက်တွေက အခုအချိန်၊ အခုခတ်မှာ သိပ်အရးကြီင်္းပြီလို့ ထင်တ/ယ် ဟုတ်တော့လည်းဟုတ်တယ်။ ဆရာပြောတာ တချို့ကျွန်တော် မသိခဲ့ဘူး။ တချို့က ကြားဖူးရုံရှိတာ တကယ်ထဲထဲဝင်ဝင် မသိဘူး။ မင်းမပြောနဲ့၊ ၁၉၈၉ လောက်က အေအိုင်ဒီအက်စ် ရောဂါအတွက် ဆရာဝန်တွေကို စတင် အသိပေး တဲ့ ဟောပြောပွဲမှာ အထူးကုဆရာဝန်ကြီးက ကွန်ဒုံးအကြောင်းပြောပြီး ဘယ်လိုသုံးတယ်၊ နည်းမှန် ဘယ်လိုဆို တာကို ပြဖို့ ဆရာဝန်တွေလက်ထဲကို ဖြန့်ဝေပြတော့ အမျိုးသမီးဆရာဝန်တွေ