You are here:---စိတ်ကျန်းမာရေး

Broken heart syndrome

By |2019-01-23T09:07:38+00:00January 23rd, 2019|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေ, အထွေထွေရောဂါများ|

ကြေကွဲနာကျ သင့်နှလုံးသား စာစုခေါင်းစဉ်မြင်လိုက်ပြီး အသည်းကွဲတဲ့အကြောင်းတွေများလားလို့ သင်ထင်မြင်မိကောင်း ထင်မြင်နိုင်ပေမယ့် တကယ်တော့ ဒါဟာရောဂါလက္ခဏာတစ်ခုပါ ။ Broken Heart Syndrome လို့ခေါ်တဲ့ ဒီရောဂါဟာ စိတ်မချမ်းမြေ့စရာအဖြစ်အပျက်တွေကြောင့် ယာယီနှလုံးမှာ ထိခိုက်ရတဲ့ရောဂါတစ်ခုပါပဲ ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်သေဆုံးတာမျိုး အခြေအနေမျိုးတွေမှာ တွေ့ရလေ့ရှိပါတယ် ။ တခြားအခြေအနေများအနေနဲ့ ခန္ဓာကိုယ်မှရောဂါများ ခွဲစိတ်ကုသမှုများကနေလဲ ဖြစ်ပွားနိုင်ပါတယ် ။ ဒီရောဂါခံစားရပြီဆို လက္ခဏာရပ်များအနေနဲ့ ရင်ဘတ်အောင့်တာ ကဲ့သို့ တကယ့် heart attack လက္ခဏာများ ခံစားရနိုင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီ syndrome ဟာ နှလုံးရဲ့ သွေးညှစ်ထုတ်တဲ့ နေရာတစ်နေရာဟာ ယာယီမူမမှန်မှုဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ် ။ အဲ့အတွက် များသောအားဖြင့်

Common conditions when women feel depressed

By |2018-08-24T13:27:46+00:00August 24th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

အမျိုးသမီးအများစု စိတ်ဓာတ်ကျလေ့ရှိတဲ့ အခြေအနေအကြောင်းတရားများ အရွယ်ရောက်ပြီးအမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျဆင်းတဲ့ဝေဒနာကို နှစ်ဆပိုမိုခံစားရလေ့ရှိပါတယ်။စိတ်ကျအမျိုးသမီးတွေဟာ သတ်သေဖို့မအောင်မြင်သည့်တိုင် အကြိမ်ကြိမ်ကြိုးစားလေ့ရှိကြပါတယ်။ ဘယ်လိုအမျိုးသမီးတွေမှာစိတ်ကျဝေဒနာပိုဖြစ်တတ်သလဲ? -မိသားစုထဲမှာ စိတ်ရောဂါရှိသူရှိတာ -အသက် ၁၀ နှစ်မတိုင်ခင် မိဘတွေကိုဆုံးရှုံးလိုက်ရတာ -ရောဂါကြောင့်ဟော်မုန်းဆေးဝါးတွေ သောက်သုံးနေရတာ -ကလေးဘဝက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရတာ စသဖြင့်ပါ။ ဒါတွေဘာကြောင့်ဖြစ်ရသလဲ။ (၁)Biological cause(ဇီဝဗေဒဆိုင်ရာ အကြောင်းတရား) အမျိုးသမီးတွေဟာ ဘဝတစ်လျှောက်လုံး ဟော်မုန်းအပြောင်းအလဲကို ခါးစည်းခံရပါတယ်။အပျိုဖော်ဝင်ချိန်မှစ ရာသီလာချိန် ကလေးမွေးချိန် သွေးဆုံးချိန် စသဖြင့် ဟော်မုန်းအတက်အကျတွေများတာဟာ စိတ်အပြောင်းအလဲတွေဖြစ်ဖို့တွန်းအားပေးပြီး စိတ်ကျဝေဒနာကို ဖြစ်စေပါတယ်။ တစ်ချို့သော မျိုးရိုးဗီဇတွေဟာလည်း စိတ်ကျဝေဒနာကိုဖြစ်စေတဲ့ gene တွေပါဝင်တယ်လို့ဆိုပါတယ်။ နာတာရှည်ရောဂါ မသန်စွမ်း တစ်ခုခုခံစားရတဲ့ အမျိုးသမီးတွေဟာလည်း

Mind Defense

By |2018-03-26T10:57:01+00:00March 26th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

စိတ်ပိုင်းဆိုင်ရာ ခုခံမှုများ လူတွေမှာ စိတ်ဝေဒနာ အနည်းနဲ့ အများတော့ ရှိကြပါတယ် အဲဒီလိုပြောရင် လူတိုင်း ရူးနေတာလို့ ပြောတာလား မြတ်စွာဘုရားတောင် ဟောထားတာပါပဲ ပုထုဇ္ဇနော ဥမ္မတ္တကော တဲ့လေ အောက်ပါ အချက်ကလေးများကို လုပ်နေတာကိုက ကျွန်ုပ်တို့ စိတ်ဝေဒနာ ကနေ စိတ်ရောဂါ မခံစားရအောင် လုပ်ပေးနေတာပါပဲ ဒါကို စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေလို့ ဆေးပညာအရ ခေါ်ပါတယ် ကိုယ် ဘယ်နှစ်ခု လုပ်ဖြစ်နေသလဲ? တိုက်ကြည့်ရအောင်လား ၁။ ဒုက္ခတွေ အရမ်း တွေ့ကြုံရလို့ မိမိ စိတ်နေစိတ်ထား ပြောင်းလဲသွားတာဟာလည်း စိတ်ထိခိုက်မှုကို ပြသပါတယ်။ ဥပမာ- မိမိ မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားလို့ စိတ်ထိခိုက်ပြီး

Anxiety Or Depression?

By |2018-01-13T09:46:16+00:00January 13th, 2018|Categories: All Articles, စိတ်ကျန်းမာရေး, အထွေထွေရောဂါများ|

ကြေကွဲတာလား၊ စိတ်ဓာတ်ကျတာလား မရှိစကား မကြားရလိုသောဆုနှင့် ပြည့်စုံသူရှားပါးသော လူ့လောကကြီးတွင် လူတိုင်းကိုယ်စီ ဆုံးရူံးမှုမျိုးစုံ ရှိနေနိုင်ပါသည်။ မိမိတန်ဖိုးထားသောပမာဏနှင့်အညီ ဆုံးရူံးသွားသောအခါ ပူပန်ဝမ်းနည်းကြရသည်။ သေသောသူ ကြာလျှင်မေ့။ ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသော်လည်း ပျောက်ဆုံးနေသော တစ်ခဏ ပူဆွေးမည်သာ ဖြစ်ပါသည်။ ထိုသူများအတွက် အချိန်သည် အကောင်းဆုံးဆေးပင် ဖြစ်သည်။ သို့သော် စိတ်ဓာတ်ကျနေသူဖြစ်ပါက အမြန်ဆုံးကုစားပေးရန် လိုအပ်ပေသည်။ မကုစားပါက မိမိကိုယ်ကို သတ်သေသည်အထိ ပြင်းထန်တတ်ပေသည်။ ထို့ကြောင့် ဝမ်းနည်းပူဆွေးနေသူလား၊ စိတ်ဓာတ်ကျနေသူလား သိနားလည်ခွဲခြားနိုင်ပါမှ သူတစ်ဦး၏ အသက်ကို ကယ်နိုင်ပေလိမ့်မည်။ ထိုနှစ်မျိုး၏ ကွာခြားချက်များကို အကြမ်းဖျင်းသိထားရန် လိုအပ်ပါသည်။ • ပူဆွေးသူမှာ တစ်စုံတစ်ဦးကို ဆုံးရူံးထားသောအခြေအနေဖြစ်ပြီး