Things To Notice When You Are Sick

January 3rd, 2018|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( ဖ ), အထွေထွေ, အထွေထွေရောဂါများ|

ဖျားနာစဉ် သတိပြုသင့်သော အချက်များ သာမန်အားဖြင့် လူနာများသည် ဖျားသည်ဟုသာ သာမန် သတိထားမိတတ်သော်လည်း ဆရာဝန်တစ်ယောက်အတွက်မူ ဖျားသည့်ပုံစံကို ကြည့်၍ ရောဂါကို ခန့်မှန်းရပေသည်။ ထို့နောက်မှ မိမိ အတွေ့အကြုံ၊ ပညာကို အခြေခံ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုပြုရပေသည်။ ထို့ကြောင့် လူတစ်ယောက်ဖျားနာပါက ဆရာဝန်များ မေးလေ့ရှိသော အောက်ဖော်ပြပါ မေးခွန်းများအတိုင်း မိမိကိုယ်ကို သတိထား စောင့်ကြည့်ပေးသင့်သည်။ ဖျားတာ ဘယ်လောက်ကြာပြီလဲ။ အဖျားကြီးလား၊ ကိုယ်အပူချိန်ဘယ်လောက်ထိ တက်လဲ။ ဆက်တိုက်ကြီးဖျားပြီး ဆေးသောက်လိုက်မှကျသွားတာလား၊ အဖျားက တက်လိုက်ကျလိုက်လား။ ဘယ်အချိန်တွေမှာ အဖျားပိုတက်တတ်လဲ၊ ညနေဘက်မှ အဖျားပိုတက်တာမျိုးရှိလား။ ချမ်းတုန်ပြီး ဖျားတာလား။ ကိုယ်ပေါ်မှာ အနီစက်၊ အနီကွက်တွေ ပေါ်သေးလား။ အခြားကော ဘာဖြစ်သေးလဲ။ အဖျားတက်တတ်သော

Foods to Avoid For Diabetics

January 3rd, 2018|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( ဆ ), ကျန်းမာရေး( သ ), စားသောက်မှုပုံစံ, ဆီးချိရောဂါ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, အထွေထွေရောဂါများ|

ဆီးချို သွေးချိုရှိလား ဒါတွေရှောင်စားပါ။ ခေတ်အခြေအနေအရ အစားအသောက်တွေကို အပြိုင်အဆိုင်ရောင်းစွံအောင် ထုတ်လုပ်ကြရာမှာ အရသာတွေ ပိုကောင်းအောင်သကြား၊ ထန်းလျက်နဲ့ဆားအပြင် တချို့တွေက ဆေးသကြားနဲ့ အချိုမှုန့်၊ ဟင်းခတ်မှုန့်လို Na ဆိုဒီယမ်ဓါတ်ဆားတွေပါ လွန်လွန်ကဲကဲထည့်ပြီး ထုတ်လုပ်ရောင်းချနေပါပြီ။ ထိုအစား အစာတွေနဲ့ အချိုရည်တွေ သိပ်ကြိုက်တဲ့သူတွေအဖို့ နေ့စဉ်စားသုံးခြင်းရဲ့အကျိုးဆက်ကတော့ အသက်ရ လာတာနဲ့အမျှအ၀လွန်ချင်းနှင့်အတူဆက်နွယ်လာတဲ့ရောဂါတွေကတော့သွေးတွင်းအဆီတက်ခြင်း၊သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျင်းရောဂါ၊ ဆီးချိုသွေးချိုရောဂါစသည့်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဆီချိုသွေးချိုရောဂါဖြစ်ပြီးလားဆိုတာကိုအတိအကျသိချင်ရင်တော့(HbAic)``အိတ်ခ်ျဘီအေ၀မ်းစီ´´ဆိုတဲ့သွေးဓါတ်တစ်မျိုးကိုစစ်ခိုင်းရတယ်။ပုံမှန်သွေးနီဥများက သကြားဓါတ်ကို(3)လအတွင်းစုပ်ယူထားမှု ကိုစစ်ဆေးတာပါ။ပုံမှန် အိတ်ခ်ျဘီအေ၀မ်းစီ(6)ပဲအမြင့်ဆုံးရှိရပါတယ်။5.9 သို့မဟုတ် 6 ထက်ကျော်လာင်္ပြီ ဆိုရင် သင့်မှာဆီချိုသွေးချိုရောဂါဖြစ်ခါနီးနေပြီဆိုတာပြနေပါပြီ။အကယ်၍ HbA1c သို့မဟုတ် 9 ဆိုင်ရင်(ပုံ မှန် 6 ထက်ပိုများသောပမာဏများ)ဖြစ်တဲ့အတွက် (သို့) သင့်မှာဆီးချိုသွေးချိုဖြစ်နေကြောင်း4င်းကညွှန်ပြ နေပြီဖြစ်တယ်။အစာမစားဘဲနံနက်လင်းသွေးထုတ်ပြီး ဆီးချိုသွေးချိုစစ်တာကို Fasting Blood Sugar (FBS)

Menstrual Cycle

January 2nd, 2018|Categories: All Articles, ကျန်းမာရေး( က-အ )|

ဓမ္မတာရာသီအကြောင်းတစေ့တစောင်း (Menstrual Cycle) ဓမ္မတာရာသီပေါ်ခြင်းဟာ အရွယ်ရောက်အပျိုဖော်ဝင်တဲ့အမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့ ဖြစ်စဉ်ကိုတော့ အမျိုးသမီးတိုင်းမသိကြဟုထင်ပါတယ်။ အမှန်တွင် အမျိုးသမီးများသာမက အမျိုးသားများပါ သိထားရမည်ဖြစ်သည်။ အမျိုးသမီးရဲ့ မျိုးပွားအင်္ဂါတွင်ပါဝင်သောအစိတ်အပိုင်းများမှာ သားဥအိမ်(ovary)၊ သားဥပြွန်(fallopian tube)၊ သားအိမ်(uterus)၊ သားအိမ်ခေါင်း(cervix) နှင့် မွေးလမ်းကြောင်း (vagina) ဟူ၍ဖြစ်ကြပါတယ်။ သားဥအိမ်မှ ထုတ်လွှတ်သော မဟော်မုန်း ဓာတ်များကြောင့် မျိုးဥကြွေခြင်းနှင့် ရာသီပေါ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာသည်။ သားဥအိမ်မှ မဟော်မုန်းထုတ်လွှတ်ခြင်းကို ဦးဏှောက်အတွင်းရှိ ဟိုက်ပိုသားလမက်(hypothalamus) နှင့် ပစ်ကြူ တရီ(pituitary) ဆိုသည့်အစိတ်အပိုင်းနှစ်ခုမှ ထပ်ဆင့်ထိန်းချုပ်ထားသည်။ထို့ကြောင့် အလွန်အမင်းပင်ပန်းခြင်း နှင့် စိတ်ဖိစီးမှု့များသော အခြေအနေများတွင် ရာသီနည်းခြင်း ထိန်ခြင်းများဖြစ်ပေါ်စေသည်။ သားဥအိမ်နှစ်ဖက်ရှိသည့်အနက် တစ်လတွင်တစ်ဖက်စီမှ သားဥတစ်လုံးစီ အလှည့်ကျကြွေလေ့ရှိသည်။ တခါတရံ

Modern Mom

January 2nd, 2018|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, ကျန်းမာရေး( က-အ ), ကျန်းမာရေး( မ ), မိခင်နှင့်ကလေး ကျန်းမာရေး|

ခေတ်မှီ မေမေ ညှစ်ထုတ်ထားသော မေ့မေ့နို့ချို သိမ်းဆည်းနည်း ယခုခေတ်အခါ မှာ မောင်တစ်ထမ်း မယ်တစ်ရွက် အပြေးအလွားအလုပ်လုပ်ကြရသည်မို့ နို့တိုက်မိခင်များအတွက် မိအတွက်ရော ကလေးအတွက်ပါ အဆင်ပြေသည့် ခေတ်မှီ နည်းစနစ်များလိုအပ် လာပါသည်၊ အလုပ်လည်းလုပ်ချင် ကလေးကို နို့ဗူးလည်းမတိုက်ချင်သူမိခင်များအတွက် မိမိနို့ကို ညှစ်ကာ သိမ်းဆည်းနည်း ဖော်ပြလိုက်ပါသည် (၁) မိမိနို့ကို ဘယ်လိုညှစ်မလဲ? မိမိနို့ကို သန့်ရှင်းစင်ကြယ်ပြီးနောက် လက်သန့်သန့်ဖြင့် ညှစ်၍ဖြစ်စေ၊ မိခင်နို့ညစ်ပစ္စည်း(breast pump) နှင့် လိုအပ်သောပမာဏကို ကြိုညှစ်ထားပါ။ (၂) မည်သို့ သိမ်းဆည်းရမည်နည်း? သန့်စင်ထားသော အဖုံးပါသော ဗူး(သို့) ခွက်(သို့) ဇစ်ဆွဲပိတ်နိုင်သော ပလတ်စတစ်အိတ်နေရာပို ဆန့်နိုင်ရန်မှာ ဇစ်ပါသော အိတ်က ပိုမိုသင့်တော်ပါသည်။ (၃) သိမ်းဆည်းပုံ

Common Sites for Acne

December 29th, 2017|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( ဝ ), အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ဝက်ခြံထွက်တာ သည်နေရာ ဝက်ခြံထွက်တယ်ဆိုတဲ့ စကားက လူတိုင်းနှင့် စိမ်းမည်မထင်ပါ။ စိတ်ဖိစီးမှုများသောအခါ၊ ဖုန်ထူသောဒေသများသို့သွားသောအခါ၊ ရေမသန့်သောအခါ စသည့် အချိန်များတွင် ပိုထွက်တတ်လေ့ရှိပေသည်။ အများအားဖြင့် ဝက်ခြံထွက်သောအခါ အဆီအိတ်လေးများပိတ်သောကြောင့် လည်းကောင်း၊ ဟော်မုန်းအတက်အကျ မညီမျှမှုများကြောင့်သာ ထင်မြင်ယူဆလေ့ရှိကြသည်။ သို့သော် ထွက်ပေါ်လာသောနေရာပေါ်မူတည်၍ ဖြစ်ပွားစေသောအကြောင်းရင်းများကွာခြားတတ်ပါသည်။ တစ်ခါတစ်ရံ ထိုအကြောင်းရင်းများကို ကုသ ဖယ်ရှားသော အခါမှ ဝက်ခြံထွက်ခြင်း လျော့နည်းသက်သာသွားတတ်ပေသည်။ ထို့ကြောင့် ဝက်ခြံထွက်သောနေရာနှင့် ဆက်စပ်လေ့ရှိသော အခြေအနေများကို တွဲဖက်ဖော်ပြလိုက်ပါသည်။ ၁။ နဖူး စိတ်ဖိစီးမှုများခြင်းနှင့် အစာခြေစနစ်အားနည်းခြင်းတို့သည် နဖူးပေါ်ရှိဝက်ခြံများ၏ အဓိကအကြောင်းရင်းများ ဖြစ်ကြသည်။ ဆံစပ်နေရာများတွင်မူ ဆံသားပွန်းခြင်း၊ ဦးထုပ်ပွန်းခြင်း၊ ဆံပင်အလှပြင်ပစ္စည်းများဖြင့် ပိတ်ခြင်းကြောင့်လည်း ဖြစ်တတ်သည်။ ထို့ကြောင့် ညအိပ်ရေးဝဝအိပ်ခြင်း (၇နာရီခန့်အိပ်ခြင်း) စိတ်ဖိစီးမှုနည်းပါးအောင်

Risk Factors For Stroke

December 29th, 2017|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( လ ), အထွေထွေ, အထွေထွေရောဂါများ, သွေးတိုးနှင့်နှလုံးရောဂါ|

ဘယ်လိုသူတွေမှာ လေဖြတ်တတ်ပါသလဲ။ အောက်ပါ လူများသည် သာမန်သူထက် လေဖြတ်နိုင်သော အခွင့်အရေးပိုများပါသည်။ ပြုပြင်နိုင်သေးသော အချက်များနှင့် ပြုပြင်၍ မရသော အချက်များရှိပါသည်။ ပြုပြင်နိုင်သောအကြောင်းဆိုသည်မှာ သွေးတိုးရောဂါရှိသူသည် လေဖြတ်နိုင်ချေ ပိုများသော်လည်း ဆေးဖြင့်ဖြစ်စေ၊ နေထိုင်မှုပုံစံဖြင့်ဖြစ်စေ ပုံမှန်သွေးပေါင်ချိန်တွင် ထိန်းထားနိင်ပါက လေဖြတ်ခြင်းကို လျော့ကျစေပါသည်။ ပြုပြင်၍ မရနိုင်သော အကြောင်းရှိသူများ အသက်ကြီးသူများ အမျိုးသားများ အာဖရိကလူမျိုး> အာရှလူမျိုး> အနောက်တိုင်းသားများ ယခင်သွေးကြောပြဿနာရှိဖူးသူများ(ဥပမာ- နှလုံးသွေးကြောပုတ်ခြင်း၊) မျိုးရိုးရှိသူများ သွေးခဲစေသောဓာတ်များသူများ ပြုပြင်နိုင်သော လေဖြတ်စေသည့် အကြောင်းရှိသူများ သွေးတိုးရှိသူ ဆီးချိုရောဂါရှိသူ ဆေးလိပ်သောက်သူ အရက်အလွန်အကျွံသောက်သူ သွေးတွင်းအဆီများသူ သွေးနီဥများသောရောဂါရှိသူ နှလုံးရောဂါရှိသူ အချို့သောဆေးများ(ဥပမာ -ကိုယ်ဝန်တားဆေး၊ ) သောက်နေသူများ ဒေါက်တာချို(ဆေး ၁)