Common Condom Myths

January 6th, 2018|Categories: All Articles, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မျိုးဆက်ပွါးကျန်းမာရေး|

“ ကွန်ဒုံးနှင့်မှားယွင်းသောအယူအဆများ “ (1) ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး။ လူအများစုဟာ ကွန်ဒုံးသုံးစွဲဖို့ ဝန်လေးကြခြင်းရဲ့အဓိကအကြောင်းရင်းက " ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး " ဆိုတဲ့ အယူအဆမှားကြောင့်ပါပဲ။ တကယ်တော့.....ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းဟာ ခံစားမှုလျော့ကျမသွားစေတဲ့အပြင် အမျိုးသားများလိင်ဆန္ဒအထွဋ်အထိပ်ရောက်ပြီးမြောက်ဖို့ အချိန်ပိုကြာစေတဲ့အတွက် သင်ရော သင့်အဖော်ကိုရော စိတ်ကျေနပ်မှုပိုမိုရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံးတွေမှာ အရွယ်အစား၊ပုံစံ၊အရောင်၊အနံ့ မျိုးစုံရွေးချယ်လို့ရတာကြောင့် သင်နဲ့သင့်အဖော် နှစ်ဦးစလုံးအဆင်ပြေပြီး စိတ်ကျေနပ်မှုရရှိစေမယ့်ကွန်ဒုံးအမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ (2)ကွန်ဒုံးကိုနှစ်ထပ်သုံးရင် ပိုစိတ်ချရတယ်။ "ကွန်ဒုံးတစ်ခုတည်းသုံးရင် ပေါက်ပြဲမှာစိုးရိမ်ရတယ် ကွန်ဒုံးနှစ်ခုထပ်သုံးတာ စိတ်ချရမယ်" လို့တွေးထားတယ်ဆိုရင်တော့ လုံးဝမှားပါတယ်။ ကွန်ဒုံးနှစ်ခုထပ်သုံးခြင်းဟာ တစ်ခုတည်းသုံးခြင်းထက် ပိုစိတ်မချရတဲ့အပြင် လိင်ဆက်ဆံနေစဉ်ကွန်ဒုံးပေါက်ပြဲမှု ဖြစ်နိုင်ချေ ပိုများပါတယ်။ (3)ကွန်ဒုံးဟာ ပေါက်ပြဲလွယ်လို့

Sleeping Time For Newborn Baby

January 6th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မိခင်နှင့်ကလေး ကျန်းမာရေး|

မေ့မေ့မှတ်စု (၁) မွေးကင်းစကလေး အိပ်ချိန်မည်မျှရှိသနည်း? မွေးကင်းစကလေးများတွင် နေ့နှင့် ညဟူ၍ ခွဲခြားမသိတတ်ကြပါ။ နာရီတစ်ပတ်လည်လုံး အိပ်စက်လိုသော သဘာဝရှိသောလည်း အစာအိမ် သေးသေးလေးမှ နို့ကိုသိုလှောင်မထားသည့်အတွက် နို့စို့ရန်နိုးလာတတ်ကြပါသည်။ ပျှမ်းမျှအိပ်ချိန် မွေးကင်းစကလေးတစ်ယောက် တစ်နေ့အိပ်ချိန် ၁၈နာရီခန့် ရှိပါသည်။ မကြာခဏ ဗိုက်ဆာသော အချိန်တွင်သာနိုးတတ်သည်။ မိခင်နို့တိုက်သော ကလေးများတွင်၈ကြိမ်မှ ၁၂ကြိမ်ထိနိုးတတ်သည်။ နို့ဗူးတိုက်သော ကလေးများက ၄နာရီခြားတစ်ကြိမ်သာ နိုးတတ်သည်။ ကလေးအိပ်နေလျှင် နို့တိုက်ရန် နိုးသင့် ပါသလား? မွေးပြီးခါစ ပထမ ၃ပတ်လောက်တွင် ၃နာရီ ၄နာရီခြားတစ်ကြိမ် နှိုး၍ နို့တိုက်ပေးမှသာ ကလေးကိုယ်ခန္တာကြီးထွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးကို ကြာကြာအိပ်ခိုင်းနိုင်ပါတယ်။ မယ်တင် (ဆေး ၁)

Vitamins For Men

December 29th, 2017|Categories: All Articles, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), ကျန်းမာရေး( အ ), စားသောက်မှုပုံစံ, မျိုးဆက်ပွါးကျန်းမာရေး, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

အမျိုးသားများ အားထားရာ သက်စောင့်အာဟာရ အမျိုးသားများသည်လည်း သက်စောင့်ဓာတ်၊ သတ္တုဓာတ်များကို အမျိုးသမီးများ နည်းတူ လိုအပ်လေ့ရှိကြသည်။ ထိုအထဲတွင် အမျိုးသားများအတွက် ပိုမိုလိုအပ်သော သက်စောင့်ဓာတ်၊ သတ္တုဓာတ် များမှာ ဗီတာမင် ဒီ ဗီတာမင် ဘီတွဲ၊ ဘီဝမ်း စသော ဗီတာမင် ဘီ အုပ်စုများ ဓာတ်တိုးဆန့်ကျင်သော သက်စောင့်ဓာတ်များ ( ဗီတာမင် အေ၊ စီ၊ အီး) ဗီတာမင် ကေ မက်နီဆီယမ် အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပိုတက်ဆီယမ်မှ စ၍ အာဟာရဓာတ် ၁၃မျိုးဖြစ်ပါသည်။ အမျိုးသားများသည် အသင့်စား အစာများ အစားများခြင်း( လတ်ဆတ်သော အသီးအနှံပါဝင်မှု လျော့နည်းခြင်း) စီးပွားရေး အခြေအနေနိမ့်ကျခြင်း ပတ်ဝန်းကျင်

Abdominal Bloating in Baby

December 29th, 2017|Categories: All Articles, ကလေး ကျန်းမာရေး, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေး လေထိုးနေပါသလား? မိဘတိုင်း မလွဲမသွေ ကြုံတွေ့ရတတ်သော ပြသနာဖြစ်ပါသည်။ ညနေစောင်းတိုင်း ကလေးငိုနေသည်ကို အဖြေရှာမရဖြစ်နေပါသလား?။ ပုံမှန်အားဖြင့် ကလေးများသည် ဗိုက်ဆာခြင်း၊ အိပ်ချင်ခြင်းများတွင် ငိုတတ်သည်မှာ သဘာဝပင်ဖြစ်သည်၊ သို့သော်ငိုကြွေးရာတွင် အာခေါင်ခြစ်ငိုခြင်း၊ တော်ရုံနှင့် အငိုမတိတ်ဘဲရှိနေပါက ကလေး လေထိုးခြင်းဖြစ်နေနိုင်သည်ကို မိဘများအနေနှင့် သတိပြုသင့်ပါသည်။ လေ့လာတွေ့ရှိချက်များအရ တစ်နေ့လျှင် ၃ နာရီထက်ပိုငိုခြင်း၊ တစ်ပတ်လျှင် ၃ရက်ထက် ပိုငိုခြင်း သည် ကလေးလေထိုးခြင်းကို ညွန်ပြသော လက္ခဏာဖြစ်သည်။ ကလေးလေထိုးရခြင်း အကြောင်းရင်းများမှာ အတိအကျမရှိပါ၊ အများအားဖြင့် ကလေးအစာခြေစနစ်ကောင်းစွာမဖွံ့ဖြိုးသေးသဖြင့်အစားအသွား မြန်ခြင်း၊ အစာမကြေခြင်း၊ အစာခြေရေအထွက်များခြင်းများကြောင့် ဖြစ်တတ်ပါသည်။ သို့သော် အမေများအနေနှင့် ကော်ဖီရှောင်ပါက သက်သာသည်ကို တွေ့ရှိရပါသည်။ ကလေးလေထိုးခြင်း ဖြစ်ပါက လုပ်ဆောင်နိုင်သောနည်းလမ်းများကို

Complementary Feeding

December 29th, 2017|Categories: All Articles, ကလေး ကျန်းမာရေး, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မိခင်နှင့်ကလေး ကျန်းမာရေး|

ဖြည့်စွက်စာ ဖြည့်စွက်စာကျွေးသည် ဆိုသည်မှာ အဘယ်နည်း။ နို့စို့ကလေးများ သာမန်လူကြီးတစ်ယောက်စားသကဲ့သို့ စားနိုင်သော အဆင့်သို့ရောက်အောင် ပျိုးပေးခြင်းကို ဖြည့်စွက်စာကျွေးသည်ဟု ဆိုခြင်းဖြစ်သည်။ သို့သော် ဖြည့်စွက်စာကျွေးစဉ် မိခင်နို့သည် အဓိကအာဟာရဖြစ်ဆဲ ဖြစ်ပါသည်။ မည်သည့်အရွယ်တွင် စတင်ကျွေးရမည်နည်း။ ကလေးအသက် ၆ လပြည့်သည်မှစ၍ မိခင်နို့တစ်မျိုးတည်းဖြင့် အာဟာရမလုံလောက်တော့ပေ။ ထို့ကြောင့် အသက် ၆လ ပြည့်သည်နှင့် တိုက်ကျွေးရပါမည်။ မည်သို့ကျွေးရမည်နည်း။ ကလေးသွားများသည် အသက် ၆လမှ စတင်ပေါက်သဖြင့် ချေထားသောအစားအစာမှ စတင်ကျွေးရပါမည်။ အသက် ၆-၈လ အတွင်း ကလေးစို့ချင်သလောက် မိခင်နို့ကို ဆက်လက်တိုက်ကျွေးရပါမည်။ ဖြည့်စွက်စာ အနေဖြင့် ထမင်းကို ဆီနည်းနည်းထည့်၍ ပြဲနေအောင် ကျိုကျွေးခြင်း သို့ ဆန်မှုန့်နှင့် ပဲမှုန့် (၄း၁အချိုးဖြင့်)

Myths And Pregnancy

December 28th, 2017|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မိခင်နှင့်ကလေး ကျန်းမာရေး|

ကိုယ်ဝန်ဆောင်နှင့်လွဲမှားသောအယူအဆများ ကိုယ်ဝန်ဆောင်ပြီဆိုတာနှင့် ပတ်ဝန်းကျင်၊မိဘဆွေမျိုးများက အကြံပေးခြင်း။ ဗဟုသုတမျှဝေပေးခြင်းမျိုး အနည်းနဲ့အများကြုံရမည်ဖြစ်ပါသည်။ အချို့မှာ အသုံးဝင်မှန်ကန်ပြီး တချို့မှာလွဲမှားသောအယူအဆများသာဖြစ်တတ်ပါသည်။ ဒါကြောင့် ကြားရလေ့ရှိသော လွဲမှားသောအယူအဆများကို အမှတ်မမှားစေရန် ဖော်ပြလိုက်ပါသည်။ ၁) ကလေးကိုယ်ဝန်ဆောင်စဉ် စိတ်ပူပင်ခြင်းသည် ကလေးအတွက်မကောင်း။ ဒီအချက်ဟာ မှန်သင့်သလေညက်မှန်ပါတယ်။ အကြောင်းမှာ စိတ်ဖိစီးခြင်းဟာ ခန္တာကိုယ် ခုခံအားစနစ် ကျဆင်းစေ တာကြောင့် မိခင်မှာဖျားနာတတ်ပါသည်။ ကလေးအတွက်လည်း မကောင်းပါ။ ဒါပေမယ့် လေ့လာချက်အရ သင့်တင့်သော ဖိစီးမှုသည်ကလေးအတွက်လိုအပ်သည်ဟုဆိုပါသည်။ ဖိစီးမှုသည် ကလေးဥာဏ်ရေဖွင့်ဖြိုးစေပါသည်။ ဖိစီးခြင်း အတန်အသင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်မွေးသော ကလေးများသည် စိတ် ဖိစီးခြင်းမရှိသော မိခင်များ၏ကလေးများထက်ဥာဏ်ရေပိုကောင်းသည်ကို တွေ့ရပါသည်။ ၂) ကိုယ်ဝန်ဆောင်များ ပင်လယ်စာမစားသင့်။ ဒီအချက်ကတော့ မမှန်ပါဘူး၊ ပင်လယ်စာစားခြင်းဟာ ကလေးအတွက်ကောင်းပါသည်။ ငါးများတွင်