Anal Intercourse

January 6th, 2018|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( စ ), ကျန်းမာရေး( လ ), မျိုးဆက်ပွါးကျန်းမာရေး|

သဘာဝမဟုတ်သောလိင်ဆက်ဆံခြင်း(သို့) စအိုနှင့်လိင်ဆက်ဆံခြင်း ပထမဦးဆုံးပြောပြချင်တာက စအိုနှင့်ဆက်ဆံခြင်းဆိုတာ သဘာဝမဟုတ်ဘဲလိင်ဆက်ဆံခြင်းမျိုးပါ။ အမျိုးသားအချင်းချင်းလိင်ဆက်ဆံရာမှာသော်လည်းကောင်း၊ အမျိုးသားနဲ့အမျိုးသမီးလိင်ဆက်ဆံရာမှာသော်လည်းကောင်း အမျိုးသားလိင်အဂါင်္ကိုစအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းမျိုးဖြစ်ပါတယ်။ စအိုဝမှာအာရုံကြောတွေများစွာရှိနေတာမို့ ဆက်ဆံခံရသူအနေနဲ့လည်း လိင်စိတ်ကျေနပ်မှုအထူးအဆန်းမျိုးခံစားရစေပြီး ဆက်ဆံသူအဖို့တော့ စအိုရဲ့ တင်းကျပ်တဲ့ကြွက်သားစုပ်အားကြောင့် လိင်စိတ်ကျေနပ်မှုပိုမိုရစေတယ်လို့ဆိုကြပါတယ်။ ဒါဆိုစိတ်ချအန္တရာယ်ကင်းရဲ့လား? အဖြေကတော့ No ပါ။ ဘာကြောင့်လဲဆိုတော့ ၁) စအိုကြွက်သားတွေဟာ တင်းကျပ်လွန်းတဲ့အပြင် မိန်းမကိုယ်ကဲ့သို့ သဘာဝအလျှောက်လိင်ဆက်ဆံရင်ထွက်တဲ့ ချောဆီ( Lubricant) ကိုထုတ်မပေးနိုင်တာကြောင့် စအိုဝစုတ်ပြဲခြင်းများဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ထိုပေါက်ပြဲဒဏ်ရာများမှတစ်ဆင့် ရောဂါပိုးတွေသွေးတွင်းဝင်ရောက်ပြီး ပိုးဆိပ်ပြန့်နိုင်ပါတယ်။ ၂) ရောဂါကူးစက်နှုန်း( ဥပမာ...HIV, လိင်အဂါင်္ကြွက်နို့ပိုး( HPV) ) ကူးစက်နိုင်နှုန်း ပိုများတတ်ပါတယ်။ ၃) မကြာခဏဆက်ဆံမယ်ဆိုရင် စအိုကြွက်သားလျော့ရဲလာပြီး ဝမ်းသွားချင်ရင်ထိန်းနိုင်ဖို့ပါခက်ခဲလာတတ်ပါတယ်။ ဒါတွေမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ? ဦးစွာစအိုနဲ့လိင်မဆက်ဆံဖို့ပဲပြောပါရစေ။ မရှောင်နိုင်လို့ဆက်ဆံရမယ်ဆိုရင်တောင် Condom( ကွန်ဒုံး)မဖြစ်မနေသုံးပါ။

Common Condom Myths

January 6th, 2018|Categories: All Articles, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မျိုးဆက်ပွါးကျန်းမာရေး|

“ ကွန်ဒုံးနှင့်မှားယွင်းသောအယူအဆများ “ (1) ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး။ လူအများစုဟာ ကွန်ဒုံးသုံးစွဲဖို့ ဝန်လေးကြခြင်းရဲ့အဓိကအကြောင်းရင်းက " ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး " ဆိုတဲ့ အယူအဆမှားကြောင့်ပါပဲ။ တကယ်တော့.....ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းဟာ ခံစားမှုလျော့ကျမသွားစေတဲ့အပြင် အမျိုးသားများလိင်ဆန္ဒအထွဋ်အထိပ်ရောက်ပြီးမြောက်ဖို့ အချိန်ပိုကြာစေတဲ့အတွက် သင်ရော သင့်အဖော်ကိုရော စိတ်ကျေနပ်မှုပိုမိုရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံးတွေမှာ အရွယ်အစား၊ပုံစံ၊အရောင်၊အနံ့ မျိုးစုံရွေးချယ်လို့ရတာကြောင့် သင်နဲ့သင့်အဖော် နှစ်ဦးစလုံးအဆင်ပြေပြီး စိတ်ကျေနပ်မှုရရှိစေမယ့်ကွန်ဒုံးအမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ (2)ကွန်ဒုံးကိုနှစ်ထပ်သုံးရင် ပိုစိတ်ချရတယ်။ "ကွန်ဒုံးတစ်ခုတည်းသုံးရင် ပေါက်ပြဲမှာစိုးရိမ်ရတယ် ကွန်ဒုံးနှစ်ခုထပ်သုံးတာ စိတ်ချရမယ်" လို့တွေးထားတယ်ဆိုရင်တော့ လုံးဝမှားပါတယ်။ ကွန်ဒုံးနှစ်ခုထပ်သုံးခြင်းဟာ တစ်ခုတည်းသုံးခြင်းထက် ပိုစိတ်မချရတဲ့အပြင် လိင်ဆက်ဆံနေစဉ်ကွန်ဒုံးပေါက်ပြဲမှု ဖြစ်နိုင်ချေ ပိုများပါတယ်။ (3)ကွန်ဒုံးဟာ ပေါက်ပြဲလွယ်လို့

Obesity Measurement

January 6th, 2018|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( ဝ ), စားသောက်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ|

ဟယ် ၀လာလိုက်တာ မှတ်တောင်မမှတ်မိဘူး။ ၀ိတ်လေးဘာလေးလျှော့ဦး။ စတဲ့ စကားတွေကို လူတိုင်းကြားဖူး ပြောဖူးကြမှာပါ။ ၀လာတယ်ဆိုသည် သာမန်အားဖြင့် ပြဿနာတစ်ခု မဟုတ်သော်လည်း အ၀လွန်လာပြီဆိုလျှင်တော့ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် မကြာမီ ကျန်းမာရေးပြဿနာများကို ဖိတ်ခေါ်လာတော့မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။ အ၀လွန်နေသည်ကို မည်သို့သိရှိနိုင်ပါမည်နည်း။ ဘီအမ်အိုင် ဖြင့် တိုင်းတာနိုင်ပါသည်။ BMI ကို ဇယားနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။ ခါးအရွယ်အစားကို တိုင်းတာခြင်းဖြင့် အ၀လွန်သော ပုံစံကို ခွဲနိုင်ပါသည်။ ချက်ပတ်ပတ်လည် ခါးအရွယ်အစားကို တိုင်းတာရပါမည်။ • အမျိုးသားဖြစ်လျှင် ၁၀၂ စင်တီမီတာ ကျော်ပါက • အမျိုးသမီးဖြစ်လျှင် ၈၈ စင်တီမီတာ ကျော်ပါက သွေးတိုး၊ ဆီးချိုကဲ့သို့သော ရောဂါများကို ပို၍ ဖြစ်စေနိုင်ပါသည်။

Sleeping Time For Newborn Baby

January 6th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, ကျန်းမာရေး( က ), ကျန်းမာရေး( က-အ ), မိခင်နှင့်ကလေး ကျန်းမာရေး|

မေ့မေ့မှတ်စု (၁) မွေးကင်းစကလေး အိပ်ချိန်မည်မျှရှိသနည်း? မွေးကင်းစကလေးများတွင် နေ့နှင့် ညဟူ၍ ခွဲခြားမသိတတ်ကြပါ။ နာရီတစ်ပတ်လည်လုံး အိပ်စက်လိုသော သဘာဝရှိသောလည်း အစာအိမ် သေးသေးလေးမှ နို့ကိုသိုလှောင်မထားသည့်အတွက် နို့စို့ရန်နိုးလာတတ်ကြပါသည်။ ပျှမ်းမျှအိပ်ချိန် မွေးကင်းစကလေးတစ်ယောက် တစ်နေ့အိပ်ချိန် ၁၈နာရီခန့် ရှိပါသည်။ မကြာခဏ ဗိုက်ဆာသော အချိန်တွင်သာနိုးတတ်သည်။ မိခင်နို့တိုက်သော ကလေးများတွင်၈ကြိမ်မှ ၁၂ကြိမ်ထိနိုးတတ်သည်။ နို့ဗူးတိုက်သော ကလေးများက ၄နာရီခြားတစ်ကြိမ်သာ နိုးတတ်သည်။ ကလေးအိပ်နေလျှင် နို့တိုက်ရန် နိုးသင့် ပါသလား? မွေးပြီးခါစ ပထမ ၃ပတ်လောက်တွင် ၃နာရီ ၄နာရီခြားတစ်ကြိမ် နှိုး၍ နို့တိုက်ပေးမှသာ ကလေးကိုယ်ခန္တာကြီးထွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးကို ကြာကြာအိပ်ခိုင်းနိုင်ပါတယ်။ မယ်တင် (ဆေး ၁)

Sleep

January 3rd, 2018|Categories: All Articles, ကျန်းမာရေး( က-အ ), ကျန်းမာရေး( အ ), အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ|

အိပ်စက်ခြင်း အကြောင်းတစေ့တစောင်း သင့်ခန္ဓာကိုယ်က တစ်နေ့ ဘယ်နှစ်ကြိမ် အိပ်ချင်စိတ်ဖြစ်စေသလဲ။ ၂ကြိမ်ဖြစ်စေပါတယ်။ အရင်နေ့တွေက ဘယ်လောက်အိပ်ခဲ့အိပ်ခဲ့ အိပ်ချင်စိတ်ဖြစ်တဲ့အချိန်တွေ ကတော့ ညသန်းခေါင်ကနေ မနက် ၇နာရီကြား နဲ့ နေ့လည် ၁နာရီကနေ ၄နာရီကြားအချိန်တွေပါပဲ။ ဘယ်အရွယ်အုပ်စုတွေက တစ်ည ၁၃ နာရီအိပ်ဖို့ လိုအပ်ပါသလဲ။ မူကြိုကလေးတွေပါ။ မွေးကင်းစကလေးတွေကတော့ ၁၈ နာရီထိကို အိပ်ကြပါတယ်။ လူကြီးတစ်ယောက်ဆိုရင်တော့ ၇နာရီကနေ ၉ နာရီဆို အိပ်ရေးကောင်းကောင်းဝပါတယ်။ လူကြီးတွေ အသက်ကြီးလာတိုင်း အိပ်ချိန်သိပ်မလိုတော့တာ မှန်လား။ မှားပါတယ်။ အိပ်ချိန် လိုအပ်ချက် နည်းလာတာမဟုတ်ပါဘူး။ လွယ်လွယ်အိပ်မပျော်ခြင်း၊ ကြက်အိပ်ကြက်နိုး ဖြစ်နေတဲ့အတွက် အိပ်ချိန် နည်းသွားကြတာပါ။ အိမ်မက် မက်ချိန်တွေက အိပ်ချိန် တစ်ဝက်လောက်မှာ ဖြစ်နေတာလား။

Are You Ready to Run?

January 3rd, 2018|Categories: All Articles, ကျန်းမာရေး( ပ ), အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ, နေထိုင်မှုပုံစံ|

ပြေးဖို့ အဆင်သင့်ဖြစ်နေကြပြီလား။ ဝိတ်ကျစေဖို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကောင်းစေချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကာယ လှပစေလိုတာပင်ဖြစ်ဖြစ် အပြေးအားကစား ပြုလုပ်ကြသူတွေ ရှိကြပေသည်။ •တစ်မိုင် ပြေးလျှင် ကယ်လိုရီ ၁၀၀ခန့်လောင်ကျွမ်းစေပြီး •အရိုးများသန်မာလာအောင်ပါ ကူညီပေးတဲ့အတွက် အသက်ကြီးလျှင်ဖြစ်တတ်သော ဒူးနာဝေဒနာကို ကာကွယ်ပေးနိုင်ပါသည်။ •ထို့ပြင် တစ်ပတ်လျှင် ၂ နာရီခန့်ပြေးခြင်း ဖြင့် အသက် ၆နှစ်ခန့် ပိုရှည်ကြသည်ဟုပါ ဆိုလာကြသည်။ •စိတ်ဖိစီးမှုကိုပါ လျော့နည်းစေပြီး စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်နိုင်သော အားအင်များ ရရှိလာသည်ဟု အချို့ အပြေးအားကစားပြုလုပ်သူများက ဆိုကြလေသည်။ အားကစား မလုပ်ဘူးပါဘဲလျက် ရုတ်ချည်း အပြင်းအထန်လုပ်တာသည် မကောင်းပါ။ ထို့ပြင် အပြေးမတတ်ပါက မိမိကိုယ်မိမိ ထိခိုက်နိုင်သည့်အပြင် ခြေလှမ်းတိုင်းသည် သင့်အတွက် ကျိန်စာတစ်ခုဖြစ်နေပေလိမ့်မည်။ အောက်ပါနည်းလမ်းများ သုံးကြည့်ခြင်းဖြင့် ခြေလှမ်းတိုင်းသွက်လက်စွာ