World Health Organization (WHO) ရဲ့ လေ့လာချက်အရ ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝှမ်းမှာ ကင်ဆာကြောင့် သေဆုံးသူပေါင်း ၉.၆ သန်းရှိကြောင်း သိရပါသည်။

ထူးဆန်းတဲ့အဖုအကြိတ်တွေထွက်လာခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း၊ ဝမ်းသွားချိန်နဲ့ ဝမ်းသွားခြင်းအလေ့အထ ပြောင်းလဲခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ခြင်း၊ အကြောင်းအရင်းမရှိနာကျင်ကိုက်ခဲခြင်း၊ အကြောင်းအရင်းမရှိ ပိန်သွားခြင်း၊ အကြောင်းအရင်းမရှိ သွေးထွက်ခြင်းစတာတွေက ကင်ဆာဖြစ် နိုင်ချေရှိတဲ့ လက္ခဏာတွေဖြစ်ပါသည်။

ကင်ဆာလို့ဆိုတိုင်း မျှော်လင့်ချက်ပျောက်ဆုံးစရာ မလိုတော့ပါဘူး။

ကင်ဆာနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ကုသနိုင်ဖို့ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးမှ ကင်ဆာအထူးကုဆရာဝန်ကြီး Dr. Foo Kian Fong မှ သြဂုတ်လ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့သို့ လာရောက်မယ်လို့ သိရပါသည်။ Dr. Foo Kian Fong ဟာဆိုရင် Parkway Cancer Centre မှ ကင်ဆာအထူးကုသမားတော်ကြီးဖြစ်ပြီး ယခင်က စင်္ကာပူရှိ National Cancer Centre မှ ကင်ဆာအထူးကုအတိုင်ပင်ခံလဲဖြစ်ပါသည်။ ဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်ဖို့ စိတ်ပါဝင် စားသူများအနေဖြင့် Parkway Cancer Centre (ဖုန်း – 09 430 66663, 09 430 66666) သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရပါသည်။