အရေးပေါ် နှလုံးသွေးကြောလွှဲ ခွဲစိတ်မှု

ဤခွဲစိတ်မှု၏ အားသာချက်မှာ အောက်ပါအခြေအနေများတွင် ကုသနိုင်ခြင်းဖြစ်သည်
၁။ သွေးခဲဖျော်ခြင်း သွေးကြောချဲ့ခြင်းများ ခံယူထားသော်လည်း ရင်ဘတ် ပြန်ပြန် အောင့်နေခြင်း
၂။ သွေးကြောချဲ့ရန် သွေးကြောပုံမှန်မဟုတ်သော၊ မွေးရာပါချို့ယွင်းချက်ရှိသော လူနာများ
၃။ နောက်ဆက်တွဲ ပြဿနာများပေါ်နေသော နှလုံးကြွက်သားပုပ်ခြင်း
၎။ သွေးခဲဖျော်ခြင်း အောင်မြင်သော်လည်း သွေးကြောချဲ့ ခွဲစိတ်မှု လိုအပ်သော လူနာများ
၅။ ယခင်က သွေးကြောချဲ့ဖူးသော လူနာများ

ဤကုထုံး၏ ကန့်သတ်ချက်များမှာ
၁။ ပစ္စည်းကိရိယာနှင့် ကျွမ်းကျင်သော နှလုံးခွဲစိတ်ဆရာဝန် လိုအပ်ခြင်း
၂။ နှလုံးကြွက်သားပုပ်သော နေရာတွင် သွေးထွက်နေပါက အသုံးမပြုနိုင်ခြင်း
၃။ အခြေအနေ မတည်ငြိမ်သော လူနာများတွင် အသက်အန္တရာယ် ကြီးခြင်း