နှာပိတ်​ခြင်း၊နှာ​ခေါင်းပိတ်​ခြင်း

ချမ်း​အေးလှတဲ့ ​ဆောင်းရာသီမှာ မနက်​ခင်း.. အ​နွေးထည်​ထူထူမဝတ်​မိလို့ အ​အေးမိတာမျိုး၊ ညခင်းဘက်​ အလည်​ထွက်​ရင်း ​လေ​အေးမိလို့ ဖျားနာတာမျိုး၊ ဒ့ါပြင်​ ရာသီတုပ်​​ကွေးမိတာ မျိုး​ ဖြစ်​တတ်​​လေ့ ရှိပါတယ်​… ဖျားနာတာနဲ့ အတူ… နှာ​စေးတာ ၊ ​ချောင်းဆိုးတာ၊ နှာပိတ်​တာ ​တွေ တွဲပြီး ဖြစ်​တတ်​​လေ့ရှိကြပါတယ်​.. ဒီထဲကမှ နှာပိတ်​ခြင်း အ​ကြောင်းကို ​ပြောပြချင်​ပါတယ်​…

နှာ ဘာ​ကြောင့်​ပိတ်​လဲ…

နှာပိတ်​တယ်​ဆိုတာ… အ​တော်​​နေရခက်​တဲ့ အမျိုးပါ… အသက်​ရှုရခက်​ခဲတယ်​လို့ ခံစားရသလို.. စကား​ပြောတဲ့အခါမှာလဲ အသံ​ပြောင်း​နေတာ​ကြောင့်​ ရယ်​ချင်​စရာ ဖြစ်​လို့​နေပါတယ်​..ဒီအခါမှာ ခံရခက်​ပြီး နှာညှစ်​​သော်​ငြား ပိတ်​မြဲ ပိတ်​လို့​နေပါတယ်

ဒီလို နှာပိတ်​ခြင်းဟာ.. နှာ​ခေါင်းတွင်းမှာ နှာရည်​​တွေ များခြင်း​ကြောင့်​လို့ ပိတ်​​နေတာလို့ လူများစုက ထင်​ကြပါတယ်​.. သို့​သော်​.. နှာပိတ်​တာဟာ နှာ​ခေါင်းတွင်းက sinus လို့​ခေါ်တဲ့ အ​ခေါင်း​ပေါက်​ပုံစံ အခန်းငယ်​​တွေထဲမှာ ​သွေး​ကြော​တွေ ​ရောင်​တာ​ကြောင့်​ဖြစ်​ပါတယ်​.. ဒီလို ​ရောင်​ရတာဟာ ​ပြောခဲ့သလို အ​အေးမိခြင်း၊ ရာသီတုပ်​​ကွေး၊ ဓာတ်​မတည့်​ခြင်း​နဲ့.. ​ရောဂါပိုး တမျိုးမျိုး​ကြောင့်​ ဖြစ်​နိုင်​ပါတယ်​…

နှာပိတ်​တာ ​သက်​သာ​အောင်​ ​ပျောက်​​အောင်​ ဒီလို​တွေ လုပ်​လို့ရပါတယ်​…

humidifier ​ခေါ် ​ရေ​ငွေ့​ပေးစက်​ကို မိမိအခန်းတွင်း ဖွင့်​ထားခြင်း..
ဒီလို စိုစွတ်​တဲ့ ​အ​ငွေ့ပုံစံမျိုးဟာ သင့်​နှာ​ခေါင်းထဲက နှာရည်​​တွေကို နည်းပါး​စေသလို… ​သွေး​ကြော​ရောင်​ရမ်းခြင်း​တွေကိုလဲ သက်​သာ​စေပါတယ်​..

ရေပူ​ရေ​နွေးနှင့်​ ​ရေချိုးခြင်း

– ဒီလို ချိုးလိုက်​ခြင်းအားဖြင့်​ နှာရည်​​တွေ ​လျော့ပါး​စေသလို အသက်​ရှုရ ပိုလွယ်​ကူ​စေပြီး ​သွေး​ကြော ​ရောင်​တာ​တွေကို သက်​သာ​စေနိုင်​ပါတယ်

– ​ရေဓာတ်လုံ​​လောက်​အောင်​​​ ​ရေများများ​သောက်​ခြင်း(juice၊ စွပ်​ပြုတ်​၊sport drink)

ရှု​ဆေး အသုံးပြုခြင်း

– တချို့​သော ရှု​ဆေး​တွေဟာ ဓာတ်​မတည့်​တာမျိုး ဖြစ်​တတ်​လို့ မိမိနဲ့သင့်​​လျော်​​သော ရှု​ဆေးကို ဆရာဝန်​ဆီမှာ တိုင်​ပင်​ပီးမှ အသုံးပြုသင့်​ပါတယ်​..

– ကရားအိုးပုံသဏ္ဏာန်​ရှိ​သော neti pot လို့​ခေါ်တဲ့ နှာ​ခေါင်းထဲက နှာရည် အညစ်​အ​ကြေး​တွေကို ရှင်း​လေး​ပေးနိုင်​တဲ့ အရာကို အသုံးပြုနိုင်​ပါတယ်​..

ရေ​နွေးအဝတ်​ဖြင့်​ နဖူးနှင့်​ နှာ​ခေါင်း​ပေါ် အုပ်​​ပေးခြင်း

– ဒီလို အုပ်​​ပေးခြင်းအားဖြင့်​.. နှာရည်​​ကျခြင်း​​ကြောင့်​ နှာ​ခေါင်းတွင်း နာကျင်​တာကို သက်​သာ​စေသလို နှာ​ခေါင်းတွင်း ​ရောင်​တာကိုလဲ သက်​သာ​စေပါတယ်​…

Antihistamine or antiallergic ​ဆေးများ

တချို့ နှာပိတ်​ခြင်း​တွေဟာ.. ဓာတ်​မတည့်​တာ​တွေ​ကြောင့်​ ဖြစ်​တတ်​တာမို့.. ​ဆေးများ အသုံးပြုသင့်​​ပေမယ့်​… မိမိဘာသာ အလွယ်​တကူ ​တော့ မ​သောက်​သုံးသင့်​ပါဘူး… သင့်​​လျော်​​သော ​ဆေးကို ဆရာဝန်​ ညွှန်​ကြားတဲ့အတိုင်း ​သောက်​သုံးသင့်​ပါတယ်​…

ဒီလိုနည်းများအားဖြင့်​ သက်​သာခြင်းမရှိတဲ့ ပိတ်​မြဲ ပိတ်​​နေပြီး..

– နှာ​ခေါင်းနာခြင်း

– နားထဲ နားခြင်း

– ​ချောင်းဆိုးလာခြင်း

– ရင်​ကြပ်​ခြင်း​တွေ ဖြစ်​လာခဲ့ပါက ဆရာဝန်​နှင့်​ ​သေချာပြသပြီး ကုသမှုခံယူသင့်​ပါတယ်​…

ရာသီ​ကြောင့်​ ဖြစ်​တဲ့ တုပ်​​ကွေး၊ အ​အေးမိ ဖျားနာခြင်း​ကင်းကာ အလုပ်​ကိုင်​ အဆင်​​ပြေပြီး ​ဆောင်းတွင်းကာလကို ကျန်းမာစွာ ဖြတ်​သန်းနိုင်​ကြပါ​စေလို့ .. ​တောင်းဆု ​မေတ္တာပြုလျက်​…

ပိုင်​နီ​မောင်