lip balm ရဲ့ ကောင်းကျိုးများ

ဆောင်းရာသီ​ရောက်​လာတဲ့ အတွက်​ ရာသီဥတုဒဏ်​​ကြောင့်​ အသား​အ​ရေ ​ပြောင်းလဲလာမှုကို လူတိုင်းနီးပါး ခံစားရတတ်​ပါတယ်

ခန္ဓာကိုယ်​ရဲ့ နူးညံ့တဲ့ အစိတ်​အပိုင်း ​တွေထဲကတစ်​ခုဖြစ်​တဲ့ နှုတ်​ခမ်းလဲ ​ဆောင်းရာသီမှာ ​ခြောက်​​သွေ့မှု​တွေနဲ့ ရင်​ဆိုင်​လာရမှာမလွဲပါဘူး နူးညံ့တဲ့ နှုတ်​ခမ်း​လေးက ရာသီဥတု​အေးတာ​တွေ, ​ရေ​သောက်​နည်းတာ​တွေ, ​ခြောက်​​သွေ့ပူ​လောင်​တဲ့ရာသီ​တွေ, ​နေ​ရောင်​ခြည်​ပြင်းပြင်းနဲ့ ထိ​တွေ့မိတဲ့ အချိန်​​တွေမှာ နှုတ်​ခမ်း​ခြောက်ခြင်း, နှုတ်​ခမ်းကြွဲခင်း , ​သွေးထွက်​ခြင်း, နာကျင်​ခြင်းများ ခံစားရတတ်​ပါတယ်

နှုတ်​ခမ်း ကျန်းမာ​အောင်​ ထိန်းသိမ်းဖို့ အလွယ်​ကူဆုံးနည်း​လေးက​တော့ lip balm ​လေး​တွေ မကြာခဏ ဆိုး​ပေးချင်းပါပဲ များ​သောအားဖြင့်​ lip balm ​တွေကို vitamin E, shea butter, rose flower wax, pastel oil, bee wax, camphor, paraffin, lanolin, petroleum jelly, dyes, flavours, phenols, sunscreen, salicylic acid, fragrances တို့ဖြင့်​ ပြုလုပ်​​လေ့ရှိပါတယ်

lip balm ​လေးကို ပုံမှန်​ဆိုး​ပေးခြင်းအားဖြင့်​ နှုတ်​ခမ်းကွဲတာကို သက်​သာ​စေပြီး အနာမြန်​မြန်​ကျက်​​စေတဲ့အတွက်​ ​ရောဂါပိုးမွှား​တွေ ဝင်​​ရောက်​ပြီး ပြည်​တည်​ခြင်းမှလဲ ကာကွယ်​​ပေးပါတယ်​ နှုတ်​ခမ်းသားကို နူးညံ့​ပျော့​ပျောင်း​စေတဲ့အပြင်​ ​နေ​ရောင်​ခြည်​​ကြောင့်​ နှုတ်​ခမ်းသားပျက်​ဆီးခြင်းကိုလဲ ကာကွယ်​​ပေးပါတယ်​ နှုတ်​ခမ်းသားရဲ့ အစိုဓာတ်​ကို ထိန်းသိမ်း​ပေးထားတဲ့ အတွက်​ နှုတ်​ခမ်း​လေးကို နုပျိုကျန်းမာ​စေပါတယ်

lip balm ​လေး​တွေက ဝယ်​ယူသုံးစွဲရတာ လွယ်​တဲ့အပြင်​ ကိုယ့်​ဘာသာလဲ ပြုလုပ်​နိုင်​တဲ့ အတွက်​ နှုတ်​ခမ်းကျန်းမာ​ရေးအတွက်​ လူတိုင်း​ဆောင်​ထားသင့်​တဲ့ lip care ​လေးတစ်​ခုပါပဲ တစ်​ခုသတိပြုရမှာ​လေးက​တော့ အ​ရောင်​အရမ်းရင့်​တဲ့ lip balm ​တွေက နှုတ်​ခမ်းသားကို ပျက်​ဆီး​စေတဲ့အတွက်​ အ​ရောင်​​ဖျော့ ဒါမှမဟုတ်​ color မပါတဲ့ lip balm ​လေး​တွေ အသုံးပြု​ပေးရင်​ အ​ကောင်းဆုံးပါပဲ​နော်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)