နို့သောက်ခြင်း၏ ကောင်းကျိုးများ

နို့သောက်ပါလို့ပြောရင် အားရှိတယ်လို့ပြန်ပြောကြတာ ကြားဖူးမှာပါ။ အားရှိတာအပြင် ဘာအကျိုးကျေးဇူးတွေ ရပါသေးသလဲ? ဒါလေးတွေ ဖတ်ကြည့်ရအောင်။

၁။ အရိုးအဆစ် သန်မာတယ်။
နို့မှာပါတဲ့ ကယ်လ်ဆီယမ် ခေါ် ထုံးဓာတ် နဲ့ ဗီတာမင်ဒီ တို့ကြောင့် အရိုးအဆစ်တွေ ကြံ့ခိုင်စေပါတယ်။ ကလေးတွေမှာ ဖွံ့ဖြိုးကြီးထွား အရပ်ရှည်စေတဲ့အပြင် လူကြီးတွေမှာဆိုလည်း အရိုးပွခြင်းကို ကာကွယ်ပေးတဲ့အတွက် နို့ပုံမှန်သောက်ရင် အရပ်ရှည်ပါတယ်။ အရိုးမကျိုးလွယ်ပါဘူး။

၂။ ကယ်လ်ဆီယမ်ဖြည့် အခြားဓာတ်စာတွေနဲ့တောင် မတူပါဘူး။
အခြား ကယ်လ်ဆီယမ်ဖြည့်ထားတဲ့ နွားနို့မဟုတ်တဲ့ နို့တွေမှာဆိုရင် နွားနို့မှာပါတဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ မရနိုင်ပါဘူး။

၃။ သွားလေးတွေ လှတယ်။
နွားနို့ဟာ သွားကြွေလွှာတက်ဖို့ အကောင်းဆုံး အာဟာရပါ။

၎။ ပိုတက်ဆီယမ်
တစ်နေ့ နွားနို့၃ခွက် ဒါမှမဟုတ် ဒိန်ချဉ်သောက်ပေးခြင်းဖြင့် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ရပြီး သွေးပေါင်ထိန်းညှိပေးပါတယ်။

၅။ အဆီမတက်ရေး
သာမာန် နို့ကို မလိုင်များများနဲ့ ကြိုသောက်လို့ကတော့ အဆီတက်သလား မမေးပါနဲ့။ တက်လိုက်မယ့်ဖြစ်ခြင်း တက် တက် တက် ဖြစ်နေပါမယ်။ ဒါကြောင့် ပိန်သူတွေ၊ လှုပ်ရှားနေသူတွေကတော့ နို့ကို ကြိုသောက်လို့ရပါတယ်။
ဝမှာကြောက်တဲ့သူတွေကတော့ အဆီလျော့နို့ low fat milkတွေ သောက်ပါလို့ အကြံပေးပါရစေ။

ဒေါက်တာယမင်း(ဆေး ၁)