ဒေါက်တာစုနှင့် တီတီတာတာလေးများ(၁)
“အိပ်ရာထဲ သေးပေါက်တတ်သောကလေး”
ဆေးခန်း ပိတ်ခါနီး အချိန်လောက် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက် ၃ နှစ်အရွယ်ကလေးလေး လက်ဆွဲကာ ဆေးခန်းထဲသို့ဝင်လာသည်

အမေကို ကြည့်ရတာ စိတ်ညစ်နေပုံ၊ ကလေးကြည့်တော့လဲ လန်းလန်းဆန်းဆန်း။ ဖျားနာ သည့်ပုံ လုံးဝမပေါ် ၊ ဒေါက်တာစုတစ်ယောက် စဉ်းစားရပင် ခက်သွားသည်၊ ကလေးအမေက စမ်းသပ်ခန်းတွင်းရောက်သည်နှင့်

” ဆရာမ ကျွန်မ သားလေးက ညဘက် အိပ်ရာထဲ သေးပေါက်ချလို့ ကျွန်မနှင့်အတူအိပ်တာ ဘယ်လို ဆုံးမ၊ ရိုက်ပြီးပြောလဲ မရဘူး၊ ညတိုင်းနီးပါးပေါက်ချတော့ ကျွန်မမှာ ညဘက်ဆိုသေးစိုတွေ ထလဲ ၊အိပ်ရာခင်းထလဲ ရတော့ကောင်းကောင်း အိပ်မရဘူး ဆရာမရယ်”

” ကျွန်မတော့ တော်တော် စိတ်ညစ်လာပြီ”

အော် ဒါကြောင့်ကိုး ဒေါက်တာစု တစ်ယောက် အဖြေရှာတွေ့သွားသည်ပြသနာက ကလေးကစပြီး အမေပါ စိတ်ညစ်နေရသည်

” ဟုတ်ပါပြီ မေမေ ရယ် ကျွန်မတို့ ဒီပြသနာကို တူတူဖြေရှင်းကြည့်ကြတာပေါ့”

” မေ့မေ့ အနေနှင့် သတိပြုမိဖို့ကတော့ ဒီပြသနာက အတင်းအကျပ်ဖြေရှင်းလို့မရဘူး အချိန်ယူပြီး ကလေးကို သေချာလေ့ကျင့်ပြီး ဖြေရှင်းရမယ်ဆိုတာပါ”

” မေ့မေ့ကို ဒီပြသနာဘာကြောင့်ဖြစ်ရလဲ အရင်ရှင်းပြမယ်နော်”

” ညဘက် အိပ်ရာထဲဆီးသွားတယ်ဆိုတာ ဆေးပညာတွေ့ရှိချက်တွေအရ အသက်၃နှစ်အောက်ကလေး တစ်ဝက် လောက်က အိပ်ရာထဲဆီးသွားတတ်ကြတယ်၊ ကလေးအသက်ကြီးလာပြီး အိမ်သာသွားတဲ့အလေ့အထကောင်း မွန်လာတာနှင့်အမျှ အိပ်ရာထဲဆီးသွားတဲ့ အလေ့အကျင့် ပျောက်သွားတတ်ကြတယ်”

” ခုက သားသားက ၃ နှစ်ပဲ ရှိသေးတာမို့ အရမ်းကြီးစိတ်မပူစေချင်သေးဘူး”

“ဆရာမရယ် ကျွန်မကြားဖူးတာက ဒီလိုဆီးသွားရင် ကလေးဥာဏ်ရည် မဖွံ့ဖြိုးတာ၊ ကလေးပေါကြီးဖြစ်တတ်တယ် ကြားဖူးလို့ စိတ်ပူတယ်ဆရာမရယ်”

” အိပ်ရာထဲ ဆီးသွားရတဲ့ အကြောင်းအရင်းတွေကတော့ အဓိကအားဖြင့်
(၁) ကလေးရဲ့ ဆီးအိမ်သေးလို့ သိုလှောင်စွမ်းမရှိ ခဏခဏသွားတာ
(၂) မျိုးရိုးလိုက်တာ
နောက်ဆုံး အဖြစ်အနည်းဆုံးအကြောင်းကတော့ ကလေးမှာ စိတ်ဖိစီးမှုများတာမျိုး (ဥပမာ_ အမေက ကလေးငယ်မွေးတာမျိုး မူကြိုစထားတဲ့အချိန်မျိုး) အဲ့လိုအကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်”

” ဆရာမရယ် ကျွန်မကတော့ မြန်မြန်ပျောက်စေခြင်လှပြီ ၊ ကျွန်မ ဘာဆေးတွေ တိုက်ရမလဲ”

” ဟုတ်ပြီ အမရေ မေ့မေ့ ရဲ့ အခန်း ကဏ္ဃက ကျွန်မတို့ထက်ပို အရေးကြီးတယ် , သေချာနားထောင်နော်”

” မေ့မေ့အနေနှင့် ပြုလုပ်သင့်တာတွေက *ကလေး အိပ်ရာထဲ သေးမပေါက်တဲ့ ရက်တွေဆို တော်ကြောင်း၊လိမ္မာကြောင်း ချီးမွမ်းပါ* *ကလေး သေးပေါက်ချတဲ့နေ့မျိုးတွေမှာဆိုရင်တော့ ကလေးကို ဆူပူခြင်းမလုပ်ဘဲ ‘ဒါ ဖြစ်တတ်ပါတယ်၊ သားသားနောက်နေ့တွေ မပေါက်ဖြစ်အောင် မေမေတို့ အတူကြိုးစားတာပေါ့’ ဆိုတဲ့ အားပေးစကားမျိုးပြောပေးပါ ကလေးကို စိတ်ဓာတ်ခွန်အားပေးတာဟာလဲ ဆေးတစ်မျိုးပါပဲ”

“မေမေ အနေနှင့် မလုပ်သင့်တာကတော့ ကလေးကို ဆူပူတာ၊ ညစာစားပြီး ရေမသောက်ခိုင်းတာ၊ မီးဖွင့်အိပ်ခိုင်းတာတို့၊ မလုပ်သင့်ပါဘူး”

“ကလေးကို မအိပ်ခင် သေချာ ဆီးတည် ၊ ခုပြောတဲ့ အတိုင်း ကြိုးစားကြည့်မယ်ဆိုရင် အဆင်ပြေလာပါလိမ့်မယ်”

ဒေါက်တာစု ရှင်းပြ အပြီးတွင် ထိုကလေး မေမေလည်း ပြန်သွားသည်၊ ဒေါက်တာစု တစ်ယောက်တော့ ဆေးခန်းလာ ပြီး ဆွေးနွေးဖော်ရသော ကလေးအမေကို စိတ်ထဲက ကျိတ်ကျေးဇူးတင်နေမိသည်

မယ်တင်(ဆေး ၁)