ကလေးငယ် အတွက် အချိန်စာရင်း လုပ်ဖို့ ခက်နေပြီလား?
ဒါလေးတွေ ဖတ်ပြီး လိုက်လုပ်ကြည့်ပါ

၁။ စားချိန်
ကလေးရဲ့ စားချိန်လေးကို သတိထားပြိး ကျွေးပေးပါ။ ကလေးတွေမှာ တချို့ပူတူးလေးတွေကတော့ ၅မိနစ်ကနေ ၁၀မိနစ်နို့တိုက်လိုက်ရင် ဝပေမယ့် တချို့ပူတူးတွေက မဝသေးပါဘူး။ ကလေး မဝပဲ နို့ချွတ်မိရင် ခဏခဏ ပြန်ပြန်နိုးနေပြီး ခဏခဏ တိုက်ရတတ်ပါတယ်။ အဲဒီတော့ ပူတူးအိပ်ရေးမဝပါဘူး။ ပူတူးတို့ ဗိုက်ဝမှ အိပ်ရေးလည်း ဝမှာပါ။

၂။ အိပ်ရေး
ပူတူးတို့ကို ကျွေးပြီးတာနဲ့ အိပ်ခိုင်းရင် လွယ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ပူတူးတို့ အိပ်ချိန်တွေကို နို့တိုက်ချိန်နဲ့ တွဲထားရင် ကြာလာရင် နို့ဖြတ်ရတာ ခက်လာပါလိမ့်မယ်။ ဒါကြောင့် ပူတူးတို့ နို့တိုက်ပြီးချိန်မှာ အနည်းငယ် နှိုးထားပေးခြင်းက အစာခြေဖျက်လွယ်တဲ့အပြင် ၆လပြည့်တဲ့အခါ နို့ဖြတ်ရလွယ်ပါတယ်။ ပူတူးကို နည်းနည်း ဆော့ပေးရင်းက အိပ်ငိုက်တဲ့လက္ခဏာလေးတွေ ပြလာပြီဆိုရင် ပေးအိပ်လိုက်ပါ။ အိပ်ငိုက်တဲ့ လက္ခဏာလေးတွေကု လိုက်မှတ်ထားဖို့ လိုပါတယ်။ ဒါလေးတွေကို နေ့တိုင်း သတိထားပြီး အချိန်မှတ်ထားရင် ပူတူးလေးရဲ့ အချိန်ဇယားကို ရမှာပါ။ သတိပြုရမှာက ၄၅မိနစ်ကနေ တစ်နာရီလောက် အိပ်အောင် ကြိုးစားပါ။ အဲဒီလောက်အိပ်ချိန် မပြည့်သေးရင် ကလေးနိုးလာလည်း ရအောင် ပြန်သိပ်ပါ။ ကလေး ကြီးလာသည်နှင့်အမျှ အိပ်ချိန်ကြာလာပြီး အကြိမ်ရေ နည်းလာပါလိမ့်မယ်။

၃။ ဆော့ချိန်
ကလေးကို အိပ်လိုက် စားလိုက်ပဲ လုပ်ထားပြီး ဆော့ချိန်လေး မပေးထားရင် ကလေးကြီးလာရင် အဝလွန်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်

၎။ နောက်ဆုံးတိုက်ကွက်
ကလေးအတွက် တော်တဲ့ မိခင်တစ်ယောက်အဖြစ်ပဲ နေပါ။ ပြိးပြည့်စုံတဲ့ မိခင်ဖြစ်အောင် အတင်းမလုပ်ယူပါနဲ့။ ပူတူးနဲ့ ပျော်ဖို့က အဓိကပါ။ ပူတူးကို အတင်း အချိန်ဇယားထဲ သွင်းဖို့ မကြိုးစားပါနဲ့။ မေမေရော ပူတူးပါ အဆင်ပြေတဲ့ အချိန်ဇယားလေး ဖြစ်အောင် အချိန်ပေးယူပါ။ တစ်ရက် တစ်ပတ်န့ ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ရှည်ရှည်လေးနဲ့ ဖြည်းဖြည်းချင်း ကျင့်ယူပါ။

မေမေနဲ့ ပူတူးတို့ ပျော်ရွှင်ကြပါစေ။
ဒေါက်တာယမင်း(ဆေး ၁)