က​လေးကျန်းမာ​ရေးနဲ့ သွားရည်​တွဲကျခြင်းအ​ကြောင်းသိ​ကောင်းစရာ

က​လေးတစ်​​ယောက်​ဟာ.. ပုံမှန်​အားဖြင့်​ အသက်​တစ်​နှစ်​​ကျော်​ထိ သွားရည်​​လေး​​တွေ ကျ​နေတာ၊ အမြုပ်​​​လေး​တွေ စီ​နေတတ်​တာမျိုး ရှိပါတယ်​…ဒီလို သွားရည်​​တွေ ထွက်​​နေရခြင်းဟာ.. ​မွေးဖွားပြီးကာစမှာ က​လေးရဲ့ မျိုချနိုင်​စွမ်းနဲ့ ပါးစပ်​ကြွက်​သား​တွေ သန်​မာမှု မရှိ​သေးတာ​ကြောင့်​ ဖြစ်​ပါတယ်​..ဒါ​ကြောင့်​ က​လေးအိပ်​​နေချိန်​မျိုး​တွေ သွားရည်​​လေး​တွေ စီးကျ​နေတာမျိုး ​တွေ့ရတတ်​ပါတယ်​..

ဒီလို သွားရည်​ထွက်​​နေခြင်းဟာလည်း က​လေးရဲ့ သွား​လေး​တွေ ​ပေါက်​ဖို့ရာအတွက်​ အ​ထောက်​အကူ ပြုလို့ပါပဲ…
ဒါပြင်​.. saliva ရဲ့ တခြား ​ကောင်းကျိုး​တွေလဲ ရှိပါ​သေးတယ်​..

– အစားစားရာမှာ ​ချော့​မွေ​အောင်​ ပြုလုပ်​​ပေးခြင်း

– သင့်​က​လေးရဲ့ ခံတွင်းကို စိုစွတ်​​နေ​စေခြင်း

– အစာမျိုချရာတွင်​ လွယ်​ကူ​စေခြင်း

– သွားပိုးစားတာကို ကာကွယ်ေ​ပးခြင်း​တွေ အပြင်​ အစာကို ​ချေဖျက်​​စေနိုင်​တဲ့ အစွမ်းသတ္တိလဲ ရှိပါ​သေးတယ်​..

– အသက်​တစ်​လမှ သုံးလ​လောက်​ထိ က​လေးဟာ လှဲ​လျောင်း​နေတာ များတတ်​လို့ သွားရည်​တွဲကျခြင်းဟာ သိပ်​မသိသာပါဘူး..သို့​သော်​ က​လေး​ဝမ်းလျား​မှောက်​​​ပေးချိန်​၊ အမှီနဲ့ ထိုင်​ချိန်​မှာ​တော့ သတိထားမိနိုင်​ပါတယ်​…

– အသက်​​ခြောက်​လ​လောက်​မှ က​လေးဟာ သွားရည်​တွဲကျလြင်းကို အနည်းငယ်​ထိန်းနိုင်​လာပါပြီ..သို့​သော်​ သွားစ​ပေါက်​ချင်​​နေချိန်​မှာ အရုပ်​ အရာဝတ္ထုစသည်​တို့ကို ကိုက်​တာမျိုးတို့မှာဆိုရင်​​တော့ သွားရည်​​လေး​တွေ ထွက်​​နေတတ်​ပါ​သေးတယ်​.

– အ​သက်​ ကိုး​လောက်​မှာ.. က​လေးဟာ ကိုယ်​တိုင်​​မှောက်​နိုင်​ပြီး.. တွားသွားတတ်​ပြီ… ဒီလို ​မှောက်​လျက်​သွား​သော်​ငြား သွားရည်​တွဲကျခြင်းကို​တော့ ထိန်းနိုင်​လာပါပြီ..

-အသက်​ ၁၅ လ​လောက်​မှာ.. က​လေးဟာ လမ်း​လျှောက်​နိုင်​ပြီ. ​ပြေးနိုင်​ပြီဖြစ်​ပြီး ဒီလို ချိန်​မျိုးမှာ သွားရည်​တွဲကျခြင်းဟာ ရှားသွားပါပြီ..သို့​သော်​ fine motor activitiesလို့​ခေါ်တဲ့ က​လေးနဲ့ ပတ်​သတ်​တဲ့ ​ဆော့ကစားနည်း​လေး​တွေမှာ အာရုံစိုက်​​နေတာမျိုးလုပ်​ရတဲ့အခါမှာမျိုးမှာ​တော့ တခါတရံ တွဲကျတတ်​ပါ​သေးတယ်​.. ဒါပြင်​ သွား​ပေါက်​ဖို့ရာ အတွက်​လဲ သွားရည်​​လေး​တွေဟာ ပို​တော့ ထွက်​​နေဆဲပါ…

– အသက်​ ၁၈ လ​လောက်​မှာ.. က​လေးဟာ စားစရာ တစ်​ခု​ကြောင့်​. သို့မဟုတ်​ သူကြိုက်​နှစ်​သက်​တဲ့အရာတစ်​ခု​ကြောင့်​သာ သွားရည်​တွဲကျတာမျိုး ရှိတတ်​ပါ​တော့တယ်​..

အသက်​၂ နှစ်​​လောက်​မှာ​တော့ ဒီလို သွားရည်​တွဲကျခြင်းဟာ အနည်းငယ်​မျှ (သို့) လုံးဝ မရှိ​တော့ပါဘူး…

ဒါ​ကြောင့်​ က​လေးငယ်​​လေး​တွေ(toddlers)​အတွက်​ သွားရည်​ တွဲကျခြင်း(saliva drooling)ဟာ ပုံမှန်​ ဖြစ်​သလို ကြီးထွားမှုနဲ့လည်း သက်​ဆိုင်​ပြီး သွား​ပေါက်​ဖို့ရာအတွက်​ အ​ထောက်​အကူပြုနိုင်​ပါ​သေးတယ်​..ဒါပြင်​ က​လေးအား အစား​ကျွေးဖို့ရာ ၊ အစာ​ချေဖျက်​ဖို့ရာ ​တွေမှာလဲ လွယ်​ကူ​စေပါတယ်​..

ပြောခဲ့သလို က​လေးအသက်​အရွယ်​အပိုင်းအခြားနဲ့လိုက်​ပြီး သွားရည်​တွဲကျခြင်းကို ထိန်းနိုင်​စွမ်းရှိတာမို့.. မိဘ​တွေအ​တွေနဲ့ က​လေးရဲ့ ​နေထိုင်​မှု ပုံစံကို ကြည့်​ခြင်းအားဖြင့်​.. ပုံမှန်​လား… သာမန်​ထပ်​ ပိုပြီး သွားရည်​တွဲကျ​နေလားဆိုတာ သိနိုင်​ပါတယ်​..

က​လေးရဲ့ သွားရည်​ထွက်​တာ၊တွဲကျတာကို ဖြစ်​​စေနိုင်​တဲ့အချက်​​တွေမှာ

– teething လို့အ​ခေါ်တဲ့ ငယ်​သွားစ​ပေါက်​ဖို​ အားယူ​နေချိန်

– Food အစားအ​သောက်​ကို စိတ်​ဝင်​စားချိန်

– နှာပိတ်​​နေ၍ ပါးစပ်​ဖြင့်​ အသက်​ရှု​နေတဲ့အချိန်

– အရုပ်​ (သို့) အရာဝတ္ထု တစ်​ခုကို စိတ်​ဝင်​စားခြင်း

– အာရုံ​ကြောဆိုင်​ရာ ပြသနာ ရှိခြင်း

– ​ဆေးတမျိုးမျိုးနဲ့ ဓာတ်​မတည့်​ခြင်း..ဒါ​တွေ​ကြောင့်​ အဓိက ဖြစ်​​ပါတယ်​…

ဒါပြင်​ က​လေးရဲ့ သွားရည်​တွဲကျတာ​ကြောင့်​ ပါးစပ်​​အောက်​နှုတ်​ခမ်း၊လည်​ပင်းနဲ့ ရင်​ဘတ်​​​တွေမှာ ယားယံတာမျိုးရှိပါက ဆရာဝန်​ကို ​ပြသပြီး သင့်​​လျော်​​သော ​ဆေး လိမ်းတာမျိုး ပြုလုပ်​နိုင်​ပါတယ်​….

က​လေးရဲ့ အသက်​ဟာ ​လေးနှစ်​​ကျော်​သွားထိ သွားရည်​တွဲကျ​နေတာမျိုး ရှိ​နေမယ်​… ဒါမှမဟုတ်​ ​ပြောခဲ့တဲ့ အချက်​​တွေနဲ့ မကိုက်​ညီပဲ သွားရည်​ပိုထွက်​​နေတယ်​လို့ ခံစားရပါက က​လေးအထူးကု (သို့) နီးစပ်​ရာ ​ဆေးရုံ ​ဆေးခန်းမှာ သွား​ရောက်​ပြသပြီး ကုသမှုခံယူနိုင်​ပါတယ်​…

ကျန်းမာ​ပျော်​ရွှင်​ပြီး သန်​မြန်​ ဖျတ်​လတ်​​သော သားသားမီးမီးများ ဖြစ်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်