က​လေးအသက်​နဲ့ အရွယ်​အစား

မိဘတိုင်းမှာ မိမိတို့ ရင်​​သွေး​လေးကို ​မွေးကင်းစက စလို့.လူလား​မြောက်​သည်​ထိ အရိပ်​တကြည်​ကြည်​နဲ့ …. နေမ​ကောင်း ဖျားနာ​နေလား… က​လေးက ငြိမ်​လား…အစားစားရဲ့လား… ​ကောင်း​ကောင်း​ဆော့လား…တီတီတာတာ​​ပြောတတ်​ပြီလား..ဒါ​တွေ ​အပြင်​ က​လေးကြီးထွားမှု နှုန်း​ကော ပုံမှန်​ ဟုတ်​ကဲ့လား… စသည်​ဖြင့်​ အမျိုးမျိုး အဖုံဖုံ​ ကြည့်​ရှု​စောင့်​​ရှောက်​ကြပါတယ်​…

တစ်ခါတစ်​ရံမှာ ​​သူများ​က​လေးနဲ့ ယှဉ်​ လိုက်​ရင်​ ​သေးတယ်​… လူ​ကောင်​ညက်​တယ်​လို့ ခံစားရတတ်​ကြပါတယ်​…ဒီ​တော့… ဒီလို စိတ်​ပူပန်​မှုမျိုး ဖြစ်​တဲ့​တွေ အတွက်​ ​​ပြောချင်​တာ​တွေ ရှိပါတယ်​…

က​လေးတစ်​​ယောက်​ရဲ့ ကြီးထွားမှုနှုန်း .. ကိုယ်​အ​လေးချိန်​နဲ့ ပတ်​သတ်​ပြီး တိုင်းတာမှုရယ်​လို့ မျိုးစုံ ရှိကြပါတယ်​..

အကြမ်းအားဖြင့် ​​လ​စေ့လို့ ​မွေးတဲ့ က​လေးတစ်​​ယောက်​ရဲ့အ​လေးချိန်​ဟာ ပျမ်းမျှ.. “၅​ပေါင်​ ၁၁​​အောင်စ​ မှ ၈​​ပေါင်​ ၆​​အောင်စ” ​လောက်​ ရှိနိုင်​ပါတယ်​.. က​လေး ​မွေးဖွားစဉ်​က ၇ ​ပေါင်​ ရှိတယ်​ဆိုပါစို့….ငါးလ​လောက်​ ​ရောက်​တဲ့အခါမှာ နှစ်​ဆ (၁၄​ပေါင်​) ဖြစ်​မယ်​.. တစ်​နှစ်​ကြာရင်​ သုံးဆ (၂၁​ပေါင်​ ) ရှိမယ်​…နှစ်​နှစ်ကြာရင်​ ​လေးဆ ဖြစ်​မယ်​.. စသည့်​ဖြင့်​လဲ ရှိနိုင်​ပါတယ်​…ဒီထဲ ကြားလ​တွေမှာ က​လေးရဲ့ စားသုံးတဲ့အဟာရနဲ့ လိုက်​ပြီး​တော့ weight တက်​လာတာ လဲ ရှိနိုင်​တယ်​..

ဒါပြင်​ က​လေး​မွေးဖွားချိန်​မှာ ​ပေါင်​ချိန်​ များ မများခြင်းဟာ အ​မေနဲ့လဲ ဆိုင်​နိုင်​ပါတယ်​…

-က​လေး​မွေးဖွားချိန်​မှာ လမ​စေ့ခဲ့ရင်​ က​လေးဟာ ​သေးငယ်​နိုင်​တယ်

– ​ဆေးလိပ်​​သောက်​တတ်​​သော၊ အာဟာရ ပြည့်​ဝစွာမစားသုံး​သော မိခင်​မှ ​သေး​သော က​လေးကို ​မွေးနိုင်​ပါတယ်​..

-​ဆီးချို​သွေးချိုရှိတဲ့ မိခင်​မှ ကိုယ်​အ​လေးချိန်​များ​သော က​လေးကို ​မွေးနိုင်​ပါတယ်​…

မွေးဖွားချိန်​မှာ ​သာမန်ထပ် ​​ပေါင်​ချိန်အနည်းငယ်​​လျော့​နေ​သော်​လည်း… ​​သေချာဂရုတစိုက်ဖြင့် နို့ တိုက်​မယ်..​စောင့်​ကြည့်​မယ်ဆိုပါက ​​​​​များ​သောအားဖြင့်​ နှစ်​ပတ်​​လောက်​အတွင်းမှာ ပုံမှန်​ ကိုယ်​အ​လေးချိန်​ကို ရရှိနိုင်​ပါတယ်​..

နောက်​တစ်​မျိုး အားဖြင့်​ ​မွေးကင်းစမှစ၍ ​ပထမခြောက်​လသားအရွယ်​ထိ တစ်​လကို တစ်​​ပေါင်​စီ အေ​လးချိန်​ တိုးသွားမယ်​လို့ မှတ်​ယူနိုင်​ပါတယ်​.. ​မွေးစက ၆​ပေါင်​ရှိ​သောက​လေးဟာ ​ခြောက်​လအရွယ်​မှာ ၁၂ ​ပေါင်​ ​လောက်​ ရှိနိုင်​ပါတယ်​…ဒီကမှ စလို့ ​ခြောက်​လနဲ့ တစ်​နှစ်​အတွင်းမှာ​တော့ ကြီးထွားမှု နည်းနည်း ​နှေးသွားမယ်​… ​ပြောခဲ့သလိုပဲ တစ်​နှစ်​ပြည့်​​ပြီးရင်​​တော့ သုံးဆ နီးပါး ဖြစ်​နိုင်​ပါတယ်​..

ဒါပြင်​ က​လေးတစ်​​ယောက်​ရဲ့ ကြီးထွားမှုနှုန်းဟာ..

– သူ့ မိဘ၏ မျိုးရိုးအရပ်​အ​မောင်း

– ပုံမှန်​အားဖြင့်​ ​ယောက်ျား​လေးက မိန်းက​လေးထက်​ အရပ်ရှည်​​ခြင်း

– အစားအ​သောက်​​နေထိုင်​မှု ပုံစံ၊ အာဟာရ ရရှိမှု

– အိပ်​ချိန်​ မှန်​ မမှန်

– ကိုယ်​လက်​ လှုပ်​ရှားမှု ရှိ မရှိ

– ငယ်​စဉ်​ ဖျားနာမှု.၊ ​ရောဂါ ဖြစ်​ပွားခြင်း.. စ​တာ​တွေ​ကြောင့်​လဲ ကွဲပြားသွားနိုင်​ပါ​သေးတယ်​…

က​လေးတိုင်းဟာ မတူကြပါဘူး… သူတို့ အတိုင်းအတာနဲ့လိုက်​ပြီး​တော့လည်း ကြီးထွားမှုဟာ ကွဲပြားသွားကြပါတယ်​..တစ်​အူတုံဆင်း​ ညီအစ်​ကို ​မောင်​နှမ​တွေမှာ​တောင်​ တစ်​​ယောက်​က ဝသည်​ ပိန်​သည်​ စသည်​ဖြင့်​ ရှိကြပါတယ်​..သို့​သော်​ မိမိစိတ်​ထဲမှာ မိမြိ​လေးဟာ ပုံမှန်​ထက်​ ကြီးထွားမှု ​နှောင့်​​နှေး​နေတယ်​ ထင်​ပါက အလွယ်​ကူဆုံး နည်းလမ်း ရှိပါတယ်​.. ဒါက​တော့ ဆရာဝန်​နဲ့ တိုင်​ပင်​ ​ဆွေး​နွေးတာပါပဲ…ဒါမှသာ က​လေးရဲ့ ​မွေးဖွားချိန်​မှ စလို့ ယခု ပြသသည့်​ချိန်​ထိ က​လေး၏ ဖွံ့ဖြိုးကြီးထွားနှုန်းကို ​သေချာ တွက်​ချက်​​ပေးပြီး​တော့ က​လေးအတွက်​ လိုအပ်​မယ့်​ ​ဆေး (သို့) ကုသမှုများ၊ ​စောင့်​​ရှောက်​မှုများကို ​သေချာလမ်းညွှန်​​ပေးနိုင်​မှာ ဖြစ်​ပါတယ်​…

‘As long as the baby is active and healthy, there is no need to worry about the weight gain ‘

‘ က​လေးတစ်​​ယောက်​ဟာ ကျန်းမာ ဖျတ်​လတ်​​နေရင်​ သူရဲ့ ကိုယ်​ခန္ဓာအ​လေးချိန်​နဲ့ ပတ်​သတ်​လို့ သိပ်​မစိုးရိမ်​ပါနဲ့ ‘ တဲ့

ကျန်းမာ​ သန်​စွမ်း​ပြီး ဥာဏ်​ထက်​ ဖျတ်​လတ်​​သော သားသားမီးမီး​လေးများ ဖြစ်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်

ပိုင်​နီ​မောင်