အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၅)

အမေက တော်တော်လေး စိတ်ပူနေပုံ ရတယ်ဗျ
ကျွန်တော်က ဖြစ်တတ်တဲ့ လက္ခဏာတွေကိုပဲ ပြောတာပါ
အကုန်ဖြစ်တာ မဟုတ်ပါဘူးဗျာ

သြော်
ခုမှ ကျွန်မ သက်ပြင်းချနိုင်သည်လေ
အမျိုးသားက

ဒါဆို ဆရာ
ကျွန်တော်တို့ဘက်က သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ သိချင်ပါတယ်

အို
သူ ကလေးကို ဂရုစိုက်သားပါလားလေ
ကျွန်မက ကျွန်မတို့ သားအမိကို ပစ်သွားတော့မယ် ထင်မှတ်မိတာ
ဆရာက

အခုအထိတော့ ရောဂါကို ရာနှုန်းပြည့်ပျောက်အောင် ကုသနိုင်တဲ့ ကုထုံးမရှိသေးဘူးပေါ့ဗျာ
ဒါပေမယ့် ခုနကလို စကားပြောစွမ်းရည်တွေ အပြုအမူတွေကိုတော့ လေ့ကျင့်ပေးတဲ့ ကုထုံးတွေရှိပါတယ်

ကလေးကို စကားပြောကုထုံး သင်ပေးမယ်
သူ့ကို သေသေချာချာ ဂရုတစိုက် ပြောတတ်အောင် လုပ်ပေးမယ်
နေ့စဉ်ဘဝမှာ လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ
ဥပမာ ကြယ်သီးတပ်တာတွေ၊ ရှုးဖိနပ် ကြိုးချည်တာတွေ၊ ခေါင်းဖြီးတာ၊ လက်ဆေးတာ စသည်ဖြင့် တစ်ခုချင်း စိတ်ရှည်လက်ရှည် သင်ပေးတဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်
အိမ်ရောက်ရင်လည်း ကိုယ်က သင်ပေးရမှာပေါ့
သာမန်ကလေးလည်း သင်ရမယ့်ဟာပါပဲ
သူတို့က ပိုကြာကြာ သင်ရတာပေါ့
ဒါပဲကွာပါတယ်

ပြီးတော့ နောက်ပိုင်း အလုပ်နဲ့ ပတ်သက်တာတွေပါ သင်လို့ရပါတယ်
သူတို့က ထပ်ကာထပ်ာယလုပ်ရတဲ့ အရာတွေ သဘောကျော့ တစ်ချောင်းထိုး နှစ်ချောင်းထိုးတွေ
စန္ဒရား သင်တာတွေတောင် လုပ်လို့ရတတ်ပါတယ်
ကိုယ့်ကလေး IQပေါ် မူတည်ပြိးပေါ့

ကျွန်မ အားတက်သွားမိ၏
တကယ်လား ဆရာ
အော်တစ်ဇင်က ဉာဏ်ရည် မနိမ့်ဘူးလား

ဉာဏ်ရည်ကတော့ ကံသေကံမ ပြောလို့ မရပေမယ့် သူတို့ရဲ့ အဓိကပြဿနာက ဉာဏ်ရည် မဟုတ်ပဲ ခုနကပြောသလို လူမှုဆက်ဆံရေး ပြဿနာပါ
နောက်ပိုင်း ဂီတသင်တာတွေ၊ ပန်းချီသင်တာတွေ၊ ကစားတတ်အောင် သင်ပေးတာတွေပါ ပေါ်လာပါပြီ

သြော်
တော်ပါသေးရဲ့
လမ်းဆုံးပြီ ထင်ခဲ့တာ
လမ်းတော့ မဆုံးသေးဘူးပဲလေ

အမျိုးသားက
ဒါဆို ဆရာ
ကျွန်တော်တို့ သမီးလေးကို ဆေးတိုက်စရာ မလိုဘူးပေါ့နော်

အော်တစ်ဇင်အတွက်တော့ မလိုပါဘူး
ဒါပေမယ့် အော်တစ်ဇင်တွေရဲ့ သုံးပုံတစ်ပုံက အတက်ရောဂါ ပါတတ်တယ်
အတက်ရောဂါ ပါရင်တော့ ဆေးသောက်ရတာပေါ့လေ
မဟုတ်ရင် သောက်စရာ မလိုပါဘူး

ဘုရား ဘုရား
ဆုတောင်းရုံပဲ ရှိတော့တာပေါ့လေ

ပုံမှန်ဆိုရင်တော့
အိပ်မပျော်ရင် အိပ်ဆေးပေးတာတို့
အစာမကြေလို့ အစာကြေဆေး သောက်ရတာတို့
ဝမ်းချုပ်တတ်တာတို့
မငြိမ်ရင် ဆေးတိုက်ရတာတို့လောက်နဲ့ ပြိးပါတယ်
ဘာမှတော့ အထွေအထူး ကြီးကြီးမားမား ပြဿနာ မပေးတတ်ပါဘူး
အော်တစ်ဇင်ကြောင့်ပဲ စိတ်ဒုက္ခရောက်ကြတာ များပါတယ်
ကြာလာတော့လည်း နေသားကျသွားတာပေါ့

ဒါဆို ဆရာ
ကျွန်မကလေးကို ဘာကျွေးသင့်လဲ

သြော်
ဒါကတော့ ကြိုက်ရာကျွေးနိုင်ပါတယ်
တစ်ခုပဲ
ဒီကောင်တွေက ကြေးတော့များတယ်
အစာအုပ်စု ၃စုညီအောင်တော့ ရအောင်ကျွေးပါ
သူမစားတဲ့ အစာနဲ့ အာဟာရတန်ဖိုး တူတဲ့ဟာ ရွေးကျွေးပေါ့
ဥပမာ ကန်စွန်းရွက် မစားရင် မုန်ညင်းပြောင်းကျွေးတာမျိုး
အာလူးမစားရင် ကန်စွန်းဥ ကျွေးကြည့်တာမျိုးပေါ့
နောက် ဝမ်းချုပ်တတ်တော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် ပိုကျွေးပေါ့ဗျာ

အားဆေးတိုက်လို့ရော ရလားဟင် ဆရာ

အားဆေးလည်း တိုက်ပါ၊ ရပါတယ်
အားဆေးတိုက်သလို အစာအာဟာရလည်း ပြည့်စုံအောင်ကျွေးတာတော့ အကောင်းဆုံးပေါ့ဗျာ