About tin su

This author has not yet filled in any details.
So far tin su has created 96 blog entries.

Danger Signs Of Carcinoma cervix

November 23rd, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

မိန်းမသားများ သတိထားစရာ ဆေးခန်းထိုင်ရသည်ဆိုသောအလုပ်က တစ်ခါတစ်ခါမှာ ရင်ကိုလွန်စွာပင်ပန်းနွမ်းလျစေသည်။ ဆရာဝန်ဆိုသည့်ဘ၀မှာလူနာတို့၏သေချင်းတရားကို ထိုင်ဝမ်းနည်းနေ၍လည်းမဖြစ်နိုင်။ ကိုယ့်ရှေ့ မျက်မှောက်မှာပင် သိသင့်တာတွေမသိ၍ အဖြစ်သင့်တာတွေဖြစ်တာ မကြာခဏတွေ့လာရသည့်အခါ တွေများလာတော့ နှလုံးသားက ထုံကျဉ်အေးစက်တတ်နေပေပြီ။ သို့တိုင်ခံစားတတ်သော စိတ်နှလုံး ကိုအလျဉ်ရိုက်ခတ်လာသော အဖြစ်တို့က ရင်ကိုလူးလွန့်ခံစားစေပြန်သည်။ အထူးသဖြင့် အခုတလော တွေ့နေရာသော အမေကြီးဒေါ်အေးမြလိုအဖြစ်မျိုး။ ညနေတစ်ညနေ၏ ပဲ့တင်သံက စိတ်မကောင်းခြင်း များ၏ ရောင်ပြန်ဟပ်နေပါလိမ့်မည်။ အမေကြီးကို စတင်ခေါ်လာသူများက အမေ့သမီးများ။ မိန်းမတစ်သိုက် ပျာပျာသလဲ တွဲခေါ်လာခြင်းခံရသည့် အမေကြီးမှာ သိပ်တော့ ရုပ်မပျက်လှ။ ခပ်ပိန်ပိန်ပေမယ့် အသားနုနု၊ ဖြူဖြူချောချော။ ကိုယ်နေဟန်ကလည်း ခပ်ထည်ထည်ပင်။ မျက်နှာက လည်း သိပ်မပျက်လှ။ ဗိုက်နာလို့ဟု ခုတင်ပေါ်လှဲလိုက်တော့လည်း ပုံမှန်။ နာသည်ဆိုသည့်နေရာကို အသာဖိဖိလေးစမ်းလိုက်မှ

Condom For Sexual Protection

November 23rd, 2017|Categories: လူနေမှုဘဝရေးရာ ဆောင်းပါးများ, ဆောင်းပါးများ|

မိုးမမိဖို့ ကောင်းတဲ့မိုးကာလိုတယ် ဆရာ အခုတလော ပြောတာတွေက ပွဲနည်းနည်းကြမ်းသလားလို့ အေး၊ တချို့ ကဏ္ဍတွေက ကွက်ကွက်ကွင်းကွင်းပြောမှ နားလည်ကြမှာ။ ယဉ်ကျေးတဲ့ အသုံးတွေ ဆိုရင် ဘာပြောလို့ပြောမှန်း သိမှာမဟုတ်ဘူး။ ဒါကြောင့်၊ နောက်ပြီး ဒီအချက်တွေက အခုအချိန်၊ အခုခတ်မှာ သိပ်အရးကြီင်္းပြီလို့ ထင်တ/ယ် ဟုတ်တော့လည်းဟုတ်တယ်။ ဆရာပြောတာ တချို့ကျွန်တော် မသိခဲ့ဘူး။ တချို့က ကြားဖူးရုံရှိတာ တကယ်ထဲထဲဝင်ဝင် မသိဘူး။ မင်းမပြောနဲ့၊ ၁၉၈၉ လောက်က အေအိုင်ဒီအက်စ် ရောဂါအတွက် ဆရာဝန်တွေကို စတင် အသိပေး တဲ့ ဟောပြောပွဲမှာ အထူးကုဆရာဝန်ကြီးက ကွန်ဒုံးအကြောင်းပြောပြီး ဘယ်လိုသုံးတယ်၊ နည်းမှန် ဘယ်လိုဆို တာကို ပြဖို့ ဆရာဝန်တွေလက်ထဲကို ဖြန့်ဝေပြတော့ အမျိုးသမီးဆရာဝန်တွေ

End Of AIDS

November 22nd, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

အေအိုင်ဒီအက်စ်ရောဂါနိဂုံး၏ နိဒါန်း နှစ်စဉ် ဒီဇင်ဘာလတစ်ရက်နေ့သည် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ထိုနေ့မှာ လူသားထုတစ်ရပ်လုံးအနေဖြင့် ကမ္ဘာ့အနှံ့အပြားမှာ လူ့မျိုးနွယ်တစ်ခုလုံးကို ခြိမ်းခြောက်လျက်ရှိသည့် AIDS ရောဂါကို အမှတ်ရကြစေဖို့ ရည်ရွယ်ချက်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပါ သည်။ (၂၀၁၁) ခုနှစ် မှ (၂၀၁၅) ခုနှစ်အထိ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ၏ဆောင်ပုဒ်မှာ “Getting to zero : Zero new HIV infections. Zero discrimination, Zero AIDS related deaths” ဟူ၍ဖြစ်ပါသည်။ သဘောက HIV ပိုးကူးစက်မှုကို သုညဖြစ်သွားအောင်လုပ်မည်။ HIV ပိုးရှိသူများကို ခွဲခြားနှိမ်ချဆက်ဆံခြင်း သုညဖြစ်သွားအောင်လုပ်မည်။ AIDS ရောဂါကြောင့် သေ

Mother With AIDS And ART

November 22nd, 2017|Categories: ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ, ဆောင်းပါးများ|

AIDS အိတ် စ်ခေါ် ခုခံအားကျဆင်းဝေဒနာရှင်မိခင်များနဲ့ ART ကုထုံးများ ရောဂါပိုးဝင်လို့ဝေဒနာ တစ်ခုခု ခံစားလာရရင်၊ ချက်ချင်းဆိုသလိုပဋိဇီဝဆေးတွေ နဲ့ တိုက်ဖျက် တားဆီးရတာ၊ ကုရိုးကုစဉ် ထုံးစံဖြစ်ပါတယ်။ အဲဒါတွေနဲ့ မတူတာက၊ အိတ်ခ်ျ အိုင်ဗီခေါ်၊ ခု ခံအားကျ ဗိုင်းရပ်ပိုးဝင်ရောက်ခံရတဲ့အခါ၊ ဗိုင်းရပ်သေဆေး ( Antiretroviral Therapy. ART )ချက်ချင်း မပေးသေးဘဲ၊ သူရဲ့ CD 4 ခုခံဆဲလ် တစ်မျိုးရဲ့ ပမာဏကို၊ အချိန်မှန်လေ့လာစစ်ဆေးပြီး၊ အဲဒီပမာဏ (ယခင်က ၂၀၀). အခုတော့ (၄၀၀-၅၀၀) အထိ ကျဆင်းလာပြီဆိုမှ၊ (ART ) ဆေးပေးကုသပါတယ်။ ဘာလို့ဆိုတော့၊ ဆေးတွေက ပြင်းထန်ဆိုးကျိုးပေးနိုင်တာရယ်၊ စသောက်ပြီဆိုကတည်းက၊ နေ့စဉ်မ

Food For Flat Belly

November 20th, 2017|Categories: ကျန်းမာရေး( က-အ ), ကျန်းမာရေး( ဗ ), ကျန်းမာရေး( အ ), စားသောက်မှုပုံစံ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ဗိုက်အဆီကျစေသော အစားအသောက်များ (၁)သံပရာရည် သံပရာရည်သည် အသည်းအဆိပ်အတောက်များ လျော့ကျစေ၍ အဆီကျခြင်းကို ပံ့ပိုးပေးပါသည် (၂)ငါးကြီးဆီ (သို့) ငါးများ ငါးကြီးဆီတွင် ပါဝင်သော အက်ဆစ်များက အဆီကိုပြိုကွဲစေသော အာနိသင်ရှိပါသည် (၃)ဂျင်း ဂျင်းသည် အစာခြေဖျက်ခြင်းကို ကောင်းမွန်စေသည့်အပြင် ကိုယ်တွင်း အပူချိန်တက်လာစေ၍ အဆီလောင်ကျွမ်းစေပါသည် (၄)ကြက်သွန် ကြက်သွန်သည် အဆီကို တိုက်ဖျက်ပြီး ဗိုက်အဆီကျစေသည့်အပြင် သွေးပေါင်လည်းကျစေပါသည် (၅) ငရုတ်သီး ငရုတ်သီးသည်ကိုယ်တွင်း အပူချိန်များ၍ အဆီလောင်ကျွမ်းခြင်း များစေပါသည် (၆)ခရမ်းချဉ်သီး ခရမ်းချဉ်သီးတွင်ပါဝင်သည် သွေးတွင်အဆီကိုကျစေ၍ အဆီကျစေပါသည် မယ်တင်(ဆေး-၁)

Dangers Of Insufficient Sleep

November 20th, 2017|Categories: ကျန်းမာရေး( က-အ ), လူနေမှုဘဝရေးရာ ဆောင်းပါးများ|

လုံလောက်စွာမအိပ်စက်ခြင်း၏ အန္တရာယ် လူတစ်ယောက်ပုံမှန် စိတ်ကျန်းမာ၊ကိုယ်ကျန်းမာနေစေဖို့ရာ လုံလောက်စွာအိပ်စက်ခြင်းသည် အခြားသောအရာများထက် အရေးပါသော အခန်းကဏမှ ပါဝင်နေပါသည်။ ဒါဆို လုံလောက်စွာအိပ်စက်ခြင်းမရှိလျှင် ဘာဖြစ်နိုင်သလဲ? အဖြေဟာ အံ့ဩစရာကောင်းလောက်အောင်ဆိုးကျိုးများတာကို သင်တွေ့ရမှာပါ။ ၁) သဘာဝနာရီပျက်ယွင်းခြင်း သဘာဝနာရီဆိုတာ ခန္တကိုယ်မှ ကျန်းမာစေရန် အချိန်မှန်ထုတ်လုပ်ပေးသော ဟော်မုန်းများကို ဆိုလိုပါသည်။ အိပ်ချိန်မမှန်လျှင် ထိုဟော်မုန်းထွက်ခြင်း ကမောက်ကမ ဖြစ်စေပါသည်။ ၂)လေဖြတ်နိုင်ခြေများခြင်း အိပ်ရေးပျက်ခြင်းဟာ ဦးနှောက်ဆီသွေးရောက်နည်းစေတာမို့ လေဖြတ်နိုက်ခြေများစေတာပါ။ ၃) ဆီးချိုဖြစ်နိုင်ခြေများခြင်း အိပ်ရေးပျက်ရင် ခန္တာကိုယ်က စိတ်ဖီးစီးခြင်းဖြစ်ပြီး ဟော်မုန်းထွက်လာပါတယ်။ဒီဟော်မုန်းများခြင်း ကြောင့် ဆီးချိုဖြစ်နိုင်ခြေတက်လာရခြင်းဖြစ်ပါတယ်။ ၄) သွေးတိုးနိုင်ခြင်း၊နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း ပုံမှန်အားဖြင့် အိပ်နေချိန်မှာသွေးကျပြီး နှလုံးကို ဝန်ပိစေခြင်းမှ ကာကွယ်ပေးပါတယ်။ အိပ်ရေးပျက်ချိန်မှာ ဒါဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။ ၅) ရင်သားကင်ဆာဖြစ်နိုင်ခြေများခြင်း