About Admin

This author has not yet filled in any details.
So far Admin has created 658 blog entries.

Pads,Tampons and Cups

May 22nd, 2018|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

" မိန်းမသားတိုင်း သိလိုတဲ့အရာ " အရင်ခေတ်ကတော့ မိန်းမသားတို့ရဲ့ လစဉ်ဓမ္မတာစက်ဝန်းကိုဖြေရှင်းဖို့ တစ်လတစ်လ ထဘီအောက်မှာ ထဘီအဟောင်းလေးကတောင်းကျိုက်ဝတ်ရတာတစ်မျိုး၊ အဝတ်စုတ်အဟောင်းလေးတွေကို ခပ်ထူထူခေါက်ပြီးဘောင်းဘီထဲထည့်ခံဝတ်ရတာကတစ်ဖုံ... ပြီးရင် ဒါလေးတွေကို လူမမြင်သူမမြင်အောင်ပြန်လျှော်ပြီး အိမ်နောက်ဖေးမှာအခြောက်ခံလှန်းပြီးပြန်သုံးရ...အလုပ်တွေရှုပ်လှတယ်။ ဟော...အခုခေတ်မယ်တော့....ရွေးချယ်စရာတွေကိုပုံလို့!အမျိုးသမီးလစဉ်သုံးပစ္စည်းရှိတယ်၊ ဂွမ်းတောင့် ရှိတယ်၊ ရာသီသွေးခံခွက်..ဒါက အဓိက အမျိုးအစားတွေ..အမျိုးအစားတစ်ခုချင်းစီမယ်လည်း တံဆိပ်အမျိုးမျိုး ....ရွေးစရာကိုစုံလို့....။ အဲ.... အဲ့ကျတော့...ဘာပြသနာရှိလာလဲ ဆိုတော့...ဘယ်အမျိုးအစားက အကောင်းဆုံး ကျန်းမာရေးနဲ့အညီညွတ်ဆုံးလဲဆိုတာ သိချင်လာကြပြန်ရော... ။ဒီတော့... ဒီပစ္စည်းလေးတွေ တစ်ခုချင်းရဲ့ အားသာချက် အားနည်းချက်လေးတွေကို ပြောပြပေးမယ်....ကောင်းကျိုးဆိုးပြစ်နဲ့ မိမိသုံးမယ့်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာသာ ရွေးပေတော့နော့်... အမျိုးသမီးလစဉ်သုံးပစ္စည်း(Sanitary Pad) ဒါလေးတွေကတော့ ၄နာရီ - ၈နာရီ ကြားတစ်ခါလဲပေးရတယ်။လတ်တလော မြန်မာနိုင်ငံမှာ အသုံးအများဆုံးလောက်သွားကျတယ်။ သွေးဆိပ်သင့်တာမျိုးလည်း ဖြစ်နိုင်ချေအတော်လေးနည်းတယ်။တစ်ခုရှိတာက...pad ခံထားရင်

Protein Supplement

May 22nd, 2018|Categories: All Articles, အလှအပ|

"ကြွက်သားကြီးထွားဖို့ ပရိုတင်းဖြည့်စွက်စာသောက်ဖို့ လိုပါသလား?" ဘော်ဒီတောင့်တဲ့ သူငယ်ချင်းတွေ၊ ကြွက်သားထုတွေထွက်နေတဲ့ Gym က ဆရာတွေက Protein Supplement အကြောင်း ပြောပြကြပါလိမ့်မယ်။ ဒါဆို ကြွက်သားကြီးထွားဖို့ Protein ( အသားဓာတ်)လိုတယ်ဆိုတာ တော့ သေချာသလောက်ရှိနေပါပြီ။ ဘာကြောင့်လိုတာပါလဲ? Protein Supplement တွေဟာ အဆင့်ဆင့်မွမ်းမံပြီးရထားတဲ့ အမှုန့်အနေနဲ့ ဖြစ်စေ၊ ဆေးတောင့်အနေနဲ့ဖြစ်စေ ရနိုင်တဲ့ ဖြည့်စွက်အာဟာရတွေပါ။ကြွက်သားကြီးထွားဖို့အတွက် protein ( အသားဓာတ်)ဟာ မဖြစ်မနေလိုအပ်ပါတယ်။ ခန္တာကိုယ်က သောက်လိုက်တဲ့ Protein တွေကို Amino acid အဖြစ်ဖြိုခွဲပြီး ကြွက်သားကြီးထွားတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ အသား၊ ငါး၊ ပဲ တွေကတစ်ဆင့် သဘာဝအသားဓာတ်ကိုရနိုင်တယ်ဆိုပေမယ့် ကြွက်သားကြီးထွားချင်တဲ့ သူတွေအတွက်တော့Supplement

Pregnancy and appropriate body weight

May 22nd, 2018|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကိုယ်ဝန်ဆောင်နှင့် ရှိသင့်ရှိထိုက်သောကိုယ်အလေးချိန် တကယ်လို့.... သင်ဟာ သင့်ဗိုက်ထဲမှာ ရှိတဲ့ ကြီးထွားနေတဲ့ကလေးအတွက်.... သင်နဂိုပုံမှန်စားနေကျထက် ပိုစားမယ်ဆိုရင်.... ပေါင်ချိန်စက်မှာရှိတဲ့ ဂဏန်းတွေလဲ တက်လာမှာ အသေအချာပါပဲ....အရေးကြီးတာက ..... သင်ကိုယ်ဝန်မဆောင်ခင်ရှိခဲ့တဲ့ အလေးချိန်ပါ.... တကယ်လို့ သင်ဟာ.... ကိုယ်ဝန်မဆောင်ခင်က ရှိသင့်တဲ့ အလေးချိန်ထက် ပိုနည်းနေခဲ့တဲ့သူဆိုရင်(BMI နည်းတဲ့သူဆိုရင်) ....ကိုယ်ဝန်ဆောင်ချိန်တလျှောက် စုစုပေါင်း ပေါင်ချိန် 28ပေါင်ကနေ ပေါင်လေးဆယ်အထိတက်အောင် လုပ်သင့်ပါတယ်.... ပုံမှန် ကိုယ်အလေးချိန် ရှိခဲ့သူဆိုရင်တော့.....နှစ်ဆယ့်ငါးပေါင်ကနေ သုံးဆယ့်ငါးပေါင်တိုးလာသင့်ပါတယ်.... အဝလွန်နေသူ(BMI များနေသူ) ဆိုရင်တော့.... ကိုယ်ဝန်မဆောင်ခင်ထက် စုစုပေါင်း ဆယ်ပေါင်ကနေ ဆယ့်တစ်ပေါင်သာ တက်အောင် လုပ်သင့်ပါတယ်..... အထက်မှာပြောခဲ့တာက.... သင့်ကိုယ်ဝန်ဟာ ကလေးတစ်ယောက်တည်းအတွက် ဆိုလိုတာ ဖြစ်ပြီး....တကယ်လို့ အမွှာပူးဆိုရင်တော့ ခြားနားပါတယ်... အမွှာကိုယ်ဝန်ဆိုရင်... သင်ကိုယ်ဝန်မဆောင်ခင်က

ဒီအရွယ်ထိသွားကြိတ်နေတုန်းလား?

May 20th, 2018|Categories: All Articles, သွားကျန်းမာရေး|

"ဒီအရွယ်ထိသွားကြိတ်နေတုန်းလား?" သွားကြိတ်တယ်ဆိုတာ မရည်ရွယ်ပါဘဲနဲအိပ်နေရင်းဖြစ်ဖြစ် နိုးနေစဉ်ပဲဖြစ်ဖြစ်သွားအချင်းချင်းပွတ်နေတာ၊ အရှေ့အနောက်ကြိတ်နေတာကို ဆိုလိုပါတယ်။ တော်တော်များများမှာသွားကြိတ်ခြင်းပြသနာရှိတတ်ပါတယ်။ လူတစ်ဝက်လောက်က သွားကြိတ်တတ်ကြတယ်လို့တောင်ဆိုပါတယ်။ မိမိအိပ်နေချိန်မှာသွားကြိတ်မိမှန်းဘယ်လိုသိနိုင်မလဲ? နိုးလာတဲ့အချိန်သွားကိုက်သလိုခံစားရတာမျိုး မနက်စာစားတဲ့အချိန်မှာ မေးရိုးနဲ့ ပါးတွေညောင်းနေတာ၊ တောင့်နေတာမျိုး နေ့လည်မှာခေါင်းကိုက်တာမျိုး အစားစားတဲ့ ၊ သန်းဝေတဲ့ အချိန်မှာမေးရိုးနာတာ၊ ညောင်းတာမျိုး သွားဖုံးတွေမကြာခဏယောင်တာမျိုး တွေခံစားရနိုင်ပါတယ်။ အိပ်နေချိန်မို့ မိမိဘာသာ မသိလိုက်ဘဲ မိသားစုဝင်တစ်ယောက်ယောက်က ပြောပြမှသိတာလည်းဖြစ်န်ုင်ပါတယ်။ ဘယ်လိုလူတွေမှာ သွားကြိတ်တတ်လဲ? အတိအကျသတ်မှတ်ချက်ရယ်လို့ပြောမရပေမယ့်ငယ်ငယ်ထဲကသွားကြိတ်တဲ့အကျင့်ရှိသူတွေက ကြီးလာရင်လည်းသွားကြိတ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုများတဲ့ ကာလတွေ( ဥပမာ_ စာမေးပွဲရှိချိန်) ဆိုရင် ပိုသိသိသာသာ သွားကြိတ်တတ်ကြပါတယ်။ အရက်သေစာ သောက်စားတဲ့လူတွေမှာတော့ ပိုတွေ့ရပါတယ်။ သွားကြိတ်တဲ့နောက်ဆက်တွဲဘာတွေဖြစ်တတ်လဲ? သွားအချင်းချင်း ပွတ်ကြိတ်နေတာမို့ သွားအပေါ်ကြွေလွှာတွေပျက်စီးမှာတော့ သေချာပါတယ်။ သွားဖုံးယောင်တာ၊ သွားအခြေလှုပ်တာတွေလည်းဖြစ်န်ုင်ပါသေးတယ်။ ဘယ်လိုကုသနိုင်မလဲ? အလေ့အကျင့်ဖြစ်လို့

Orthodontic Treatment (Part 2)

May 20th, 2018|Categories: All Articles, သွားကျန်းမာရေး|

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့်ခေတ်စားလာသော အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှု (သို့မဟုတ်) သွားညှိကုသမှု အကြောင်း တစေ့တစောင်း (အပိုင်း-၂) သွားညှိကုသရင် ဘယ်လောက်ကြာနိုင်မလဲ? ပုံမှန်အားဖြင့် နှစ်နှစ်ဝန်းကျင်လောက်ကြာတတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ Treatment plan ပ်ါမူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ သွားနှုတ်စရာလိုမလိုပေါ်မူတည်ပြီးသော်လည်းကောင်း၊ သွားအခြေအနေပေါ်မူတည်ပြီးသော်လည်းကောင်း၊ အသက်အရွယ်ပေါ်မူတည်ပြီးသော်လည်းကောင်း၊ ရက်ချိန်းမှန်မမှန်ပေါ်မူတည်ပြီးသော်လည်းကောင်း ကုသမှုကြာချိန်က ကွဲပြားနိုင်ပါတယ်။ သွားညှိကုသရင် ဘယ်လောက်ကုန်ကျမလဲ? ဈေးကတော့ အပြင်ဆေးခန်းတစ်ခုနဲ့တစ်ခု မတူညီနိုင်တာမို့ ကိုယ့်ဘာသာစုံစမ်းပြီး သင့်တော်ရာမှာ ကုသမှုခံယူနိုင်ပါတယ်။ အချိန်ပေးနိုင်တယ် ငွေကြေးသိပ်မပေးနိုင်ဘူး ဆိုသူများကတော့ သွားဘက်ဆိုင်ရာ ဆေးရုံတွေဖြစ်တဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တို့မှာ သွားရောက်ကုသမှုခံယူနိုင်ပါတယ်။ တက္ကသိုလ်ဆိုသော်လည်း သင်ကြားရေးဆေးရုံတွေဖြစ်လို့ အစိုးရဆေးရုံတွေထုံးစံအတိုင်း ဈေးကတော့ အပြင်ထက် အတော်ကြီး

Drugs to Avoid in Lactating Mothers

May 20th, 2018|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

" နို့တိုက်မိခင်နှင့်သတိထားသင့်သောဆေးဝါးများ" နို့တိုက်မိခင်တိုင်းဆေးခန်းလာပြရင်မေးလေ့ရှိတဲ့မေးခွန်းလေးရှိပါတယ်။ "ဆရာမ ဒီဆေးတွေသောက်ရင်ကလေးကိုထိခိုက်မှာလား " ဆိုတာပါ။ တကယ့်လက်တွေ့မှာတော့ ဆေးတိုင်းက မိခင်နို့ရည်ထဲပါတာတော့မဟုတ်ပါဘူး။ ဆေးတချို့ကတော့ မိခင်နို့ရည်ထဲမှာ အန္တရာယ်မဖြစ်နိုင်တဲ့ပမာဏတစ်ခုထိ ပါတတ်ပါတယ်။ဒီပမာဏဟာကလေးအတွက် မထိခိုက်စေပါဘူး။ ဒါပေမယ့်တချို့သောဆေးတွေကြတော့ နို့ရည်ထဲပါဝင်တဲ့ပမာဏက ကလေးအတွက်ထိခိုက်စေပါတယ်။ ဒါကြောင့်နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောနဲ့ဆေးတွေ သောက်သုံးတာမျိုးမလုပ်သင့်ပါဘူး။ မသောက်သုံးသင့်တဲ့ဆေးတွေကတော့ ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာဆိုရင် Aspirin ဟာ ကလေးငယReye's syndrome လို့ခေါ်တဲ့ အန်တာတို့၊ မလုပ်ချင်မသယ်ချင်တာတို့၊အစားမစားချင်တာတို့ ဖြစ်စေတာမို့ မသောက်သင့်ပါဘူး။ ပိုးသတ်ဆေးထဲမှာဆိုရင် Tetracycline သောက်သုံးရင်ကလေးငယ်သွားမှာ အရောင်စွန်းတာမျိုးဖြစ်နိုင်ပါတယ်။ Fluroquinolone အနွယ်ဝင် ( ဥပမာ_ Ciprofloxacin, Levofloxacin) ဆေးတွေဟာလည်း နို့တိုက်မိခင်အတွက်မသင့်တော်ပါဘူး။ Nitrofurantoin ; Sulphur ပါတဲ့ဆေးမျိုးဟာလည်း G6PD ချို့တဲ့တဲ့ကလေးငယ်တွေကို