About DrMay ThantSyn

This author has not yet filled in any details.
So far DrMay ThantSyn has created 11 blog entries.

Healthy Diet,Healthy Period

October 8th, 2018|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

ကျန်းကျန်းမာမာ ဓမ္မတာ ရာသီသွေးဆင်းခြင်းနဲ့ ပတ်သက်ပြီး မိန်းကလေး အများစု ခံစားရတဲ့ ဝေဒနာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Premenstrual Syndrome (PMS) လို့ ခေါ်တဲ့ ရာသီမလာခင် ဒေါသထွက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အားငယ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေပါပဲ။ တချို့ကတော့ သာမန် စိတ်တို စိတ်ဆတ်လွယ်ရုံလောက်နဲ့ ပြီးသွားပေမယ့် တချို့အတွက်ကတော့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေမှာ ထိခိုက်လောက်တဲ့ထိကို စိတ်ဓါတ်အတက်အကျဖြစ်တာ ဆိုးဝါးပါတယ်။ PMS ဘာကြောင့် ဖြစ်တာလဲ? ဘာကြောင့်ရယ်လို့ အတိအကျ မပြောနိုင်သေးပေမယ့် ခုချိန်ထိတော့ ဟော်မုန်းတွေ မညီမမျှဖြစ်မှုကြောင့်လို့ပဲ ဆေးပညာရှင်တွေက လက်ခံထားပါတယ်။ ရာသီမလာခင် 1 ပတ် (သို့) 2

Ejaculation during sleeping

September 26th, 2018|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

" အိပ်ပျော်နေစဉ်သုက်ထွက်ခြင်း " အိပ်ပျော်နေတုန်း သုက်ထွက်တယ်ဆိုတာ ကြားရတာနည်းနိုင်မှာပါ။ တစ်ခါတစ်ရံတော့ အိပ်ရာကနိုးလာချိန်မှာ ဘာဖြစ်သွားတာလဲဆိုပြီးစူးစမ်းတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ အဆိုပါဖြစ်ရပ်တွေဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ အယောက်100မှာ 4ယောက်ကနေ8ယောက်အထိ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။ အဆိုပါအခြေအနေဟာ ရောဂါမဟုတ်သလို ပုံမမှန်တဲ့အခြေအနေမဟုတ်ပါဘူး။ လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာရဲ့ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ်များစွာထဲက တစ်ခုအနေနဲ့ပဲ လက်ခံထားကြပါတယ်။ အိပ်မက်ထဲမှာ စိတ်ကြွစေနိုင်တဲ့ဖြစ်ရပ်မျိုးတွေပါလာရင်၊ အတူမနေရတာ1ပတ်-2ပတ် ဒါမှမဟုတ် ကာလအတန်ကြာမြင့်လာရင်လည်း ဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။ ဘယ်လောက်တစ်ခါဖြစ်နိုင်လည်းဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။အိမ်ထောင်မရှိတဲ့ 15နှစ်သားအမျိုးသားတွေမှာတော့ 3ပတ်မှာတစ်ကြိမ်လောက်၊ အသက်40အရွယ်အိမ်ထောင်မရှိသူတွေမှာ 5ပတ်ခြားတစ်ကြီမ် ဖြစ်လေ့ရှိပါတယ်။ အိမ်ထောင်သည်တွေမှာတော့ ကွဲပြားပါတယ်။ ငယ်ရွယ်သူတွေမှာ တစ်လတစ်ကြိမ်နဲ့ အသက်50ဝန်းကျင်မှာတော့ နှစ်လတစ်ကြိမ်ခန့် ဖြစ်တတ်တာကို တွေ့ရတတ်ပါတယ်။ အိပ်ပျော်နေစဉ်သုက်လွှတ်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။

Home care for children’s injury

September 26th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

မကြာခဏထိခိုက်တတ်သောကလေးများအား အိမ်တွင်ကုသခြင်း မိမိအိမ်မှာကလေးတွေရှိရင် လူကြီးတွေခေါင်းစားရတာတွေအများကြီးရှိပါတယ်။ ကလေးအများစုဟာ အဆော့မက်ကြသလို ပြေးလွှားဆော့ကစားလေ့ရှိကြတာကြောင့် မကြာခဏထိခိုက်တာ၊ ဒဏ်ရာရတာတွေကြုံရမှာပါ။ အဲဒီလိုဒဏ်ရာတွေရလာပြီဆိုရင်တော့ ဂရုတစိုက်နဲ့ ဆေးထည့်ပေးသင့်ပါတယ်။ ဖြစ်လေ့ဖြစ်ထနည်းပေမယ့် အနာရင်းတာ၊ အနာပိုးဝင်တာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆပဲ ဂရုတစိုက်ဆေးထည့်ပေးသင့်ပါတယ်။ အရင်ဆုံးအနာကို ပြောင်အောင် ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာတို့နဲ့များများဆေးသင့်ပါတယ်။ သွေးစသွေးနတွေ၊ ဖုန်တွေသဲတွေပြောင်အောင်ဆေးကြောရမှာပါ။ အနာမြန်မြန်ကျက်အောင်၊ ပိုးသေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပိုးသတ်ဆေးရည်၊ အရက်ပျံ စတာတွေနဲ့ဆေးကြောတာကို မဖြစ်မနေလုပ်ဖို့တော့ မလိုအပ်ပါဘူး။ အနာကသွေးထွက်နေရင် သန့်ရှင်းတဲ့အဝတ်စထူထူ၊ ပတ်တီးထူထူနဲ့ သွေးတိတ်တဲ့အထိ အသာအယာဖိထားပေးသင့်ပါတယ်။ သွေးတတ်သွားပြီဆိုရင်တော့ အနာကိုဆေးထည့်လို့ရပါပြီ။ အနာကိုဆေးထည့်ရင်တော့ မိမိနှစ်သက်ရာပိုးသတ်ဆေးနဲ့ထည့်ပြီး အနာကိုသန့်ရှင်းအောင် ထားသင့်ပါတယ်။ အနာကိုဆေးထည့်ပြီးရင်တော့ အနည်းဆုံးတစ်နေ့ကို တစ်ခါလောက် ဆေးပြန်ထည့်တာ၊ ပတ်တီးလဲတာတွေလုပ်ပေးသင်ပ့ါတယ်။ ဆေးထည့်ရင်း အနာသန့်ရှင်းမှုရှိမရှိကြည့်သင့်သလို အနာကျက်ရဲ့လားဆိုတာလည်း

Delivery methods

September 25th, 2018|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

" ရိုးရိုးမွေးမလား ခွဲမွေးမလား " အိမ်ထောင်ရှင်အမျိုးသမီးတို့အတွက် သားသမီးယူတော့မယ်ဆိုရင် ဘယ်လိုမွေးကြမလဲဆိုတာကိုစဉ်းစားပူပန်ရတာဟာလည်းအလုပ်တစ်ခုပါပဲ။ အချို့က ရိုးရိုးမွေးဖို့အကြံပေးကြသလို အချို့ကလည်း နာကျင်မှုသက်သာဖို့ ခွဲမွေးစေချင်ကြတဲ့ကြားမှာ ဘာလုပ်ရမှန်းမသိ ဗျာများနေတတ်ပါတယ်။ ဒါကြောင့် ရိုးရိုးမွေးနဲ့ ခွဲမွေးခြင်းတို့ရဲ့ အားသာချက် အားနည်းချက်တွေကိုတင်ပြလိုက်ပါတယ်။ ရိုးရိုးမွေးခြင်းရဲ့အားသာချက်များ ၁။ ရိုးရိုးမွေးတဲ့အခါ ကိုယ့်ရဲ့ကလေးငယ်ကို မိဘက အားစိုက်မွေးထားတဲ့အတွက် ပိုမိုသံယောဇဉ်ရှိပြီး နောက်ထပ်ကလေးမွေးမယ်ဆိုရင်လည်း အတွေ့အကြုံရှိထားတဲ့အတွက် စိုးရိမ်စိတ်နည်းစေတယ်လို့ဆိုပါတယ်။ ၂။ ရိုးရိုးမွေးတဲ့အခါ အနာကျက်ပိုမြန်တဲ့အတွက် မိခင်ရဲ့တစ်နေ့တာ လုပ်ဖွယ်ဆောင်တာတွေကို မြန်မြန်ဆန်ဆန်ပြန်လည် လှုပ်ရှားလုပ်ကိုင်လာနိုင်ပါတယ်။ ၃။ ရိုးရိုးမွေးပြီး ကြီးပြင်းလာတဲ့ကလေးငယ်တွေဟာ ခွဲမွေးတဲ့ကလေးတွေထက် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးကုရခြင်း ပိုမိုနည်းတယ်လို့ဆိုပါတယ်။ ရိုးရိုးမွေးခြင်းရဲ့ဆိုးကျိုးလေးတွေ ၁။ ရိုးရိုးမွေးတဲ့အခါ ဘယ်အချိန်မှာမှ ကလေးငယ်ရယ်ထွက်လာပါမယ်ကို သေချာမသိနိုင်ပါဘူး။ ဒါကြောင့်မွေးချိန်ကြာမှာကိုစိတ်ပူရတတ်ပါတယ်။ ၂။

Should I break tablets to ease swallowing?

September 25th, 2018|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ|

"ဆေးတောင့်ကို ချိုးဖို့ အလျင်မလိုပါနဲ့  " သင်ကိုယ်တိုင် သို့မဟုတ် သင်ဆေးတိုက်ရမယ့်သူက ဆေးပြား ဆေးတောင့်တွေကို မျိုချဖို့ အခက်အခဲ ရှိတဲ့အခါ ဆေးပြားကို ချိုးလိုက်ဖို့ ဟာ အလွယ်ဆုံးတွေးမိလိုက်ကြတာပါပဲ။ ဒါမှမဟုတ် capsule တောင့်ကို ဖြုတ်ပြီး အမှုန့်တွေကို အစားအစာ အစာတစ်ခုခု ဖျော်ရည် တစ်ခုခုနဲ့ ရောလိုက်ခြင်းကလည်း ဆေးရည်လိုဖြစ်သွားတာပေါ့လို့ သင့်ဆရာဝန်ကို သင်က ဆင်ခြေပြန်ပေးလို့ရပါတယ်။ ဒါပေမယ့် အသေအချာ မစစ်ဆေးဘဲ ဆေးပြားတွေကို ချိုးတာ capsule တောင့်ကို ဖွင့်တာကို မလုပ်သင့်ပါဘူး။ ဆေးနဲ့အတူပါလာတဲ့ အညွှန်းစာရွက်ကို တစ်ချက်စစ်ဆေးကြည့်သင့်ပြီး အဲ့ဒီ အညွှန်းက ဒီဆေးဟာ ချိုးလို့ ဖွင့်လို့ ပြီးတော့ အစာနဲ့ရောလို့ ရမရကို

Blood in semen/Haematospermia

September 25th, 2018|Categories: All Articles, မျိုးဆက်ပွါးကျန်းမာရေး|

" သုက်ရည်တွင်သွေးပါခြင်း " သုက်ရည်ထဲမှာသွေးပါတယ်ဆိုတဲ့အဖြစ်အပျက်ဟာ ကြုံတွေ့ရလေ့သိပ်မရှိပါဘူး။ ကြုံတွေ့လာခဲ့ပြီဆိုရင်လည်း စိတ်ပူပန်သောကဖြစ်ရပါတယ်။ သို့လောသို့လောစဉ်းစားစရာတွေဖြစ်လာပြီး စိတ်ပင်ပန်းတတ်ကြပါတယ်။ သုက်ရည်ထဲမှာသွေးပါစေနိုင်တဲ့အကြောင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ သုက်ရည်ထုတ်လုပ်ရာအစိတ်အပိုင်း၊ လမ်းကြောင်းတစ်လျှောက် ထိခိုက်ထားရင်သွေးပါနိုင်ပါတယ်။ ဆီးကြိတ်ရောင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့တော့ ဆီးကြိတ်ကင်ဆာလိုရောဂါမျိုးရှိနေတာကြောင့်လည်းသွေးပါတတ်ပါတယ်။ သုက်ရည်မှာသွေးပါတာအပြင် အခြားဝေဒနာတွေအနေနဲ့ ဝှေးစေ့ရောင်ရမ်းတာ၊ နာကျင်နာ၊ ပေါင်ခြံမှာအလုံးအကြိတ်စမ်းမိတာ၊ ပေါင်ခြံနာတာတွေရှိနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့သက်ဆိုင်နေရင်တော့ ဆီးပူဆီးကျဉ်တာ၊ ဆီးအောင့်တာ၊ ဆီးအရောင်မကောင်းတာ စတာ တွေနဲ့ပါယှဉ်တွဲနေနိုင်ပါတယ်။ သုက်ရည်ထဲသွေးပါတာရဲ့ အဖြစ်အများဆုံးအကြောင်းအရာကတော့ ဆီးကြိတ်ကနေ အသားစယူလို့ဖြစ်တတ်ပါတယ်။ သွေးပါလာပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဒါပေမယ့်အရမ်းစိုးရိမ်သောကရောက်တာမျိုးမလုပ်ပဲ သတိထားပြီးစောင့်ကြည့်သင့်ပါတယ်။ ပမာဏအနည်းအများ၊ ပါတဲ့အကြိမ်အရေအတွက် စတာတွေကိုဂရုတစိုက်မှတ်သားထားသင့်ပါတယ်။ ကုသဖို့အတွက်ကတော့ လိုအပ်ချင်မှလိုအပ်ပါလိမ့်မယ်။ သွေးပါတဲ့ဖြစ်စဉ်ဟာ အရမ်းစိုးရိမ်ဖို့မလိုအပ်လို သူ့ဟာသူပျောက်ကင်းသွားတတ်ပါတယ်။ ဆီးကြိတ်ကနေ အသားစယူထားရင်လည်း ဆီးကြိတ်ကသွေးတိတ်သွားတာနဲ့ အလိုလိုပဲပျောက်သွားမှာပါ။ အဲဒီအကြောင်းအရာတွေကြောင့်မဟုတ်ပဲ