About admin2

This author has not yet filled in any details.
So far admin2 has created 1039 blog entries.

Thumb Sucking in Babies

October 18th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးငယ်များနဲ့ လက်မစုပ်ခြင်း “ဟာ ဒီကောင်ကလေး လက်မစုပ်နေပြန်ပြီ ၊ဒီလောက်ညစ်ပတ်တာ မသိဘူး လား ။” “သမီးရေ လက်မစုပ်နေပြန်ပြီလား ၊အော့အော့တွေ ၊ထုတ်စမ်း ထုတ်စမ်း ။” အစရှိတဲ့ ကလေးငယ်များနဲ့ လက်မစုပ်ခြင်း ပြဿနာတွေကို ရပ်ကွက်ထဲ ၊သားစု ပတ်ဝန်းကျင်ထဲမှာ မြင်ဖူး ကြားဖူးမှာပါ ။လက်မစုပ်ခြင်း အလေ့အထဟာ ကလေးတွေအတွက် ဖြတ်ရခက်လှတဲ့ အမူအကျင့် တစ်ခုပါ ။ဒါကို ကလေးသူငယ်တွေကို အပြစ်တင်စောတတ်ကြပါတယ် ။ဒါကြောင့် လက်မစုပ်ခြင်း အလေ့အထပျောက်အောင် ဘယ်လိုလုပ်ရမလဲနဲ့ တခြား သိမှတ်ဖွယ်ရာတွေကို ပြောပြပါ့မယ် ။ ဘာကြောင့် ကလေးတွေ လက်မစုပ်တတ်ကြသလဲ ဇီဝကတို့ လူသားတွေမှာ မွေးကတည်းက ပါလာတဲ့ စုပ်တတ်တဲ့ အာရုံကြောဆိုင်ရာ လျှပ်စစ်ပတ်လမ်းကြောင့်

Can u choose sex of your child

October 18th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

သားသားလား မီးမီးလား ဒယ်ဒီကြိုက်တာပြော အိမ်ထောင်တစ်ခုတည်ဆောက်လို့ အခြေတကျဖြစ်လာပြီဆိုရင် ဇနီးမောင်နှံတို့ဟာ အိမ်ရဲ့ဆည်းလည်းလေးတွေလိုချင်လာကြပါပြီ။ ဒီအခါမှာ ပန်းရောင်အဝတ်လေးတွေကြိုဝယ်ပြီး မီးမီးလေးပဲလိုချင်တယ်ဆိုသူတွေ၊ အပြာရောင်လေးတွေဝယ်ပြီး အင်တင်နာလေးနဲ့မွေးလာတာလိုချင်တာကွဆိုသူတွေအတွက် ကိုယ်လိုချင်သောသား သို့မဟုတ် သမီး ရဖို့ နည်းလမ်းတွေကို ဒီနေ့ခေတ်အခါမှာ တီထွင်လာကြပါပြီ။ ဒီအထဲကမှ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့ In Vitro Fertilization (IVF)ဆိုတဲ့ ဖန်ပြွန်သန္ဓေ နည်းလမ်းကို ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။ In Vitro Fertilization (IVF) ဆိုတာဘာလဲ? IVF ဆိုတာ အမျိုးသမီးရဲ့မျိုးဥ နဲ့ အမျိုးသားရဲ့ သုက်ကို ခန္ဓာကိုယ်ရဲ့အပြင်ဘက် တနည်းအားဖြင့် ဓာတ်ခွဲခန်းမှာ သန္ဓေတည်စေပြီး မိခင်လောင်ရဲ့ သားအိမ်ထဲကိုမျိုးအောင်ပြီးသား သန္ဓေသားလောင်းကိုပြန်ထည့်ပေးတာပဲ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အမျိုးသမီးဆီမှ မျိုးဥများကိုယူကာ

Importance of daytime sleep in children

October 17th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးတွေ နေ့လည်နေ့ခင်းအိပ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးလူတွေထက် နေ့လည်နေ့ခင်း တရေးလောက်ဖြစ်ဖြစ်အိပ်ဖို့ ပိုအရေးကြီးပါတယ်..။ ဒိလိုအိပ်စက်ခြင်းက သင့်ကလေးငယ်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှုကို အံ့သြလောက်အောင် အထောက်အကူပေးပါတယ်..။ နေကလည်နေ့ခင်းအိပ်စက်ခြင်းက ဘယ်လိုအထောက်အကူပေးသလဲ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ တရေးတမောအိပ်စက်ခြင်းက သူတို့ခန္ဒာကိုယ်အနားရဖို့နဲ့ အားအင်ပြန်လည်ဖြည့်တင်းဖို့ အများကြီးအထောက်အကူပေးပါတယ်..။ (၁) သင်ကြားမှူကိုအထောက်အကူပေးတယ် လေ့လာမှူတွေအရ နေ့လည်နေ့ခင်း တရေးတမောအိပ်စက်တဲ့ ကလေးတွေဟာ မှတ်ဥာဏ်ကိုအခြေခံတဲ့ ကစားနည်းတွေကို ပိုအဆင်ပြေပြေကစားနိုင်ကြပါတယ်..။ (၂) ကျန်းမာကြံ့ခိုင်အောင် အထောက်အပံ့ပေးတယ် ကလေးတစ်ယောက်ဟာ အိပ်ချိန်လုံလုံလောက်လောက်မရဘူးဆိုရင် ဒါမှမဟုတ်… အိပ်ချိန်မမှန်ဘူးဆိုရင် ၀ဖို့အခွင့်အလမ်းပိုများပါတယ်..။ ဒီလိုဖြစ်ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုကတော့… ပင်ပန်းတဲ့အခါ အစားပိုစားဖြစ်အောင် လှူံ့ဆော်ပေးလို့ပါပဲ.။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေတောင် ပိုစားမိစေပါတယ်..။ နောက်တစ်ချက်အနေနဲ့ အိပ်ရေးမ၀တဲ့အခါ ခွန်အားပြည့်ပြည့်၀၀မရတဲ့အပြင်

Lactose intolerance in babies

October 17th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ကလေးငယ်များတွင် လက်တို့စ်ဓာတ်မချေဖျက်နိုင်သည့်ရောဂါ ခန္ဓာကိုယ်မှာ အစာချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်းဓာတ်တွေအမျိုးမျိုးရှိပါတယ်..။ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ လက်တို့စ်ဆိုတဲ့ အချိုဓာတ်ကိုချေဖျက်ဖို့ lactase ဆိုတဲ့ အင်ဇိုင်းဓာတ်လိုပါတယ်…။ အဲဒီအင်ဇိုင်းဓာတ်ချို့တဲ့ရင် မချေဖျက်နိုင်တဲ့ လက်တို့စ်ဓာတ်တွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာသွားပြီး စုပုံနေတတ်ပါတယ်..။ အသက်အန္တရာယ်တော့မရှိပေမယ့် နေရထိုင်ရမသက်သာတဲ့ဝေဒနာတွေကို ပေးပါတယ်..။ ဘယ်လိုကလေးငယ်တွေမှာအဖြစ်များလဲ လမစေ့ဘဲမွေးတဲ့ကလေးငယ်တွေ လက်တေ့စ်အင်ဇိုင်းဓာတ်မထုတ်နိုင်တဲ့ မျိုးရိုးဗီဇရှိသူတွေမှာ အဖြစ်များပါတယ်..။ ရောဂါလက္ခဏာတွေက ဘာတွေလဲ ၀မ်းသွားခြင်း ။လေပွခြင်း။ဗိုက်အောင့်ခြင်း စတဲ့လက္ခဏာတွေ သင့်ကလေးငယ် နို့စို့ပြီး ဒါမှမဟုတ် ဒိန်ချဉ်လို နွားနို့လို နို့ထွက်ပစ္စည်းတွေစားသုံးပြီး နှစ်နာရီလောက်အကြာမှာ ဖြစ်တတ်တယ်ဆိုရင် သင့်ကလေးမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ရောဂါ ရှိနေသလားလို့ သံသယရှိစရာကောင်းပါတယ်..။ လက်တို့စ်ဓာတ် မချေဖျက်နိုင်တဲ့ရောဂါ ရှိမရှိဘယ်လိုသိနိုင်မလဲ သင့်ကလေးမှာ ဒီရောဂါများဖြစ်နေသလားလို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ..။

Induction Of Labour

October 17th, 2018|Categories: All Articles, ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

ဗိုက်နာအောင် ဆေးသွင်းမွေးတယ်ဆိုတာ ဗိုက်မနာသေးတဲ့ ..လတ်တလောမွေးဖွားမယ့် အရိပ်အယောင်မပြသေးတဲ့ ကိုယ်ဝန်ကို ဆေးဝါးအကူအညီနဲ့ ကလေးမွေးအောင်လုပ်တာကို ခေါ်ပါတယ်..။ မွေးဖွားရမယ့်ရက်ကျော်လို့ ဗိုက်မနာသေးရင်ပဲဖြစ်ဖြစ်… သင်နဲ့ သင့်ကလေးကို အန္တရာယ်ပေးနိုင်ချေရှိတယ်ဆိုရင် … ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်ဆိုးဆိုးဝါးဝါးတက်တာမျိုးဆိုရင် ဒီနည်းလမ်းကို သုံးပြီး ကိုယ်ဝန်ကို အဆုံးသတ်လို့ရပါတယ်..။ ဆေးသွင်း မွေးခြင်းဟာ ကြိုတင်စီစဉ်ရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီလိုမလုပ်ခင်မှာ လူနာနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်သူဆရာဝန် ဆရာမနဲ့ ဆွေးနွေးဖို့လိုပါတယ်..။ ကိုယ်ဝန်ဆောင်မိခင်က ဆန္ဒရှိတယ်ဆို၇င်… ယျေဘုယျအားဖြင့် ကိုယ်ဝန်ကလည်း လေးဆယ့်နှစ်ပတ်ကျော်နေပြီဆိုရင် ဆေးသွင်းမွေးလေ့ရှိပါတယ်..။ လေးဆယ့်နှစ်ပတ်ကျော်သည့်တိုင်အောင် ဗိုက်မနာသေးဘူး… ကိုယ်ဝန်ဆောင်မိခင်ကလည်း ဆေးသွင်းမွေးဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ ဗိုက်ထဲကသန္ဒေသားရဲ့ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးဖို့လိုပါလိမ့်မယ်..။ ဆေးသွင်းမွေးရနိုင်တဲ့အကြောင်းအရင်းများ due date လွန်တဲ့အခါ ရေမွှာရည်ပေါက်ပြီးပေမယ့် သားအိမ်ခေါင်းသေချာမပွင့်တဲ့အခါ

Different Breast Pumps

October 17th, 2018|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေး ကျန်းမာရေး|

နို့ရည် စုပ်ခွက်အမျိုးမျိုး နို့ရည်စုပ်ခွက်တွေဆိုတာ နို့အုံကနေ နို့ရည်ကို ဖယ်ရှားစုဆောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်..။ စုဆောင်းပြီးတဲ့နို့ရည်ကို သင့်ကလေးငယ်ကို ချက်ချင်းတိုက်နိုင်သလို နို့ရည်ထည့်တဲ့အိတ်တွေ… ခွက်တွေထဲမှာ ထည့်ထားပြီး နောက်လိုတဲ့အခါ ပြန်တိုက်လို့လည်းရပါတယ်..။ ဒီလို နို့ရည်ကို ရယူဖို့အတွက် လက်နဲ့လည်းညှစ်နိုင်ပေမယ့် နို့ရည်စုပ်ခွက်တွေရဲ့အကူအညီရယူတာက ပိုလွယ်ကူပါတယ်..။ ဘယ်လိုအချိန်တွေမှာ နို့ရည်စုပ်ခွက်ကို သုံးသင့်သလဲ နို့သီးခေါင်းပြားတာ.. အတွင်းဘက်ကိုချိုင့်ဝင်တာတွေရှိတဲ့အခါ သင်အပြင်သွားချိန် သင့်ကလေးငယ်ကို နို့တိုက်ဖို့လိုတဲ့အခါ သင်ကျောင်ဒ ဒါမှမဟုတ် အလုပ်သွားတဲ့အခါ နို့ရည်တွေက ရင်သားတင်းမာ ဖောင်းကားတာ ဖြစ်စေတဲ့အခါ နို့ဖြတ်ထားပြီးမှ နို့ပြန်တိုက်ချင်တဲ့အခါ နို့များများထွက်စေချင်တဲ့အခါ… နို့ရည်စုပ်ခွက်တွေကို သုံးနိုင်ပါတယ်..။ နို့ရည်စုပ်ခွက် အမျိုးမျိုး (၁) လက်လှည့် နို့ရည်စုပ်ခွက် နာမည်အတိုင်းပဲ နို့ရည်ထွက်ဖို့အတွက် လက်ကို သုံးဖို့လိုပါတယ်..။ လက်နဲ့ညှစ်တာ…ဒါမှမဟုတ်