About admin2

This author has not yet filled in any details.
So far admin2 has created 1081 blog entries.

Cervical cap

November 20th, 2018|

မျိုးဆက်ခြားတဲ့နည်းလမ်းများစွာထဲမှာ cervical cap ဆိုတဲ့ပစ္စည်းတစ်ခုလည်းပါဝင်ပါတယ်။ နာမည်မှာပါတဲ့အတိုင်းမိန်းမကိုယ်ကနေတစ်ဆင့် သားအိမ်ခေါင်းမှာသွားပြီးထည့်ထားရပါတယ်။ diaphragm,condom တို့လိုပဲ သုက်ပိုးတွေဝင်ရောက်ခြင်းကနေကာကွယ်ပြီး ကိုယ်ဝန်ရတာကို ကာကွယ်တာဖြစ်ပါတယ်။ barrier method လို့ခေါ်တဲ့ အတားအဆီးနဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ cervical capကို spermicide နဲ့တွဲဖက်ပြီးအသုံးပြုမှသာ ကိုယ်ဝန်ရနိုင်ခြေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ အသုံးမပြုမီ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အံဝင်ခွင်ကျဖြစ်အော်နေရာချထားနိုင်ဖို့အရေးကြီးပြီး နေရာလွဲသွားရင်တော့ အကျိုးမရှိနိုင်ပါဘူး။ သားအိမ်၊ သားအိမ်ခေါင်း၊မိန်းမကိုယ် အစရှိတဲ့အင်္ဂါအစိတ်အပိုင်းမှာ ပုံမမှန်ဖြစ်နေတာ၊ နေရာမကျတာ စတဲ့အခြေအနေတွေရှိနေရင်လည်း ကိုယ်ဝန်ကာကွယ်ရာမှာမထိရောက်နိုင်လိုအ့သုံးမပြုသင့်ပါဘူး။ cervical cap ကိုပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေနဲ့ဓာတ်မတည့်ခြင်းရှိနေရင်လည်း အသုံးပြုဖို့ ခက်ပါလိမ့်မယ်။ အသုံးပြုပုံကျတာ့ cervical cap ကိုအံဝင်ခွင်ကျဖြစ်အောင် နေရာချထားရပါမယ်။ အတူမနေခင် နာရီနဲ့ချီအောင်ကြိုထည့်ထားလို့ရပြီး အတူနေပြီးနောက်2ရက်အထိထားလို့ရကြောင်းလည်းဆိုထားပါတယ်။ ဒါပေမယ့်

Diaphragm

November 20th, 2018|

Diaphragmဆိုတဲ့ ကိုယ်ဝန်တားပစ္စည်းကလည်း ကိုယ်ဝန်ကိုတားဆီးရာမှာ အသုံးဝင်တဲ့နည်းဖြစ်ပါတယ်။ diaphragm ဆိုတဲ့ဝေါဟာရဟာ ခန္ဓာဗေဒမှာတော့ ရင်ဝမ်းခြားကြွက်သားလို့ခေါ်ပါတယ်။ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုပိုင်းခြားထားပေးတယ့် ကြွက်သားနစ်ခုဖြစ်ပါတ၌။ diaphragm contraceptiveကလည်း အလားတူကာရံပေးထားနိုင်တဲ့အစွမ်းရှိပါတယ်။ နားလည်လွယ်အောင်ပြောရရင်တော့ အမျိုးသမီးcondomလို့ ခပ်လွယ်လွယ်သဘောပေါက်နိုင်ပါတယ်။ အမျိုးသားရဲ့သုက်ပိုးတွေကို အမျိုးသမီးရဲ့သားအိမ်ထဲမဝင်နိုင်အောင် ကာရံတားဆီးပေးထားနိုင်ပါတယ်။ အဲဒီလိုကာရံထားလိုက်ရင် သုက်ပိုးတွေက မျိုးဥနဲ့မတွေ့တော့ပဲ ကိုယ်ဝန်ရတာကိုတားဆီးနိုင်ပါတယ်။ အသုံးပြုရတာကတော့ အဆိုပါပစ္စည်းကို အမျိုးသမီးရဲ့သားအိမ်ခေါင်းမှာ ကာထားရက်သားဖြစ်အောင် အံဝင်ခွင်ကျ ထားရမှာဖြစ်ပါတယ်။ နေရာလွဲရင် ကိုယ်ဝန်ရသွားနိုင်တာမို့ သေချာအောင်ဂရုစိုက်ရပါမယ်။ diaphragmကိုအတူနေပြီးရင် အနည်းဆုံး 6နာရီလောက်ထားရပါမယ်။ diaphragmမှာပါတဲ့ ဓာတုပစ္စည်းတွေကလည်း သုက်ပိုးတွေကိုနှေးကွေးစေတဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်မရအောင်ကာကွယ်တာ တော်တော်အစွမ်းထက်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ Diaphragm ကိုသုံးတော့မယ်ဆိုရင် အနည်းဆုံးတစ်ကြိမ်လောက်တော့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ တကယ်ထားရမယ့်နေရာမှာ မရောက်ပဲလွဲနေရင်လည်း အာနိသင်ရမှာမဟုတ်တဲ့အတွက် နေရာကျဖို့လိုအပ်ပါတယ်။

Condom

November 20th, 2018|

Condomဆိုတာကတော့ အထူးအထွေရှင်းပြစရာမလိုတော့လောက်အောင် ရင်းနှီးနေနိုင်တဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဆေးသောက်နေဖို့မလိုသလို ဆေးထိုးဖို့လည်းမလိုပါဘူး။ သားအိမ်ထဲမှာလည်း ထည့်ထားစရာမလိုသလို ဟော်မုန်းတွေမပါတဲ့အတွက်လည်းဟော်မုန်းတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမရှိပါဘူး။ အတူနေခါနီးမှာ အမျိုးသား သို့မဟုတ် အမျိုးသမီးက Condom သုံးထားရင် စိတ်ချရပြီလို့ဆိုနိုင်ပါတယ်။ Condom ရဲ့အားသာချက်တစ်ခုကျတာ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ရောဂါကာကွယ်အပြင်ကိုယ်ဝန်ကာကွယ်တာကိုပါ ပူးတွဲလုပ်ဆောင်နိုင်တာကြောင့်အင်မတန်အစွမ်းထက်တယ်လို့ ဆိုရမှာပါ။ ကိုယ်ဝန်ကာကွယ်နိုင်စွမ်းကလည်း 98% လောက်ရှိတာမို့ အစွမ်းထက်တယ်လို့ဆိုနိုင်ပါတယ်။ Condomကို များသောအားဖြင့်ပါးလွှာတဲ့ latexနဲ့လုပ်ထားပါတယ်။ latex နဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း အခြားအရာဝတ္တုနဲ့ပြုလုပ်ထားတဲ့ condom ကို အသုံးပြုနိုင်ပါတယ်။ အမျိုးသားသုံးနဲ့အမျိုးသမီးသုံး နှစ်မျိုးရှိပေမယ့် အမျိုးသားသုံးကပိုမိုရိုးရှင်းလွယ်ကူတဲ့အပြင် တစ်ဦးကသုံးထားရင်လုံ လောက်ပြီမို့ အမျိုးသားသုံးတွေက ပိုမိုတွင်ကျယ်ပါတယ်။ Condomကို အသုံးမပြုခင် အရေးကြီးတာကတော့ သက်တမ်းကုန်နေလားကြည့်ရပါမယ်။ ဒါ့အပြင်

Contraceptive patch

November 20th, 2018|

ကိုယ်ဝန်တားတဲ့နည်းလမ်တွေမှာ အရင်ခေတ်ကထိုးဆေးသောက်ဆေးတွေရှိပါတယ်။ သုံးစွဲရာမှာလည်း ရွေးချယ်စရာများများမရှိတဲ့အပြင် ရှိတဲ့ရွေးချယ်စရာကို သုံးစွဲရင်လည်းအသုံးပြုနည်းမှားတာ၊ သေချာမသုံးတတ်တာစတာတွေကြောင့် ကိုယ်ဝန်ရသွားတတ်ပါတယ်။ နောက်ပိုင်းမှာတော့ IUCD, implant စတာတွေပေါ်လာလို့သုံးစွဲရတာလွယ်ကူလာတဲ့အပြင် ကိုယ်ဝန်လည်းထိထိရောက်ရောက်ဟန့်တားလာနိုင်ပါတယ်။ contraceptive patch ဆိုတာလည်း နောက်ပိုင်းပေါ်ပေါက်လာတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး အစွမ်းလည်းထက်ပါတယ်။ သူ့ရဲ့အစွမ်းကလည်း ကိုယ်ဝန်ရနိုင်ခြေကို 99%ကျော်ကာကွယ်ပေးနိုင်တာကြောင့် တော်တော်အစွမ်းထက်တယ်လို့ပဲသတ်မှတ်ရမှာပါ။ ကိုယ်ဝန်ကိုကာကွယ်တာကတော့ ပုံမှန်သုံးနေကျသောက်နေကျ ကိုယ်ဝန်တားဆေးမှာပါဝင်တဲ့ oestrogen နဲ့ progesteroneပါဝင်တာဖြစ်ပြီး အဆိုပါဟော်မုန်းတွေက အရေပြားကနေတစ်ဆင့်စိမ့်ဝင်ပြီး ကိုယ်ဝန်မရအောင်တားဆီးနိုင်ပါတယ်။ သုံးစွဲပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။ အဆိုပါပစ္စည်းကို ကိုယ်ခန္ဓာရဲ့ကြိုက်တဲ့နေရာမှာ ကပ်ထားလိုက်ရုံပါပဲ။ များသောအားဖြင့်တော့ လက်မောင်းမှာကပ်လေ့ရှိပါတယ်။ အမွှေးထူတဲ့နေရာ၊ အရေပြားရောဂါရှိနေတဲ့နေရာ ရင်သားစတဲ့နေရာတွေမှာတော့ ကပ်လို့မရပါဘူး။ ကပ်ခွာတစ်ခုက ကပ်ပြီးရင် တစ်ပတ်သုံးလို့ရပါတယ်။ နောက်တစ်ပတ်ရောက်ရင်တော့ အသစ်လဲကပ်ရပါတယ်။ သုံးပတ်ဆက်တိုက်ကပ်ပြီးရင်တော့ လေးပတ်မြောက်မှာကပ်ဖို့မလိုတော့ပဲ ငါးပတ်မြောက်မှာမှ နောက်တစ်ခုကပ်ရပါမယ်။

Implants

November 20th, 2018|

ကိုယ်ဝန်မရအောင်တားတယ်ဆိုတာ လွယ်မလိုလိုနဲ့ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်နည်းလမ်းသုံးသုံးအားသာချက်၊ အားနည်းချက်တွေကတော့ ကိုယ်စီရှိကြပါတယ်။ မိမိနဲ့အဆင်ပြေတဲ့နည်းတွေနဲ့ပဲ ကာကွယ်ကြရပါတယ်။ဆေးသောက်ဆေးထိုးရတာရှိသလို IUCDလို implant လိုနည်းလမ်းတွေလည်းရှိပါတယ်။ Implant ဆိုတာကလည်း ထိရောက်တဲ့ ကိုယ်ဝန်တားနည်းတစ်မျိုးပါပဲ။ အရွယ်အစားကလည်း သေးငယ်ပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ လက်မောင်းကအရေပြားအောက်မှာထည့်ထားလိုက်ရုံမို့လို့ ဆေးပုံမှန်သောက်ဖို့မလိုတော့သလို နောက်ထပ်အကာအကွယ်သုးံဖို့လည်းမလိုတော့ပါဘူး။ ပြန်ထုတ်လိုက်ပြီးမကြာခင်မှာပဲကိုယ်ဝန်တားတဲ့အာနိသင်ပျောက်ပြီး ကိုယ်ဝန်ရနိုင်တာမို့ တော်တော်အသုံးတည့်တယ်လို့ဆိုရပါမယ်။ တစ်ခါထည့်ပြီးရင်4နှစ်လောက်အထိမလဲလှယ်ပဲထားနိုင်ပါတယ်။ 4နှစ်ပြည့်ရင်တော့ အသစ်တစ်ခုလဲလှယ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်တောင်တာကို ဟန့်တားတဲ့နည်းကတော့ အခြားနည်းတွေနဲ့ သိပ်မကွာလှပါဘူး။ သားအိမ်ကအချွဲတွေကို ထူထပ်စေပြီး သုက်ပိုးနဲ့သားဥမတွေ့အောင်လုပ်ပေးသလို သားဥကြွေတာကိုလည်း တားဆီးနိုင်တာမို့ စိတ်ချရတဲ့နည်းတစ်ခုဖြစ်ပါတယ်။ အောင်မြင်စွာဟန့်တားနိုင်တဲ့နှုန်းထားကလည်း 99%ကျော်ရှိတာမို့ တော်တော်အစွမ်းထက်တယ်လို့ဆိုရမှာပါ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ သွေးအနည်းငယ်ဆင်းနိုင်ပါတယ်။ implantထည့်ထားတဲ့နေရာမှာ အနည်းငယ်နာကျင်တာ၊ ခိုးလိုးခုလုဖြစ်တာတွေကြုံရနိုင်ပါတယ်။ အညိုအမဲစွဲတာ၊ သွေးအနည်းငယ်ထွက်တာတွေဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊

IUCD(intrauterine contraceptive device)

November 20th, 2018|

ကိုယ်ဝန်တားတဲ့နည်းလမ်းများစွာရှိတဲ့အထဲမှာမှ မိမိနှစ်သက်ရာ၊ အဆင်ပြေရာနည်းလမ်းတွေကို ရွေးချယ်အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုးဆေး၊ သောက်ဆေးစသဖြင့် မျိုးစုံရှိတဲ့အထဲမှာ သူ့နည်းနဲ့သူအားသာချက်၊ အားနည်းချက်တွေရှိကြပါတယ်။ ဆေးပုံမှန်သောက်ရတာ၊ အချိန်မှန်သောက်ရတာ၊ အပြည့်အဝကာကွယ်မှုမပေးနိုင်တာစတဲ့အားနည်းချက်တွေလည်း အမျိုးမျိုးရှိကြပါတယ်။ အဆိုပါနည်းလမ်းတွေထဲကမှ IUCD ဟာလည်းအသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ IUCD ဆိုတာ intrauterine contraceptive device ရဲ့အတိုကောက်နာမည်ဖြစ်ပါတယ်။ သားအိမ်တွင်းမှာထည့်ထားရတဲ့ကိုယ်ဝန်တားတဲ့ အရာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီးရှိပါတယ်။ ဟော်မုန်းမပါတဲ့အမျိုးအစားမှာတော့ copper ပါဝင်ပါတယ်၊ တစ်ခါတစ်ရံမှာ gold, silver တို့လည်း အနည်းငယ်ပူးတွဲပြီးပါတတ်ပါတယ်။ IUCDရဲ့အလုပ်လုပ်တဲ့ပုံစံကတော့ copper ပါရင် အမျိုးသားရဲ့သုက်ပိုးကိုသေကျေအောင် ဒါမှမဟုတ် သားအိမ်ထဲမှာ ကောင်းကောင်းမွန်မွန်သွားလာလို့မရအောင် ပြုလုပ်ပေးပါတယ်။ အဆိုပါနည်းလမ်းက သုက်ပိုးနဲ့ သားဥမတွေ့အောင်နဲ့ မျိုးအောင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဟော်မုန်းပါရင်တော့ သားအိမ်မှာ