Loading...

Causes and Treatment of dryness of feet

By | February 18th, 2019|

ခြေဆီမထွက်တဲ့အခါ ဆောင်းတွင်းရောက်လာပြီဆိုရင် အချို့သူတွေမှာ ခြေဆီမထွက်တဲ့အတွက် ခြေထောက်တွေခြောက်ကာ အက်ကွဲလာပြီး စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ အချို့ဆိုရင် အကွဲလွန်ပြီး နာလာကာလမ်းမလျှောက်နိုင်တာတွေ၊ သွေးထွက်လာတဲ့အတွက်စပ်ပြီးပိုးဝင်တာတွေရှိလာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာလေးတွေကိုတင်ပြလိုက်ပါတယ်။ ဆောင်းတွင်းအေးလာတဲ့အခါ သွေးလည်ပတ်မှုလည်းနှေးကွေးသွားတတ်ပါတယ်။ ဒီအခါမှာ ခြေထောက် အထူးသဖြင့် ခြေဖနောင့်နဲ့ခြေဖဝါးမှာ သွေးစီးဆင်းမှုနှေးကွေးနည်းပါးသွားပြီး ခြောက်ကပ်လာပါတယ်။အထူးသဖြင့် သံမံတလင်း၊

Color of Urine and Health

By | February 18th, 2019|

ဆီးအရောင်ကပြောတဲ့ သင့်ကျန်းမာရေးအကြောင်း လူတစ်ယောက်ရဲ့နေ့စဉ်ရှင်သန်မှုမှာ ခန္ဓာကိုယ်တွင်းမှာမလိုအပ်တဲ့အရာများကို စွန့်ထုတ်ပစ်ဖို့ဟာလဲ အရေးကြီးတဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်မှန်ခြင်း၊ အရောင်ပြောင်းခြင်းဟာလည်ူ သိသင့်သိထားထိုက်တဲ့ ကျန်းမာရေးဗဟုသုတတစ်ခုဖြစ်တဲ့အတွက် ဆီးအရောင်မှပြောသော ကျန်းမာရေးအကြောင်း တစ်စေ့တစ်စောင်းတင်ပြလိုက်ပါတယ်။ ပုံမှန်ဆီးရဲ့အရောင်ဟာဆိုရင် အဝါဖျော့ဖျော့မှ ဝါကျင်ကျင်အရောင်အတွင်းရှိနေတတ်ပါတယ်။ ရေသောက်များသွားတဲ့အခါ ဖြူလျေယ့လျေယ့ဘက်ပိုသန်းပြီး ရေသောက်နည်းမယ်၊ နေပူထဲသွားမယ်ဆိုရင်တော့ ဝါကျင်ကျင်ဖြစ်လာမှာပါပဲ။ ဒီအဝါရောင်ကိုတော့

Stroke vaccine

By | February 18th, 2019|

လေဖြတ်ကာကွယ်ဆေးရှာပုံတော် အခုနောက်ပိုင်းမှာ ရပ်ကွက်ထဲမှာလေမဖြတ်အောင် လေဖြတ်ကာကွယ်ဆေးထိုးကြမယ်ဆိုပြီး ပြောနေကြထိုးနေကြတာတွေတွေ့နေရပါတယ်။ လေဖြတ်တဲ့အခါမှာ ပြန်မကောင်းကြတဲ့သူတွေလည်းအများအပြားရှိသလို ပြန်ကောင်းဖို့ကိုလည်းအချိန်အကြာကြီးယူရသူတွေရှိတဲ့အတွက် လူတွေကလေဖြတ်မှာအလွန်ကြောက်ကြပါတယ်။ ဒီတော့ လေဖြတ်ကာကွယ်နည်းတွေကိုလေ့လာပြီး တစ်ခုမဟုတ်တစ်ခုစမ်းသပ်ကြပါတယ်။ ဒီအထဲမှာမှ လေဖြတ်ကာကွယ်ဆေးထိုးဖို့ရွေးချယ်ကြသူတွေရှိတဲ့အတွက် ဒီဆောင်းပါးကိုတင်ပြလိုက်ပါတယ်။ တစ်ကယ်တော့ လေဖြတ်ကာကွယ်ဆေးဆိုတာကမ္ဘာပေါ်မှာခုထိ လုံးဝမပေါ်သေးပါဘူး။ တစ်နည်းအားဖြင့် ရှိကိုမရှိသေးတာပါ။ ဒါဆိုရင် အခုလူတွေထိုးနေကြတာဘာတွေလဲလို့မေးစရာရှိလာပါတယ်။ အခုလူတွေကို

Why you should pee before USG in pregnant moms

By | February 18th, 2019|

အာထရာဆောင်းမရိုက်ခင် ဘာကြောင့်ဆီးအိမ်တင်းနေသင့်သလဲ အမျိုးသမီးကျန်းမာရေးမှာ အရေးအကြီးဆုံးကဏ္ဌအဖြစ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ မီးယပ်ဆိုင်ရာကျန်းမာရေးဟာ ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ ဒီလိုကိစ္စရပ်တွေမှာ မဖြစ်မနေပါဝင်ရတတ်တဲ့ စမ်းသပ်စစ်ဆေးမှုတစ်မျိုးကတော့ အာထရာဆောင်းပဲဖြစ်ပါတယ်။ အမျိုးသမီးများ သားဖွားနှင့်မီးယပ်ဆိုင်ရာ အာထရာဆောင်းရိုက်ရတယ်ဆိုတာဟာ သားအိမ်နဲ့ အမျိုးသမီးအင်္ဂါလမ်းတစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေများကိုသိချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များဟာဆိုရင် သားအိမ်ထဲမှာ သန္ဓေတွယ်နေတဲ့ သားသားမီးမီးအလောင်းလျာလေးတွေရဲ့ဖွံ့ဖြိုးမှုကိုသိရှိဖို့အတွက် အာထရာဆောင်းရိုက်ရပါတယ်။

Love bites

By | February 18th, 2019|

အချစ်ရဲ့သက်သေခံအမှတ်အသားလေးတွေ မောင်နှံနှစ်ဦးအကြားမှာ အချစ်ရမ္မက်ရဲ့နောက်ကိုလိုက်ရင်းနဲ့ စိတ်မထိန်းနိုင်ဘဲ အနမ်းကြမ်းကြမ်းခြွေမိတဲ့အခါ အရာလေးတွေကျန်ခဲ့တတ်ပါတယ်။ ဒါကို Love bites သို့မဟုတ် Hickeys လို့ခေါ်ကြပါတယ်။ ဒီလိုမျိုးနမ်းရှုံ့မှုဟာ ကောင်းကျိုးအနေနဲ့ တစ်ဦးနဲ့တစ်ဦး စိတ်ကျေနပ်မှုရှိစွာချစ်ကြခြင်း၊ ပျော်ရွှင်ရခြင်းကို ဖြစ်စေနိုင်သလိုပါပဲ အခန့်မသင့်တဲ့အခါမှာ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းစပ်၊ နားရွက်အောက်နား၊ လက်မောင်းစတဲ့နေရာတွေမှာ

Pregnancy and haemorrhoids

By | February 18th, 2019|

ကိုယ်ဝန်ဆောင်ခြင်းနှင့်လိပ်ခေါင်း ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြောင်းအလဲတွေများစွာဖြစ်ပေါ်ပါတယ်။ သွေးပေါင်၊ သွေးခုန်နှုန်းကအစ ခုခံအားအထိ တစ်ကိုယ်လုံးကစနစ်တွေက အမေကောအဆင်ပြေအောင် အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ လိုလားအပ်တာတွေကောမလိုလားအပ်တာတွေပါကြုံတွေ့လာရပါတယ်။ နဂိုကသွေးတိုးမရှိသူတွေက သွေးတိုးရောဂါရှိလာတာ၊ ဆီးချိုမရှိရာကနေ ဆီးချိုဖြစ်လာတာ၊ ရှိပြီးသားဆီချိုက ထိန်းရတာပိုခက်လာတာ စတာတွေကြုံတွေ့လာနိုင်ပါတယ်။ အဆိုပါအခြေအနေတွေမှာ လိပ်ခေါင်းလည်းပါဝင်ပါတယ်။ လိပ်ခေါင်းဖြစ်တယ်ဆိုတာ စအိုနားတစ်ဝိုက်က သွေးပြန်ကြောတွေကျယ်လာပြီး

How to make your baby’s hair thick

By | February 18th, 2019|

ကလေးတွေဆံပင်သန်အောင် ဘာတွေကျွေးကြမလဲ ကလေးတွေကိုဆံပင်သန်စေခြင်တယ်ဆိုပြီး အချို့သောမိဘတွေတောင့်တတ်ကြပါတယ်။ ဆံပင်နက်နက်လေးနဲ့လှတယ်ဆိုပြီးဆံပင်သန်အောင်နည်းမျိုးစုံနဲ့ကြိုးစားကြပါတယ်။ ဆံပင်သန်အောင်ကြိုးစားကြတဲ့အခါ အကြောင်းအရာများစွာပါဝင်ပက်သက်နေပါတယ်။ အာဟာရပြည့်စုံမှု၊ မျိုးရိုးလိုက်မှုစတာတွေနဲ့လည်းပက်သက်နိုင်ပါတယ်။ ဆံပင်သန်စေဖို့အတွက် ကြိုးစားကြည့်လို့ရတဲ့နည်းလမ်းအချို့ရှိပါတယ်။ ဆံပင်သန်စေတဲ့အစားအစာတွေမျာစွားရှိပါတယ်။ အဆိုပါအစားအစာထဲကတစ်ခုကတော့ ဥအမျိုးမျိုးဖြစ်ပါတယ်။ ဥတွေမှာ biotinလို့ခေါ်တဲ့ vitamin တစ်မျိုးနဲ့ proteinတွေများစွာပါဝင်ပါတယ်။ proteinကောbiotin ကော။ ဆံပင်သန်အောင်ပြုလုပ်ပေူနိုင်တဲ့အတွက် ဥအိမျုးမျိုးကိုမဖြစ်မနေစားဖို့လိုပါတယ်။

Lipoma

By | February 16th, 2019|

Lipoma(အဆီကျိတ်) အဆီကျိတ်ဆိုတာနဲ့အကျိတ်ကင်ဆာတို့ကိုဖြစ်နေမလားဆိုပြီးစိုးရိမ်စိတ်တွေကြီးစိုးနေမှာဆိုးလို့အဆီကျိတ်ခေါ်(Lipoma)အကြောင်းကိုကျန်းမာရေးအသိအမြင်ဖြင့်ရေးသားပေးလိုက်ပါသည်။ဆေးခန်းတွေမှာလူနာများခဏခဏမှားတတ်ကြတဲ့ဆရာ ကျွန်တော်/ကျွန်မတို့ခန္ဓာကိုယ်မှာအလုံးအကျိတ်ပေါ်လာတယ်ဆိုပြီးလာပြတတ်ကြပါတယ်။များသောအားဖြင့်အဆီကျိတ်ခေါ်(lipoma)များသာဖြစ်တတ်ကြပါသည်။အဆီကျိတ်ဆိုသည်မှာပိုလျှံနေသောပုံမှန်မဟုတ်သောအဆီများကခန္ဓာကိုယ်မှာဆူထွက်လာတဲ့အဆီခဲ သာဖြစ်ပါသည်။ပုံမှန်အားဖြင့်တော့နောက်ကျောအပ်ါပိုင်း /ပုခုံးနှင့်ဝမ်းဗိုက်တို့မှာအများဆုံးတွေ့ရတတ်ပါသည်။တချို့တွေကျတော့လည်းလက်မောင်း လက်ဖျံတို့မှာပေါ်လာတာတွေ့ရပါတယ်။ မေး=အဆီကျိတ်ကနာပါသလား။ ဖြေ=အဆီကျိတ်ကနာတာအင်မတန်မှရှားပါတယ်။ဒါပေမဲ့တခါတလေတော့နာတတ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့အာရုံကြောအပေါ် သွေးကြောအပေါ်မှရှိနေတယ်ဆိုရင်ဖြင့်နာနိုင်ပါသည်။ မေး=အဆီကျိတ်ကိုဘယ်လိုမျိုးသိနိုင်ပါမည်နည်း။ ဖြေ=အဆီကျိတ်ဟာအဝိုင်းသို့မဟုတ်ဘဲဥပုံစံလေးဖြစ်ပြီးအရွယ်အစားက ၅ဆင်တီမီတာအောက်သာဖြစ်ပါသည်။နာကျင်မှုမရှိပါဘူး။ ပျော့ပျော့လေးနဲ့ခဲမနေပဲလှုပ်လို့ရပါတယ်။ မေး=အဆီကျိတ်ကအရမ်းကြီးထွားနိုင်ပါသလား။ ဖြေ=အဆီကျိတ်ကရောဂါလက္ခဏာမရှိပဲဖြေးဖြေးချင်းကြီးထွားနိုင်ပါသည်။ပုံမှန်အားဖြင့်တော့၅ဆင်တီမီတာအောက်သာရှိပါသည်။ မေး=အဆီကျိတ်မှကင်ဆာသို့ပြောင်းနိုင်ပါသလား။ ဖြေ=အဆီကျိတ်ဟာကင်ဆာရောဂါတော့မဟုတ်ပါ။ကင်ဆာဖြစ်နိုင်ခြေအင်မတန်မှနည်းပါးပါတယ်။သို့သော်လည်းအဆီကျိတ်ကလျင်လျင်မြန်မြန်ကြီးထွားလာပြီးနာကျင်ကိုက်ခဲလာမည်ဆိုပါကနီးစပ်ရာဆရာဝန်နဲ့ပြကြည့်ပြီးအသားစ(biopsy)ယူကာစစ်ဆေးသင့်ပါသည်။ မေး=အဆီကျိတ်ကအမြဲရှိနေနိုင်ပါသလား။ ဖြေ=ရှိနေနိုင်ပါသည်။ခွဲစိတ်ဖယ်ရှားခြင်းမရှိပါကရှိနေနိုင်ပါသည်။ပုံမှန်အားဖြင့်တော့အဆီကျိတ်ဟာအန္တရာယ်မရှိပါဘူး။အဆီကျိတ်ကိုပုံမှန်အားဖြင့်အစောပိုင်းကပြောပြထားသလိုအာရုံကြောတို့သွေးကြောတို့ပေါ်မှာဖိနေလို့နာကျင်တဲ့အခါနှင့် အလှအပရေးရာတွင်အဟန့်အတားဖြစ်နေတဲ့အခါများတွင်သာခွဲစိတ်ဖယ်ရှားပစ်တတ်ကြပါသည်။အဆီကျိတ်ကိုယခုအခါခွဲစိတ်ဖယ်ရှားခြင်းအပြင် steroid ခေါ်ဆေးတစ်မျိုးကိုထိုးပေးခြင်းနှင့်liposuctionခေါ် အဆီကျိတ်မှအဆီများကိုစုပ်ထုတ်ခြင်းတို့ဖြင့်လည်းကုသနိုင်ပါသည်။

Spend enough time with your baby

By | February 15th, 2019|

"သင့်ကလေးကို အချိန်ပေးပါ" ကလေးတစ်ယောက်အတွက် အကောင်းဆုံးလက်ဆောင်သည် 'မိဘ၏ အချိန်' ဖြစ်သည်ဟု ဆိုကြ၏။ မည်သည့်အရွယ်ဖြစ်စေ ဖွင့်ပြောတတ်သည်ဖြစ်စေ မပြောတတ်သည်ဖြစ်စေ ကလေးတိုင်း မလွဲမသွေ အမြဲတမ်း လိုချင်တမ်းတနေမည့် လက်ဆောင်သည်ကား မိဘ၏ အချိန်ပေးဂရုစိုက်မှုပင် ဖြစ်ပေသည်။ နည်းပညာက ကျွန်တော်တို့ အိပ်ကပ်ထဲထိ အမြန်ခုန်ဝင်လာနေပြီဖြစ်သော

Things for men to do immediately after sex

By | February 15th, 2019|

ချစ်တင်းနှောပြီးကာစ အမျိုးသားတို့ပြုလုပ်သင့်သောအချက်လေးများ ချစ်တင်းနှောတယ်ဆိုတာဟာ ခံစားချက်ကိုလိုက်ရင်း နှစ်ကိုယ်တူပျော်ရွှင်မှုကို ရှာဖွေကာခရီးဆက်ရတဲ့ လုပ်ဆောင်မှုတစ်ခုပါပဲ။ အမျိုးသားကလည်း အမျိုးသမီးအတွက်ကျေနပ်မှုရှိအောင် အမျိုးသမီးကလည်းအမျိုးသားအတွက် အကောင်းဆုံးဖြစ်အောင် နားလည်မှုတွေပေးမှ သာယာတဲ့အိမ်ထောင်မှုတစ်ခုဖြစ်လာမှာပါ။ ဒီတစ်ခါမှာတော့ ချစ်တင်းနှောပြီးကာစ အမျိုးသားတို့ပြုလုပ်သင့်သောအချက်လေးများကို တင်ပြပေးလိုက်ပါတယ်။ ၁။ သန့်ရှင်းစွာဆေးကြောပါ။ လိင်ဆက်ဆံပြီးတဲ့အခါမှာကိုယ့်ရဲ့အင်္ဂါကို ပြန်လည်သန့်ရှင်းပေးပါ။ ၂။ ဆီးသွားပေးပါ။

Pros and Cons of depo injection

By | February 14th, 2019|

သုံးလခံသန္ဓတားဆေး(Depo)၏အကျိုးအပြစ်များ သန္ဓေတားဆေး(Depo)ကအသားထဲထိုးရတာဖြစ်ပြီးအရမ်းကိုလွယ်ကူထိရောက်ပြီးရက်သတ္တပတ် ၁၁ပတ်မှ၁၄ပတ် ပုံမှန်အားဖြင့်၃လအထိ ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။မြန်မာနိုင်ငံမှာသုံးလခံသန္ဓေတားဆေးဆိုရင်မသိတဲ့မိခင်ဆိုတာအရမ်းရှားပါတယ်။သုံးလခံသန္ဓေတားဆေး(depo)ကတစ်နှစ်မှာပုံမှန်အားဖြင့်လေးကြိမ်ထိုးရပါမည်။ Depoတားဆေးက progestin ခေါ်medroxy progesterone acetate ဆိုတဲ့ hormone ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပြီးသုံးလလောက်ကိုယ်ဝန်ရနိုင်ခြင်းကိုတားဆီးပေးပါတယ်။progestin ဟော်မုန်းကသားဥကြွေခြင်းovulation နှင့် သားအိမ်ခေါင်းအကျိအချွဲထူခြင်း thicking the cervical mucus တို့ကိုကာကွယ်ပေးခြင်းဖြင့်သားဆက်ခြားခြင်းကိုထိထိရောက်ရောက်ကာကွယ်ပေးပါသည်။ Depo သားဆက်ခြားဆေးသည်လေ့လာစမ်းသပ်ချက်များအရအသုံးပြုသောမိခင်များတွင်လူအယောက်(၁၀၀)တွင်(၃)ယောက်သာကိုယ်ဝန်ရပြီး

How to relieve hiccup in your child

By | February 14th, 2019|

"ကလေးကျို့ထိုးရင်ဘာတွေလုပ်ကမလဲ" ဒီကနေ့ပြောပြပေးမှာကတော့ ကလေးကျို့ထိုးရင်ဘာလုပ်ပေးကမလဲဆိုတာကိုမိခင်များအနေအဖြင့်ကျန်းမာရေးအသိပညာတိုးပွားစေပြီးမိမိတို့၏ရင်သွေးရတနာလေးကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးနိုင်ရန်ရည်ရွယ်ပါသည်။ကျို့ထိုးတယ်ဆိုတာလူကြီးတွေအနေနဲ့စိမ်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ကနဦးအနေဖြင့်ကျို့ထိုးတာကလူ့ခန္ဓာကိုယ်ကရင်ခေါင်းနဲ့ဝမ်းဗိုက်ကိုခြားထားပေးသောကြွက်သား(Diaphragm)ကရုတ်တရက်တောင့်တင်းသွားပြီ အသံအိုးကိုပိတ်မိသောကြောင့်ကျို့ထိုးတဲ့အသံဖြစ်လာခြင်းဖြစ်ပါသည်။ကလေးတွေမှာကျို့ထိုးခြင်းဆိုတာအရမ်းကြီးစိုးရိမ်ရမဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဘယ်လိုအကြောင်းအရာမျိုးကကလေးတွေကိုကျို့ထိုးစေသလဲဆိုတာကတော့ (၁)အလွန့်အကျွှံစားခြင်း (၂)မြန်မြန်ဆန်ဆန်စားခြင်း (၃)လေတွေခနခနမြိုချမိခြင်းတို့ကြောင့် ကျို့ထိုးခြင်းကိုဖြစ်စေတတ်ပါသည်။ကျို့ထိုးခြင်းကကလေးတွေကိုပုံမှန်အားဖြင့်တော့အန္တရာယ်မဖြစ်စေပါဘူး။ ကလေးကျို့ထိုးရင်တော့ (၁)များသောအားဖြင့်ကလေးကိုနို့တိုက်ရင်း ထမင်းကျွေးရင်းကျို့ထိုးစေသောကြောင့် နို့တိုက်ခြင်း ထမင်းကျွေးခြင်းတို့ကိုခဏရပ်ထားပြီးbreast pump ခေါ်နို့စို့ခွက်ကိုကလေးပါးစပ်မှာတပ်ပေးခြင်း (၂)ကလေးရဲ့နောက်ကျောကိုပွတ်သပ်ပေးခြင်း (၃)ကလေးကိုရေကိုဖြေးဖြေးချင်းတိုက်ပေးခြင်းတို့ကိုပြုလုပ်ပေးနိုင်ပါသည်။ ဘယ်အရာတွေကတော့မလုပ်သင့်သလဲဆိုတော့ ကလေးကျို့ထိုးတဲ့အခါ ကလေးကိုချီလိုက်မြောက်လိုက်လုပ်ခြင်း ကလေးကိုခုန်ခိုင်းခြင်း လျှာကိုဆွဲခြင်းတို့ကိုတော့လုံးဝမပြုလုပ်သင့်ပါဘူး။ ကလေးကျို့ထိုးခြင်းကပုံမှန်အားဖြင့်တော့အန္တရာယ်မပြုနိုင်ပါဘူး။ဒါပေမဲ့ကလေးကျို့မထိုးအောင်မိမိတို့၏ကလေးဗိုက်အရမ်းမဆာခင်ကလေးကိုအစားအစာကျွေးပေးခြင်း/ကလေးတွေကိုအစားအစာကျွေးတဲ့အခါတစ်ခါတည်းနဲ့များများကျွေးခြင်းမဟုတ်ပဲ

Load More Posts

Hey! We have an
Android Forum!

Nulla molestie tortor nec lectus venenatis, sed blandit dui finibus. Curabitur feugiat vulputate purus ipsums dolores ficilis uns etra.

Sign up

Subscribe to our Newsletter