ADHD ဆိုသည်မှာ….

ADHD (Attention deficit hypersensitivity disorder) ဆိုသည်မှာ ကလေးများတွင် ဖြစ်တတ်သော အာရုံစူးစိုက်မှု
အားနည်းသောရောဂါတစ်မျိုးဖြစ်ပါသည်။ ၅ရာခိုင်နှုန်းသော လူဦးရေတွင် ADHD ရှိတတ်သည်ဖြစ်ရာ ရှားပါးရောဂါတစ်မျိုး မဟုတ်ပေ။
လူတစ်ရာတွင် ငါးယောက်ခန့် တွေ့နိုင်သော စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါသည်။ ယောက်ျားလေးများတွင် မိန်းကလေးများထက်
ဖြစ်နိုင်ခြေ ၃ဆပိုများပါသည်။

ရောဂါလက္ခဏာများမှာ
၁။ စိတ်အလွန်အမင်း လှုပ်ရှားတတ်ခြင်း
၂။ အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း
၃။ မိမိ၏ အပြုအမူများကို အသက်အရွယ်နှင့်အလိုက် မထိန်းသိမ်းနိုင်ခြင်း တို့ ဖြစ်သည်။
ယင်း လက္ခဏာများသည် အသက် ၆နှစ် မှ ၁၂နှစ်အတွင်းကလေးများတွင် အဖြစ်များပြီး လက္ခဏာပြချိန် ၆လကျော်လာပါက
ရောဂါဖြစ်နိုင်ချေ မြင့်မားပါသည်။ လက္ခဏာပြလာသူများ၏ ၃၀ မှ ၅၀ ရာနှုန်းသည် အသက်ကြီးသည်အထိ ဝေဒနာ ခံစားရတတ်ပါသည်။

အဆိုပါ ရောဂါရှင် ကလေးတို့သည် အာရုံစူးစိုက်မှု အားနည်းခြင်းကြောင့် ကျောင်းတွင် စာမလိုက်နိုင်ခြင်း၊ အပေါင်းအသင်းမဝင်ဆံ့ခြင်းများ
ဖြစ်နိုင်သော်လည်း ၄င်းတို့ ကြိုက်နှစ်သက်ရာ လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်စေခြင်းအားဖြင့် လက်မှုပညာ သင်ကြားတတ်မြောက်နိုင်ကြသူများ
ဖြစ်ပါသည်။

အဆိုပါ ဝေဒနာရှင်များနှင့် မိသားစုများကို နှစ်သိမ့်ဆွေးနွေးခြင်း၊ နေထိုင်မှုပုံစံ အံဝင်ခွင်ကျစေရန် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော
ဆေးဝါးကုထုံးများ ကုသခြင်း စသော ကုထုံးအမျိုးမျိုး ပေါ်ပေါက်နေပြီ ဖြစ်ပါသည်။
များသောအားဖြင့် လူလတ်ပိုင်း နှင့်အထက် ADHD ဝေဒနာရှင်များသည် မိမိအားသန်ရာ စက်မှုလက်မှု အိမ်တွင်းမှု အတတ်ပညာများဖြင့်
ဘဝကို ဆက်လက်လျှောက်လှမ်းသွားနိုင်ကြပါကြောင်း တင်ပြအပ်ပါသည်။