A/c Abd pain

 

ရုတ်​တရက်​ ဗိုက်​​အောင့်​ခြင်း

 

ရုတ်​တရက်​ ဗိုက်​​အောင့်​ခြင်းတွင်​ အ​ကြောင်းရင်းများစွာ ရှိတတ်​ပါသည်​။ အူအတက်​​ယောင်​ခြင်း၊ မုန့်​ချိုအိတ်​​ခေါ် ပန်​ကရိယ ​ယောင်​ခြင်း၊ ဆီး​ကျောက်​ကျခြင်း၊ အူ​ယောင်​ခြင်း စသည့်​ အ​ကြောင်းများ​ကြောင့်​ ရုတ်​တရက်​ ဗိုက်​​အောင့်​တတ်​ပါသည်​။

 

အောက်​ပါ အချက်​များထဲမှ တစ်​ခုခု ​တွေ့ရှိပါက လူနာကို ချက်​ချင်း ​ဆေးရုံ​ဆေးခန်းသို့ ပို့​ဆောင်​ပါ။

 

၁။ ​ချွေး​စေးများပြန်​ကာ မခံမရပ်​နိုင်​​အောင်​ ​အောင့်​ခြင်း

၂။ ဗိုက်​ထဲတွင်​ တစ်​ခုခု ​ပေါက်​သွားသည့်​အလား၊ စုတ်​ပြဲသွားသည့်​အလား ထင်​ရသည်​ဟု လူနာမှ ​ပြောခြင်း

၃။ ဗိုက်​ကို ပြင်းထန်​စွာ ခိုက်​မိပြီး ​အောင့်​ခြင်း

၎။ ​​ကော်​ဖီအနှစ်​​ရောင်​ သို့မဟုတ်​ နီညိုရင့်​ရင့်​အ​ရောင်​များ အန်​ခြင်း၊ ​သွေးအန်​ခြင်း

၅။ ဗိုက်​မခံမရပ်​နိုင်​​အောင်​ ​အောင့်​ခြင်း မဟုတ်​​သော်​လည်း ဝမ်းသွားရာတွင်​ ​သွေးဝမ်း​သော်​လည်း​ကောင်း၊ ကတ္တရာ​စေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း

 

အထက်​ပါ လက္ခဏာများ မရှိ​စေကာမူ ဗိုက်​ကိုပြင်းထန်​စွာ ခိုက်​မိပါက လူနာအား ၂၄နာရီ ​စောင့်​ကြည့်​ရန်​ လိုအပ်​ပါသည်​။

 

အကယ်​၍ ရင်​​ညွန့်​​အောက်​တည့်​တည့်​မှ ​အောင့်​ပါက အစာအိမ်​ နာခြင်းအပြင်​ နှလုံး​အောင့်​ခြင်း ဖြစ်​နိုင်​သည့်​အတွက်​ ​ဆေးရုံ​ဆေးခန်းသို့ အလျင်​အမြန်​ သွား​ရောက်​ရန်​ လိုအပ်​ပါသည်​။